1947 | EXO 15:26 | ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။ |
6654 | JDG 5:29 | သူ၏ပညာရှိနန်းတွင်းသူတို့က``သူတို့သည် ဖမ်းဆီးသိမ်းယူ၍ဝေငှရန်အတွက်၊ ပစ္စည်းဥစ္စာများကိုရှာဖွေလျက်ရှိကြပါမည်။ စစ်သားတစ်ယောက်စီအတွက်အပျိုကညာ တစ်ယောက်နှစ်ယောက်ကိုလည်းကောင်း၊ သိသရအတွက်အဖိုးထိုက်အဝတ် အထည်နှင့် မိဖုရားအတွက်၊ ပန်းထိုးလည်စည်းတန်ဆာတို့ကိုလည်းကောင်း ရှာဖွေလျက်နေသောကြောင့်ပင်ဖြစ်တန်ရာ၏'' ဟု ပြန်လည်ဖြေကြားကြသဖြင့်သူကိုယ်တိုင်လည်း ထိုအတိုင်းအဖန်တလဲလဲတွေးတောလျက် နေသတည်း။ |
6680 | JDG 6:24 | ဂိဒေါင်သည်ထိုအရပ်၌ထာဝရဘုရား အဖို့ယဇ်ပလ္လင်တစ်ခုတည်ဆောက်၍``ထာဝရ ဘုရားသည်စိတ်အေးချမ်းခြင်းဖြစ်တော်မူ၏'' ဟူသောအမည်ဖြင့်မှည့်ခေါ်လေသည်။ (ထို ယဇ်ပလ္လင်သည်အဗျေဇာသားချင်းစုပိုင် သြဖရရွာ၌ယနေ့တိုင်အောင်တည်ရှိ သတည်း။) |
7292 | 1SA 3:14 | သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။ |
7701 | 1SA 18:23 | ထို့ကြောင့်သူတို့သည်မင်းကြီးမှာကြားသည့် အတိုင်းဒါဝိဒ်အားတိုက်တွန်းကြ၏။ ဒါဝိဒ် က``ဘုရင့်သမက်တော်ဖြစ်ရသည်မှာအထူး ဂုဏ်ယူဖွယ်ရာဖြစ်ပါ၏။ အကျွန်ုပ်ကဲ့သို့ မရေရာသူဆင်းရဲသားတစ်ယောက်အတွက် မထိုက်တန်သောအခွင့်အရေးဖြစ်ပါ၏'' ဟုဆို၏။ |
7779 | 1SA 21:5 | ယဇ်ပုရောဟိတ်က``ငါ၏ထံတွင်မုန့်ရိုးရိုး မရှိ။ ရှေ့တော်မုန့်သာလျှင်ရှိ၏။ သင့်ငယ် သားတို့သည်မကြာသေးမီအခါက ကာမရာဂစပ်ယှက်မှုမပြုခဲ့ကြပါမူ သင်သည်ထိုမုန့်ကိုယူနိုင်ခွင့်ရှိပါ၏'' ဟုဆို၏။ |
9368 | 1KI 18:24 | ထို့နောက်ဗာလပရောဖက်တို့သည်မိမိတို့ ဘုရားထံသို့ဆုတောင်းကြစေ။ ငါသည်လည်း ထာဝရဘုရားထံတော်သို့ဆုတောင်းမည်။ ငါတို့အသီးသီးပြုသည့်ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူ၍ မီးကိုချပေးတော် မူသောအရှင်သည်ဘုရားအမှန်ဖြစ်၏'' ဟု ဆိုလေသည်။ လူအပေါင်းတို့သည် ဧလိယ၏ပြောကြား ချက်ကိုသဘောတူကြောင်းဟစ်အော်၍ ဖော်ပြကြ၏။ |
9400 | 1KI 19:10 | ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသ ရေလပြည်သူတို့မူကားကိုယ်တော်နှင့်ပြုထား သည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာကိုယ်တော်၏ ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်း သာမသေဘဲကျန်ရှိသောအကျွန်ုပ်၏အသက် အန္တရာယ်ကိုပင်ရှာကြံလျက်နေကြပါ၏'' ဟု လျှောက်၏။ |
9667 | 2KI 5:16 | ဧလိရှဲက``ငါသည်လက်ဆောင်ကိုလက်ခံမည် မဟုတ်ကြောင်း ငါကိုးကွယ်သည့်အသက်ရှင်တော် မူသောထာဝရဘုရားကိုတိုင်တည်ပြော၏'' ဟု ဆို၏။ နေမန်သည်ဧလိရှဲအားလက်ဆောင်ကိုလက်ခံ ပါရန် အကြိမ်ကြိမ်တိုက်တွန်းသော်လည်းဧလိရှဲ သည်လက်မခံဘဲနေ၏။- |
9736 | 2KI 8:5 | သို့ဖြစ်၍ဂေဟာဇိသည်သေသူအား အဘယ်သို့ ဧလိရှဲရှင်ပြန်စေကြောင်းကိုသံတော်ဦးတင် လျက်နေ၏။ ထိုအချိန်၌ရှုနင်မြို့သူသည်ရောက် ရှိလာ၍ မင်းကြီးအားအသနားခံခြင်းဖြစ်၏။ ဂေဟာဇိကမင်းကြီးအား``အရှင်မင်းကြီး၊ ဧလိရှဲအသက်ရှင်ပြန်စေသောသူငယ်နှင့် မိခင်မှာဤသူတို့ပင်ဖြစ်ကြပါ၏'' ဟု လျှောက်၏။- |
19436 | JER 17:10 | ``ငါထာဝရဘုရားသည်လူတို့၏စိတ်နေ သဘောထားကို ရှာဖွေ၍ကြည့်တတ်၏။ စိတ်နှလုံးအကြံအစည်ကိုလည်းစစ်ဆေး၍ ကြည့်တတ်၏။ ငါသည်လူအပေါင်းတို့အားသူတို့လုပ်ဆောင်သည့် အကျင့်အရ ထိုက်သင့်သည့်အကျိုးအပြစ်ကိုပေးတတ်၏'' ဟုမိန့်တော်မူ၏။ |
20056 | JER 42:12 | ငါသည်သင်တို့အပေါ်၌ကရုဏာထားသော ကြောင့် သူ့အားသင်တို့ကိုကရုဏာထား၍မိ မိတို့ပြည်သို့ပြန်ခွင့်ပြုစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသောစကားဖြစ်၏'' ဟုမိန့်တော်မူလေပြီ။ |
21030 | EZK 21:22 | ငါသည်လည်းလက်ခုပ်တီးမည်။ ထိုနောက်ငါ ၏အမျက်တော်ပြေမည်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားပင်ဖြစ်၏'' ဟူ ၍တည်း။ |
23282 | MAT 4:4 | သို့ရာတွင်ကိုယ်တော်က ``လူသည်အစားအစာ အားဖြင့်သာအသက်ရှင်ရမည်မဟုတ်။ ဘုရား သခင်၏နှုတ်တော်ထွက်စကားရှိသမျှအား ဖြင့်အသက်ရှင်ရမည်ဟုကျမ်းစာလာ၏'' ဟူ ၍မိန့်တော်မူ၏။ |
23423 | MAT 8:9 | အကျွန်ုပ်သည်အထက်အာဏာကိုနာခံရသူ ဖြစ်ပါ၏။ အကျွန်ုပ်၏လက်အောက်တွင်လည်းစစ် သားများရှိပါ၏။ စစ်သားတစ်ယောက်ကိုသွား ချေဟုအကျွန်ုပ်ဆိုလျှင်သူသည်သွားပါ၏။ အခြားတစ်ယောက်ကိုလာခဲ့ဟုဆိုလျှင်လာ ပါ၏။ ထို့အပြင်အကျွန်ုပ်၏ကျွန်အားဤအမှု ကိုပြုလော့ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟု လျှောက်၏။ |
24491 | MRK 6:15 | အချို့သူများက ``ယေရှုသည်ဧလိယဖြစ် ၏'' ဟုဆိုကြ၏။ အချို့သူများကမူ ``ယေရှုသည်ရှေးပရောဖက် များကဲ့သို့သောပရောဖက်တစ်ပါးဖြစ်၏'' ဟု ပြောဆိုကြ၏။- |
25501 | LUK 11:27 | သခင်ယေရှုသည်ဤသို့မိန့်တော်မူပြီး သောအခါ လူပရိသတ်ထဲကအမျိုးသမီး တစ်ယောက်သည် ``အရှင့်ကိုမွေး၍နို့တိုက် ရသောအမျိုးသမီးသည်မင်္ဂလာရှိပါ၏'' ဟုလျှောက်၏။ |
25606 | LUK 13:19 | နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ မုန် ညင်းစေ့ကိုလူတစ်ယောက်သည်ယူ၍မိမိ၏ ဥယျာဉ်တွင်စိုက်၏။ ထိုအစေ့မှအပင်ပေါက် ၍ကြီးမားလာသဖြင့် ထိုအပင်၏အကိုင်း အခက်များတွင်ငှက်များနားနေရကြ၏'' ဟုမိန့်တော်မူ၏။ |
25618 | LUK 13:31 | ထိုအချိန်၌ဖာရိရှဲအချို့တို့သည်ကိုယ်တော် ၏ထံကိုလာပြီးလျှင် ``ဤအရပ်မှထွက်ခွာ၍ အခြားအရပ်သို့ကြွတော်မူပါ။ ဟေရုဒ်မင်း သည်အရှင့်အားသတ်ရန်အကြံရှိပါ၏'' ဟု လျှောက်ကြ၏။ |
25966 | LUK 22:33 | ပေတရုက ``အရှင်၊ အကျွန်ုပ်သည်ထောင်ထဲသို့ လည်းကောင်း၊ သေရွာသို့လည်းကောင်းကိုယ်တော် ရှင်နှင့်အတူလိုက်ရန်အသင့်ရှိပါ၏'' ဟု လျှောက်၏။ |
26009 | LUK 23:5 | သို့ရာတွင်သူတို့က ``ဤသူသည်ဂါလိလဲပြည် ကစ၍ ယခုဤအရပ်ဒေသတိုင်အောင်ယုဒ ပြည်အနှံ့အပြားဟောပြောလျက် ပြည်သူတို့ အားရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပါ၏'' ဟုပို၍ပင်အသံကျယ်စွာစွပ်စွဲကြ၏။ |
26144 | JHN 1:31 | ကိုယ်တော်သည်မည်သူဖြစ်သည်ကိုယခင် အခါကငါမသိ။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သူ့ကိုသိရှိနိုင်ကြစေရန် ငါ သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေးခြင်းဖြစ်၏'' ဟုဆို၏။ |
26340 | JHN 6:14 | ဤသို့ကိုယ်တော်ပြတော်မူသောအံ့သြဖွယ် နိမိတ်လက္ခဏာကိုမြင်ကြရသောသူတို့က ``ဤသူကားလောကသို့ကြွလာတော်မူမည် ဟုဆိုသောပရောဖက်အမှန်ပင်ဖြစ်၏'' ဟု ဆိုကြ၏။- |
26906 | JHN 19:12 | ဤသို့မိန့်တော်မူသောကြောင့်ပိလတ်မင်းသည် ကိုယ်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နည်းလမ်းရှာကြံလေတော့၏။ သို့ရာတွင်လူ ထုက ``ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ပါမူအရှင်မင်းကြီးသည်ဧကရာဇ်မင်း၏ အဆွေတော်မဟုတ်တော့ပြီ။ မည်သူမဆို မိမိကိုယ်ကိုရှင်ဘုရင်ဟုဆိုသူသည် ဧကရာဇ်မင်းကိုပုန်ကန်သူဖြစ်ပါ၏'' ဟု ဟစ်အော်ကြ၏။ |
27091 | ACT 3:26 | သို့ဖြစ်၍သင်တို့သည်ဆိုးညစ်သောအမှုတို့ ကိုစွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရ စေရန်ဘုရားသခင်သည် မိမိ၏အစေခံကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏'' ဟု ပေတရုဟောပြောလေသည်။ |
27371 | ACT 10:43 | ကိုယ်တော်ကိုသက်ဝင်ယုံကြည်သူအပေါင်း တို့သည် ကိုယ်တော်၏နာမတော်တန်ခိုးအား ဖြင့် မိမိတို့၏အပြစ်များဖြေလွှတ်ခြင်းခံ ရကြလတ္တံ့ဟူ၍ ကိုယ်တော်၏အကြောင်းကို ပရောဖက်အပေါင်းတို့ဟောပြောခဲ့ကြ၏'' ဟုမြွက်ဆိုလေသည်။ |
27682 | ACT 19:28 | ထိုစကားကိုကြားလျှင်လက်မှုပညာသည် တို့သည် ဒေါသအမျက်ထွက်ကာ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟုကြွေးကြော်ကြ၏။- |
27688 | ACT 19:34 | သို့ရာတွင်သူသည်ယုဒအမျိုးသားဖြစ်သည် ကို လူတို့သိကြသောအခါ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟု နှစ်နာရီကြာမျှသံပြိုင်ကြွေးကြော်ကြ၏။ |
27800 | ACT 22:28 | တပ်မှူးက ``ငါသည်ငွေအမြောက်အမြားပေး၍ ရောမနိုင်ငံသားအဖြစ်ကိုရရှိ၏'' ဟုဆိုလျှင် ပေါလုက ``ငါမူကားဇာတိအားဖြင့်ရောမ နိုင်ငံသားဖြစ်ပါ၏'' ဟုပြန်ပြော၏။ |
27808 | ACT 23:6 | သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။ |
28280 | ROM 11:3 | ထိုလျှောက်ထားချက်တွင်ဧလိယက``ထာဝရ ဘုရားရှင်၊ ထိုသူတို့သည်ကိုယ်တော်၏ပရော ဖက်များကိုသတ်ဖြတ်ခဲ့ကြပါပြီ။ ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကြပါပြီ။ အကျွန်ုပ် တစ်ဦးတည်းသာကျန်ပါ၏။ အကျွန်ုပ်ကိုလည်း သူတို့သတ်ရန်ကြိုးစားလျက်နေကြပါ၏'' ဟုဆို၏။- |
28497 | 1CO 3:19 | ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။- |
30409 | JAS 4:5 | ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။- |
30859 | REV 5:12 | သူတို့က၊ ``အသေသတ်ခြင်းခံရသောသိုးသူငယ်တော်သည် တန်ခိုး၊စည်းစိမ်ချမ်းသာ၊ဉာဏ်ပညာ၊ခွန်အား စွမ်းရည်၊ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ ချီးမွမ်းခြင်းတို့ကိုခံထိုက်တော်မူပါ၏'' ဟုအသံကျယ်စွာမြွက်ဆိုကြ၏။- |
31046 | REV 17:2 | ကမ္ဘာပေါ်ရှိရှင်ဘုရင်များသည်ထိုအမျိုးသမီး နှင့်ကာမဂုဏ်ခံစားခဲ့ကြ၏။ ကမ္ဘာသူကမ္ဘာသား တို့သည်လည်းသူ၏ကာမဂုဏ်ခံစားမှုတည်း ဟူသောစပျစ်ရည်ဖြင့်မူးယစ်ခဲ့ကြ၏'' ဟု ဆို၏။ |