22823 | HAB 2:6 | စစ်ရှုံးသူတို့သည်စစ်နိုင်သူတို့အားမခံချိ% မခံသာပြောဆိုလျက်မထီလေးစားပြုကြ% လိမ့်မည်။ သူတို့က``မိမိတို့မပိုင်သည့်ဥစ္စာပစ္စည်း% ကိုသိမ်းယူကြသူသင်တို့သည်အမင်္ဂလာရှိ% ကြ၏။ သင်တို့သည်အဘယ်မျှကြာအောင် မိမိ% တို့၏ကြွေးမြီစားများကိုလိမ်လည်လှည့်စား% ၍သင်တို့ကိုယ်ကိုချမ်းသာကြွယ်ဝအောင်ပြု% နေကြပါဦးမည်နည်း'' ဟုဆိုကြလိမ့်မည်။ % |
22824 | HAB 2:7 | အကျိုးသင့်အကြောင်းသင့်ကိုမျှမသိမီ % သူတစ်ပါးတို့ကိုတိုက်ခိုက်အောင်မြင်ခဲ့သော% သင်တို့သည်အကြွေးတင်နေလျက်အတိုး% ကိုပေးဆပ်ရန်အတင်းအကြပ်စေခိုင်းခံရ% မည်။ ရန်သူတို့သည်လာ၍သင်တို့အားတုန်% လှုပ်ချောက်ချားစေလိမ့်မည်။ သင်တို့ကိုတိုက်% ခိုက်လုယက်ကြလိမ့်မည်။-% |
22825 | HAB 2:8 | သင်တို့သည်နိုင်ငံအမြောက်အမြားမှလူတို့% ကိုတိုက်ခိုက်လုယက်ခဲ့လေပြီ။ ယခုအသက်% မသေဘဲကျန်ရှိနေသောသူတို့သည် သင်တို့% ကူးလွန်ခဲ့သည့်လူသတ်မှုများကြောင့်လည်း% ကောင်း၊ ကမ္ဘာပေါ်ရှိလူများ၊ မြို့များအားအ% ကြမ်းဖက်ခဲ့မှုတို့ကြောင့်လည်းကောင်း သင်တို့% အားတိုက်ခိုက်လုယက်ကြလိမ့်မည်။ % |
22826 | HAB 2:9 | သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း% ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည်% မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ% ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို% အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့% အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင်% ပြုခဲ့ကြပြီ။-% |
22830 | HAB 2:13 | သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည်% အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း% နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့% သမျှသောအဆောက်အဦတို့သည်မီးလောင်% ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ% တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော% အမှုဖြစ်၏။-% |