7448 | 1SA 11:1 | နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။ |
7595 | 1SA 15:33 | ထိုအခါရှမွေလက``သင်၏ဋ္ဌားဖြင့်မိခင် အများပင် မိမိတို့၏သားများကိုဆုံးရှုံးခဲ့ရ ကြ၏။ သို့ဖြစ်၍ယခုသင့်မိခင်သည်လည်းသူ ၏သားဆုံးရှုံးရပေတော့အံ့'' ဟုဆိုကာအာ ဂတ်အားဂိလဂါလမြို့ယဇ်ပလ္လင်ရှေ့တွင်အ ပိုင်းပိုင်းခုတ်ဖြတ်လိုက်လေသည်။ |
21830 | DAN 2:3 | မင်းကြီးက``ငါ့အားစိတ်ပူပန်စေသည့်အိပ် မက်ကိုငါမြင်မက်တော်မူသည်။ ထိုအိပ်မက် ၏အနက်ကိုငါသိလိုသည်'' ဟုဆို၏။ |
25872 | LUK 20:24 | ``ဒင်္ဂါးတစ်ပြားကိုငါ့အားပြကြလော့။ ဤ ဒင်္ဂါးတွင်မည်သူ့ရုပ်ပုံ၊ မည်သူ့ကမ္ပည်းလိပ်စာ ပါရှိပါသနည်း'' ဟုမေးတော်မူ၏။ သူတို့က ``ကဲသာဘုရင်၏ပုံ၊ ကဲသာဘုရင် ၏ကမ္ပည်းလိပ်စာပါရှိပါသည်'' ဟုပြန်၍ လျှောက်ကြ၏။ |
26705 | JHN 13:6 | ရှိမုန်ပေတရုထံသို့ရောက်တော်မူလျှင် ပေတရုက ``သခင်၊ ကိုယ်တော်သည်အကျွန်ုပ် ၏ခြေကိုဆေးတော်မူမည်လော'' ဟုမေး လျှောက်၏။ |
31090 | REV 19:4 | ထိုအခါအကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သက် ရှိသတ္တဝါလေးပါးတို့က``အာမင်၊ ဘုရားသခင် ၏ဂုဏ်တော်ကိုချီးမွမ်းကြလော့'' ဟုဆိုကာပလ္လင် တော်ပေါ်တွင် စံနေတော်မူသောဘုရားသခင် အားပျပ်ဝပ်ရှိခိုးကြ၏။ |