538 | GEN 21:24 | အာဗြဟံကလည်း``ထိုအတိုင်းငါကတိ သစ္စာဆိုပါ၏'' ဟုဆို၏။ |
1430 | GEN 47:9 | ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။- |
1474 | GEN 48:22 | ငါသည်ဋ္ဌားနှင့်လေးလက်နက်တို့ဖြင့်အာ မောရိအမျိုးသားတို့လက်မှသိမ်းယူရရှိ သောမြေသြဇာထက်သန်သည့် ရှေခင်နယ်ကို သင်၏အစ်ကိုတို့အားငါမပေး။ သင့်အား သာငါပေး၏'' ဟုဆိုလေ၏။ |
3733 | NUM 3:40 | ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့၏သားဦးရှိသမျှတို့သည် ငါနှင့်ဆိုင်၏။ သို့ဖြစ်၍အသက်တစ်လသား အရွယ်နှင့်အထက်ရှိသားဦးအားလုံးတို့ ၏နာမည်စာရင်းကိုကောက်ယူလော့။ သို့ရာ တွင်ထိုသူတို့ကိုငါပိုင်ဆိုင်ရာအဖြစ်ရွေး ချယ်မည့်အစားလေဝိအနွယ်ဝင်အပေါင်း တို့ကိုရွေးချယ်၏။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။ ထို့အပြင်သိုးနွားတိရစ္ဆာန် သားဦးပေါက်အားလုံးကိုငါပိုင်ဆိုင်ရာ အဖြစ်ရွေးချယ်မည့်အစားငါသည်လေဝိ အနွယ်ဝင်တို့၏သိုးနွားတိရစ္ဆာန်တို့ကို ငါရွေးချယ်၏'' ဟုမိန့်တော်မူ၏။- |
4128 | NUM 14:19 | အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။ |
5950 | JOS 5:14 | ထိုသူက``ဘက်တော်သားလည်းမဟုတ်၊ ရန်သူ လည်းမဟုတ်၊ ထာဝရဘုရား၏တပ်မှူးအ ဖြစ်ငါလာ၏'' ဟုဖြေကြား၏။ ထိုအခါယောရှုသည်မြေပေါ်တွင်ပျပ်ဝပ်ရှိခိုး လျက်``အရှင်၊ ကိုယ်တော့်ကျွန်အားအမိန့်ရှိတော် မူပါ'' ဟုလျှောက်လေ၏။ |
6740 | JDG 8:19 | ဂိဒေါင်က``သူတို့သည်ကားငါ့အမိ၏သား များဖြစ်၍ ငါ၏ညီများဖြစ်သည်။ အကယ် ၍သင်တို့သည်သူတို့အားမသတ်ခဲ့ပါမူ ငါသည်လည်းသင်တို့အားသတ်လိမ့်မည် မဟုတ်ကြောင်း ထာဝရဘုရားကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြော၏။- |
6841 | JDG 11:10 | ထိုသူတို့ကလည်း``ငါတို့သဘောတူပါသည်။ ထာဝရဘုရားသည်ငါတို့၏အသိသက်သေ ပင်ဖြစ်ပါ၏'' ဟုဖြေကြားကြ၏။- |
7230 | 1SA 1:16 | ကျွန်မအားတန်ဖိုးမရှိသည့်မိန်းမဟုမထင် မှတ်ပါနှင့်။ ကျွန်မသည်အလွန်စိတ်မချမ်းမသာ ဖြစ်သဖြင့် ဤသို့ဆုတောင်းပတ္ထနာပြုလျက်နေ ခြင်းဖြစ်ပါ၏'' ဟုပြန်၍လျှောက်၏။ |
7467 | 1SA 12:5 | ရှမွေလက``ငါ၌လုံးဝအပြစ်မရှိကြောင်း သင်တို့တွေ့ရှိချက်ကိုထာဝရဘုရား သက်သေဖြစ်တော်မူ၏။ ကိုယ်တော်ဘိသိက် ပေးတော်မူသောဘုရင်သည်လည်းသက်သေ ဖြစ်တော်မူ၏'' ဟုဆိုလျှင်၊ လူတို့က``မှန်ပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏သက်သေဖြစ်တော်မူပါ သည်'' ဟုဆိုကြ၏။ |
7587 | 1SA 15:25 | သို့ရာတွင်ထာဝရဘုရားအားအကျွန်ုပ်ဝတ် ပြုကိုးကွယ်ခွင့်ရစေရန် အရှင်သည်အကျွန်ုပ် ၏အပြစ်ကိုဖြေလွှတ်၍ အကျွန်ုပ်နှင့်အတူ ဂိလဂါလမြို့သို့လိုက်ခဲ့ပါရန်အကျွန်ုပ် တောင်းပန်ပါ၏'' ဟုဆိုလေ၏။ |
7639 | 1SA 17:19 | ရှောလုမင်းမှစ၍သင့်အစ်ကိုများနှင့်အခြား ဣသရေလအမျိုးသားတို့သည် ဧလာချိုင့်ဝှမ်း တွင်ဖိလိတ္တိအမျိုးသားတို့နှင့်တိုက်ပွဲဝင်လျက် ရှိနေကြ၏'' ဟုဆို၏။ |
7800 | 1SA 22:10 | အဟိမလက်သည်ဒါဝိဒ်အတွက်ထာဝရ ဘုရားထံတွင်စုံစမ်းလျှောက်ထားပြီးလျှင် အစားအစာကိုလည်းကောင်း၊ ဖိလိတ္တိအမျိုး သားဂေါလျတ်၏ဋ္ဌားကိုလည်းကောင်းပေး အပ်လိုက်ပါ၏'' ဟုလျှောက်လေ၏။ |
8286 | 2SA 11:24 | ထိုအခါသူတို့သည်မြို့ရိုးမှမြားများဖြင့် ပစ်ခတ်ကြရာအရှင်မင်းကြီး၏တပ်မှူးအချို့ ကျဆုံးသွားပါ၏။ အရှင့်တပ်မှူးဥရိယလည်း ကျဆုံးပါ၏'' ဟုလျှောက်လေ၏။ |
8413 | 2SA 15:21 | သို့ရာတွင်အိတ္တဲက``အရှင်မင်းကြီး၊ အကျွန်ုပ် သည်သေရမည်ဆိုသော်လည်း အရှင်မင်းကြီး သွားလေရာရာသို့အစဉ်လိုက်မည်ဖြစ်ကြောင်း ထာဝရဘုရား၏နာမတော်ကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြန်လည်လျှောက်ထား၏။ |
8535 | 2SA 19:22 | ဇေရုယာ၏သားအဘိရှဲက``ရှိမိအားသေ ဒဏ်ပေးသင့်ပါသည်။ သူသည်ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်ကိုကျိန်ဆဲ သူဖြစ်ပါ၏'' ဟုလျှောက်၏။ |
8797 | 1KI 2:24 | ထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။ |
8842 | 1KI 3:23 | ထိုအခါမင်းကြီးသည်``သင်တို့နှစ်ဦးစလုံးက အသက်ရှင်လျက်ရှိသည့်ကလေးသည်ငါ၏သား၊ သေနေသောကလေးသည် သင်၏သားဟုပြော ဆိုနေကြ၏'' ဟုမိန့်တော်မူပြီးလျှင်၊ |
9321 | 1KI 17:1 | ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။ |
9671 | 2KI 5:20 | ဧလိရှဲ၏အစေခံဂေဟာဇိက``ငါ့သခင်သည် နေမန်ထံမှအဘယ်အရာကိုမျှမယူဘဲ သူ့ အားထွက်ခွာသွားခွင့်ပြုလေပြီတကား။ သခင် သည်ရှုရိအမျိုးသားပေးလှူသည့်ပစ္စည်းများ ကိုလက်ခံသင့်သည်။ ငါသည်နေမန်၏နောက်သို့ ပြေး၍လိုက်ပြီးလျှင် သူ့ထံမှပစ္စည်းတစ်စုံတစ် ရာကိုရအောင်ယူမည်ဖြစ်ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပါ၏'' ဟုတစ်ကိုယ်တည်းပြောဆိုကာ၊- |
10962 | 1CH 21:23 | အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။ |
11448 | 2CH 12:6 | မင်းကြီးနှင့်ခေါင်းဆောင်များသည်မိမိ တို့အပြစ်ကူးခဲ့သည်ကိုဝန်ခံကြပြီး လျှင်``ထာဝရဘုရားသည်တရားမျှတ တော်မူပါ၏'' ဟုဆိုကြ၏။ |
12803 | EST 6:6 | ထို့ကြောင့်ဟာမန်သည်ရှေ့တော်သို့ဝင်ရောက် လာလေသည်။ ထိုအခါမင်းကြီးကသူ့အား``ငါ ဂုဏ်ပြုချီးမြှင့်လိုသူတစ်ယောက်ရှိသည်။ ထို သူကိုအဘယ်သို့ဂုဏ်ပြုချီးမြှင့်ရပါမည် နည်း'' ဟုမေးတော်မူ၏။ ဟာမန်သည်``အဘယ်သူအားမင်းကြီးဂုဏ်ပြု ချီးမြှင့်လိုပါလိမ့်မည်နည်း။ ငါ့ကိုသာလျှင် ဖြစ်တန်ရာ၏'' ဟုတွေးတောပြီးလျှင်၊- |
14753 | PSA 52:9 | ``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။ သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။ |
18114 | ISA 21:9 | မြင်းစီးသူရဲတို့သည်နှစ်ယောက်တစ်တွဲနှစ် ယောက်တစ်တွဲရုတ်တရက်ပေါ်လာကြ၏။ ထို ကြောင့်ကင်းစောင့်က``ဗာဗုလုန်မြို့ကျဆုံး သွားလေပြီ။ သူတို့ကိုးကွယ်သည့်ရုပ်တုမှန် သမျှသည်လည်းမြေပေါ်တွင်ကျိုးပဲ့ကြေမွ လျက်နေပါ၏'' ဟုသတင်းပေးပို့လိုက်၏။ |
18226 | ISA 27:5 | သို့ရာတွင်ငါ၏လူမျိုးတော်၏ရန်သူများ သည် ငါ၏ကွယ်ကာစောင့်ထိန်းမှုကိုအလိုရှိ ပါမူ ငါနှင့်ပြေလည်ကျေအေးမှုရရှိရန် ဆောင်ရွက်ကြရာ၏။ သူတို့သည်ငါနှင့်ပြေ လည်ကျေအေးမှုရရှိရန် အမှန်ပင်ဆောင် ရွက်ကြရာ၏'' ဟုမိန့်တော်မူလိမ့်မည်။ |
18650 | ISA 45:19 | ငါသည်လျှို့ဝှက်၍မဟောပြော။ ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ ငါသည်ထာဝရဘုရားဖြစ်၏။ သစ္စာစကားကိုဆို၍အမှန်တရားကို ဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။ |
18995 | ISA 66:4 | ထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။ |
19033 | JER 1:18 | ယေရမိ၊ နားထောင်လော့။ ဤနိုင်ငံရှိလူအပေါင်း တို့ဖြစ်သည့်ယုဒဘုရင်များ၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူများသည် သင့်ကို အတိုက်အခံပြုကြလိမ့်မည်။ သို့ရာတွင်သူ တို့ကိုခုခံနိုင်စွမ်းရှိအောင် သင့်ကိုယနေ့ငါ ပြုမည်။ သင်သည်ခံတပ်မြို့ကဲ့သို့လည်းကောင်း၊ သံတိုင်နှင့်ကြေးဝါနံရံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ငါသည်သင်နှင့်အတူရှိ၍သင့် ကိုကွယ်ကာစောင့်ရှောက်မည်။ သို့ဖြစ်၍သူတို့ သည်သင့်အားနှိမ်နင်းနိုင်ကြလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19516 | JER 21:7 | စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19570 | JER 23:17 | သူတို့သည်ငါ၏စကားကိုနားထောင်ရန်ငြင်း ဆန်သူတို့အား`သင်တို့အဖို့အစစအရာရာ အဆင်ပြေလိမ့်မည်ဟုထာဝရဘုရားမိန့် ဆိုသည်' ဟုအဖန်တစ်လဲလဲဟောပြောကြ၏။ ခေါင်းမာသူအပေါင်းတို့အားလည်း`သင်တို့ အပေါ်သို့အဘယ်အခါ၌မျှဘေးအန္တရာယ် ဆိုးသက်ရောက်လိမ့်မည်မဟုတ်' ဟုဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။ |
19585 | JER 23:32 | ငါထာဝရဘုရားမိန့်တော်မူသည့်စကား ကိုနားထောင်ကြလော့။ မုသားအပြည့်ပါသည့် မိမိတို့၏အိပ်မက်များအကြောင်းကိုဟော ပြောကြသောပရောဖက်တို့ကိုငါဆန့်ကျင် ဘက်ပြုမည်။ သူတို့သည်ထိုအိပ်မက်များကို လိမ်လည်ကြွားဝါဟောပြောခြင်းအားဖြင့် ငါ ၏လူမျိုးတော်အားလမ်းလွဲစေကြ၏။ ငါ သည်သူတို့အားမစေလွှတ်ခဲ့။ သွားရန်လည်း အမိန့်မပေးခဲ့။ သို့ဖြစ်၍သူတို့သည်လူတို့ အတွက်အဘယ်သို့မျှအကျိုးမပြုကြ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19687 | JER 27:22 | ထိုဘဏ္ဍာတို့သည်ဗာဗုလုန်မြို့သို့ယူဆောင် သွားပြီးလျှင် ယင်းတို့အားငါတစ်ဖန်ဂရု စိုက်သည့်အချိန်တိုင်အောင်ထိုမြို့တွင်ရှိနေ လိမ့်မည်။ ထိုနောက်ငါသည်ထိုဘဏ္ဍာများကို ဤဌာနတော်သို့ပြန်လည်ပို့ဆောင်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုပြောကြားလေသည်။ |
19747 | JER 30:11 | ငါသည်ကယ်တင်ရန်သင်တို့ထံလာမည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာနိုင်ငံ တကာတို့အား ဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည်မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း အပြစ်ဒဏ်ခတ်သောအခါ၌မူကား တရားသဖြင့်ပြုမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19753 | JER 30:17 | သင်တို့၏ရန်သူများက`ဇိအုန်မြို့သည် အပယ်ခံဖြစ်လေပြီ။ ထိုမြို့ကိုအဘယ်သူမျှဂရုမစိုက်ကြတော့' ဟုဆိုသော်လည်း ငါသည်သင်တို့အားတစ်ဖန်ပြန်၍ကျန်းမာ လာစေမည်။ သင်တို့၏အနာများကိုကျက်စေမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19757 | JER 30:21 | သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။ သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19774 | JER 31:14 | ငါသည်ယဇ်ပုရောဟိတ်တို့အားဆူဖြိုးသော အစာအာဟာရကိုဝစွာကြွေး၍ ငါ့လူမျိုးတော်၏ချို့တဲ့မှုရှိသမျှကို ဖြည့်တင်းပေးမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
20142 | JER 46:28 | ငါသည်သင်တို့ထံသို့ကြွလာ၍ သင်တို့အားကယ်တင်မည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာ နိုင်ငံတကာတို့ကိုငါဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည် မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း၊ အပြစ်ဒဏ်ခတ်သောအခါ၌မူကားမျှတစွာ ဒဏ်ခတ်မည်။ ဤကားငါထာဝရဘုရားပြောကြားသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
20235 | JER 49:39 | သို့ရာတွင်နောင်အခါ၌ဧလံပြည်သားတို့ အားတစ်ဖန်ပြန်၍ကောင်းစားစေမည်။ ဤ ကားငါထာဝရဘုရားမြွက်ဆိုသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
20291 | JER 51:10 | ``ငါ၏လူစုတော်က`ငါတို့ဖြောင့်မှန်ကြောင်း ကို ထာဝရဘုရားပြတော်မူလေပြီ။ ငါ တို့သည်ဇိအုန်မြို့သူမြို့သားတို့ထံသို့ သွား၍ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားပြုတော်မူသောအမှုတော်ကို ပြောကြားကြကုန်အံ့' ဟုကြွေးကြော်၏'' ဟုမိန့်တော်မူ၏။ |
20304 | JER 51:23 | သိုးထိန်းများနှင့်သိုးအုပ်များကိုသတ်ဖြတ်၍၊ လယ်သမားများနှင့်သူတို့၏ထွန်နွားများ ကိုလည်းကောင်း၊ မင်းများနှင့်မှူးမတ်များကိုလည်းကောင်း ချေမှုန်းခဲ့၏'' ဟုမိန့်တော်မူ၏။ |
20334 | JER 51:53 | အကယ်၍ဗာဗုလုန်မြို့သည်မိုးကောင်းကင် သို့တက်၍ ခံတပ်အခိုင်အမာဆောက်လုပ် နိုင်သည်ဟုပင်ဆိုစေကာမူ ငါသည်ထိုမြို့ ကိုတိုက်ဖျက်ရန်လူများကိုစေလွှတ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟူ၍တည်း။ |
20339 | JER 51:58 | တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးလောင်ကျွမ်း၍သွားလိမ့်မည်။ လူမျိုးတကာတို့လုပ်ဆောင်ထားသောအရာ များသည် အချည်းနှီးဖြစ်လျက် သူတို့ကြိုးပမ်းအားထုတ်ခဲ့မှုများသည်လည်း မီးတောက်တွင်ပျောက်လွင့်သွားကြ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
21041 | EZK 21:33 | ``အချင်းလူသား၊ ဗျာဒိတ်တော်ကိုဆင့်ဆို လော့။ ဣသရေလအမျိုးသားတို့အားစော် ကားသည့်အမ္မုန်ပြည်သားတို့အားငါအရှင် ထာဝရဘုရားအဘယ်သို့မိန့်တော်မူ ကြောင်းကိုကြေညာလော့။'' ``ဖျက်ဆီးသုတ်သင်ရန်ဋ္ဌားတော်ကို အသင့်ထားလေပြီ။ ဋ္ဌားကိုအသင့်ထားလေပြီ။ သတ်ဖြတ်ရန်ထိုဋ္ဌားတော်ကိုတိုက်ချွတ်ထား၏။ လျှပ်ပြက်သကဲ့သို့ပြောင်လက်အောင် တိုက်ချွတ်ထား၏'' ဟုသူတို့အားဆင့်ဆိုလော့။ |
21110 | EZK 23:34 | သင်သည်ယင်းကိုအကုန်အစင်သောက်ပြီးမှ အစိတ်စိတ်အမြွှာမြွှာခွဲ၍ ဖလား၏အစအနများဖြင့်မိမိ၏ရင်သားကို လှီးဖြတ်လိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟူ၍တည်း။ |
21245 | EZK 28:19 | သင်သည်ဆုံးပါးလေပြီ။ ထာဝစဉ်ဆုံးပါး လေပြီ။ သင့်ကိုသိရှိခဲ့ကြသောလူမျိုး အပေါင်းတို့သည် သင်၏ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရကြမည်ကိုစိုးရိမ်ကြောက်လန့် လျက်နေကြ၏'' ဟုမိန့်တော်မူ၏။ |
21460 | EZK 36:32 | ဣသရေလအမျိုးသားတို့၊ ငါသည်သင် တို့ကိုထောက်ထား၍ ဤအမှုတို့ကိုပြု ခြင်းမဟုတ်ကြောင်းသင်တို့အားသိစေ လို၏။ သင်တို့ယခုပြုနေသောအမှုများ အတွက်အရှက်ရစေလို၏။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
21469 | EZK 37:3 | ကိုယ်တော်က``အချင်းလူသားဤအရိုးတို့ သည်ပြန်၍အသက်ရှင်နိုင်ကြမည်လော'' ဟုငါ့အားမေးတော်မူလျှင်၊ ငါက``အို အရှင်ထာဝရဘုရား၊ ဤမေးခွန်း ကိုကိုယ်တော်ရှင်သာလျှင်ဖြေကြားတော် မူနိုင်ပါ၏'' ဟုလျှောက်ထား၏။ |
21480 | EZK 37:14 | ငါသည်ငါ၏ဝိညာဉ်တော်ကိုသူတို့အား ပေးသွင်း၍ သူတို့အားအသက်ပြန်၍ရှင် လာစေပြီးလျှင် မိမိတို့ကိုယ်ပိုင်ပြည်တွင် နေထိုင်စေမည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်။ ငါသည်ဤအမှုကိုပြု မည်ဟုကတိထားတော်မူပြီ။ ဤကား ငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
21546 | EZK 39:29 | ငါသည်မိမိ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်း လောင်းမည်။ သူတို့အားနောင်အဘယ်အခါ ၌မျှငါကျောခိုင်းမည်မဟုတ်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
21668 | EZK 43:27 | သီတင်းတစ်ပတ်ကုန်ဆုံးသွားသောအခါ ယဇ်ပုရောဟိတ်တို့သည် လူတို့အတွက်မီးရှို့ ပူဇော်ရာယဇ်များ၊ မိတ်သဟာယယဇ်များ ကိုယဇ်ပလ္လင်ပေါ်တွင်စတင်ပူဇော်ရကြ မည်။ ထိုအခါငါသည်သင်တို့အပေါင်းကို နှစ်သက်တော်မူလိမ့်မည်။ ဤကားငါအရှင် ထာဝရဘုရားမြွက်ဟတော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
21744 | EZK 46:20 | ဤအရပ်ကားယဇ်ပုရောဟိတ်တို့အပြစ် ဖြေရာယဇ်၊ သို့မဟုတ်ဒုစရိုက်ဖြေရာ ယဇ်ကိုပူဇော်ရန်အသားများကိုပြုတ် ရာ၊ မုန့်ညက်ပူဇော်သကာကိုဖုတ်ရာအရပ် ဖြစ်၏။ လူတို့ဘေးအန္တရာယ်မဖြစ်ကြ စေရန်သန့်ရှင်းမြင့်မြတ်သည့်အရာမှန် သမျှကိုတံတိုင်းအပြင်ဝင်းသို့မထုတ် ကြခြင်းဖြစ်၏'' ဟုဆို၏။ |
22076 | DAN 9:19 | အို အရှင်ဘုရား၊ နားထောင်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့လျှောက်ထားချက်ကိုနား ထောင်တော်မူ၍အရေးယူတော်မူပါ။ အို အကျွန်ုပ်တို့၏ဘုရားသခင်ဖင့်နွဲ တော်မမူပါနှင့်။ သို့မှသာလျှင်ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုလူတိုင်းသိရှိပါလိမ့်မည်။ ဤမြို့ နှင့်ဤလူမျိုးတော်ကိုကိုယ်တော်ပိုင် တော်မူပါ၏'' ဟုဆုတောင်းပတ္ထနာပြု၏။ |
23204 | MAL 3:15 | ငါတို့တွေ့မြင်ရကြသည့်အတိုင်းမာန်မာန ကြီးသူများသည်မင်္ဂလာရှိကြ၏။ သူယုတ်မာ တို့သည်ကောင်းစားကြ၏။ ထိုမျှမကသူတို့ သည်ဘုရားသခင်၏ခန္တီပါရမီတော်ကို အကဲစမ်းကြသော်လည်းအဘယ်ဒုက္ခနှင့် မျှမတွေ့ရကြ' ဟုဆိုကြ၏'' ဟုမိန့်တော် မူ၏။ |
23465 | MAT 9:17 | ထို့အပြင်စပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်လေ့မရှိ။ ထည့်ခဲ့ပါမူသားရေဘူးသည် ပေါက်ပြဲ၍စပျစ်ရည်ယိုထွက်ကုန်လိမ့်မည်။ သား ရေဘူးလည်းပျက်စီးသွားလိမ့်မည်။ သို့ဖြစ်၍ စပျစ်ရည်နှင့်သားရေဘူးပါမပျက်မစီးဘဲ ရှိစေရန်စပျစ်ရည်သစ်ကိုသားရေဘူးသစ်တွင် သာထည့်ရ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။ |
23547 | MAT 11:19 | လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။ |
23713 | MAT 15:11 | လူကိုညစ်ညမ်းစေသည့်အရာကားခံတွင်းသို့ ဝင်သည့်အရာမဟုတ်။ ခံတွင်းမှထွက်သည့်အရာ သာလျှင်ဖြစ်၏'' ဟုမိန့်တော်မူသည်။ |
23857 | MAT 19:26 | သခင်ယေရှုသည် သူတို့ကိုစိုက်ကြည့်တော်မူ လျက် ``လူသည်မိမိကိုယ်ကိုကယ်တင်ရန်မတတ် နိုင်။ ဘုရားသခင်မူကား အရာခပ်သိမ်းကိုတတ် နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။ |
24026 | MAT 23:39 | `ဘုရားသခင်၏နာမတော်ဖြင့်ကြွလာတော် မူသောအရှင်သည်မင်္ဂလာရှိစေသတည်း' ဟု သင်မြွက်ဆိုမည့်နေ့မတိုင်မီသင်သည်ယခု မှစ၍ငါ့ကိုမြင်ရလိမ့်မည်မဟုတ်ဟုသင့် အားငါဆို၏'' ဟူ၍မိန့်တော်မူသည်။ |
24217 | MAT 27:19 | ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။ |
24357 | MRK 2:28 | သို့ဖြစ်၍လူသားသည်ဥပုသ်နေ့၏အရှင် ဖြစ်တော်မူ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။ |
24644 | MRK 9:37 | ထိုနောက်ထိုသူငယ်ကိုပွေ့တော်မူလျက် ``ငါ ၏နာမကိုထောက်၍ ဤသို့သောသူငယ်တစ်စုံ တစ်ယောက်ကိုလက်ခံသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသူသည်ငါ့ကိုသာလက်ခံသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လည်းလက်ခံ၏'' ဟုမိန့်တော်မူ၏။ |
24669 | MRK 10:12 | ထိုမှတစ်ပါးမိမိခင်ပွန်းကိုကွာ၍ အခြား အမျိုးသားတစ်ယောက်နှင့်အိမ်ထောင်ပြုသော အမျိုးသမီးသည်လည်း မိမိခင်ပွန်း၏အိမ်ရာ ကိုပြစ်မှား၏'' ဟုမိန့်တော်မူ၏။ |
24934 | MRK 15:39 | ကိုယ်တော်၏ရှေ့တွင်ရပ်နေသူတပ်မှူးသည် ကိုယ် တော်အသက်ချုပ်တော်မူပုံကိုမြင်သဖြင့် ``ဤသူကားအကယ်ပင်ဘုရားသခင်၏ သားတော်ဖြစ်၏'' ဟုဆို၏။ |
25007 | LUK 1:45 | ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော် အတိုင်းဖြစ်လိမ့်မည်ဟုသင်သည်ယုံကြည်သဖြင့် မင်္ဂလာရှိ၏'' ဟုကျယ်စွာမြွက်ဆို၏။ |
25136 | LUK 4:4 | သခင်ယေရှုက ``လူသည်အစားအစာအားဖြင့် သာအသက်ရှင်ရမည်မဟုတ်ဟုကျမ်းစာတော် တွင်ပါရှိ၏'' ဟုပြန်လည်မိန့်ကြားတော်မူ၏။ |
25144 | LUK 4:12 | သခင်ယေရှုက ``သင်သည်ဘုရားသခင်ထာဝရ ဘုရားအားစစ်ဆေးစမ်းသပ်မှုမပြုရဟု ကျမ်းစာလာ၏'' ဟုပြန်လည်ဖြေကြားတော် မူ၏။ |
25278 | LUK 7:14 | ထို့နောက်အနီးသို့ကြွတော်မူပြီးလျှင် အလောင်း စင်ကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ ထိုအခါ အလောင်းစင်ထမ်းသူတို့သည်ရပ်တန့်ကြ၏။ ကိုယ် တော်က ``အချင်းလူငယ်၊ ထလော့၊ သင့်အားငါ အမိန့်ပေး၏'' ဟုမိန့်တော်မူရာ၊- |
25322 | LUK 8:8 | အချို့မျိုးစေ့များကားမြေကောင်းမြေသန့်တွင်ကျ သဖြင့်အပင်ပေါက်၍အဆတစ်ရာသီးနှံများကို ဖြစ်ပွားစေ၏'' ဟုမိန့်တော်မူ၏။ ထိုနောက် ``ကြား တတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟု ကြွေးကြော်တော်မူ၏။ |
25366 | LUK 8:52 | သူငယ်မသေသည့်အတွက် လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းလျက်နေကြ၏။ ကိုယ်တော် က ``မငိုကြွေးကြနှင့်။ သူငယ်မသေသည် မဟုတ်၊ အိပ်လျက်နေ၏'' ဟုမိန့်တော်မူ၏။ |
25420 | LUK 9:50 | သခင်ယေရှုက ``ထိုသူကိုမတားမြစ်ကြ နှင့်။ သင်တို့ကိုမဆန့်ကျင်သူသည်သင်တို့ ဘက်သားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
25637 | LUK 14:15 | ကိုယ်တော်နှင့်အတူထိုင်နေသူလူတစ်ယောက် သည်ထိုစကားတော်ကိုကြားလျှင် ``ဘုရား သခင်၏နိုင်ငံတော်တွင်ပွဲဝင်ရမည့်သူသည် မင်္ဂလာရှိ၏'' ဟုလျှောက်၏။ |
26547 | JHN 9:38 | မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``အရှင်၊ အကျွန်ုပ် ယုံကြည်ပါ၏'' ဟုဆို၍ကိုယ်တော်အားပျပ်ဝပ် ရှိခိုးလေ၏။ |
26957 | JHN 20:21 | ထိုနောက်တစ်ဖန်သခင်ယေရှုက ``သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူသင်တို့ကို ငါစေလွှတ်၏'' ဟုမိန့်တော်မူ၏။- |
27599 | ACT 17:7 | ထိုသူတို့သည်ယေရှုဟူသောအခြား ဧကရာဇ်ဘုရင်တစ်ပါးရှိသည်ဟုဆိုကာ ဧကရာဇ်၏အမိန့်တော်ကိုဆန့်ကျင်ဘက် ပြုကြပါ၏'' ဟုဟစ်အော်ကြသော်၊- |
27681 | ACT 19:27 | လူတို့သည်ငါတို့၏အတတ်ကိုကဲ့ရဲ့ပြောဆို မည်သာမကအာရှပြည်နှင့်တကွ ကမ္ဘာတစ်ဝန်း လုံးကိုးကွယ်သည့်အာတေမိနတ်သမီးကြီး၏ ဂုဏ်အသရေညှိုးနွမ်းလျက် သူ၏နတ်ကွန်းသည် လည်းမရေမရာဖြစ်ရတော့မည့်ဘေးနှင့်ရင် ဆိုင်နေရ၏'' ဟုပြော၏။ |
27807 | ACT 23:5 | ပေါလုက ``ညီအစ်ကိုတို့၊ ထိုသူသည်ယဇ် ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ ပါ။ ကျမ်းစာတော်တွင် `သင်၏အမျိုးကိုအုပ် စိုးသောသူအားမကောင်းမပြောရ' ဟုဖော် ပြထားပါ၏'' ဟုဖြေကြားလေသည်။ |
28374 | ROM 15:3 | ``ကိုယ်တော်အားလူတို့စော်ကားပြောဆိုခြင်း သည်အကယ်ပင်အကျွန်ုပ်အားစော်ကားပြောဆို ခြင်းဖြစ်ပါ၏'' ဟုကျမ်းစာတော်တွင်ဖော်ပြ ထားသည့်အတိုင်းခရစ်တော်သည်မိမိ၏ အလိုတော်ကိုလိုက်တော်မမူ။- |
29098 | 2CO 12:8 | ထိုဝေဒနာကိုဖယ်ရှားပေးတော်မူရန်ငါ သည်သခင်ဘုရားထံတော်သို့သုံးကြိမ် တိုင်တိုင်ဆုတောင်းပတ္ထနာပြုခဲ့၏။ သို့ရာ တွင်ကိုယ်တော်က ``ငါ၏ကျေးဇူးတော်ကို သာလျှင်သင်လိုအပ်ပေသည်။ သင်အား နည်းသောအခါငါ့တန်ခိုးသည်အထင် ရှားဆုံးဖြစ်၏'' ဟုဖြေကြားတော်မူ၏။- |
29907 | 2TI 2:13 | ငါတို့သစ္စာဖောက်လျှင်ကိုယ်တော်သည် သစ္စာဖောက်တော်မမူ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မိမိသစ္စာတော်ကိုပယ်ဖျက်တော်မမူနိုင် သောကြောင့်ဖြစ်၏'' |