51 | GEN 2:20 | လူသည်တိရစ္ဆာန်နှင့်ငှက်အားလုံးတို့အားနာ မည်မှည့်ခေါ်သော်လည်း ၎င်းတို့အနက်မှလူ ကိုကူညီရန်သင့်တော်သောအဖော်မပေါ် မရှိ။ |
371 | GEN 15:10 | အာဗြံသည်ထာဝရဘုရားထံတော်သို့ထို တိရစ္ဆာန်များကိုယူခဲ့ပြီးလျှင် ၎င်းတို့ကိုထက် ဝက်စီခြမ်း၍တစ်ဘက်တစ်ခြမ်းစီနှစ်တန်းဆိုင် လျက်ချထား၏။ ငှက်များကိုမူကားမခြမ်း ဘဲထားသည်။- |
863 | GEN 30:32 | ယနေ့ကျွန်ုပ်သည်တိရစ္ဆာန်အုပ်တို့ကိုလှည့်လည် ၍ကြည့်ရှုပါမည်။ ၎င်းတို့အထဲတွင်တွေ့ရှိရ သောသိုးအနက်နှင့်အပြောက်အကျားဆိတ် များကိုကျွန်ုပ်ယူပါမည်။ ထိုတိရစ္ဆာန်တို့သည် ကျွန်ုပ်အတွက်အခဖြစ်ပါစေ။- |
864 | GEN 30:33 | နောင်အခါကျွန်ုပ်၌ရိုးသားမှုရှိမရှိကိုဦး ရီးလွယ်ကူစွာသိရှိနိုင်ပါမည်။ ဦးရီးက ကျွန်ုပ်အားအခအဖြစ်နှင့်ပေးသောသိုးဆိတ် များကိုစစ်ဆေးကြည့်ရှုသောအခါ၌ အကွက် အပြောက်ပါသောဆိတ်နှင့်မည်းနက်သောသိုး များကလွဲ၍ အခြားသိုးဆိတ်များကိုတွေ့ ရှိပါက၎င်းတို့ကိုခိုးယူကြောင်းသိနိုင် ပါလိမ့်မည်'' ဟုဆိုလေ၏။ |
931 | GEN 32:3 | ကောင်းကင်တမန်တို့ကိုမြင်လျှင်ယာကုပ် က``ဤအရပ်ကားဘုရားသခင်၏တပ်တော် ဖြစ်သည်'' ဟုဆို၍၎င်းကိုမဟာနိမ်ဟုမှည့် ခေါ်လေသည်။ |
1026 | GEN 35:14 | ယာကုပ်သည်ဘုရားသခင်ကသူ့အားမိန့်ကြား တော်မူသောအရပ်တွင်မှတ်တိုင်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင်စပျစ်ရည်နှင့်ဆီလောင်းလျက် ဆက်ကပ်လေ၏။- |
1121 | GEN 38:1 | ၎င်းအချိန်လောက်တွင်ယုဒသည်သူ၏ညီအစ် ကိုတို့ထံမှထွက်ခွာ၍ အဒုလံမြို့သားဟိရ ထံ၌သွားရောက်နေထိုင်လေ၏။- |
1774 | EXO 9:31 | မုယောစပါးတို့သည်မှည့်၍ပိုက်ဆံပင်တို့ သည် အဖူးထွက်လျက်ရှိသဖြင့်၎င်းအပင် တို့သည်ပျက်စီးကုန်၏။- |
1830 | EXO 12:13 | သင်တို့နေထိုင်ရာအိမ်တံခါးတိုင်တို့တွင် သုတ်လိမ်းထားသောသွေးသည်အမှတ်အသား ဖြစ်လိမ့်မည်။ ငါသည်သွေးကိုမြင်ရသောအခါ သင်တို့အိမ်ကိုကျော်လွန်သွားမည်။ သို့ဖြစ်၍ ငါသည်အီဂျစ်ပြည်ကိုဒဏ်ခတ်သောအခါ သင်တို့သည်၎င်းဒဏ်မှလွတ်ကင်းကြလိမ့် မည်။- |
2303 | EXO 28:9 | မဟူရာကျောက်နှစ်လုံးကိုယူ၍၊ ၎င်းတို့အပေါ် တွင် ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက်တို့၏ နာမည်များကိုထွင်းရမည်။- |
2778 | LEV 2:15 | ၎င်းတွင်သံလွင်ဆီနှင့်အမွှေးနံ့သာထည့်ရမည်။- |
2892 | LEV 7:12 | တစ်စုံတစ်ယောက်သည်ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းသည့်ယဇ်ကိုပူဇော် သောအခါ ယဇ်ကောင်နှင့်အတူတဆေး မပါသောမုန့်ကိုလည်းယူဆောင်ခဲ့ရမည်။ ၎င်းမုန့်မှာသံလွင်ဆီနှင့်မုန့်ညက်ရော၍ပြု လုပ်သောမုန့်လုံးသို့မဟုတ်သံလွင်ဆီသုတ် သောမုန့်ပြား သို့မဟုတ်သံလွင်ဆီနှင့်မုန့် ညက်ရော၍ပြုလုပ်သောမုန့်ဖြစ်ရမည်။ ဤမုန့်များတွင်တဆေးမပါစေရ။- |
2899 | LEV 7:19 | ဘာသာရေးထုံးနည်းအရမစင်ကြယ်သော အရာတစ်စုံတစ်ခုနှင့် ထိမိသောအသား ကိုမစားရ။ ၎င်းကိုမီးရှို့ပစ်ရမည်။ ဘာသာရေးထုံးနည်းအရသန့်ရှင်းသောသူ သည် မိတ်သဟာယယဇ်ကောင်၏အသားကို စားနိုင်သည်။- |
2929 | LEV 8:11 | ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။- |
2938 | LEV 8:20 | မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း သိုးကိုအပိုင်းပိုင်းဖြတ်ပြီး လျှင်ဝမ်းတွင်းသားနှင့်နောက်ခြေတို့ကိုရေ နှင့်ဆေး၍ သိုး၏ဦးခေါင်း၊ အဆီမှစ၍ တစ်ကောင်လုံးကိုမီးရှို့ပူဇော်လေသည်။ ဤ မီးရှို့ရာယဇ်သည်ပူဇော်သကာဖြစ်၍ ၎င်း ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။ |
2945 | LEV 8:27 | သူသည်၎င်းတို့ကိုအာရုန်နှင့်သူ၏သားတို့ လက်သို့ပေးအပ်သဖြင့် သူတို့သည်ထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်သကြသည်။- |
2946 | LEV 8:28 | ထို့နောက်မောရှေသည်ထိုပူဇော်သကာများ ကိုသူတို့ထံမှပြန်ယူသဖြင့် သူသည် သိက္ခာ တင်ရာပူဇော်သကာအဖြစ်ယဇ်ပလ္လင်ပေါ် ရှိမီးရှို့ရာယဇ်ကောင်အပေါ်သို့တင်လျက် မီးရှို့လေသည်။ ထိုပူဇော်သကာသည်ထာဝရ ဘုရားအားပူဇော်သောပူဇော်သကာဖြစ်၍ ၎င်း၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။- |
3029 | LEV 11:31 | ထိုသတ္တဝါတို့ကိုဖြစ်စေ၊ ၎င်းတို့၏အသေ ကောင်များကိုဖြစ်စေကိုင်တွယ်မိသူသည် ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။- |
3398 | LEV 22:28 | နွားမနှင့်၎င်း၏သားပေါက်ကိုဖြစ်စေ၊ သိုး မနှင့်၎င်း၏သားပေါက်ကိုဖြစ်စေ၊ ဆိတ်မနှင့် ၎င်း၏သားပေါက်ကိုဖြစ်စေတစ်နေ့တည်း မပူဇော်ရ။- |
3749 | NUM 4:5 | ထာဝရဘုရားသည်မောရှေအားအောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။ စခန်း သိမ်းချိန်ရောက်လျှင်အာရုန်နှင့်သူ၏သားတို့ သည်တဲတော်ထဲသို့ဝင်၍ ပဋိညာဉ်သေတ္တာ တော်ရှေ့တွင်ရှိသောကန့်လန့်ကာကိုဖြုတ် ပြီးလျှင်၎င်းနှင့်သေတ္တာတော်ကိုအုပ်ရမည်။- |
4616 | NUM 29:6 | လစဉ်လဆန်းတစ်ရက်နေ့တွင်ပူဇော်သည့် မီးရှို့ရာသကာ၊ ၎င်းနှင့်တွဲဖက်သောဘောဇဉ် သကာ၊ နေ့စဉ်မီးရှို့ရာသကာနှင့်၎င်းနှင့်တွဲဖက် သောဘောဇဉ်သကာ၊ စပျစ်ရည်သကာအပြင် ဤသကာများကိုပူဇော်ရမည်။ ဤပူဇော် သကာတို့၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။ |
4702 | NUM 31:36 | စစ်သည်တို့အတွက်ထက်ဝက်ဝေစုမှာ သိုး နှင့်ဆိတ်ကောင်ရေပေါင်းသုံးသိန်းသုံးသောင်း ခုနစ်ထောင့်ငါးရာဖြစ်၍ ၎င်းတို့အနက် ထာဝရဘုရားအတွက်အခွန်အဖြစ်ဆက် သရန်ကောင်ရေမှာ ခြောက်ရာ့ခုနစ်ဆယ့်ငါး ဖြစ်သည်။ စစ်သည်တို့အတွက်ဝေစုနွားကောင် ရေသုံးသောင်းခြောက်ထောင်ဖြစ်၍ ၎င်းတို့အနက် ထာဝရဘုရားအတွက်အခွန်အဖြစ်ဆက် သရန် ကောင်ရေမှာခုနစ်ဆယ့်နှစ်ကောင်ဖြစ် သည်။ စစ်သည်တို့အတွက်ဝေစုမှာမြည်း ကောင်ရေသုံးသောင်းငါးရာဖြစ်၍၎င်းတို့ အနက် ထာဝရဘုရားအတွက်အခွန် အဖြစ်ဆက်သရန်ကောင်ရေမှာခြောက်ဆယ့် တစ်ဖြစ်သည်။ စစ်သည်တို့အတွက်ဝေစု မှာအပျိုကညာတစ်သောင်းခြောက်ထောင် ယောက်ဖြစ်၍ ၎င်းတို့အနက်ထာဝရဘုရား အတွက်အခွန်အဖြစ်ဆက်သရန်အတွက် မှာသုံးဆယ့်နှစ်ယောက်ဖြစ်သည်။- |
4901 | DEU 1:7 | စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။- |
5618 | DEU 28:5 | ``ထာဝရဘုရားသည် သင်တို့၏ကောက်ပဲ သီးနှံ၊ ၎င်းမှရသောအစားအစာတို့ကို ကောင်းချီးပေးတော်မူမည်။ |
5630 | DEU 28:17 | ``ထာဝရဘုရားသည် သင်တို့၏ကောက်ပဲသီးနှံ နှင့် ၎င်းမှရသောအစားအစာတို့ကိုကျိန်စာ သင့်စေတော်မူမည်။ |
6006 | JOS 8:2 | သင်သည်ယေရိခေါမြို့နှင့်၎င်း၏မင်းကို သုတ်သင်ဖျက်ဆီးသကဲ့သို့ အာဣမြို့နှင့် ၎င်း၏မင်းကိုသုတ်သင်ဖျက်ဆီးပစ်ရမည်။ သို့ရာတွင်၎င်း၏ပစ္စည်းများနှင့်တိရစ္ဆာန် များကိုသင်တို့သိမ်းယူနိုင်သည်။ မြို့ကို အနောက်ဘက်မှဝင်စီးရန်တပ်ပုန်းချ ထားလော့'' ဟုမိန့်တော်မူ၏။ |
6067 | JOS 10:1 | ယေရုရှလင်မြို့၏ဘုရင်အဒေါနိဇေဒက် သည်ယေရိခေါမြို့ကိုယောရှုတိုက်ခိုက်သိမ်း ပိုက်၍ ၎င်း၏ဘုရင်ကိုကွပ်မျက်ခဲ့သည့်နည်း တူအာဣမြို့ကိုတိုက်ခိုက်သိမ်းပိုက်၍ ၎င်း၏ ဘုရင်ကိုလည်းကွပ်မျက်ခဲ့ကြောင်းကြား သိရလေသည်။ ထို့အပြင်ဂိဗောင်မြို့သား တို့သည်ဣသရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်၍အတူတကွ နေထိုင်ကြကြောင်းကိုလည်းကြားသိရ လေသည်။- |
6105 | JOS 10:39 | သူတို့သည်မင်းနှင့်တကွမြို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ရှိမြို့ရှိသမျှကိုလည်းကောင်း သိမ်းပိုက်၍ ထိုမြို့များတွင်နေထိုင်သောမြို့ သူမြို့သားအားလုံးကိုသတ်ဖြတ်သုတ်သင် ကြသည်။ ယောရှုသည်ဟေဗြုန်မြို့၊ လိဗနာ မြို့နှင့်၎င်းတို့၏မင်းများကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်၎င်း၏မင်းကိုပြုလေသည်။ |
6106 | JOS 10:40 | ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။- |
6119 | JOS 11:10 | ထိုနောက်ယောရှုသည်ပြန်လှည့်၍ဟာဇော် မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးလျှင် ၎င်း၏ မင်းကိုကွပ်မျက်လိုက်လေသည်။ (ထိုကာလ ၌ဟာဇော်သည်ထိုနိုင်ငံများတွင်အင် အားအကြီးဆုံးနိုင်ငံဖြစ်သတည်း။-) |
6250 | JOS 15:46 | ဧကြုန်မြို့မှမြေထဲပင်လယ်စပ်ကြားရှိ အာဇုတ်မြို့နှင့်၎င်းအနီးရှိမြို့ရွာများ လည်းပါဝင်လေသည်။ |
6410 | JOS 21:27 | လေဝိအနွယ်ဝင်ဂေရရှုံ၏သားချင်းစုတို့ သည်အရှေ့မနာရှေနယ်မြေမှမြို့နှစ်မြို့ ကိုရရှိကြ၏။ ၎င်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ဗာရှန်ပြည်ရှိ ဂေါလန်မြို့(ခိုလှုံရာမြို့တစ်မြို့) နှင့်ဗေရှ တေရမြို့တို့ဖြစ်သည်။- |
8943 | 1KI 7:6 | ထောက်တိုင်များပါသောခန်းမဆောင်မှာအလျား ခုနစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်ငါးပေရှိ၏။ ၎င်း၏မျက်နှာစာမှာတိုင်များနှင့်တကွ အမိုးရှိ၏။ |
10452 | 1CH 5:20 | ထိုအခါသူတို့သည်ဘုရားသခင်အား ယုံကြည်ကိုးစားလျက် ကူမတော်မူရန် ဆုတောင်းပတ္ထနာပြုကြ၏။ ဘုရားသခင် သည်လည်းနားညောင်းတော်မူသဖြင့် သူတို့ သည်ဟာဂရအမျိုးသားနှင့်၎င်း၏မဟာ မိတ်တို့ကိုအနိုင်ရကြ၏။- |
12923 | JOB 3:15 | မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။ |
12970 | JOB 5:15 | ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။ |
12975 | JOB 5:20 | အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။ |
12998 | JOB 6:16 | ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့်၎င်း၊ |
13077 | JOB 9:22 | ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။ |
13081 | JOB 9:26 | လျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။ |
13125 | JOB 11:13 | သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊ |
13126 | JOB 11:14 | သင်ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊ |
13155 | JOB 12:23 | တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း၊ ပြုတော်မူ၏။ |
13185 | JOB 13:28 | ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။ |
13196 | JOB 14:11 | အိုင်ရေပြတ်သကဲ့သို့၎င်း၊ မြစ်ရေခန်းခြောက် သကဲ့သို့၎င်း၊ |
13240 | JOB 15:33 | စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌ မမှည့်သော အသီးကို ၎င်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို၎င်း ချွေရလိမ့်မည်။ |
13278 | JOB 17:14 | ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ဟူ၍၎င်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ် သည်ဟူ၍၎င်း ငါဆိုရ၏။ |
13316 | JOB 19:15 | ငါ့ကျွန်မများ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့၎င်း၊ တကျွန်းတနိုင်ငံသားကဲ့သို့၎င်း မှတ်ကြ၏။ |
13318 | JOB 19:17 | ငါ့မယားသည် ငါ့အသက်လေကို၎င်း၊ ငါ့သား သမီးတို့သည် ငါမြည်တမ်းခြင်းအသံကို၎င်း ရွံ့ကြ၏။ |
13326 | JOB 19:25 | ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊ |
13327 | JOB 19:26 | ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါသိ၏။ |
13335 | JOB 20:5 | ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။ |
13349 | JOB 20:19 | ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊ |
13350 | JOB 20:20 | လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။ |
13367 | JOB 21:8 | သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌၎င်း နေရာကျကြ၏။ |
13373 | JOB 21:14 | ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊ |
13374 | JOB 21:15 | အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။ |
13376 | JOB 21:17 | မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို၎င်း၊ |
13377 | JOB 21:18 | သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊ |
13378 | JOB 21:19 | ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊ |
13379 | JOB 21:20 | ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။ |
13409 | JOB 22:16 | အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊ |
13417 | JOB 22:24 | ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။ |
13439 | JOB 23:16 | ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ၏။ |
13459 | JOB 24:19 | မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ |
13464 | JOB 24:24 | ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။ |
13467 | JOB 25:2 | ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။ |
13492 | JOB 27:7 | ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။ |
13503 | JOB 27:18 | သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။ |
13511 | JOB 28:3 | လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ်တတ်၏။ |
13561 | JOB 29:25 | ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသော နေရာ၌ ထိုင်၏။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့၎င်း၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့၎င်း ငါဖြစ်၏။ |
13584 | JOB 30:23 | သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။ |
13594 | JOB 31:2 | သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည်အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင် သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူ မည်နည်း။ |
13595 | JOB 31:3 | ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြမည် မဟုတ်လော။ |
13597 | JOB 31:5 | မုသာလမ်းသို့ ငါလိုက်မိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိ သော်၎င်း၊ |
13599 | JOB 31:7 | ငါသည်လမ်းလွှဲမိသော်၎င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော်၎င်း၊ ငါ့လက်၌ အညစ် အကြေးကပ်မိသော်၎င်း၊ |
13601 | JOB 31:9 | သူ့မယားကို ငါတပ်မက်မိသော်၎င်း၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်းမိသော်၎င်း၊ |
13612 | JOB 31:20 | သူ၏ခါးသည် ငါ့ကို ကောင်းကြီးမပေး။ ငါ့ သိုးမွေးအားဖြင့် မနွေးဘဲနေသော်၎င်း၊ |
13613 | JOB 31:21 | ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည် မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊ |
13616 | JOB 31:24 | ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊ |
13617 | JOB 31:25 | ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ် သောကြောင့်၊ ငါဝါကြွားဝမ်းမြောက်မိသော်၎င်း၊ |
13619 | JOB 31:27 | ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်၎င်း၊ |
13630 | JOB 31:38 | ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့်၊ အော်ဟစ်၍ လည်ချောင်းတို့သည် တညီတည်းမြည်တမ်းသော်၎င်း၊ |
13631 | JOB 31:39 | စရိတ်မကုန်ဘဲမြေအသီးအနှံကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်၎င်း၊ |
13671 | JOB 33:17 | ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း ပြုတော်မူ၏။ |
13676 | JOB 33:22 | အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ။ |
13697 | JOB 34:10 | သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။ |
13705 | JOB 34:18 | သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကို၎င်း၊ သင်တို့သည် အဓမ္မလူဖြစ်ကြ၏ဟုမင်းတို့ကို၎င်း ဆိုသင့် သလော။ |
13735 | JOB 35:11 | မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။ |
13759 | JOB 36:19 | သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော် လည်း၊ ပမာဏပြုတော်မမူ။ |
13779 | JOB 37:6 | မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။ |
13782 | JOB 37:9 | လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်း သည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။ |
13786 | JOB 37:13 | ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။ |
13789 | JOB 37:16 | ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊ |
13790 | JOB 37:17 | မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။ |
13796 | JOB 37:23 | အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။ |
13806 | JOB 38:9 | သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌၎င်း၊ |
13808 | JOB 38:11 | တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။ |
13822 | JOB 38:25 | လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်း ရွာစေခြင်းငှါ၎င်း၊ |
13823 | JOB 38:26 | လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ၎င်း၊ |