15 | GEN 1:15 | ထိုအလင်းဗိမာန်တို့သည်မိုးကောင်းကင်မှာ အလင်းရောင်ထွန်းသဖြင့် မြေကြီးပေါ်တွင် အလင်းရစေ'' ဟုအမိန့်ပေးသည့်အတိုင်း ဖြစ်ပေါ်လာ၏။- |
16 | GEN 1:16 | သို့ဖြစ်၍နေ့ကိုကြီးစိုးရန်နေဗိမာန်နှင့်ည ကိုကြီးစိုးရန် လဗိမာန်နှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။- |
18 | GEN 1:18 | နေ့နှင့်ညကိုကြီးစိုး၍အလင်းနှင့်အမှောင်ကို ခွဲခြားစေရန် မိုးကောင်းကင်တွင်အလင်းဗိမာန် များကိုတည်ရှိစေတော်မူ၏။ ဘုရားသခင် သည်ထိုအမှုအရာကိုရှုမြင်၍နှစ်သက် တော်မူ၏။- |
70 | GEN 3:14 | ထိုအခါထာဝရအရှင်ဘုရားသခင်က မြွေအား``သင်သည် ဤသို့ပြုလုပ်သည့်အတွက် ဒဏ်ခံရမည်။ တိရစ္ဆာန်အပေါင်းတို့တွင်သင်သာ လျှင် ဤကျိန်စာသင့်မည်။ ယခုမှစ၍သင် သည်ဝမ်းဗိုက်ဖြင့်တွားသွားလျက် မြေမှုန့်ကို တစ်သက်လုံးစားရမည်။- |
80 | GEN 3:24 | ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။ |
82 | GEN 4:2 | ထိုနောက်သူ၏ညီအာဗေလကိုဖွားမြင်၏။ အာဗေလသည်သိုးထိန်းဖြစ်၍ ကာဣနကား လယ်သမားဖြစ်၏။- |
84 | GEN 4:4 | အာဗေလသည်လည်းမိမိသိုးအုပ်မှ အဦး ဆုံးပေါက်သောသိုးကိုယူဆောင်ခဲ့၍သတ် ပြီးလျှင် အကောင်းဆုံးသောအပိုင်းများကို ထာဝရဘုရားအားပူဇော်၏။ ထာဝရဘုရား သည်အာဗေလနှင့်သူ၏ပူဇော်သကာကို နှစ်သက်တော်မူ၏။- |
88 | GEN 4:8 | ကာဣနသည်ညီအာဗေလအား``လမ်းလျှောက် ထွက်ကြမည်'' ဟုခေါ်၍လယ်ထဲသို့ရောက်ရှိ ကြလျှင် ညီအာဗေလကိုရန်ဘက်ပြုကာ သတ်လေ၏။ |
89 | GEN 4:9 | ထာဝရဘုရားက``သင့်ညီအာဗေလအဘယ် မှာရှိသနည်း'' ဟုကာဣနအားမေးတော် မူ၏။ ကာဣနက``အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုထိန်းရသောသူဖြစ်ပါသလော'' ဟု ပြန်၍လျှောက်၏။ |
100 | GEN 4:20 | အာဒသည်ယာဗလဟုအမည်တွင်သောသားကို ဖွားမြင်၏။ ယာဗလသည်ကားသိုးနွားတို့ကို ထိန်းကျောင်း၍ တဲရှင်၌နေထိုင်သူတို့၏ဖခင် ဖြစ်သတည်း။- |
101 | GEN 4:21 | သူ့ညီနာမည်မှာယုဗလဖြစ်၍ စောင်းနှဲတို့ကို တီးမှုတ်သောဂီတသမားအပေါင်းတို့၏ဖခင် ဖြစ်သတည်း။- |
102 | GEN 4:22 | ဇိလသည်တုဗလကာဣနနာမည်ရှိသားကို ဖွားမြင်၏။ ထိုသူသည်ပန်းတဉ်းသမား၊ ပန်းပဲ သမားတို့၏ဖခင်ဖြစ်သတည်း။ တုဗလ ကာဣန၏နှမကားနေမဖြစ်၏။ |
105 | GEN 4:25 | အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။- |
237 | GEN 10:2 | ယာဖက်၏သားများဖြစ်ကြသောဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ် တို့သည်ကား သူတို့၏နာမည်ကိုခံယူကြ သောလူမျိုးတို့၏ဖခင်များဖြစ်ကြ၏။- |
241 | GEN 10:6 | ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။- |
245 | GEN 10:10 | သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။- |
248 | GEN 10:13 | မိလရိမ်မှဆင်းသက်သောသားစဉ်မြေးဆက် တို့မှာ လုဒိလူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ် လူမျိုး၊ နတ္တုဟိမ်လူမျိုး၊- |
251 | GEN 10:16 | ခါနာန်သည်ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊- |
256 | GEN 10:21 | ယာဖက်၏အစ်ကိုရှေမသည် ဟေဗြဲလူမျိုး အပေါင်းတို့၏ဖခင်ဖြစ်သည်။- |
259 | GEN 10:24 | အာဖာဇဒ်၏သားရှာလသည်ဟေဗာ၏ဖခင် ဖြစ်၏။- |
260 | GEN 10:25 | ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ သားတစ်ယောက် ကိုဖာလက်ဟုနာမည်မှည့်၏။ ထိုသား၏လက်ထက် တွင်ကမ္ဘာလောက၌နေထိုင်ကြသောလူတို့သည် ကွဲပြားသွားခြင်းကြောင့်ထိုနာမည်ကိုပေးခြင်း ဖြစ်၏။ အခြားသောသားကိုယုတ္တန်ဟုနာမည် မှည့်ခေါ်၏။- |
263 | GEN 10:28 | သြဗလလူမျိုး၊ အဘိမေလလူမျိုး၊ ရှေဘလူမျိုး၊- |
264 | GEN 10:29 | သြဖိရလူမျိုး၊ ဟဝိလလူမျိုးနှင့်ယောဗပ်လူမျိုး များဖြစ်ကြ၏။ ထိုလူမျိုးအားလုံးတို့သည်ယုတ္တန် မှဆင်းသက်လာကြသည်။- |
269 | GEN 11:2 | သူတို့သည်အရှေ့မျက်နှာသို့ခရီးပြုကြရာ ဗာဗုလုန်ပြည်ရှိမြေပြန့်တစ်နေရာသို့ရောက် ၍ ထိုနေရာတွင်အခြေချနေထိုင်ကြလေသည်။- |
276 | GEN 11:9 | ထာဝရဘုရားသည်လူသားအပေါင်းတို့ ၏ဘာသာစကားကိုရှုပ်ထွေးစေ၍ သူတို့ ကိုကမ္ဘာအရပ်ရပ်သို့ကွဲလွင့်စေတော်မူခဲ့ ခြင်းကြောင့် ထိုမြို့ကိုဗာဗုလုန်မြို့ဟူ၍ ခေါ်တွင်ကြ၏။ |
281 | GEN 11:14 | ရှာလသည်အသက်သုံးဆယ်ရှိသောအခါ ဟေဗာအမည်ရှိသားကိုရ၏။- |
283 | GEN 11:16 | ဟေဗာသည်အသက်သုံးဆယ့်လေးနှစ်ရှိသော အခါ ဖာလက်အမည်ရှိသောသားကိုရ၏။- |
293 | GEN 11:26 | တေရသည်လည်းအသက်ခုနစ်ဆယ်ရှိသော် အာဗြံ၊ နာခေါ်နှင့်ခါရန်အမည်ရှိသားတို့ကိုရလေ၏။ |
294 | GEN 11:27 | တေရ၏သားစဉ်မြေးဆက်တို့ကိုဖော်ပြပေအံ့။ တေရသည် အာဗြံ၊ နာခေါ်နှင့်ခါရန်တို့၏ဖခင် ဖြစ်၏။ ခါရန်သည်လောတ၏ဖခင်ဖြစ်၏။- |
295 | GEN 11:28 | ခါရန်သည်မိမိ၏ဖခင်အသက်ရှင်လျက်ရှိစဉ် ပင်လျှင် မိမိ၏နေရပ်ဖြစ်သောဗာဗုလုန်ပြည်၊ ဥရမြို့တွင်ကွယ်လွန်လေသည်။- |
296 | GEN 11:29 | အာဗြံသည်စာရဲနှင့်ထိမ်းမြား၍နာခေါ်သည် ခါရန်၏သမီးမိလခါနှင့်ထိမ်းမြား၏။- |
298 | GEN 11:31 | တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။- |
300 | GEN 12:1 | ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။- |
303 | GEN 12:4 | အာဗြံသည်ထာဝရဘုရားမိန့်မှာသည့်အတိုင်း ခါရန်မြို့မှထွက်ခွာသောအခါ အသက်ခုနစ် ဆယ့်ငါးနှစ်ရှိ၏။ လောတသည်သူနှင့်အတူ လိုက်ပါခဲ့၏။- |
304 | GEN 12:5 | အာဗြံသည်မယားစာရဲ၊ တူလောတ၊ ရှိသမျှ သောဥစ္စာပစ္စည်းနှင့်တကွ ခါရန်မြို့၌ရရှိသော ကျေးကျွန်အားလုံးတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့ခရီးထွက်ခဲ့လေသည်။ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊- |
305 | GEN 12:6 | အာဗြံသည်ထိုပြည်ကိုဖြတ်သွားပြီးလျှင် ရှိခင် အရပ်၌ရှိသောမောရေသပိတ်ပင်သို့ရောက်ရှိ လာလေ၏။ (ထိုအချိန်ကခါနာန်အမျိုးသား တို့သည် ထိုပြည်တွင်နေထိုင်လျက်ရှိကြ၏။-) |
306 | GEN 12:7 | ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။- |
307 | GEN 12:8 | ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။- |
309 | GEN 12:10 | ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်၍ အခြေအနေဆိုးရွားလာသ ဖြင့်အာဗြံသည် အီဂျစ်ပြည်၌ခေတ္တနေထိုင် ရန်တောင်ဘက်သို့ခရီးထွက်ခဲ့လေသည်။- |
311 | GEN 12:12 | အီဂျစ်ပြည်သားတို့မြင်လျှင်`သူသည်အာဗြံ ၏မယားဖြစ်၏' ဟုဆို၍ငါ့ကိုသတ်ပြီး နောက် သင့်ကိုအသက်ချမ်းသာပေးကြလိမ့်မည်။- |
315 | GEN 12:16 | သူ့အတွက်ကြောင့်ဘုရင်သည်အာဗြံအား ကောင်းစွာပြုစု၍သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်နှင့်ကုလားအုတ်များကိုဆုချပေး သနားတော်မူ၏။ |
317 | GEN 12:18 | ထိုအခါ၌ဘုရင်သည်အာဗြံကိုဆင့်ခေါ် ၍``သင်သည်ငါ့အားအဘယ်သို့ပြုသနည်း။ စာရဲသည်သင်၏မယားဖြစ်ကြောင်းကို ငါ့ အားအဘယ်ကြောင့်မပြောပြသနည်း။- |
319 | GEN 12:20 | ထိုသို့အမိန့်ချမှတ်သည့်အတိုင်းမင်း၏အမှု ထမ်းတို့သည် အာဗြံအားသူ၏မယားနှင့် တကွပိုင်ဆိုင်သမျှတို့ကိုယူဆောင်စေပြီး တိုင်းပြည်မှထွက်ခွာသွားစေကြ၏။ |
320 | GEN 13:1 | အာဗြံဇနီးမောင်နှံတို့သည်ပိုင်သမျှပစ္စည်းတို့ကိုယူ၍ အီဂျစ်ပြည်မြောက်ပိုင်းမှခါနာန်ပြည်တောင်ပိုင်းသို့ထွက်ခွာခဲ့သည်။ လောတလည်းလိုက်ပါလာခဲ့လေသည်။- |
321 | GEN 13:2 | အာဗြံသည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေစသည်တို့ကိုပိုင်သဖြင့်အလွန်ကြွယ်ဝချမ်းသာသူဖြစ်၏။- |
322 | GEN 13:3 | တစ်ဖန်ထိုအရပ်မှထွက်ခွာ၍ခရီးအဆင့်ဆင့်ဆက်သွားပြီးနောက် ဗေသလမြို့သို့ရှေ့ရှုလာခဲ့လေသည်။ သူသည်ဗေသလမြို့နှင့်အာဣမြို့စပ်ကြားအရပ်သို့ရောက်ရှိလာ၏။- |
324 | GEN 13:5 | အာဗြံနှင့်အတူလိုက်ပါလာသောလောတသည်လည်း သိုး၊ ဆိတ်စသည့်တိရစ္ဆာန်တို့အပြင်ကျေးကျွန်များကိုပိုင်၏။- |
326 | GEN 13:7 | သို့ဖြစ်၍အာဗြံ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြလေသည်။ (ထိုအချိန်၌ခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုးသားတို့သည်လည်း ထိုပြည်တွင်နေထိုင်လျက်ရှိကြသေး၏။) |
327 | GEN 13:8 | ထိုအခါအာဗြံကလောတအား``ငါတို့သည်ဆွေမျိုးသားချင်းများဖြစ်ကြ၍ သင့်လူစုနှင့်ငါ့လူစုတို့သည်ခိုက်ရန်ဖြစ်ပွားနေရန်မသင့်ချေ။- |
331 | GEN 13:12 | အာဗြံသည်ခါနာန်ပြည်တွင်နေထိုင်သည်။ လောတမူကားမြစ်ဝှမ်းရှိမြို့များနှင့်ပတ်ဝန်းကျင်တွင် နေထိုင်ရန်ရွေးချယ်လျက်သောဒုံမြို့အနီးတွင်တဲစခန်းချလေ၏။- |
333 | GEN 13:14 | လောတနှင့်အာဗြံတို့ခွဲခွာသွားကြပြီးနောက် ထာဝရဘုရားကအာဗြံအား``သင်ရှိရာမှအရပ်လေးမျက်နှာသို့ကြည့်ရှုလော့။- |
337 | GEN 13:18 | ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန်မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။ |
338 | GEN 14:1 | ဘုရင်လေးပါးဖြစ်ကြသောဗာဗုလုန်ဘုရင် အံရဖေလ၊ ဧလာသာဘုရင်အာရုတ်၊ ဧလံ ဘုရင်ခေဒေါရလောမာနှင့်ဂေါအိမ်ဘုရင် တိဒလတို့သည်၊- |
339 | GEN 14:2 | ဘုရင်ငါးပါးဖြစ်ကြသောသောဒုံဘုရင်ဗေရ၊ ဂေါမာဘုရင်ဗိရရှ၊ အာဋ္ဌမာဘုရင်ရှိနပ်၊ ဇေဘိုင်ဘုရင်ရှေမဘာနှင့်ဗေလာ(သို့မဟုတ် ဇောရ) ဘုရင်တို့အားစစ်ချီတိုက်ခိုက်ကြ လေ၏။- |
345 | GEN 14:8 | ထို့နောက်ဘုရင်ငါးပါးဖြစ်ကြသည့်သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဋ္ဌမာဘုရင်၊ ဇေဘိုင်ဘုရင် နှင့်ဗေလာဘုရင်တို့၏စစ်သည်များသည်စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စုရုံး၍၊- |
346 | GEN 14:9 | ဘုရင်လေးပါးဖြစ်ကြသောဧလံဘုရင်၊ ဂေါအိမ် ဘုရင်၊ ဗာဗုလုန်ဘုရင်၊ ဧလာသာဘုရင်တို့နှင့် စစ်တိုက်ကြ၏။- |
349 | GEN 14:12 | သောဒုံမြို့တွင်နေထိုင်သောအာဗြံ၏တူ လောတနှင့်တကွ သူ၏ပစ္စည်းရှိသမျှတို့ ကိုဖမ်းဆီးယူဆောင်သွားကြလေသည်။ |
350 | GEN 14:13 | ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။- |
351 | GEN 14:14 | သူ၏တူဖမ်းဆီးခြင်းခံရကြောင်းကိုကြား သိရသောအခါ အာဗြံသည်သူ၏စခန်းမှ တိုက်ရည်ခိုက်ရည်ရှိသူသုံးရာတစ်ဆယ့်ရှစ် ယောက်တို့ကိုစုရုံးပြီးလျှင် ဘုရင်လေးပါး နောက်သို့ဒန်မြို့တိုင်အောင်လိုက်လေ၏။- |
354 | GEN 14:17 | အာဗြံသည်ခေဒေါရလောမာဘုရင်နှင့် အခြား အပေါင်းပါဘုရင်တို့ကိုတိုက်ခိုက်အောင်မြင်၍ ပြန်လာသောအခါ သောဒုံဘုရင်သည်ခရီးဦး ကြိုဆိုရန်ရှာဝေချိုင့်ဝှမ်း(ဘုရင့်ချိုင့်ဝှမ်းဟု လည်းခေါ်တွင်၏) သို့သွားရောက်လေ၏။- |
355 | GEN 14:18 | အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊- |
356 | GEN 14:19 | သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။- |
357 | GEN 14:20 | သင်၏ရန်သူများကိုအောင်စေသည့်အမြင့်ဆုံး သောထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုမြွက်ဆိုလေ၏။ အာဗြံကလည်းမိမိသိမ်းယူခဲ့သောပစ္စည်း အားလုံးမှဆယ်ပုံတစ်ပုံကို ယဇ်ပုရောဟိတ် မင်းအားပေးလှူလိုက်လေ၏။ |
358 | GEN 14:21 | သောဒုံဘုရင်က``ကိုယ်တော်သိမ်းယူခဲ့သမျှ သောပစ္စည်းများကိုအပိုင်ယူပါ။ ကျွန်ုပ်၏လူ တို့ကိုသာပြန်ပေးပါ'' ဟုအာဗြံအားဆို၏။ |
359 | GEN 14:22 | ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။ |
362 | GEN 15:1 | ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။ |
363 | GEN 15:2 | သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။- |
366 | GEN 15:5 | အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။ |
367 | GEN 15:6 | အာဗြံသည်ထာဝရဘုရားကိုယုံကြည်ကိုးစား သည်ဖြစ်၍ ထာဝရဘုရားကသူ့အားနှစ်သက် လက်ခံတော်မူ၏။ |
368 | GEN 15:7 | ထိုနောက်ဘုရားသခင်က``ငါသည်သင့်အား ဤ ပြည်ကိုအပိုင်စားပေးရန်သင့်ကိုဗာဗုလုန် ပြည်၊ ဥရမြို့မှခေါ်ဆောင်ခဲ့သောထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။ |
369 | GEN 15:8 | ထိုအခါအာဗြံက``အရှင်ထာဝရဘုရား၊ ဤ ပြည်ကိုအကျွန်ုပ်ပိုင်ရမည်ဖြစ်ကြောင်း မည်သို့ သိနိုင်ပါမည်နည်း'' ဟုမေးလျှောက်လေ၏။ |
371 | GEN 15:10 | အာဗြံသည်ထာဝရဘုရားထံတော်သို့ထို တိရစ္ဆာန်များကိုယူခဲ့ပြီးလျှင် ၎င်းတို့ကိုထက် ဝက်စီခြမ်း၍တစ်ဘက်တစ်ခြမ်းစီနှစ်တန်းဆိုင် လျက်ချထား၏။ ငှက်များကိုမူကားမခြမ်း ဘဲထားသည်။- |
372 | GEN 15:11 | လင်းတများသည်သားကောင်များပေါ်သို့ဆင်း သက်လာကြသောအခါ အာဗြံသည်မောင်းနှင် လေ၏။ |
373 | GEN 15:12 | နေဝင်ချိန်၌အာဗြံသည် အိပ်မောကျနေစဉ် ကြောက်ရွံ့ထိတ်လန့်လာလေသည်။- |
379 | GEN 15:18 | ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊- |
382 | GEN 15:21 | အာမောရိအမျိုးသား၊ ခါနနိအမျိုးသား၊ ဂိရဂါရှိအမျိုးသားနှင့်ယေဗုသိအမျိုး သားတို့၏ပြည်များအပါအဝင် အီဂျစ် ပြည်နယ်စပ်မှ ဥဖရတ်မြစ်တိုင်အောင်ကျယ် ပြန့်သောဒေသတစ်ခုလုံးကို သင်၏အမျိုး အနွယ်တို့အားငါပေးအပ်မည်ဟုကတိ ပြုသည်'' ဟုမိန့်တော်မူ၏။ |
383 | GEN 16:1 | အာဗြံ၏မယားစာရဲတွင်သားတစ်ယောက်မျှ မထွန်းကားချေ။ စာရဲ၌ဟာဂရအမည်ရှိ သောအီဂျစ်ပြည်သူကျွန်မတစ်ယောက်ရှိ၏။- |
384 | GEN 16:2 | သို့ဖြစ်၍စာရဲကအာဗြံအား``ထာဝရဘုရား သည် ကျွန်မကိုသားသမီးမထွန်းကားစေပါ။ ကျွန်မ၏ကျွန်မကိုသိမ်းပိုက်ပါလော့။ သူ့အား ဖြင့်ကျွန်မသားရကောင်းရလိမ့်မည်'' ဟုပြော၏။ အာဗြံသည်စာရဲအကြံပေးချက်ကိုလက်ခံ သဖြင့်၊- |
385 | GEN 16:3 | စာရဲသည်ဟာဂရကိုသူ့လက်သို့အပ်လေ၏။ (အာဗြံသည်ခါနာန်ပြည်တွင်ဆယ်နှစ်နေထိုင် ပြီးနောက် ဟာဂရကိုမယားငယ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။-) |
386 | GEN 16:4 | အာဗြံသည်ဟာဂရနှင့်ဆက်ဆံသဖြင့် ဟာဂရ ၌ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည်သူ၌ပဋိ သန္ဓေစွဲကြောင်းသိရလျှင် မာန်မာနဝင်လာ၍ စာရဲကိုမထီလေးစားပြုလေ၏။ |
387 | GEN 16:5 | ထိုအခါစာရဲကအာဗြံအား``ကိုယ်တော်ကြောင့် ဟာဂရသည် ကျွန်မအားမထီလေးစားပြုပါ ပြီ။ ကျွန်မကသူ့ကိုကိုယ်တော်ထံအပ်၍ သူ၌ ပဋိသန္ဓေစွဲကြောင်းသိသည်နှင့် ကျွန်မအား မထီလေးစားပြုလာပါသည်။ ကိုယ်တော်နှင့် ကျွန်မတို့နှစ်ဦးအတွက် တရားသဖြင့်ဖြစ် စေရန်ထာဝရဘုရားစီရင်တော်မူပါစေ'' ဟုဆို၏။ |
388 | GEN 16:6 | အာဗြံက``သူသည်သင်၏ကျွန်မဖြစ်၍သင့် လက်ထဲ၌ရှိသည်။ သူ့အားသင်ပြုလိုရာပြု နိုင်သည်'' ဟုပြန်ပြော၏။ ထိုအခါစာရဲသည် ဟာဂရအားမနေနိုင်လောက်အောင်ညှင်းဆဲ သဖြင့် ဟာဂရထွက်ပြေးလေသည်။ |
396 | GEN 16:14 | ထိုအကြောင်းကြောင့်ကာဒေရှမြို့နှင့်ဗေရက် မြို့စပ်ကြားရှိရေတွင်းကို``ငါ့ကိုမြင်တော်မူ သည့်အသက်ရှင်တော်မူသောအရှင်၏ရေတွင်း'' ဟုခေါ်တွင်လေသည်။ |
397 | GEN 16:15 | အာဗြံသည်ဟာဂရဖြင့်သားကိုရ၍ သူသည် ထိုသားကိုဣရှမေလဟုနာမည်မှည့်ခေါ်၏။- |
398 | GEN 16:16 | ထိုသားဖွားသောအချိန်၌ အာဗြံသည်အသက် ရှစ်ဆယ့်ခြောက်နှစ်ရှိသတည်း။ |
399 | GEN 17:1 | အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။- |
401 | GEN 17:3 | အာဗြံသည်မျက်နှာကိုမြေကြီးနှင့်ထိအောင် ပျပ်ဝပ်၍ နေစဉ်ဘုရားသခင်က၊- |