91 | GEN 4:11 | သင်သည်ကျိန်စာသင့်၍မြေကိုထွန်ယက်စိုက် ပျိုးမှုမပြုနိုင်တော့ပြီ။ သင့်လက်ချက်ကြောင့် ထွက်သောသင့်ညီ၏သွေးကို မြေသည်ခံတွင်း ဖြင့်ခံယူသကဲ့သို့စုတ်ယူခဲ့လေပြီ။- |
162 | GEN 7:2 | သင်နှင့်အတူသန့်စင်သောတိရစ္ဆာန်များမှတစ် မျိုးလျှင် ခုနစ်စုံစီကိုခေါ်ဆောင်လော့။ မသန့်စင် သောတိရစ္ဆာန်များမှ တစ်မျိုးလျှင်အထီးနှင့် အမတစ်စုံစီကိုသာခေါ်ဆောင်ရမည်။- |
325 | GEN 13:6 | သူတို့နှစ်ဦးတွင်တိရစ္ဆာန်များ၍စားကျက်မလုံလောက်သည့်အတွက်ကြောင့် အတူတူနေထိုင်ရန်မဖြစ်နိုင်တော့ချေ။- |
374 | GEN 15:13 | ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။- |
447 | GEN 18:22 | ထိုသူတို့သုံးဦးထဲမှနှစ်ဦးသည် သောဒုံမြို့ ဘက်သို့ထွက်ခွာသွားကြ၏။ ထာဝရဘုရား ကမူ အာဗြဟံနှင့်အတူနေရစ်ခဲ့လေသည်။- |
507 | GEN 20:11 | အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။- |
634 | GEN 24:42 | ``ကျွန်ုပ်သည်ရေတွင်းသို့ယနေ့ရောက်ရှိသော အခါ`အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ပြုလုပ်ရ မည့်အမှုကိစ္စကိုအောင်မြင်စေတော်မူပါ။- |
684 | GEN 25:25 | အဦးဖွားသောသားသည်အဆင်းနီ၍အမွေး ထူသဖြင့်ဧသောဟုနာမည်မှည့်လေသည်။- |
798 | GEN 29:2 | ထိုပြည်သို့ရောက်သောအခါလယ်ကွင်းထဲ၌သိုး စုသုံးစုဝိုင်းရံလျက်ရှိသောရေတွင်းတစ်တွင်းကို မြင်ရလေသည်။ ထိုသို့ဝိုင်းရံရခြင်းမှာသိုးစုများ ကိုထိုရေတွင်းမှရေတိုက်ရခြင်းကြောင့်ဖြစ်၏။ ရေ တွင်းအဝကိုကျောက်တုံးကြီးဖြင့်ပိတ်ထားသည်။- |
822 | GEN 29:26 | ထိုအခါလာဗန်က``ဤအရပ်ဒေသတွင်သမီး အကြီးကိုအိမ်ထောင်မချမီ သမီးအငယ်ကို အိမ်ထောင်ချသည့်ထုံးစံဋ္ဌလေ့မရှိပါ။- |
827 | GEN 29:31 | ယာကုပ်သည်လေအာကိုမချစ်ကြောင်း ထာဝရဘုရားသိမြင်တော်မူသဖြင့် လေအာကိုသားသမီးထွန်းကားစေ၏။ ရာ ခေလမူကားသားသမီးမထွန်းကားချေ။- |
960 | GEN 32:32 | ယာကုပ်သည်ပေနွေလအရပ်မှထွက်ခွာလာ သောအခါနေထွက်ပြီဖြစ်၏။ သူသည်ခါးဆစ် ဒဏ်ရာကြောင့်ထော့နဲ့ကျိုးနင်းသွားရလေသည်။- |
997 | GEN 34:16 | ထိုသို့ပြုလျှင်ကျွန်ုပ်တို့သမီးများကိုသင် တို့နှင့်ထိမ်းမြား၍ သင်တို့သမီးများကိုကျွန်ုပ် တို့ထိမ်းမြားမည်။ သင်တို့ထံတွင်နေထိုင်ကာ လူတစ်မျိုးတည်းဖြစ်ရန်သဘောတူပါမည်။- |
1158 | GEN 39:8 | သို့ရာတွင်ယောသပ်ကငြင်းဆန်လျက်``သခင်သည် ကျွန်တော်အားအရာရာကိုမျက်နှာလွှဲအပ်ထား ပါသည်။ သခင်ပိုင်သမျှဥစ္စာပစ္စည်းကိုထိန်းသိမ်း ရန်ကျွန်တော်အားတာဝန်ပေးအပ်ထားပါသည်။- |
1244 | GEN 41:48 | ယောသပ်သည်ခုနစ်နှစ်အတွင်းလယ်များ မှထွက်သမျှသောစပါးသီးနှံများကို စုသိမ်း၍ မြို့များ၌သိုလှောင်ထားလေသည်။ လယ်များမှထွက်သောစပါးသီးနှံကိုနီး စပ်ရာမြို့အသီးသီးတွင်သိုလှောင်စေသည်။- |
1268 | GEN 42:15 | သင်တို့ပြောသမျှမှန်သည်မမှန်သည်ကိုဤသို့ စစ်ဆေးမည်။ ဖာရောဘုရင်၏အမိန့်အာဏာ အရအသက်ရှင်တော်မူသည်အတိုင်း သင်တို့ ၏ညီအငယ်ဆုံးကိုဤအရပ်သို့မခေါ်ဆောင်ခဲ့ လျှင်သင်တို့သည်ဤတိုင်းပြည်မှမထွက်ခွာရ။- |
1366 | GEN 45:7 | ဘုရားသခင်သည်သင်တို့နှင့်သင်တို့၏သား မြေးများအသက်ရှင်ကျန်ရစ်စေရန် ဤသို့အံ့သြ ဖွယ်ကောင်းသောနည်းဖြင့် သင်တို့ကိုကယ်ဆယ်စေ ခြင်းငှာကျွန်ုပ်ကိုအလျင်စေလွှတ်တော်မူပြီ။- |
1444 | GEN 47:23 | ယောသပ်ကပြည်သားတို့အား``ယခုငါသည် သင်တို့နှင့်သင်တို့၏လယ်မြေများကိုဘုရင့် အတွက်ဝယ်ယူပြီးပြီ။ သင်တို့၏လယ်များ တွင်စိုက်ပျိုးရန်မျိုးစပါးကိုယူကြလော့။- |
1648 | EXO 5:15 | ထိုအခါအလုပ်ကြပ်တို့သည်ဖာရောဘုရင် ထံသို့ဝင်၍``အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် တို့အားအဘယ်ကြောင့်ဤသို့ပြုပါသနည်း။- |
1733 | EXO 8:18 | ထိုနေ့တွင်ငါ၏လူမျိုးတော်နေထိုင်ရာ ဂေါရှင်ဒေသကိုချန်လှပ်၍ထားသဖြင့် ထို ဒေသ၌မှက်ကောင်မရှိစေရ။ ထိုသို့ပြုခြင်း အားဖြင့်ငါထာဝရဘုရားသည်ဤပြည် တွင်ရှိတော်မူကြောင်းကိုသင်သိရလိမ့်မည်။- |
1820 | EXO 12:3 | ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ညွှန်ကြားလော့။ ဤလဆယ်ရက်နေ့တွင် မိသားစုတစ်စုလျှင် သိုးကလေးသို့မဟုတ် ဆိတ်ကလေးတစ်ကောင်ကျစီရွေးယူရမည်။- |
2039 | EXO 19:12 | သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။- |
2079 | EXO 21:1 | ``ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်ချက်တို့ကိုသတ်မှတ်ပေးလော့။- |
2159 | EXO 23:14 | ``သင်တို့သည်ငါ၏ဂုဏ်တော်ကိုချီးကူးရန် ပွဲကိုတစ်နှစ်လျှင်သုံးကြိမ်ကျင်းပရမည်။- |
2270 | EXO 26:34 | ပဋိညာဉ်သေတ္တာတွင်အဖုံးတပ်ထားရမည်။- |
2282 | EXO 27:9 | ``ငါစံတော်မူရာတဲတော်ကို ပိတ်ချောကန့်လန့် ကာတို့ဖြင့်ကာရံထားရမည်။ တောင်ဘက်ကိုက် ငါးဆယ်ရှည်သောကန့်လန့်ကာဖြင့်ကာရမည်။- |
2321 | EXO 28:27 | ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြုလုပ်၍၊ လှပစွာ ရက်ထားသောရင်စည်းအထက်၊ သင်တိုင်းအရှေ့ အနားပတ်အနီးတွင်တပ်ဆင်ထားရမည်။- |
2375 | EXO 29:38 | ``ယဇ်ပလ္လင်ပေါ်တွင်နေ့စဉ်မပြတ်တစ်နှစ် သားသိုးကလေးနှစ်ကောင်ကိုပူဇော်ရမည်။- |
2419 | EXO 30:36 | ထိုနံ့သာပေါင်းအချို့ကိုညက်အောင်ထောင်း၍၊ ငါစံရာတဲတော်အတွင်းငါ၏ရှေ့တော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ပဋိညာဉ်သေတ္တာအရှေ့၌ ဖြူးရမည်။ ထိုနံ့သာပေါင်းကိုအလွန်သန့် ရှင်းသောနံ့သာပေါင်းအဖြစ်လက်ခံရမည်။- |
2758 | LEV 1:12 | သူသည်ယဇ်ကောင်ကိုခုတ်ဖြတ်ပြီးနောက် တာဝန် ကျယဇ်ပုရောဟိတ်သည်အသားတစ်၊ ဦးခေါင်း နှင့်အဆီကိုထင်းမီးပေါ်တွင်တင်ရမည်။- |
2770 | LEV 2:7 | အိုးတွင်ကြော်သောမုန့်ကိုပူဇော်လျှင် သံလွင် ဆီနှင့်ရောသောမုန့်ညက်ဖြင့်ပြုလုပ်ရမည်။- |
2792 | LEV 3:13 | တဲတော်ရှေ့တွင်ဆိတ်၏ဦးခေါင်းပေါ်၌ လက် ကိုတင်၍ဆိတ်ကိုသတ်ရမည်။ ယဇ်ပုရော ဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရမည်။- |
2799 | LEV 4:3 | အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။- |
2801 | LEV 4:5 | ယဇ်ပုရောဟိတ်မင်းသည်နွား၏သွေးအနည်း ငယ်ကိုတဲတော်ထဲသို့ယူဆောင်သွားရမည်။- |
2813 | LEV 4:17 | သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေး ကို ကန့်လန့်ကာရှေ့တွင်ခုနစ်ကြိမ်ဖျန်းရမည်။- |
2828 | LEV 4:32 | အကယ်၍လူတစ်ဦးသည်အပြစ်ပြေရာယဇ် အဖြစ်သိုးကိုယူဆောင်ခဲ့လျှင် သိုးသည် အပြစ်အနာကင်းသောသိုးမဖြစ်ရမည်။- |
2970 | LEV 9:16 | မီးရှို့ရာယဇ်ကိုလည်းယူခဲ့ပြီးလျှင် ပြဋ္ဌာန်း ထားသောနည်းအတိုင်းမီးရှို့ပူဇော်လေသည်။- |
3067 | LEV 13:14 | သို့ရာတွင်ထိုသူ၏ကိုယ်ပေါ်၌ အနာပေါက်လာ သည်နှင့်တစ်ပြိုင်နက်သူသည်မသန့်ရှင်းချေ။- |
3156 | LEV 14:44 | ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် စစ်ဆေးရမည်။ ဖားဥပြန့်ပွားလျက်ရှိသည် ကိုတွေ့ရလျှင်ထိုအိမ်သည်မသန့်စင်ချေ။- |
3175 | LEV 15:6 | ထိုင်သောနေရာတွင်ထိုင်မိလျှင် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။- |
3180 | LEV 15:11 | ရိနာစွဲသောသူသည်မိမိ၏လက်များကို မဆေးဘဲနှင့် တစ်စုံတစ်ယောက်ကိုထိကိုင် မိလျှင် အကိုင်ခံရသောသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။- |
3190 | LEV 15:21 | သူထိုင်သောနေရာသို့မဟုတ်သူအိပ်သော အိပ်ရာကိုထိကိုင်မိသောသူသည် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။- |
3233 | LEV 16:31 | ထိုနေ့သည်အလွန်သန့်ရှင်းသောနေ့ဖြစ်သည်။ ထိုနေ့၌မည်သည့်အလုပ်ကိုမျှမလုပ်ရ။ ဤ ပညတ်ကိုသားစဉ်မြေးဆက်စောင့်ထိန်းရမည်။- |
3364 | LEV 21:18 | မျက်စိမမြင်သူ၊ ခြေဆွံ့သူ၊ မျက်နှာရုပ် အဆင်းပျက်သူ၊ အရုပ်ဆိုးအကျည်းတန် သူ၊ လက်ခြေမသန်စွမ်းသူ၊ ကျောကုန်းသူ၊ ပုကွသူ၊ မျက်စိရောဂါစွဲသူ၊ ကိုယ်ရေပြား ရောဂါရှိသူ၊ သင်းကွပ်ထားသူစသည်တို့ သည်ငါ့အားပူဇော်ဆက်သခြင်းမပြုရ။- |
3424 | LEV 23:21 | ထိုနေ့၌အသက်မွေးဝမ်းကျောင်းအလုပ် ကိုမလုပ်ဘဲ စုဝေးဝတ်ပြုကိုးကွယ်ရကြ မည်။ သင်တို့၏အဆက်အနွယ်များသည် မည်သည့်အရပ်တွင်နေထိုင်သည်မဆို ဤ ပညတ်ကိုထာဝစဉ်စောင့်ထိန်းရကြမည်။- |
3511 | LEV 25:41 | ထိုအချိန်ရောက်သည့်အခါသူနှင့်သူ၏သား သမီးတို့သည် မိမိ၏ဆွေမျိုးသားချင်းများ ရှိရာဇာတိရပ်ရွာသို့ပြန်စေရမည်။- |
3514 | LEV 25:44 | စေခိုင်းရန်ကျွန်လိုလျှင်သင်တို့၏ပတ်ဝန်း ကျင်နိုင်ငံများမှကျွန်များကိုဝယ်ယူလော့။- |
3529 | LEV 26:4 | ငါသည်အချိန်တန်သောအခါမိုးကိုရွာစေ သဖြင့် လယ်များမှအသီးအနှံထွက်လျက် သစ်သီးပင်များမှအသီးသီးကြလိမ့်မည်။- |
3739 | NUM 3:46 | ဣသရေလအမျိုးသားတို့၏သားဦး အရေအတွက်သည်လေဝိအမျိုးသားဦး ရေထက်နှစ်ရာခုနစ်ဆယ့်သုံးယောက်ပိုသော ကြောင့်ပိုများသောဦးရေကိုရွေးယူရမည်။- |
3753 | NUM 4:9 | မီးခုံတိုင်နှင့်ဆိုင်ရာမီးခွက်များ၊ မီးညှပ် များ၊ မီးခံခွက်များနှင့်သံလွင်ဆီခွက်စ သည်တို့ကိုအပြာထည်ဖြင့်ဖုံးအုပ်ရမည်။- |
3949 | NUM 8:9 | ထိုနောက်ဣသရေလတစ်မျိုးသားလုံးကို စုရုံးစေ၍ လေဝိအနွယ်ဝင်တို့အားငါစံ တော်မူရာတဲတော်ရှေ့တွင်ရပ်စေရမည်။- |
4071 | NUM 12:11 | မောရှေအား``အရှင်၊ အကျွန်ုပ်တို့၏မိုက်မဲ သောအပြစ်ကြောင့်ဒဏ်မခံရပါစေနှင့်။- |
4173 | NUM 15:19 | ထိုပြည်မှထွက်သောသီးနှံကိုစားသုံးကြ သောအခါ အချို့ကိုထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်သီးသန့်ထားရမည်။- |
4254 | NUM 17:24 | မောရှေသည်ဣသရေလအမျိုးသားတို့ အား တောင်ဝှေးအားလုံးကိုထုတ်ပြရာသူ တို့သည်ဖြစ်ခဲ့သောအခြင်းအရာကိုတွေ့ မြင်ကြ၏။ ဦးစီးခေါင်းဆောင်တို့သည်မိမိ တို့ဆိုင်ရာတောင်ဝှေးကိုပြန်ယူကြလေသည်။- |
4294 | NUM 19:4 | ဧလာဇာသည်သွေးကိုလက်ချောင်းဖြင့်တို့၍ တဲတော်ရှိရာဘက်ခုနစ်ကြိမ်ဖျန်းရမည်။- |
4328 | NUM 20:16 | အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။- |
4576 | NUM 27:20 | ဣသရေလအမျိုးသားအပေါင်းတို့သည်သူ ၏သြဇာကိုနာခံကြစေခြင်းငှာ သင်၏ အာဏာအချို့ကိုသူ့အားလွှဲအပ်ပေးလော့။- |
4595 | NUM 28:16 | နှစ်စဉ်ပထမလတစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သောပသခါပွဲတော်ကိုကျင်းပရမည်။- |
4601 | NUM 28:22 | အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီးတစ်ကောင် ကိုလည်းပူဇော်ရမည်။ ဤနည်းအားဖြင့်လူ တို့အတွက်သန့်စင်မှုကိုဝတ်ပြုရမည်။- |
4688 | NUM 31:22 | ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သံဖြူ၊ ခဲအစရှိသည့်မီး မလောင်ကျွမ်းနိုင်သောသတ္တုပစ္စည်းရှိသမျှ အားမီးကိုဖြတ်သန်းစေခြင်းဖြင့်သန့်စင်စေ ရမည်။ အခြားသံဝတ္ထုပစ္စည်းများကိုသန့်စင် ခြင်းဝတ်ပြုရာရေဖြင့်သန့်စင်စေရမည်။- |
4835 | NUM 34:17 | ``ယဇ်ပုရောဟိတ်ဧလာဇာနှင့်နုန်၏သား ယောရှုတို့သည်မြေကိုခွဲဝေပေးရမည်။- |
4853 | NUM 35:6 | လူတစ်ဦးအားကြိုတင်ကြံရွယ်ခြင်းမရှိ ဘဲနှင့် သတ်မိသူထွက်ပြေး၍ခိုလှုံနိုင်ရန် မြို့ခြောက်မြို့ကိုလေဝိအနွယ်ဝင်တို့အား ပေးရမည်။ ထို့အပြင်အခြားမြို့လေးဆယ့် နှစ်မြို့တို့ကိုလည်းသူတို့အားပေးရမည်။- |
4854 | NUM 35:7 | သို့ဖြစ်၍စားကျက်မြေအပါအဝင်စုစု ပေါင်း လေးဆယ့်ရှစ်မြို့ကိုသူတို့အားပေးရမည်။- |
4879 | NUM 35:32 | ခိုလှုံရာမြို့သို့ပြေးဝင်သူသည်ယဇ်ပုရော ဟိတ်မင်းအနိစ္စမရောက်မီ မိမိနေရပ်သို့ ပြန်ရန်အတွက်ငွေပေးလျှင်လက်မခံရ။- |
5028 | DEU 4:22 | ငါသည်ဤအရပ်၌သေရမည်။ ယော်ဒန်မြစ် တစ်ဘက်သို့ကူးရမည်မဟုတ်။ သို့ရာတွင် သင်တို့သည်မြစ်ကိုကူး၍ အစာရေစာပေါ ကြွယ်ဝသောပြည်ကိုသိမ်းယူရကြတော့မည်။- |
5031 | DEU 4:25 | ``သင်တို့သည်ထိုပြည်တွင်ကြာမြင့်စွာနေထိုင်၍ သားမြေးများရသည်အထိပင်လျှင် ထာဝရ ဘုရားကိုမပြစ်မှားမိစေရန်ရုပ်တုကိုထု လုပ်၍မကိုးကွယ်နှင့်။ ရုပ်တုထုလုပ်ကိုးကွယ် ခြင်းသည်မှားယွင်းမှုဖြစ်သောကြောင့် ထာဝရ ဘုရားအားအမျက်ထွက်စေတော်မူလိမ့်မည်။- |
5141 | DEU 8:2 | သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။- |
5207 | DEU 10:19 | သို့ဖြစ်၍လူမျိုးခြားတို့ကိုချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့သည်ယခင် အခါကအီဂျစ်ပြည်တွင်လူမျိုးခြား အဖြစ်နေထိုင်ခဲ့ရဖူးသောကြောင့်ဖြစ်သည်။- |
5268 | DEU 12:26 | သင်တို့၏ပူဇော်သကာနှင့် ဆက်ကပ်ပါမည် ဟုကတိပြုထားသောလက်ဆောင်ပဏ္ဏာများ ကိုထာဝရဘုရားအားဝတ်ပြုရာတစ်ခု တည်းသောဌာနသို့ယူဆောင်သွားရကြမည်။- |
5338 | DEU 15:17 | သူ့ကိုအိမ်တံခါးသို့ခေါ်ဆောင်ပြီးနောက် သူ ၏နားကိုစူးဖြင့်ဖောက်ရမည်။ ထိုအခါသူ သည်သင်ထံ၌ရာသက်ပန်ကျွန်ခံရမည်။ ကျွန်မိန်းမကိုလည်းထိုနည်းတူပြုရမည်။- |
5412 | DEU 19:4 | လူတစ်ယောက်သည်မိမိ၏ရန်သူမဟုတ်သူ အား မတော်တဆသတ်မိခဲ့သည်ရှိသော်သူ သည် ထိုမြို့များအနက်တစ်မြို့မြို့သို့ထွက် ပြေးလျှင်အသက်ချမ်းသာခွင့်ရရှိနိုင်သည်။- |
5428 | DEU 19:20 | လူအပေါင်းတို့သည်ထိုသတင်းကိုကြားရ သဖြင့် ကြောက်ရွံ့၍နောင်အခါထိုသို့သော ဒုစရိုက်ကိုပြုလုပ်ဝံ့ကြမည်မဟုတ်။- |
5434 | DEU 20:5 | ``ထိုနောက်စစ်ဗိုလ်များက`သင်တို့တွင်အိမ် သစ်တစ်ဆောင်ကိုဆောက်၍ ဘုရားသခင်ထံ ဆက်ကပ်ခြင်းမပြုရသေးသူရှိသလော။ ရှိလျှင်ထိုသူသည်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံး ခဲ့သော်အခြားသူတစ်ယောက်က သူ့အိမ် ကိုဘုရားသခင်ထံဆက်ကပ်ရလိမ့်မည်။- |
5566 | DEU 25:17 | ``အီဂျစ်ပြည်မှသင်တို့ထွက်လာစဉ်က သင် တို့အားအာမလက်အမျိုးသားတို့မည်ကဲ့ သို့ရန်မူခဲ့ပုံကိုသတိရကြလော့။- |
5582 | DEU 26:14 | အကျွန်ုပ်သည်သေသူအတွက်ဝမ်းနည်းကြေ ကွဲနေစဉ် ထိုဆယ်ဖို့တစ်ဖို့ထဲမှယူ၍မစား ခဲ့ပါ။ ဘာသာရေးထုံးနည်းအရအကျွန်ုပ် မသန့်ရှင်းစဉ် ထိုဆယ်ဖို့တစ်ဖို့ကိုအိမ်အပြင် သို့မထုတ်ပါ။ ထိုဆယ်ဖို့တစ်ဖို့မှယူ၍သေ သူအားမပူဇော်ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏အမိန့်တော်ကိုအကျွန်ုပ်နာခံ ပါ၏။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ကိုယ်တော် ပညတ်သမျှအတိုင်းဆောင်ရွက်ပြီးပါပြီ။- |
5624 | DEU 28:11 | ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်တွင် သင်တို့၌သားသမီး၊ သိုးနွား၊ တိရစ္ဆာန် မြောက်မြားစွာရရှိစေတော်မူလိမ့်မည်။ အသီးအနှံပေါများစေတော်မူလိမ့်မည်။- |
5625 | DEU 28:12 | ကိုယ်တော်ရှင်သည်မိုးကောင်းကင်ကိုဖွင့်၍ ရာသီအလိုက်မိုးကိုရွာစေလျက်သင်လုပ် ဆောင်သမျှကိုအောင်မြင်စေတော်မူသဖြင့် သင်တို့သည်နိုင်ငံများစွာတို့အားချေးငှား ရလိမ့်မည်။ သို့ရာတွင်သင်တို့သည်မည်သည့် နိုင်ငံထံမှချေးယူရန်လိုမည်မဟုတ်။- |
5654 | DEU 28:41 | သင်တို့တွင်သားသမီးများပေါက်ဖွားမည် ဖြစ်သော်လည်း ရန်သူကသူတို့ကိုသုံ့ပန်း အဖြစ်ဖမ်းဆီးသွားမည်ဖြစ်သောကြောင့် သင်တို့သည်သားမဲ့သမီးမဲ့ဖြစ်လိမ့်မည်။- |
5701 | DEU 29:19 | ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။- |
6010 | JOS 8:6 | ထိုအခါသူတို့သည်မြို့မှဝေးကွာသည့်အရပ် သို့ရောက်သည့်တိုင်အောင် ငါတို့နောက်သို့လိုက်လံ တိုက်ခိုက်ကြလိမ့်မည်။ ငါတို့ယခင်အတိုင်း ထွက်ပြေးကြပြီဟုသူတို့ထင်မှတ်လိမ့်မည်။- |
6053 | JOS 9:14 | ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအားမေးမြန်းလျှောက်ထားခြင်းမပြု ဘဲ ထိုသူတို့ထံမှရိက္ခာကိုလက်ခံကြသည်။- |
6288 | JOS 17:11 | မနာရှေအနွယ်သည်ဣသခါနှင့်အာရှာ နယ်မြေများအတွင်း၌တည်ရှိသောဗက်ရှန် မြို့၊ ဣဗလံမြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပြင်ဒေါရမြို့(ပင်လယ်ကမ်းခြေတွင်တည် ရှိသည်) အင်္ဒေါရမြို့၊ တာနက်မြို့၊ မေဂိဒ္ဒေါမြို့ နှင့်ပတ်ဝန်းကျင်ရှိမြို့များကိုပိုင်လေသည်။- |
6367 | JOS 19:44 | ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊- ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန် မြို့၊- မေယာကုန်မြို့၊ ရက္ကုန်မြို့များနှင့်တကွ ယုပ္ပေမြို့ပတ်လည်ရှိဒေသပါဝင်လေသည်။- |
6447 | JOS 22:19 | သို့ဖြစ်၍သင်တို့၏ပြည်သည်ထာဝရဘုရား အားဝတ်ပြုရန်မသင့်လျော်လျှင် တဲတော်ရှိ ရာပြည်တော်သို့ကူးလာ၍သင်တို့နေထိုင် ရန်နယ်မြေကိုငါတို့ထံမှတောင်းယူကြ လော့။ သို့ရာတွင်ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်မှလွဲ၍အခြား ယဇ်ပလ္လင်ကိုတည်ဆောက်ခြင်းအားဖြင့် ကိုယ် တော်ကိုမပုန်ကန်ကြပါနှင့်။ ထိုပုန်ကန် မှုတွင်ငါတို့မပါဝင်ပါရစေနှင့်။- |
6564 | JDG 2:17 | သို့ရာတွင်ဣသရေလအမျိုးသားတို့ကမူ ထိုခေါင်းဆောင်တို့၏စကားကိုနားမထောင် ကြ။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား သစ္စာဖောက်၍အခြားဘုရားများ ကိုကိုးကွယ်ကြ၏။ သူတို့သည်ထာဝရဘုရား ၏ပညတ်တော်တို့ကိုဘိုးဘေးများစောင့်ထိန်း ခဲ့ကြသကဲ့သို့မစောင့်ထိန်းကြတော့ပေ။- |
6568 | JDG 2:21 | ထို့ကြောင့်ယောရှုကွယ်လွန်စဉ်အခါကပင် ဤပြည်တွင်ကျန်ရှိနေသေးသည့်အဘယ် လူမျိုးကိုမျှငါနှင်ထုတ်တော့မည်မဟုတ်။- |
6804 | JDG 9:48 | မိမိ၏လူတို့နှင့်အတူဇာလမုန်တောင်သို့ တက်ပြီးနောက် ပုဆိန်ဖြင့်သစ်ကိုင်းတစ်ခုကို ခုတ်၍ထမ်း၏။ မိမိ၏လူတို့အားလည်းထို နည်းတူအလျင်အမြန်ပြုရန်ပြောလေသည်။- |
6855 | JDG 11:24 | သင်သည်ထိုနယ်မြေကိုပြန်လည်ရယူရန် ကြိုးစားပါမည်လော။ သင်၏ဘုရားခေမုရှ ပေးအပ်သမျှနယ်မြေကိုသင်သိမ်းပိုက်ထား နိုင်ပါ၏။ ငါတို့အတွက်ငါတို့ဘုရားသခင် ထာဝရဘုရားသိမ်းယူတော်မူသောနယ် မြေရှိသမျှကိုငါတို့သိမ်းပိုက်ထားမည်။- |
7110 | JDG 21:6 | ဣသရေလအမျိုးသားတို့သည်မိမိတို့ ၏ညီများဖြစ်သော ဗင်္ယာမိန်အနွယ်ဝင်တို့ အတွက်ဝမ်းနည်းကြေကွဲလျက်``ယနေ့ပင် လျှင်ဣသရေလအမျိုးအနွယ်အပေါင်း တို့အနက်တစ်နွယ်ကိုဆုံးရှုံးရလေပြီ။- |
7137 | RUT 1:8 | နောမိကချွေးမများအား``သင်တို့သည် ကိုယ့်မိခင်များအိမ်သို့ပြန်ကြလော့။ သင်တို့သည်ငါ၏အပေါ်၌သော်လည်းကောင်း၊ ကွယ်လွန်သွားသူတို့၏အပေါ်၌လည်းကောင်း ကျေးဇူးပြုခဲ့ကြသည်နည်းတူ ထာဝရဘုရားသည် သင်တို့အားကျေးဇူးပြုတော်မူပါစေသော။- |
7184 | RUT 3:10 | ဗောဇကလည်း``သင့်ကိုထာဝရဘုရား ကောင်းချီးပေးတော်မူပါစေ။ ယခုသင်ပြု သောအမှုသည် ယခင်ကသင့်ယောက္ခမအား ပြုခဲ့သည့်အမှုထက်ပင်ပို၍ သင်၏သစ္စာရှိ မှုကိုပေါ်လွင်စေပါ၏။ သင်သည်ဆင်းရဲသူ သို့မဟုတ်ချမ်းသာသူ လူပျိုလူရွယ်တစ်စုံ တစ်ယောက်ကိုရှာနိုင်သော်လည်းမရှာခဲ့ပါ။- |
7469 | 1SA 12:7 | သင်တို့သည်ယခုထ၍ရပ်ကြလော့။ ထာဝရ ဘုရား၏ရှေ့တော်တွင်သင်တို့ကိုငါပြစ်တင် စွပ်စွဲမည်။ ကိုယ်တော်သည်သင်တို့နှင့်ဘိုးဘေး တို့အား မဟာအမှုတော်များအားဖြင့်ကယ် ဆယ်တော်မူခဲ့ပုံကိုသတိရကြလော့။- |
7484 | 1SA 12:22 | ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။- |
7632 | 1SA 17:12 | ဒါဝိဒ်သည်ယုဒပြည်၊ ဗက်လင်မြို့မှဧဖရတ် အရပ်သားယေရှဲ၏သားဖြစ်၏။ ယေရှဲတွင် သားရှစ်ယောက်ရှိ၏။ ရှောလုမင်းနန်းစံချိန်၌ ယေရှဲသည်များစွာအိုမင်းလျက်နေလေပြီ။- |
7673 | 1SA 17:53 | ဣသရေလအမျိုးသားတို့သည်လိုက်လံ တိုက်ခိုက်ရာမှပြန်လာကြပြီးနောက် ဖိလိတ္တိ တပ်စခန်းကိုဝင်ရောက်လုယက်ကြလေသည်။- |
7926 | 1SA 26:18 | အရှင်သည်အဘယ်ကြောင့်မိမိ၏အစေခံဖြစ် သူအကျွန်ုပ်အား လိုက်လံဖမ်းဆီးလျက်ပင်ရှိ နေပါသေးသနည်း။ အကျွန်ုပ်သည်အဘယ် ရာဇဝတ်မှုကိုကူးလွန်မိပါသနည်း။- |
7998 | 1SA 30:17 | ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။- |
7999 | 1SA 30:18 | ဒါဝိဒ်သည်မိမိမယားနှစ်ယောက်နှင့်တကွ အာမလက်အမျိုးသားတို့သိမ်းယူသွား သမျှတို့ကိုပြန်လည်ရရှိလိုက်လေသည်။- |
8239 | 2SA 9:9 | ထိုအခါမင်းကြီးသည်ရှောလု၏အစေခံ ဇိဘကိုခေါ်ယူ၍``ငါသည်သင့်သခင်၏ မြေးမေဖိဗောရှက်အား ရှောလုမိသားစု ပိုင်ဆိုင်သမျှသောမြေယာတို့ကိုပေးမည်။- |
8357 | 2SA 13:37 | အဗရှလုံသည်ထွက်ပြေးပြီးလျှင်ဂေရှုရ ပြည်အမိဟုဒ်၏သားဘုရင်တာလမဲထံ သို့သွား၏။ ဒါဝိဒ်သည်လည်းသားတော် အာမနုန်အတွက် ကာလကြာမြင့်စွာဝမ်း နည်းကြေကွဲလျက်နေ၏။ အဗရှလုံသည် ဂေရှုရပြည်တွင်သုံးနှစ်မျှနေလေသည်။- |