34 | GEN 2:3 | ထိုသို့သတ္တမနေ့၌ဖန်ဆင်းခြင်းအမှုပြီး သဖြင့်ရပ်နားသောကြောင့် ဘုရားသခင်သည် ထိုနေ့ရက်ကိုကောင်းချီးပေး၍ အထူးနေ့ အဖြစ်သတ်မှတ်တော်မူ၏။- |
95 | GEN 4:15 | ထာဝရဘုရားက``သင်၌ထိုသို့မဖြစ်စေရ။ သင့်အားသတ်သောသူမည်သည်ကား ခုနစ်ဆ သောအပြစ်ဒဏ်ကိုခံရမည်'' ဟုမိန့်တော်မူ ၏။ သို့ဖြစ်၍ထာဝရဘုရားသည် ကာဣန ကိုတွေ့ရှိသူသည်သူ့ကိုမသတ်ရန် သတိ ပေးသည့်အမှတ်လက္ခဏာဖြင့်သူ့အပေါ် တွင်မှတ်သားပေးတော်မူ၏။- |
134 | GEN 5:28 | လာမက်သည်လည်းအသက်တစ်ရာရှစ်ဆယ့်နှစ် နှစ်ရှိသောအခါ သားတစ်ယောက်ကိုရလေ၏။- |
144 | GEN 6:6 | လူကိုဖန်ဆင်း၍မြေကြီးပေါ်တွင်နေထိုင် စေခဲ့ခြင်းကြောင့် စိတ်မသာဖြစ်တော်မူ၏။- |
149 | GEN 6:11 | အခြားသောသူအပေါင်းတို့သည်ကားဘုရားသခင်ရှေ့တော်၌ဆိုးယုတ်သူများဖြစ်ကြ၏။ သူတို့၏အကြမ်းဖက်မှုသည်အရပ်ရပ်သို့ ကူးစက်ပျံ့နှံ့လျက်ရှိ၏။- |
191 | GEN 8:7 | ကျီးအလည်းပြန်မလာတော့ချေ။ မြေကြီး ပေါ်တွင်ရေခန်းခြောက်သည့်တိုင်အောင်လူး လာပျံသန်းလျက်သာနေ၏။- |
195 | GEN 8:11 | ညနေချမ်းအချိန်တွင်ချိုးငှက်သည်နှုတ်သီးဖြင့် သံလွင်ရွက်စိမ်းကိုကိုက်ချီလျက်နောဧထံသို့ ပြန်လာ၏။ ထို့ကြောင့်ရေကျပြီဖြစ်ကြောင်း နောဧသိရှိရလေ၏။- |
273 | GEN 11:6 | ``ယခုတွင်ဤသူတို့သည်လူမျိုးတစ်မျိုး တည်းဖြစ်၍ ဘာသာစကားတစ်ခုတည်း ကိုပြောဆိုလျက်ရှိကြ၏။- |
445 | GEN 18:20 | ထိုနောက်ထာဝရဘုရားက အာဗြဟံအား ``သောဒုံမြို့နှင့်ဂေါမောရမြို့တို့အား အပြစ် တင်စွပ်စွဲသံပြင်းထန်လှ၏။ ထိုမြို့တို့၏ပြစ် မှုသည်လည်းကြီးလေးလှ၏။- |
468 | GEN 19:10 | သို့ရာတွင်ဧည့်သည်နှစ်ဦးကတံခါးကိုဖွင့်လျက် လောတကိုအိမ်ထဲသို့ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်လိုက်ကြ၏။- |
511 | GEN 20:15 | အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။- |
570 | GEN 22:22 | ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်နှင့် ဗေသွေလတို့ဖြစ်ကြ၏။- |
664 | GEN 25:5 | အာဗြဟံသည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ဣဇာက်အားအမွေပေး၏။- |
807 | GEN 29:11 | ထိုနောက်သူသည်ရာခေလကိုနမ်း၍ ဝမ်း သာသောကြောင့်ငိုကြွေးလေ၏။- |
879 | GEN 31:5 | ``သင်တို့၏ဖခင်သည်ယခင်ကကဲ့သို့ငါ့ အားမကြည်ဖြူကြောင်းငါတွေ့ရသည်။ သို့ ရာတွင်ငါ့အဖ၏ဘုရားသခင်သည်ငါ နှင့်အတူရှိတော်မူ၏။- |
1018 | GEN 35:6 | ယာကုပ်သည်မိမိ၏လူစုနှင့်အတူ ခါနာန် ပြည်ရှိဗေသလမြို့ဟုခေါ်တွင်သောလုဇ မြို့သို့ရောက်ရှိလာလေ၏။- |
1189 | GEN 40:16 | စားတော်ဆက်ဝန်သည်ဖလားတော်ဆက်ဝန်၏ အိပ်မက်အနက်ကောင်းသည်ကိုသိမြင်လျှင် ယောသပ်အား``ငါလည်းအိပ်မက်မြင်မက်သည်။ အိပ်မက်ထဲ၌ငါသည်မုန့်တောင်းသုံးလုံးကို ဦးခေါင်းပေါ်တွင်ရွက်လာ၏။- |
1210 | GEN 41:14 | ဘုရင်သည်ယောသပ်ကိုရှေ့တော်သို့သွင်းရန် အမိန့်ပေးတော်မူသဖြင့် သူ့အားအကျဉ်းထောင် မှချက်ချင်းထုတ်ဆောင်ခဲ့ကြလေသည်။ သူသည် မုတ်ဆိတ်ရိတ်၍အဝတ်လဲပြီးနောက်ဘုရင်ထံ သို့အခစားဝင်လေ၏။- |
1217 | GEN 41:21 | သို့ရာတွင်သူတို့သည်ပိန်မြဲပိန်လျက်ရှိသဖြင့် ထိုသို့မျိုလိုက်ကြောင်းကိုမည်သူမျှမသိနိုင် ချေ။ ထိုနောက်ငါသည်နိုးလာ၏။- |
1258 | GEN 42:5 | ခါနာန်ပြည်တစ်ပြည်လုံးတွင်အစာခေါင်းပါးခြင်း ကပ်ဆိုက်လျက်ရှိသဖြင့် ယာကုပ်၏သားတို့သည် အခြားသောစပါးဝယ်ရန်သွားသူတို့နှင့်အတူ အီဂျစ်ပြည်သို့သွားကြ၏။- |
1267 | GEN 42:14 | တစ်ဖန်ယောသပ်က``ငါဆိုခဲ့သည့်အတိုင်း သင် တို့သည်သူလျှိုဖြစ်ကြ၏။- |
1288 | GEN 42:35 | သူတို့သည်စပါးအိတ်များကိုသွန်ချကြ သောအခါ လူတိုင်းကမိမိ၏ငွေထုပ်ကိုမိမိ အိတ်ထဲတွင်တွေ့ရလေသော် အဖနှင့်တကွ သားတို့သည်ကြောက်လန့်ကြ၏။- |
1343 | GEN 44:18 | ထိုနောက်ယုဒသည်ယောသပ်ထံသို့ချဉ်းကပ် ၍``အရှင်အားစကားတစ်ခွန်းကိုလျှောက်တင် ပါရစေ။ ကျွန်တော်အားအမျက်ထွက်တော်မ မူပါနှင့်။ အရှင်သည်ဖာရောဘုရင်ကဲ့သို့ ပင်ကြီးမြတ်တော်မူပါ၏။- |
1542 | EXO 1:9 | ထိုဘုရင်ကသူ၏ပြည်သားတို့အား``ဤဣသရေလအမျိုးသားတို့သည် လူဦးရေအလွန်များပြား၍အင်အားကြီးမားလာသဖြင့် ငါတို့အားအန္တရာယ်ပြုနိုင်၏။- |
1805 | EXO 10:27 | ထာဝရဘုရားသည်ဘုရင်အားခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့ကိုသွား ခွင့်မပြုဘဲနေပြန်၏။- |
1949 | EXO 16:1 | ဣသရေလအမျိုးသားအပေါင်းတို့သည် ဧလိမ်အရပ်မှထွက်ခွာခဲ့ကြသည်။ အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယလတစ် ဆယ်ငါးရက်နေ့တွင် ဧလိမ်အရပ်နှင့်သိနာ တောင်စပ်ကြားရှိသိန်ဟုခေါ်သောတော ကန္တာရသို့ရောက်ရှိကြ၏။- |
1962 | EXO 16:14 | နှင်းကွဲသောအခါတောကန္တာရ၏မြေပေါ် တွင် ပါးလွှာသောအချပ်ကလေးများကျန် ရစ်ခဲ့၏။ ထိုအချပ်ကလေးများသည်ဆီး နှင်းပေါက်ကဲ့သို့နူးညံ့၏။- |
1972 | EXO 16:24 | သူတို့သည်မောရှေမှာကြားသည့်အတိုင်း စားစရာကို နက်ဖြန်နေ့အထိချန်ထား ရာပိုးမကျ၊ မပုပ်သိုးဘဲရှိလေ၏။- |
1992 | EXO 17:8 | အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။- |
2036 | EXO 19:9 | ထာဝရဘုရားက မောရှေအား``သင်နှင့်ငါ ပြောသောစကားကိုလူတို့သည်ကြား၍၊ သင့် ကိုယခုမှစ၍ယုံကြည်လာကြစေရန် ငါ သည်ထူထပ်သောမိုးတိမ်တိုက်ဖြင့်သင့်ထံ ကြွလာမည်'' ဟုမိန့်တော်မူ၏။ မောရှေသည်လူတို့ဖြေကြားချက်ကို ထာဝရ ဘုရားထံလျှောက်ထားလေ၏။- |
2442 | EXO 32:3 | သို့ဖြစ်၍လူအပေါင်းတို့သည်မိမိတို့ ၏ရွှေနားတောင်းများကိုချွတ်၍ အာရုန် ထံသို့ယူဆောင်ခဲ့ကြ၏။- |
2502 | EXO 34:5 | ထာဝရဘုရားသည်မိုးတိမ်တိုက်ဖြင့်ကြွ ဆင်းလာ၍၊ မောရှေအနီးတွင်ရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်မြွက်ကြားတော်မူ၏။- |
2503 | EXO 34:6 | ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။- |
2618 | EXO 37:13 | စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ် ယူရန်၊ ရွှေကွင်းလေးကွင်းတပ်ထား၏။- |
2623 | EXO 37:18 | ဆီမီးတိုင်တစ်ဘက်တစ်ချက်မှအကိုင်းသုံး ခက်စီဖြင့်၊ အကိုင်းခြောက်လက်ဖြာထွက်၏။- |
2643 | EXO 38:9 | သူသည်တဲတော်ကိုကာရန်ကန့်လန့်ကာများ ကို ပိတ်ချောဖြင့်ပြုလုပ်၏။ တောင်ဘက်၌ကာရန် ကန့်လန့်ကာသည်၊ အလျားကိုက်ငါးဆယ်ရှိ၏။- |
2681 | EXO 39:16 | ရွှေပန်းထည်နှစ်ခုနှင့်ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ရွှေကွင်းနှစ်ကွင်းကိုရင်ဖုံးအထက် ထောင့်များတွင်တပ်ဆင်ကြ၏။- |
2733 | EXO 40:25 | ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း ထာဝရဘုရားရှေ့တော်တွင်မီး ခွက်များကိုထွန်းညှိလေ၏။- |
2772 | LEV 2:9 | ယဇ်ပုရောဟိတ်သည်ထိုပူဇော်သကာကို ယဇ် ပလ္လင်သို့ယူဆောင်ခဲ့၍ မုန့်အားလုံးကိုထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့် မုန့်အနည်း ငယ်ကိုယူပြီးလျှင်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။- |
2820 | LEV 4:24 | ထိုသူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ ရာယဇ်ကောင်များကိုသတ်သည့်နေရာ၌ ဆိတ် ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ဆိတ်ကို သတ်ရမည်။ ဤယဇ်ပူဇော်ခြင်းသည်အပြစ် ပြေစေရန်အတွက်ဖြစ်၏။- |
2871 | LEV 6:14 | မုန့်ညက်ကိုဆီရော၍သံအိုးကင်းပေါ်တွင် ဖုတ်ရမည်။ ထိုနောက်မုန့်ကိုချေ၍ ဘောဇဉ် သကာအဖြစ်ထာဝရဘုရားအားပူဇော် ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။- |
2889 | LEV 7:9 | မီးဖိုတွင်ဖုတ်သောဘောဇဉ်သကာ၊ အိုးသို့ မဟုတ်သံအိုးကင်းပေါ်၌ကင်သောဘောဇဉ် သကာတို့သည်လည်း ပူဇော်သောယဇ် ပုရောဟိတ်ပိုင်ရာဖြစ်၏။- |
3961 | NUM 8:21 | လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်ကို သန့်စင်စေ၍ အဝတ်များကိုလျှော်ဖွပ်ကြ ပြီးနောက် အာရုန်သည်သူတို့ကိုထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်ကပ်လေ၏။ သူတို့အတွက်သန့်စင် ခြင်းဝတ်ကိုလည်းဆောင်ရွက်၏။- |
4035 | NUM 11:10 | လူအပေါင်းတို့သည်မိမိတို့၏တဲဝအ သီးသီးတွင်စုရုံးကာ ညည်းညူနေကြသော အသံကိုမောရှေကြားရ၏။ ထာဝရဘုရား အမျက်ထွက်တော်မူသောကြောင့် မောရှေသည် စိတ်မချမ်းမသာဖြစ်၏။- |
4240 | NUM 17:10 | ``ဤသူတို့ထံမှခွာ၍နေလော့။ ငါသည်သူတို့ ကိုချက်ချင်းဖျက်ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။ ထိုအခါမောရှေနှင့်အာရုန်တို့သည်မြေပေါ် တွင်ပျပ်ဝပ်လျက်နေကြ၏။- |
4243 | NUM 17:13 | ထိုအခါရောဂါအန္တရာယ်ပပျောက်သွား သဖြင့် သူသည်သေသူနှင့်ရှင်သူတို့၏ အလယ်တွင်ရပ်လျက်ရှိ၏။- |
4339 | NUM 20:27 | ထာဝရဘုရားမိန့်မှာတော်မူသည်အတိုင်း မောရှေဆောင်ရွက်လေသည်။ ဣသရေလအမျိုး သားအပေါင်းတို့ရှေ့တွင် သူတို့သည်ဟောရ တောင်ပေါ်သို့တက်သွားကြ၏။- |
4348 | NUM 21:7 | ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။- |
4433 | NUM 23:16 | ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆိုရမည့် စကားကိုမိန့်ကြားပြီးနောက်ဗာလမ်ကိုဗာလက် ထံသို့ပြန်စေတော်မူ၏။- |
4434 | NUM 23:17 | ထို့ကြောင့်ဗာလမ်သည်ဗာလက်ဘုရင်ထံသို့ ပြန်လာသောအခါ ဘုရင်သည်မောဘအမျိုး သားခေါင်းဆောင်တို့နှင့်အတူ မီးရှို့ရာယဇ် အနားတွင်ရပ်နေသည်ကိုတွေ့မြင်ရ၏။ ဗာလက် ဘုရင်ကထာဝရဘုရားမည်သို့မိန့်ကြား တော်မူကြောင်းကိုမေးမြန်း၏။- |
4716 | NUM 31:50 | သို့ဖြစ်၍အကျွန်ုပ်တို့အသီးသီးသိမ်းယူ ရရှိသောရွှေတန်ဆာ၊ လက်ကောက်၊ ဘယက်၊ လက်စွပ်၊ နားဆွဲနှင့်လည်ဆွဲတို့ကိုကိုယ်တော် ထံသို့ယူဆောင်ခဲ့ကြပါသည်။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၏အသက်ကိုချမ်း သာပေးသောကြောင့် ထိုလက်ဝတ်တန်ဆာများ ကိုဆက်သပါသည်'' ဟုအစီရင်ခံကြ၏။- |
4760 | NUM 32:40 | ထို့ကြောင့်မောရှေသည်မာခိရသားချင်းစု အားဂိလဒ်ပြည်ကိုပေးသဖြင့် သူတို့သည် ထိုပြည်တွင်နေထိုင်ကြ၏။- |
4767 | NUM 33:5 | ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ ထွက်ခွာလာကြပြီးနောက်သုကုတ် စခန်းတွင်ရပ်နားကြ၏။- |
4768 | NUM 33:6 | ထိုမှတစ်ဆင့်တောကန္တာရအစွန်ရှိဧသံ စခန်းတွင်ရပ်နားကြ၏။- |
4921 | DEU 1:27 | သင်တို့က`ထာဝရဘုရားသည်ငါတို့ကို မုန်းသဖြင့် အာမောရိအမျိုးသားတို့၏လက် ဖြင့် ငါတို့အားသေစေခြင်းငှာအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့၏။- |
5168 | DEU 9:9 | ထာဝရဘုရားနှင့်သင်တို့ပြုသောပဋိညာဉ် ကိုရေးထားသောကျောက်ပြားများကိုလက်ခံ ခြင်းငှာ ငါသည်တောင်ပေါ်သို့တက်သွား၏။ အရက်လေးဆယ်ပတ်လုံးငါသည်မစား သောက်ဘဲတောင်ပေါ်တွင်နေ၏။- |
5191 | DEU 10:3 | ``သို့ဖြစ်၍ငါသည် အကာရှသစ်သားဖြင့် သေတ္တာတော်ကိုပြုလုပ်၍ ယခင်ကျောက်ပြား များနှင့်အလားတူကျောက်ပြားနှစ်ပြားကို ခုတ်ပြီးလျှင် ကျောက်ပြားများကိုယူဆောင် လျက်တောင်ပေါ်သို့တက်သွား၏။- |
5363 | DEU 16:19 | တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။- |
5402 | DEU 18:16 | ``သင်တို့သည်သိနာတောင်တွင်စုရုံးရောက် ရှိသောနေ့၌ ထာဝရဘုရား၏စကားသံ ကိုနောက်တစ်ဖန်မကြားပါရစေနှင့်။ မီးလျှံ ကြီးကိုလည်း နောက်တစ်ဖန်မမြင်ပါရစေ နှင့်ဟူ၍တောင်းပန်ခဲ့ကြ၏။ ကိုယ်တော်၏ အသံတော်နှင့်မီးလျှံကိုကြားရမြင်ရ လျှင် သင်တို့သေမည်ကိုစိုးရိမ်သောကြောင့် ယင်းသို့တောင်းပန်ခြင်းဖြစ်၏။- |
5443 | DEU 20:14 | သို့ရာတွင်မိန်းမများ၊ ကလေးများ၊ သိုးနွား စသောတိရစ္ဆာန်များနှင့်မြို့တွင်း၌ရှိသမျှ သောပစ္စည်းများကို သင်တို့အတွက်သိမ်းယူ နိုင်သည်။ ထာဝရဘုရားသည်ရန်သူပိုင်သမျှ ပစ္စည်းအားလုံးကို သင်တို့သုံးစွဲရန်သင်တို့ လက်သို့ပေးအပ်တော်မူ၏။- |
5698 | DEU 29:16 | သူတို့၏ရွံရှာဖွယ်သောသစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ငွေရုပ်တု၊ ရွှေရုပ်တုများ ကိုလည်းသင်တို့မြင်ကြ၏။- |
5882 | JOS 2:11 | ထိုသတင်းများကိုကြားလျှင်ကြားချင်း ကျွန်မတို့ကြောက်လန့်ကြပါ၏။ သင်တို့ ကြောင့်ကျွန်မတို့စိတ်ပျက်အားလျော့ကြ ပါ၏။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်မိုးမြေကိုပိုင်သအုပ်စိုး သောဘုရားဖြစ်တော်မူ၏။- |
5932 | JOS 4:20 | ယောရှုသည်ယော်ဒန်မြစ်တွင်းမှသယ်ယူခဲ့ သောကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုထို အရပ်တွင်စိုက်ထူလေ၏။- |
6335 | JOS 19:12 | နယ်နိမိတ်သည်စာရိဒ်မြို့မှအရှေ့ဘက် ခိသလုတ္တာဗော်မြို့နယ်စပ်အထိသွား၏။ ထိုမှဒါဗရတ်မြို့သို့ရောက်ပြီးလျှင် ယာဖျာမြို့သို့တက်သွား၏။- |
6415 | JOS 21:32 | သူတို့သည်နဿလိနယ်မြေမှမြို့သုံးမြို့ကို ရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်ဂါလိလဲပြည်ရှိ ကေဒေရှမြို့(ခိုလှုံရာမြို့တစ်မြို့၊) ဟမ္မုဒ္ဒေါမြို့၊ ကာတံမြို့တို့ဖြစ်ကြ၏။- |
6421 | JOS 21:38 | သူတို့သည်ဂဒ်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဂိလဒ်ပြည်ရှိရာမုတ်မြို့(ခို လှုံရာမြို့တစ်မြို့၊) မဟာနိမ်မြို့၊ ဟေရှဘုန်မြို့၊ ယာဇာမြို့တို့ဖြစ်ကြ၏။- |
6551 | JDG 2:4 | ဤသို့ကောင်းကင်တမန်မြွက်ဆိုပြီးသော အခါ၌ ဣသရေလအမျိုးသားအပေါင်း တို့သည်ငိုကြွေးကြကုန်၏။- |
6556 | JDG 2:9 | သူ၏အလောင်းကိုဂါရှာကုန်းမြောက်ဘက်၊ ဧဖရိမ်တောင်ကုန်းဒေသရှိတိမနတ်ဿေရ မြို့၊ သူပိုင်မြေတွင်သင်္ဂြိုဟ်ကြ၏။- |
6571 | JDG 3:1 | သို့ဖြစ်၍ထာဝရဘုရားသည်ခါနာန်ပြည် စစ်ပွဲများတွင်မပါမဝင်ခဲ့ဘူးသော ဣသ ရေလအမျိုးသားတို့အားစစ်ကြောရန် ထို ပြည်တွင်အချို့သောလူမျိုးတို့ကိုဆက် လက်နေထိုင်စေတော်မူ၏။- |
6582 | JDG 3:12 | ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား နောက်တစ်ဖန်ပြစ်မှားကြပြန်၏။ ကိုယ်တော်သည်လည်းမောဘဘုရင်ဧဂလုန် ကိုဣသရေလအမျိုးသားတို့ထက်ပို၍ ခွန်အားကြီးစေတော်မူ၏။- |
6679 | JDG 6:23 | သို့ရာတွင်ထာဝရဘုရားက``စိတ်အေးချမ်း သာစွာနေလော့။ မစိုးရိမ်နှင့်။ သင်သည်သေရ လိမ့်မည်မဟုတ်'' ဟုသူ့အားမိန့်တော်မူ၏။- |
6684 | JDG 6:28 | နောက်တစ်နေ့နံနက်စောစောမြို့သားတို့နိုးထ ကြသောအခါ သူတို့သည်ဗာလဘုရား၏ယဇ် ပလ္လင်နှင့်အာရှရနတ်သမီး၏ အမှတ်လက္ခ ဏာသစ်ပင်တို့ပြိုလဲလျက်နေသည်ကိုလည်း ကောင်း၊ ယဇ်ပလ္လင်သစ်တစ်ခုပေါ်တွင်ဒုတိယ နွားထီးကို မီးရှို့ပူဇော်ထားလျက်ရှိသည် ကိုလည်းကောင်းတွေ့မြင်ကြ၏။- |
6685 | JDG 6:29 | သူတို့သည်``ဤအမှုကိုအဘယ်သူပြုသနည်း'' ဟုအချင်းချင်းမေးမြန်းစုံစမ်းကြည့်ရာ ယောရှ၏သားဂိဒေါင်ပြုသည့်အမှုဖြစ် ကြောင်းကိုသိရှိရကြ၏။- |
6719 | JDG 7:23 | ထိုအခါနဿလိနှင့်အာရှာအနွယ်ဝင် တို့ကိုလည်းကောင်း၊ မနာရှေဒေသနှစ်ပိုင်း စလုံးမှလူတို့ကိုလည်းကောင်းဆင့်ခေါ် လိုက်ရာ သူတို့သည်မိဒျန်အမျိုးသားတို့ ကိုလိုက်လံတိုက်ခိုက်ကြ၏။- |
6751 | JDG 8:30 | သူ၌မယားအမြောက်အမြားရှိသဖြင့် သားခုနစ်ဆယ်ကိုရ၏။- |
6835 | JDG 11:4 | ထိုနောက်ကာလအနည်းငယ်ကြာသောအခါ အမ္မုန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့နှင့်စစ်ဖြစ်ကြ၏။- |
6884 | JDG 12:13 | ဧလုန်ကွယ်လွန်ပြီးနောက်ပိရသုန်မြို့နေဟိ လေလ၏သားအာဗဒုန်သည် ဣသရေလ လူမျိုးကိုခေါင်းဆောင်ရ၏။- |
6916 | JDG 14:5 | သို့ဖြစ်၍ရှံဆုန်သည်မိမိ၏မိဘတို့နှင့် အတူတိမနမြို့သို့သွားလေသည်။ သူတို့ သည်စပျစ်ဥယျာဉ်များကိုဖြတ်သန်းသွား ကြစဉ် ခြင်္သေ့ငယ်တစ်ကောင်ဟောက်လျက်နေ သံကိုရှံဆုန်ကြားရ၏။- |
6922 | JDG 14:11 | အရပ်သားတို့သည်သူ့ကိုမြင်လျှင်လူပျို လူရွယ်သုံးဆယ်ကိုသူနှင့်အတူပွဲခံစေ ခြင်းငှာစေလွှတ်လိုက်ကြ၏။- |
6941 | JDG 15:10 | ယုဒပြည်သူတို့က``သင်တို့သည်အဘယ် ကြောင့်ငါတို့အားတိုက်ခိုက်ကြပါသနည်း'' ဟုမေးလျှင်သူတို့က``ငါတို့သည်ရှံဆုန်ကို ဖမ်းဆီး၍ ငါတို့အားသူပြုသကဲ့သို့သူ့ အားပြုရန်လာရောက်ကြခြင်းဖြစ်သည်'' ဟုပြန်လည်ပြောကြားကြ၏။- |
7060 | JDG 20:4 | အသတ်ခံရသူမိန်းမ၏လင်လေဝိအမျိုး သားက``ကျွန်ုပ်သည်မယားငယ်နှင့်အတူ ဗင်္ယာ မိန်နယ်မြေရှိဂိဗာမြို့သို့ညအခါတည်း ခိုရန်သွားရောက်ခဲ့ပါ၏။- |
7089 | JDG 20:33 | သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ပင် မတပ်ကြီးသည် ဆုတ်ခွာ၍ ဗာလတာမာမြို့၌ ပြန်လည်စုရုံးမိသောအခါ ဂိဗာမြို့ကိုဝိုင်းရံ ထားသောတပ်ပုန်းသည် မိမိတို့ပုန်းအောင်းရာ ကျောက်ပေါများသည့်မြို့ပတ်လည်အရပ်မှ ရုတ်တရက်ထွက်လာကြ၏။- |
7092 | JDG 20:36 | ဗင်္ယာမိန်အမျိုးသားတို့သည်မိမိတို့အရေး ရှုံးနိမ့်ကြသည်ကိုသိမြင်လာကြ၏။ ဣသရေလအမျိုးသားတို့၏ပင်မတပ်ကြီး သည် ဂိဗာမြို့ပတ်လည်တွင်ချထားသည့်တပ်ပုန်း ကိုအားကိုးကာဗင်္ယာမိန်အမျိုးသားတို့၏ ရှေ့မှဆုတ်ခွာသွားကြ၏။- |
7108 | JDG 21:4 | နောက်တစ်နေ့နံနက်စောစော၌လူတို့သည် ထ၍ ထိုအရပ်တွင်ယဇ်ပလ္လင်တစ်ခုကိုတည် ဆောက်ကာ မိတ်သဟာယယဇ်နှင့်မီးရှို့ရာ ယဇ်တို့ကိုပူဇော်ကြ၏။- |
7181 | RUT 3:7 | ဗောဇသည်စားသောက်၍ပြီးသောအခါစိတ် ရွှင်ပြလျက် စပါးပုံရှိရာသို့သွား၍အိပ် လေသည်။ ရုသသည်သူ၏ထံသို့တိတ်တ ဆိတ်ချဉ်းကပ်၍ စောင်ကိုမပြီးလျှင်သူ၏ ခြေရင်းတွင်လဲလျောင်းလိုက်၏။- |
7189 | RUT 3:15 | ထိုအခါဗောဇကသူ့အား``သင်၏ခြုံထည် ကိုဤနေရာတွင်ဖြန့်လော့'' ဟုဆိုသည် အတိုင်းသူသည်ပြု၏။ ဗောဇသည်မုယော စပါးတစ်တင်းခန့်ကိုလောင်းထည့်ပြီးလျှင် ချီပင့်၍ပေးသဖြင့်ရုသသည်ထိုစပါး ထုပ်နှင့်မြို့သို့ပြန်လေ၏။- |
7270 | 1SA 2:28 | ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။- |
7346 | 1SA 6:13 | ဗက်ရှေမက်မြို့သားတို့သည်ချိုင့်ဝှမ်းထဲတွင် ဂျုံစပါးများကိုရိတ်သိမ်းလျက်နေစဉ်ရုတ် တရက်မျှော်ကြည့်လိုက်သောအခါ ပဋိညာဉ် သေတ္တာတော်ကိုတွေ့မြင်ကြသဖြင့်အတိုင်း ထက်အလွန်ဝမ်းမြောက်ကြ၏။- |
7348 | 1SA 6:15 | လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်နှင့် ရွှေရုပ်များပါ ရှိသည့်သေတ္တာကိုချီပင့်ပြီးလျှင်ကျောက်တုံး ကြီးပေါ်တွင်တင်ထားကြ၏။ ထိုနောက်ဗက် ရှေမက်မြို့သားတို့သည်ထာဝရဘုရား အားမီးရှို့ရာယဇ်နှင့်အခြားပူဇော် သကာများကိုတင်လှူကြ၏။- |
7535 | 1SA 14:25 | သူတို့သည်သစ်တောရှိရာသို့ရောက်ကြ သောအခါ နေရာအနှံ့အပြားတွင်ပျား ရည်များကိုတွေ့ရှိကြ၏။- |
7542 | 1SA 14:32 | ထို့ကြောင့်သူတို့သည်ရန်သူများလက်မှ သိမ်းဆည်းရမိသည့်ပစ္စည်းများရှိရာသို့ ပြေးပြီးလျှင် သိုး၊ ဆိတ်၊ နွားများကိုယူ ဆောင်ကာထိုနေရာ၌ပင်သတ်၍သွေး သံရဲရဲနှင့်စားကြ၏။- |
7606 | 1SA 16:9 | ယေရှဲသည်ရှိမာကိုခေါ်လိုက်၏။ ထိုအခါ``ဤ သူ့ကိုလည်းထာဝရဘုရားရွေးချယ်တော် မမူ'' ဟုရှမွေလဆိုပြန်၏။- |
7616 | 1SA 16:19 | ရှောလုသည်ယေရှဲထံသို့စေတမန်များ လွှတ်၍``သိုးများကိုထိန်းကျောင်းနေသူသင် ၏သားဒါဝိဒ်အားငါ့ထံသို့စေလွှတ်လော့'' ဟုအမိန့်ပေးတော်မူ၏။- |
7619 | 1SA 16:22 | ထိုနောက်``ငါသည်ဒါဝိဒ်ကိုနှစ်သက်တော်မူသည်။ သူ့အားငါ့ထံ၌ခစားပါစေ'' ဟုယေရှဲထံလူ လွှတ်မိန့်ကြားတော်မူလိုက်၏။- |
7622 | 1SA 17:2 | ရှောလုနှင့်ဣသရေလအမျိုးသားများသည် လည်းစုရုံး၍ ဝက်သစ်ချချိုင့်ဝှမ်းတွင်တပ်ချ ပြီးလျှင်ဖိလိတ္တိတပ်သားတို့အားတိုက်ခိုက် ရန်အသင့်ပြင်ဆင်ကြ၏။- |
7641 | 1SA 17:21 | ဖိလိတ္တိအမျိုးသားများနှင့်ဣသရေလ အမျိုးသားတို့သည်တိုက်ပွဲဝင်ရန် မျက်နှာ ချင်းဆိုင်နေရာယူကြ၏။- |
7669 | 1SA 17:49 | မိမိလွယ်အိတ်မှကျောက်ခဲတစ်လုံးကိုနှိုက်ယူ ပြီးလျှင် လောက်လွှဲနှင့်ဂေါလျတ်အားပစ်လိုက်၏။ ကျောက်ခဲသည်ဂေါလျတ်၏နဖူးကိုထိမှန်၍ နဖူးပေါက်သဖြင့်ဂေါလျတ်သည်မြေပေါ်သို့ ငိုက်စိုက်လဲကျသွားတော့၏။- |
7712 | 1SA 19:4 | ယောနသန်သည်ခမည်းတော်ရှောလုထံ ဒါဝိဒ် ၏ဂုဏ်ကိုချီးကူးပြောဆို၏။ ထိုနောက်``အရှင်၊ အရှင့်အစေခံဒါဝိဒ်ကိုပြစ်မှားတော်မမူ ပါနှင့်။ သူသည်အရှင်ကိုအဘယ်အခါက မျှမပြစ်မှားခဲ့ပါ။ သူပြုလေသမျှအမှု များအားဖြင့် အရှင့်အတွက်အထောက်အကူ များစွာဖြစ်စေခဲ့ပါ၏။- |
7788 | 1SA 21:14 | ရူးသွပ်ဟန်ဆောင်လျက်သူတို့၏ရှေ့တွင် အရူးကဲ့သို့ပြုပြီးလျှင် တံခါးရွက်ပေါ် တွင်ရေးခြစ်၍နေ၏။ မိမိ၏မုတ်ဆိတ်ပေါ် မှာသွားရည်ယိုကျစေ၏။- |
7847 | 1SA 24:6 | သို့ရာတွင်ယင်းသို့ပြုမိသည့်အတွက် ဒါဝိဒ် လိပ်ပြာမသန့်ဖြစ်လာ၏။- |