9 | GEN 1:9 | တစ်ဖန်ဘုရားသခင်က``မိုးကောင်းကင်အောက် တွင်ကုန်းပေါ်လာရန် တစ်နေရာတည်း၌ရေစု ဝေးစေ'' ဟုအမိန့်ပေးသည့်အတိုင်းကုန်းပေါ် လာ၏။- |
20 | GEN 1:20 | တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။- |
26 | GEN 1:26 | ထိုနောက်ဘုရားသခင်က``ငါတို့သည် ငါတို့ ၏ပုံသဏ္ဌာန်နှင့်တူသောလူသတ္တဝါတို့ကို ဖန်ဆင်းကြကုန်အံ့။ သူတို့အားရေသတ္တဝါ၊ ငှက်သတ္တဝါနှင့်တိရစ္ဆာန်အယဉ်အရိုင်းအကြီး အငယ်တို့ကိုအစိုးရစေမည်'' ဟုမိန့်တော် မူ၏။- |
30 | GEN 1:30 | တိရစ္ဆာန်အရိုင်းအမျိုးမျိုးနှင့်ငှက်အမျိုးမျိုး တို့စားရန်အတွက် အပင်အမျိုးမျိုးကိုငါ ပေး၏'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ် လေ၏။- |
62 | GEN 3:6 | မိန်းမသည်အပင်၏တင့်တယ်ခြင်း၊ အသီး၏ စားချင့်စဖွယ်ကောင်းခြင်းကိုမြင်ရ၏။ ထို့ပြင် ပညာဉာဏ်ရှိလျှင် အံ့ဘွယ်ကောင်းလိမ့်မည်ဟု စိတ်ထင်လျက်အသီးကိုဆွတ်၍စားလေ၏။ သူ၏ခင်ပွန်းအားလည်းပေးသဖြင့်သူလည်း စား၏။- |
78 | GEN 3:22 | ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်ငါတို့ကဲ့သို့ဖြစ်လာ၍ အကောင်းနှင့်အ ဆိုးကိုသိမြင်လာလေပြီ။ အမြဲအသက် ရှင်စေသောအပင်မှအသီးကိုဆွတ်စား၍ အမြဲအသက်ရှင်ခွင့်မပြုရ'' ဟုမိန့်တော် မူ၏။- |
85 | GEN 4:5 | သို့ရာတွင်ကာဣနနှင့်သူ၏ပူဇော်သကာကို မူကား နှစ်သက်တော်မမူ။ ထို့ကြောင့်ကာဣန သည်အလွန်ဒေါသထွက်၍မျက်မှောင်ကြုတ် လေ၏။- |
107 | GEN 5:1 | အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။- |
147 | GEN 6:9 | နောဧအကြောင်းအရာကိုဖော်ပြပေအံ့။ နောဧတွင်ရှေမ၊ ဟာမနှင့်ယာဖက်ဟူ၍သား သုံးယောက်ရှိ၏။ သူသည်အပြစ်ကင်း၍ထိုခေတ် လူအပေါင်းတို့တွင် သူတစ်ယောက်တည်းသာ လျှင်သူတော်ကောင်းဖြစ်၏။ သူသည်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့၍သက်ရှင်နေ ထိုင်၏။- |
179 | GEN 7:19 | ရေနက်သည်ထက်နက်လာပြန်သဖြင့် အမြင့် ဆုံးသောတောင်တို့သည်ပင်လျှင်ရေမြုပ်ကြ ကုန်၏။- |
190 | GEN 8:6 | အရက်လေးဆယ်လွန်သော်နောဧသည်ပြူတင်း ပေါက်ကိုဖွင့်၍ ကျီးအတစ်ကောင်ကိုလွှတ် လိုက်၏။- |
243 | GEN 10:8 | ကုရှတွင်နိမ်ရောဒနာမည်ရှိသားတစ်ယောက် ရှိ၏။ ထိုသားသည်ကမ္ဘာပေါ်တွင် ပထမဦးဆုံး နယ်ပယ်များကိုတိုက်ခိုက်အောင်မြင်သောသူ ဖြစ်၏။- |
259 | GEN 10:24 | အာဖာဇဒ်၏သားရှာလသည်ဟေဗာ၏ဖခင် ဖြစ်၏။- |
310 | GEN 12:11 | သူသည်အီဂျစ်ပြည်ထဲသို့ဝင်ရန်နယ်စပ် ကိုဖြတ်ကျော်ခါနီးတွင် သူ၏မယားစာရဲ အား``သင်သည်ရုပ်ရည်လှသောအမျိုးသမီး ဖြစ်၏။- |
312 | GEN 12:13 | ထို့ကြောင့်သူတို့ကမေးလျှင်သင်သည်ငါ၏ နှမဖြစ်သည်ဟုပြောပါ။ ထိုအခါသင့်အတွက် ကြောင့် ငါ့ကိုအသက်ချမ်းသာပေး၍ကောင်းစွာ ပြုစုဆက်ဆံကြလိမ့်မည်'' ဟူ၍မှာကြားထား လေ၏။- |
339 | GEN 14:2 | ဘုရင်ငါးပါးဖြစ်ကြသောသောဒုံဘုရင်ဗေရ၊ ဂေါမာဘုရင်ဗိရရှ၊ အာဋ္ဌမာဘုရင်ရှိနပ်၊ ဇေဘိုင်ဘုရင်ရှေမဘာနှင့်ဗေလာ(သို့မဟုတ် ဇောရ) ဘုရင်တို့အားစစ်ချီတိုက်ခိုက်ကြ လေ၏။- |
391 | GEN 16:9 | ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သခင်မထံသို့ပြန်၍ကျွန်ခံလော့'' ဟု ဆို၏။- |
621 | GEN 24:29 | ရေဗက္ကတွင်လာဗန်ဟုနာမည်တွင်သောမောင် ရှိ၏။ သူသည်ထိုသူရှိရာရေတွင်းသို့ပြေး လေ၏။- |
637 | GEN 24:45 | စိတ်ထဲ၌ထိုကဲ့သို့ဆုတောင်း၍မပြီးမီ ရေဗက္ကသည် ပခုံးပေါ်တွင်ရေခရားတင်လျက် ရေခပ်ရန်ရေတွင်းသို့လာပါသည်။ ကျွန်ုပ်ကသူ့ အား`ရေတစ်ပေါက်လောက်သောက်ပါရစေ' ဟု တောင်း၏။- |
649 | GEN 24:57 | တစ်ဖန်သူတို့က``မိန်းကလေးကိုခေါ်၍သူ ၏သဘောကိုမေးကြည့်ကြပါစို့'' ဟုပြော ကြ၏။- |
651 | GEN 24:59 | ရေဗက္ကနှင့်သူ၏အထိန်းကိုအာဗြဟံ၏ အစေခံလူစုနှင့်အတူလိုက်ပါသွားစေ ကြ၏။- |
744 | GEN 27:16 | သူ၏လက်မောင်းများနှင့်အမွေးမပေါက်သော လည်ပင်းတို့တွင်ဆိတ်သားရေကိုပတ်စည်း ပေး၏။- |
778 | GEN 28:4 | ဘုရားသခင်သည်အာဗြဟံအားကောင်း ချီးပေးသည့်နည်းတူ သင်နှင့်သင်၏အဆက် အနွယ်တို့အားကောင်းချီးပေးပါစေသော။ အာဗြဟံအားဘုရားသခင်ပေးတော်မူ သော သင်ယခုနေထိုင်သောပြည်ကိုအပိုင် ရပါစေသော'' ဟုကောင်းချီးပေး၍မှာကြား လေ၏။- |
790 | GEN 28:16 | ထိုနောက်ယာကုပ်သည်အိပ်ရာမှနိုး၍``ထာဝရ ဘုရားသည်စင်စစ်ဤအရပ်၌ရှိတော်မူ၏။ ရှိ တော်မူကြောင်းငါမသိပါတကား'' ဟုဆို လေ၏။- |
805 | GEN 29:9 | ယာကုပ်သည်သိုးကျောင်းသားတို့နှင့်စကား ပြောဆိုနေစဉ်ဖခင်၏သိုးတို့ကိုထိန်းကျောင်း ရသောရာခေလသည်သိုးအုပ်နှင့်အတူလာ နေ၏။- |
817 | GEN 29:21 | ယာကုပ်က``အချိန်စေ့ပါပြီ။ ဦးရီး၏သမီး နှင့်လက်ထပ်ခွင့်ပေးပါ'' ဟုလာဗန်အားပြော လေ၏။- |
828 | GEN 29:32 | မကြာမီလေအာသည်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်သော်သူက``ထာဝရ ဘုရားသည်ငါ၏ဒုက္ခကိုမြင်တော်မူပြီ။ ယခု ငါ၏လင်ယောကျာ်းသည်ငါ့အားချစ်လိမ့်မည်'' ဟုဆို၍ထိုသားကိုရုဗင်ဟုနာမည်မှည့် လေ၏။- |
976 | GEN 33:15 | ထိုအခါဧသောက``ထိုသို့ဆိုလျှင်ကာကွယ် စောင့်ရှောက်ရန်ငါ့လူအချို့ကိုသင့်ထံ၌ ထားခဲ့မည်'' ဟုပြော၏။ ယာကုပ်က``ကျွန်တော်အတွက်အစောင့်အရှောက် မလိုပါ။ ကိုယ်တော်၏ထံမှမျက်နှာသာရရှိ နိုင်ရန်သာတောင်းလျှောက်လိုပါသည်'' ဟုဖြေ လေ၏။- |
983 | GEN 34:2 | ထိုဒေသကိုအစိုးရသောဟိဝိအမျိုးသား ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင် လျှင်အဋ္ဌမ္မသိမ်းပိုက်၍မတရားပြုကျင့် လေ၏။- |
1006 | GEN 34:25 | ထိုနောက်သုံးရက်မြောက်သောနေ့၌မြို့သား တို့သည် အရေဖျားလှီးခြင်းကြောင့်ဝေဒနာ ခံနေရစဉ် ယာကုပ်၏သားများဖြစ်ကြသော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည်ဋ္ဌား ကိုစွဲကိုင်လျက် မြို့တွင်းသို့အမှတ်မထင်ဝင် ရောက်ပြီးလျှင်ယောကျာ်းရှိသမျှတို့ကိုသတ် လေ၏။- |
1102 | GEN 37:18 | ယောသပ်အဝေး၌ရှိစဉ်ပင်အစ်ကိုတို့သည် သူ့ကိုမြင်လျှင် သူ့အားသတ်ပစ်ရန်တိုင်ပင် ကြ၏။- |
1117 | GEN 37:33 | ယာကုပ်သည်ထိုအင်္ကျီကိုမှတ်မိသဖြင့်``ငါ့ သား၏အင်္ကျီပင်ဖြစ်သည်။ သားရဲတစ်ကောင် ကောင်ကသူ့ကိုကိုက်သတ်လေပြီ။ ငါ့သားကို အပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကား'' ဟုဆို လေ၏။- |
1122 | GEN 38:2 | ထိုအရပ်တွင်ယုဒသည် ခါနာန်အမျိုးသား ရှုအာဆိုသူ၏သမီးကိုတွေ့မြင်၍ထိမ်းမြား လေ၏။- |
1198 | GEN 41:2 | ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင်သည် မြစ်ထဲမှတက်လာပြီးလျှင်မြက်စားလျက်နေ ကြ၏။- |
1199 | GEN 41:3 | ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှသော နွားမခုနစ်ကောင်တို့သည်မြစ်ထဲမှတက်လာ ကြပြီးလျှင် မြစ်ကမ်းနားပေါ်သို့ဦးစွာရောက် ရှိနေသောနွားများအနီးသို့သွား၍ရပ်နေ ကြ၏။- |
1222 | GEN 41:26 | ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။- |
1223 | GEN 41:27 | နောက်မှတက်လာသောနွားခုနစ်ကောင်နှင့် အလုံးသေး၍ သဲကန္တာရ၏လေပူဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့သည် အစာခေါင်းပါးသည့်ခုနစ်နှစ်ကိုဆိုလို ပါ၏။- |
1238 | GEN 41:42 | ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။- |
1273 | GEN 42:20 | ထိုနောက်သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ထိုသို့ပြုလုပ်လျှင်သင်တို့ ၏စကားမှန်ကန်ကြောင်းသိရမည်။ သင်တို့သည် လည်းအသက်ချမ်းသာရာရလိမ့်မည်'' ဟု ဆိုလေ၏။ သူတို့သည်ယောသပ်ပြောသမျှသဘောတူ ကြ၏။- |
1382 | GEN 45:23 | သူ၏အဖအတွက်မြည်းဆယ်ကောင်ပေါ်တွင် အီဂျစ်ပြည်မှအကောင်းဆုံးပစ္စည်းများကို လည်းကောင်း၊ အခြားမြည်းဆယ်ကောင်ပေါ်တွင် အဖလမ်းခရီး၌စားရန်စပါးနှင့်အခြား စားဖွယ်ရာများကိုလည်းကောင်းတင်ပေး လိုက်၏။- |
1434 | GEN 47:13 | အစာခေါင်းပါးခြင်းကပ်သည်အလွန်ဆိုးရွား ရကားစားနပ်ရိက္ခာပြတ်လပ်ကုန်သဖြင့် အီဂျစ် ပြည်နှင့်ခါနာန်ပြည်ရှိလူအပေါင်းတို့သည် အစာငတ်မွတ်သည့်ဒဏ်ကိုအလူးအလဲခံရ ကြ၏။- |
1453 | GEN 48:1 | တစ်နေ့သောအခါယောသပ်သည်ယာကုပ် မကျန်းမမာသည့်သတင်းကိုကြားသိရ သဖြင့် သားနှစ်ယောက်ဖြစ်ကြသောမနာရှေ နှင့်ဧဖရိမ်တို့ကိုခေါ်၍ယာကုပ်ထံသို့သွား လေ၏။- |
1505 | GEN 49:31 | ထိုသင်္ချိုင်းတွင်ငါ့အဘိုးအာဗြဟံနှင့် အဘွား စာရာတို့ကိုသင်္ဂြိုဟ်ခဲ့ကြ၏။ အဖဣဇာက်နှင့် အမိရေဗက္ကတို့ကိုလည်းသင်္ဂြိုဟ်ခဲ့ကြ၏။ ထိုသင်္ချိုင်းတွင်ငါသည်လေအာကိုသင်္ဂြိုဟ် ခဲ့၏။- |
1570 | EXO 2:15 | ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။ တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။- |
1599 | EXO 3:19 | အီဂျစ်ဘုရင်သည်၊ အင်အားကြီးမားသော လက်တော်ဖြင့်တိုက်တွန်းခြင်းမပြုလျှင် သင် တို့အားသွားခွင့်ပြုမည်မဟုတ်ကြောင်းငါ သိ၏။- |
1670 | EXO 6:14 | ဣသရေလအမျိုးသား မိသားစုများ၏ အကြီးအကဲတို့ကိုဖော်ပြပေအံ့။ ယာကုပ် ၏သားဦးဖြစ်သူရုဗင်၏သားများမှာဟာ နုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့ဖြစ်ကြ၏။ ဤ သူတို့သည်မိမိတို့၏နာမည်များကိုခံယူ သောအဆက်အနွယ်များ၏ဖခင်များဖြစ် ကြ၏။- |
1672 | EXO 6:16 | လေဝိ၏သားသုံးယောက်မှာဂေရရှုံ၊ ကော ဟတ်၊ မေရာရိတို့ဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့၏နာမည်များကိုခံယူသောအဆက် အနွယ်များ၏ဖခင်များဖြစ်ကြ၏။ လေဝိ သည်တစ်ရာသုံးဆယ့်ခုနစ်နှစ်အထိအသက် ရှည်၏။- |
1723 | EXO 8:8 | မောရှေနှင့်အာရုန်တို့သည်ဘုရင်ထံမှထွက် ခဲ့ကြ၏။ ဘုရင်သည်ထာဝရဘုရားသင့်စေ သောဖားများ၏ဘေးမှလွတ်မြောက်ရန်အတွက် မောရှေသည်ထာဝရဘုရားထံတွင်ဆုတောင်း လေ၏။- |
1724 | EXO 8:9 | ထာဝရဘုရားသခင်သည်မောရှေဆုတောင်း သည့်အတိုင်းပြုတော်မူသဖြင့်အိမ်များ၊ ခြံ များ၊ လယ်ကွင်းများထဲရှိဖားများသေကြ ကုန်၏။- |
1741 | EXO 8:26 | ထိုနောက်မောရှေသည်ဘုရင်ထံမှထွက်ခဲ့ ပြီးနောက် ထာဝရဘုရားထံ၌ဆုတောင်း လေ၏။- |
1752 | EXO 9:9 | ထိုပြာသည်အီဂျစ်တစ်ပြည်လုံးတွင် မြေမှုန့်ကဲ့ သို့ပျံ့နှံ့၍ လူနှင့်တိရစ္ဆာန်တို့၏ကိုယ်ပေါ်၌ အနာဆိုးများပေါက်စေလိမ့်မည်'' ဟုမိန့်တော် မူ၏။- |
1759 | EXO 9:16 | သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။- |
1763 | EXO 9:20 | ဘုရင်၏မှူးမတ်အချို့တို့သည်ထာဝရ ဘုရား၏မိန့်တော်မူချက်ကိုယုံ၍ကြောက် ရွံ့သဖြင့် မိမိတို့၏ကျေးကျွန်နှင့်တိရစ္ဆာန် များကိုအမိုးအကာအောက်သို့သွင်းထား ကြ၏။- |
1768 | EXO 9:25 | အီဂျစ်ပြည်တစ်လျှောက်လုံးတွင်အကာ အကွယ်မရှိသော လူနှင့်တိရစ္ဆာန်အပေါင်း တို့သည်မိုးသီးဒဏ်ကြောင့်သေကျေကြ ကုန်၏။ လယ်ကွင်းထဲ၌ရှိသောသီးနှံများ နှင့်သစ်ပင်အားလုံးတို့သည်လည်းပျက်စီး ကုန်၏။- |
1844 | EXO 12:27 | သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။- |
1880 | EXO 13:12 | သင်တို့၌ဖွားမြင်သောသားဦးမှန်သမျှကို ထာဝရဘုရားအားဆက်ကပ်ရမည်။ သင်တို့ ၏တိရစ္ဆာန်များမှ သားဦးပေါက်အထီးမှန် သမျှကိုလည်းထာဝရဘုရားပိုင်တော် မူ၏။- |
1882 | EXO 13:14 | နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။- |
1898 | EXO 14:8 | ထာဝရဘုရားသည်ဘုရင်ကိုခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့နောက် သို့လိုက်လေ၏။ ဣသရေလအမျိုးသားတို့ သည်ဝင့်ကြွားစွာဖြင့်ထွက်ခွာလျက်ရှိ ကြ၏။- |
1920 | EXO 14:30 | ထိုနေ့တွင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှကယ်တင်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် အီဂျစ်အမျိုးသားတို့ ၏အလောင်းများကိုပင်လယ်ကမ်းပေါ်၌ အတုံးအရုံးရှိသည်ကိုတွေ့မြင်ကြ လေ၏။- |
1941 | EXO 15:20 | အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။- |
1955 | EXO 16:7 | နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။- |
1961 | EXO 16:13 | ထိုနေ့ညနေတွင်စခန်းတစ်ခုလုံးနေရာ အနှံ့အပြား၌ ငုံးငှက်များဆင်းသက်လာ ၏။ နံနက်တွင်စခန်းပတ်လည်၌နှင်းကျ လေ၏။- |
1977 | EXO 16:29 | ငါထာဝရဘုရားသည်သင်တို့အားနားရက် ကိုပေးပြီ။ သို့ဖြစ်၍ဆဋ္ဌမနေ့တွင်နှစ်ရက် စာမုန့်ကိုသင်တို့အားငါပေးမည်။ သတ္တမနေ့ တွင်လူတိုင်းမိမိရှိရာအရပ်၌နေရမည်။ မည်သူမျှအိမ်မှမထွက်ခွာရ'' ဟုမိန့်တော် မူ၏။- |
1983 | EXO 16:35 | ဣသရေလအမျိုးသားတို့သည်သူတို့ နေထိုင်မည့်ပြည်သို့ရောက်သည့်တိုင်အောင် မန္နမုန့်ကိုနှစ်ပေါင်းလေးဆယ်စားသုံးရ ကြ၏။ သူတို့သည်ခါနာန်ပြည်နယ်စပ် သို့ရောက်သည်အထိမန္နမုန့်ကိုစားရ ကြ၏။- |
2045 | EXO 19:18 | ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။- |
2047 | EXO 19:20 | ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။- |
2072 | EXO 20:20 | ထိုအခါမောရှေက``မကြောက်ရွံ့ကြနှင့်။ သင် တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့ သည်ကိုယ်တော်၏စကားကိုနားထောင်၍ အပြစ်မပြုစေခြင်းငှာလည်းကောင်း ဘုရားသခင်ကြွလာခြင်းဖြစ်သည်'' ဟုဖြေကြား လေ၏။- |
2091 | EXO 21:13 | သေစေရန်မရည်ရွယ်ဘဲနှင့်မတော်တဆ သတ်မိလျှင် သတ်သောသူသည်ငါသတ်မှတ် ပေးမည့်လုံခြုံရာအရပ်သို့ရှောင်တိမ်းနေ နိုင်၏။- |
2203 | EXO 25:7 | ယဇ်ပုရောဟိတ်မင်း၏သင်တိုင်း နှင့်ရင်ဖုံးတို့တွင်စီချယ်သည့်မဟူရာကျောက် နှင့် အခြားသောကျောက်မျက်ရတနာများ ဖြစ်၏။- |
2441 | EXO 32:2 | အာရုန်က``သင်တို့၏မယားနှင့်သားသမီး တို့ ဝတ်ဆင်ထားသောရွှေနားတောင်းများကို ချွတ်၍ ငါ့ထံသို့ယူခဲ့ကြလော့'' ဟုဆို လေ၏။- |
2458 | EXO 32:19 | မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။- |
2557 | EXO 35:25 | ချည်ငင်ကျွမ်းကျင်သူအမျိုးသမီးအပေါင်းသည်၊ သိုးမွေးချည်အပြာရောင်၊ ခရမ်းရောင်၊ အနီနှင့် ပိတ်ချောချည်၊ ဆိတ်မွေးချည်တို့ကိုဆက်ကပ် ကြ၏။- |
2569 | EXO 36:2 | မောရှေသည်ဗေဇလေလနှင့် အဟောလျဘ တို့ကိုလည်းကောင်း၊ တဲတော်ဆောက်ရန်ထာဝရ ဘုရားထံမှလိုအပ်သောအတတ်ပညာကို ရရှိထားသူများနှင့် ကူညီရန်စေတနာ ထက်သန်သူအပေါင်းတို့ကိုလည်းကောင်း ဆင့်ခေါ်၍လုပ်ငန်းကိုစတင်ဆောင်ရွက် စေ၏။- |
2575 | EXO 36:8 | အတတ်ပညာရှင်များအနက်၊ အကျွမ်းကျင် ဆုံးသောအတတ်ပညာရှင်တို့သည်၊ ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုဆောက်လုပ် ကြ၏။ သူတို့သည်ပိတ်ချောနှင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးတို့ဖြင့် ရက်လုပ်၍၊ ခေရုဗိမ် အရုပ်များကိုပန်းဖော်ထားသည့်ကန့်လန့် ကာဆယ်ထည်ဖြင့်၊ တဲတော်ကိုဆောက်လုပ် ကြ၏။- |
2578 | EXO 36:11 | ကန့်လန့်ကာတစ်စပ်စီ၏အပြင်ဘက်အနား တပ်ရန်ပိတ်တွင်၊ အပြာကွင်းများကိုချုပ် ကြ၏။- |
2579 | EXO 36:12 | ပထမအစပ်၏ပထမကန့်လန့်ကာတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏နောက်ဆုံးကန့်လန့်ကာတွင်ကွင်းငါးဆယ် ကိုလည်းကောင်း၊ ကွင်းချင်းဆိုင်မိအောင်တပ် ကြ၏။- |
2585 | EXO 36:18 | သူတို့သည်တဲတော်အမိုးအတွက်၊ ကြေးနီ ချိတ်ငါးဆယ်ကိုပြုလုပ်၍အစပ်နှစ်စပ် ကိုဆက်သဖြင့်၊ အမိုးတစ်ခုတည်းဖြစ် လာ၏။- |
2596 | EXO 36:29 | ထိုထောင့်ဘောင်ခွေတို့ကိုအောက်ခြေ၌လည်း ကောင်း၊ အထက်၌လည်းကောင်း၊ ကွင်းများဖြင့် ထိန်းချုပ်ထား၏။ ထောင့်နှစ်ထောင့်အတွက် ဘောင်ခွေနှစ်ခုကိုထိုနည်းအတိုင်းပြုလုပ် ကြ၏။- |
2600 | EXO 36:33 | အလယ်ကန့်လန့်ကျင်ကို တဲတော်အစွန်း တစ်ဘက်တစ်ချက်တို့တွင်အဆုံးသတ် စေ၏။- |
2607 | EXO 37:2 | သေတ္တာတော်အတွင်းအပြင်ကိုရွှေချ၍၊ သေတ္တာတော်အနားပတ်လည်ကိုရွှေကွပ် ထား၏။- |
2611 | EXO 37:6 | အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာဖုံးကိုရွှေဖြင့် လုပ်၏။- |
2617 | EXO 37:12 | စားပွဲပတ်လည်တွင်၊ လေးလက်မဗြက်ရှိ သောဘောင်ကိုလုပ်၍၊ အနားကိုရွှေကွပ် ထား၏။- |
2619 | EXO 37:14 | ထိုကွင်းများကိုဘောင်အနီးတွင်ကပ်၍ တပ် ထား၏။- |
2630 | EXO 37:25 | သူသည်နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှသစ်သားဖြင့်ပြုလုပ်၏။ ထိုပလ္လင် သည်အလျားတစ်ဆယ့်ရှစ်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်သုံးဆယ့်ခြောက် လက်မရှိ၏။ ဦးချိုပုံသဏ္ဌာန်ထောင့်ချွန် အတက်များသည်ပလ္လင်နှင့်တစ်သားတည်း ရှိ၏။- |
2635 | EXO 38:1 | သူသည်ယဇ်ပလ္လင်ကိုအကာရှသစ်သားဖြင့် ဆောက်လုပ်၏။ ထိုပလ္လင်သည်အလျားခုနစ် ပေခွဲ၊ အနံခုနစ်ပေခွဲ၊ အမြင့်လေးပေခွဲ ရှိ၏။- |
2662 | EXO 38:28 | ချိတ်များ၊ ထိပ်အုပ်များ၊ တန်းများအတွက် ကျန်သေးသောငွေချိန်ပေါင်ငါးဆယ်ကို သုံး၏။- |
2727 | EXO 40:19 | ထာဝရဘုရားကသူ့အားမိန့်တော်မူသည့် အတိုင်းတဲတော်အမိုးကိုဖြန့်မိုးလျက် ထို အမိုးအထက်အပေါ်ထပ်အမိုးကိုမိုး ပြန်၏။- |
2924 | LEV 8:6 | ထို့နောက်မောရှေသည် ထာဝရဘုရားမိန့်မှာ တော်မူသည်အတိုင်း အာရုန်နှင့်သူ၏သား တို့ကိုရှေ့သို့ထုတ်ဆောင်၍ရေဆေးကြော စေ၏။- |
3253 | LEV 18:1 | တစ်ဖန်ထာဝရဘုရားသည် မောရှေမှတစ် ဆင့်ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏။- |
3599 | LEV 27:28 | ထာဝရဘုရားအား အပြီးအပိုင်လုံးဝ ပူဇော်ဆက်သထားသောလူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ မြေယာကိုဖြစ်စေ မရောင်းမဝယ်ရ။ ထိုကဲ့သို့ပူဇော်ဆက်သ ထားသမျှကိုထာဝရဘုရားအမြဲ ပိုင်၏။- |
3695 | NUM 3:2 | အာရုန်တွင်သားဦးနာဒပ်၊ အဘိဟု၊ ဧလာ ဇာနှင့်ဣသမာဟူ၍သားလေးယောက် ရှိ၏။- |
4049 | NUM 11:24 | မောရှေသည်တဲတော်တွင်းမှထွက်လာ၍ ထာဝရဘုရားမိန့်တော်မူသမျှကိုလူ အပေါင်းတို့အားပြန်ကြားလေသည်။ သူသည် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်ကိုခေါ်၍ တဲတော်ပတ်လည်တွင်ရပ်နေ စေ၏။- |
4066 | NUM 12:6 | ``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။- |
4351 | NUM 21:10 | တစ်ဖန်ဣသရေလအမျိုးသားတို့သည် ခရီး ဆက်ခဲ့ကြရာသြဗုတ်အရပ်တွင်စခန်းချ ကြ၏။- |
4396 | NUM 22:20 | ထိုနေ့ညတွင်ဘုရားသခင်သည်ဗာလမ်ထံ သို့ကြွလာ၍``ဤသူတို့သည်သင့်ကိုသူတို့ နှင့်အတူလိုက်ပါရန် ခေါ်ဖိတ်လျှင်လိုက်သွား လော့။ သို့ရာတွင်သင်သည်ငါညွှန်ကြားသည့် အတိုင်းသာဆောင်ရွက်ရမည်'' ဟုမိန့်တော် မူ၏။- |
4537 | NUM 26:46 | အာရှာတွင်စာရာနာမည်ရှိသမီးတစ်ယောက် ရှိ၏။- |
4585 | NUM 28:6 | ဤသကာသည်နေ့စဉ်အကုန်အစင်မီးရှို့ပူ ဇော်ရသောသကာဖြစ်၏။ ဤသကာသည်သိနာ တောင်ပေါ်တွင်ဦးစွာပူဇော်ခဲ့သောသကာဖြစ်၍ ယင်းရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။- |
4663 | NUM 30:14 | သူ၏ခင်ပွန်းသည်သူပြုခဲ့သောကတိ သစ္စာကို တည်စေနိုင်ခွင့်နှင့်ပယ်ဖျက်ပိုင်ခွင့် ရှိ၏။- |
4672 | NUM 31:6 | ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်အားဣသရေလတပ်ကို အုပ်ချုပ်ကွပ်ကဲစေ၏။ သူနှင့်အတူတဲတော် နှင့်ဆိုင်သောအသုံးအဆောင်ပစ္စည်းများနှင့် အချက်ပေးတံပိုးခရာများကိုယူဆောင် သွား၏။- |
4729 | NUM 32:9 | သူတို့သည်ဧရှကောလချိုင့်ဝှမ်းသို့တိုင်အောင် သွားရောက်ခဲ့ကြ၍ ထိုပြည်ကိုတွေ့မြင်ပြီး နောက်ပြန်လည်ရောက်ရှိလာကြသောအခါ ထာဝရဘုရားပေးသနားတော်မူသော ပြည်သို့မသွားရန်လူတို့ကိုတိုက်တွန်း ကြ၏။- |