226 | GEN 9:20 | နောဧသည်တောင်သူလယ်သမားတစ်ဦးဖြစ်၍ စပျစ်ခြံကိုအဦးဆုံးစိုက်ပျိုးခဲ့သူဖြစ်၏။- |
397 | GEN 16:15 | အာဗြံသည်ဟာဂရဖြင့်သားကိုရ၍ သူသည် ထိုသားကိုဣရှမေလဟုနာမည်မှည့်ခေါ်၏။- |
699 | GEN 26:6 | ထို့ကြောင့်ဣဇာက်သည်ဂေရာမြို့မှာနေထိုင်လေ၏။- |
1040 | GEN 35:28 | ဣဇာက်သည်အသက်တစ်ရာ့ရှစ်ဆယ်ထိအသက် ရှင်၏။ သူသည်အရွယ်ကြီးရင့်၍နေ့ရက်နှစ် ပေါင်းများစွာပြည့်ပြီဖြစ်သောကြောင့် နောက် ဆုံးထွက်သက်ကိုရှူ၍ကွယ်လွန်လေသည်။ သူသည်မိမိလူမျိုးစုနှင့်စုဝေးခွင့်ရ၏။- |
1660 | EXO 6:4 | ထို့အပြင်သူတို့သည်ဧည့်သည်အဖြစ်ဖြင့်နေ ထိုင်ခဲ့ရသောခါနာန်ပြည်ကို သူတို့အားပေး မည်ဟုငါသည်သူတို့နှင့်ပဋိညာဉ်ပြုခဲ့၏။- |
1914 | EXO 14:24 | နံနက်အရုဏ်မတက်မီအချိန်တွင် ထာဝရ ဘုရားသည်မီးတိုင်နှင့်မိုးတိမ်တိုင်တို့မှနေ ၍ အီဂျစ်စစ်တပ်ကိုကြည့်ရှုတော်မူပြီး လျှင်သူတို့ကိုဖရိုဖရဲဖြစ်စေတော်မူ၏။- |
2765 | LEV 2:2 | အာရုန်၏သားများဖြစ်သောယဇ်ပုရောဟိတ် တို့ထံသို့ယူဆောင်ခဲ့ရမည်။ တာဝန်ကျသော ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆုပ်၊ ဆီ နှင့်အမွှေးနံ့သာရှိသမျှကိုယူ၍ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသို့ပူဇော် ခြင်းသည်ထာဝရဘုရားအား ဘောဇဉ်အကုန် အစင်ပူဇော်ရာရောက်၏။ ဤပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။- |
3330 | LEV 20:11 | ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူသည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။- |
3332 | LEV 20:13 | ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။- |
4501 | NUM 26:10 | ထို့ကြောင့်သူတို့သည်ကောရ၏နောက်လိုက် များနှင့်အတူမြေမျိုခံရ၏။ ထိုနေ့၌ လောင်မီးကျ၍ လူပေါင်းနှစ်ရာ့ငါးဆယ် အသက်ဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက် ကလူအပေါင်းတို့ကိုသတိတရားရစေ၏။- |
6414 | JOS 21:31 | ဟေလကတ်မြို့နှင့်ရဟောဘမြို့တို့ဖြစ်ကြ၏။- |
8321 | 2SA 13:1 | ဒါဝိဒ်၏သားတော်အဗရှလုံတွင် တာမာ နာမည်ရှိသောအဆင်းလှသူနှမတော်ရှိ ၏။ ဒါဝိဒ်၏သားတော်တစ်ပါးဖြစ်သူအာ မနုန်သည်ထိုနှမတော်ကိုအလွန်စုံမက်၏။- |
9364 | 1KI 18:20 | သို့ဖြစ်၍အာဟပ်သည်ဣသရေလအမျိုး သားအပေါင်းနှင့် ဗာလပရောဖက်တို့ကို ကရမေလတောင်ထိပ်သို့စုရုံးစေတော်မူ၏။- |
9581 | 2KI 3:1 | ယုဒပြည်ဘုရင်ယောရှဖတ်၏နန်းစံတစ်ဆယ့် ရှစ်နှစ်မြောက်၌ အာဟပ်၏သားတော်ယောရံသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်နှစ်နှစ်စိုးစံရ၏။- |
9825 | 2KI 10:28 | ဤကားဗာလဘုရားအားကိုးကွယ်မှုကို ဣသရေလပြည်တွင်ပယ်ရှားခဲ့ပုံပင်ဖြစ်၏။- |
10787 | 1CH 14:8 | ဣသရေလနိုင်ငံတော်တစ်ဝှမ်းလုံးမှဒါဝိဒ် အားမင်းမြှောက်လိုက်ကြကြောင်း ဖိလိတ္တိအမျိုး သားတို့ကြားသိကြသောအခါ ဒါဝိဒ်ကိုဖမ်း ဆီးရန်တပ်ချီလာကြ၏။ သို့ဖြစ်၍ဒါဝိဒ် သည်ထိုသူတို့နှင့်ရင်ဆိုင်ရန်ထွက်ခွာလာခဲ့၏။- |
11016 | 1CH 23:28 | သူတို့၏အလုပ်ဝတ္တရားများမှာဗိမာန်တော် တွင် ဝတ်ပြုကိုးကွယ်မှု၌အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့အားကူညီရန်၊ ဗိမာန် တော်ဝင်းနှင့်အခန်းများကိုကြည့်ရှုစောင့် ထိန်းရန်၊ အမွန်အမြတ်ထားသည့်အရာ ဟူသမျှကိုသန့်စင်စွာထားရှိရန်တို့ဖြစ်၏။- |
11610 | 2CH 20:18 | ထိုအခါယောရှဖတ်မင်းသည်မြေသို့တိုင် အောင်ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ပြည်သူ အပေါင်းတို့သည်လည်းမင်းကြီးနှင့်အတူ ပျပ်ဝပ်ကာထာဝရဘုရားအားရှိခိုးကြ၏။- |
11873 | 2CH 31:14 | လေဝိအနွယ်ဝင်ဣမန၏သား၊ ဗိမာန်တော် အရှေ့တံခါးမှူးကောရသည်ထာဝရဘုရား အား ပေးလှူသည့်ပူဇော်သကာများကိုလက် ခံရန်နှင့်ဝေမျှရန်တာဝန်ယူဆောင်ရွက်ရ၏။- |
20550 | EZK 1:17 | သို့ဖြစ်၍ထိုဘီးတို့သည်မလှည့်ဘဲအရပ်လေးမျက်နှာသို့ သတ္တဝါလေးပါးသွားလာသည့်အတိုင်းသွားနိုင်ကြ၏။- |
21590 | EZK 40:44 | ထိုနောက်ထိုသူသည်အတွင်းဝင်းသို့ငါ့ကိုခေါ်ဆောင်သွား၏။ မြောက်မုခ်ပေါက်၏နံဘေးတံတိုင်းအတွင်းဝင်း၌အခန်းတစ်ခုရှိ၏။ ထိုအခန်းသည်တောင်ဘက်သို့မျက်နှာမူလျက်နေ၏။ တောင်မုခ်ပေါက်၏နံဘေး၌လည်းအလားတူအခန်းတစ်ခုရှိ၏။ ထိုအခန်းသည်မြောက်ဘက်သို့မျက်နှာမူလျက်နေ၏။- |
23331 | MAT 5:28 | သို့ရာတွင်တပ်မက်သောစိတ်ဖြင့်အမျိုးသမီး တစ်ဦးကိုကြည့်သူသည် မိမိ၏စိတ်တွင်ထိုအမျိုး သမီးကိုပြစ်မှားပြီဟုသင်တို့အားငါဆို၏။- |
23380 | MAT 6:29 | သို့ရာတွင်အလွန်ချမ်းသာကြွယ်ဝသည့်ရှောလမုန် မင်းကြီးပင်လျှင်ထိုပန်းပင်တစ်ပင်ကဲ့သို့လှပ အောင်မဝတ်မဆင်နိုင်ဟုသင်တို့အားငါဆို၏။- |
23449 | MAT 9:1 | သခင်ယေရှုသည်လှေကိုစီး၍အိုင်တစ်ဖက်သို့ ကူးပြီးလျှင်မိမိနေရင်းမြို့သို့ကြွတော်မူ၏။- |
23701 | MAT 14:35 | ထိုမြို့သားတို့သည်ကိုယ်တော်ကိုမှတ်မိကြသဖြင့် ပတ်ဝန်းကျင်အရပ်ရပ်သို့လူများစေလွှတ်၍ ဖျား နာသူတို့ကိုအထံတော်သို့ခေါ်ဆောင်လာကြ၏။- |
23818 | MAT 18:22 | သခင်ယေရှုက ``ခုနစ်ကြိမ်တိုင်အောင်ဖြေလွှတ်ရ မည်ဟုသင့်အားငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင်အောင်ဖြေလွှတ်ရမည်ဟုငါဆို၏။- |
23953 | MAT 22:12 | သို့ရာတွင်ထိုသူသည်မဖြေနိုင်ဘဲရှိနေ၏။- |
23960 | MAT 22:19 | အခွန်တော်ပေးဆောင်ရန်ငွေဒင်္ဂါးတစ်ပြားကို ငါ့အားပြကြလော့'' ဟုမိန့်တော်မူ၏။ သူတို့သည်ဒေနာရိတစ်ပြားကိုယူခဲ့ကြ၏။- |
24261 | MAT 27:63 | ``အရှင်၊ ထိုလူလိမ်အသက်ရှင်စဉ်အခါက၊ `ငါ သည်သုံးရက်ကြာသော်သေခြင်းမှထမြောက်မည်' ဟုပြောဆိုခဲ့သည်ကိုအကျွန်ုပ်တို့မှတ်မိပါ၏။- |
24393 | MRK 4:1 | ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေတွင် တစ် ဖန်ဟောပြောသွန်သင်တော်မူပြန်၏။ လူပရိသတ် ကြီးသည်အထံတော်သို့လာရောက်စုဝေးကြ၏။ ပရိသတ်ကြီးမားသဖြင့် ကိုယ်တော်သည်အိုင်ထဲ ရှိလှေတစ်စင်းပေါ်သို့တက်၍ထိုင်တော်မူ၏။ လူ အပေါင်းတို့သည်ကမ်းခြေရေစပ်တွင်ရှိနေကြ၏။- |
25048 | LUK 2:6 | ဗက်လင်မြို့တွင်ရှိနေကြစဉ်မာရိမျက်နှာမြင် ရန်နေ့လစေ့သဖြင့်သားဦးကိုဖွားမြင်လေ၏။- |
25380 | LUK 9:10 | တမန်တော်တို့သည်ကိုယ်တော်ထံသို့ပြန်လာကြ လျက် မိမိတို့လုပ်ဆောင်ခဲ့သမျှတို့ကိုလျှောက် ထားကြ၏။ ကိုယ်တော်သည်သူတို့ကိုခေါ်၍ ဗက်ဇဲဒနာမည်တွင်သောမြို့သို့ကြွတော်မူ၏။- |
25917 | LUK 21:22 | အဘယ်ကြောင့်ဆိုသော်ထိုနေ့ရက်ကာလသည် အပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလဖြစ်သော ကြောင့်တည်း။ ကျမ်းစာတော်တွင်ဖော်ပြခဲ့သည့် အမှုအရာများဖြစ်ပျက်ရာကာလပင်ဖြစ်၏။- |
25993 | LUK 22:60 | သို့ရာတွင်ပေတရုက ``အချင်းလူ၊ သင်ပြော သောအကြောင်းအရာကိုငါမသိ'' ဟုဆို၏။ ဤသို့ပေတရုပြောဆိုနေစဉ်ကြက်တွန်လေ၏။- |
26073 | LUK 24:13 | ထိုနေ့၌ပင်တပည့်တော်နှစ်ယောက်တို့သည် ဧမောက်ဟုခေါ်သောရွာသို့သွားကြ၏။ ထိုရွာ သည်ယေရုရှလင်မြို့နှင့်ခုနစ်မိုင်ခန့်ဝေး၏။- |
26373 | JHN 6:47 | အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ ကိုယုံကြည်သူသည်ထာဝရအသက်ကိုရ၏။- |
26651 | JHN 12:2 | ကိုယ်တော်အားညစာဖြင့်ဧည့်ခံရာ၌မာသက ဧည့်ဝတ်ကိုပြု၏။ ကိုယ်တော်နှင့်အတူစားပွဲတွင် ထိုင်ကြသူများအထဲတွင်လာဇရုလည်းပါ၏။- |
26852 | JHN 17:24 | ``အို အဖ၊ ကမ္ဘာမတည်မရှိမီကိုယ်တော်သည် အကျွန်ုပ်ကိုချစ်၍ပေးတော်မူသောဘုန်း အသရေကို အကျွန်ုပ်အားကိုယ်တော်ပေးအပ် တော်မူသောသူတို့သည်မြင်ကြစေရန် အကျွန်ုပ် ရှိရာအရပ်တွင်သူတို့အားရှိစေလိုပါ၏။- |
27002 | ACT 1:10 | ဤသို့ကိုယ်တော်တက်ကြွတော်မူစဉ်တမန်တော် တို့သည် မိုးကောင်းကင်သို့အာရုံစိုက်၍ကြည့်နေ ကြ၏။ ထိုအခါဝတ်ဖြူစင်ကြယ်နှင့်လူနှစ်ယောက် သည်ရုတ်တရက်သူတို့အနီးတွင်ပေါ်လာလေ၏။- |
27178 | ACT 6:8 | သတေဖန်သည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုကြွယ်ဝစွာခံစားရသူ၊ တန်ခိုးတော် ကိုခံယူရရှိသူဖြစ်သဖြင့် အံ့သြဖွယ်ရာ အမှုများနှင့်နိမိတ်လက္ခဏာများကိုပြလေ၏။- |
27259 | ACT 8:14 | ယေရုရှလင်မြို့ရှိတမန်တော်တို့သည်ရှမာရိ ပြည်သားတို့ ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုခံယူကြကြောင်းကြားလျှင် ပေတရု နှင့်ယောဟန်တို့ကိုသူတို့ထံသို့စေလွှတ်ကြ၏။- |
27403 | ACT 11:27 | ထိုအခါကာလ၌ပရောဖက်အချို့တို့သည် ယေရုရှလင်မြို့မှအန္တိအုတ်မြို့သို့လာကြ၏။- |
27481 | ACT 13:50 | သို့သော်လည်းယုဒအမျိုးသားတို့သည် ဘုရား သခင်ကိုကိုးကွယ်သူအထက်တန်းလွှာအမျိုး သမီးများနှင့် မြို့မျက်နှာဖုံးအမျိုးသားများ ကိုလှုံ့ဆော်ကာပေါလုနှင့်ဗာနဗတို့အား ညှဉ်းပန်းနှိပ်စက်စေကြ၏။ သူတို့သည်ထိုသူ နှစ်ဦးအားမိမိတို့နယ်မှနှင်ထုတ်လိုက်ကြ၏။- |
27602 | ACT 17:10 | ညဥ့်အချိန်ရောက်လျှင်ရောက်ချင်းယုံကြည် သူတို့သည် ပေါလုနှင့်သိလတို့ကိုဗေရိမြို့ သို့ထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည်ယုဒတရားဇရပ်သို့သွားကြ၏။- |
27764 | ACT 21:32 | ချက်ချင်းပင်စစ်သားများနှင့်တပ်ခွဲမှူးများ ကိုခေါ်၍ လူပရိသတ်ရှိရာသို့အပြေးလာ ခဲ့၏။ လူတို့သည်တပ်မှူးနှင့်စစ်သားများကို မြင်သောအခါပေါလုကိုမရိုက်ဘဲနေကြ၏။- |
27900 | ACT 26:9 | ``အကျွန်ုပ်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့ သားယေရှု၏နာမတော်နှင့်ဆန့်ကျင်သည့် အမှုများကိုပြုသင့်သည်ဟုယူဆခဲ့ပါ၏။- |
27950 | ACT 27:27 | တစ်ဆယ့်လေးရက်မြောက်သောည၌ ကျွန်ုပ်တို့ သင်္ဘောသည်မြေထဲပင်လယ်တွင်လေပြင်းမုန် တိုင်းတိုက်ခတ်ရာသို့မျောပါလျက်ရှိ၏။ သန်း ခေါင်အချိန်ခန့်တွင်သင်္ဘောသားတို့သည် ကမ်း တစ်ခုခုနှင့်နီးလာသည်ဟုရိပ်စားမိကြ၏။- |
28707 | 1CO 12:5 | အစေခံရန်နည်းအမျိုးမျိုးရှိသော်လည်း အစေခံရသည့်သခင်ကားတစ်ပါးတည်းရှိ၏။- |
29483 | PHP 2:25 | ငါ၏လုပ်ဖော်ဆောင်ဘက်၊ ငါနှင့်အတူတိုက်ပွဲ ဝင်ခဲ့သူ၊ ငါ့အားပြုစုရန်သင်တို့ကစေလွှတ် လိုက်သူ၊ ငါတို့၏ညီဧပဖြောဒိတ်ကိုသင်တို့ ထံသို့စေလွှတ်ရန်လိုအပ်သည်ဟုငါယူဆ၏။- |
29485 | PHP 2:27 | သူသည်အမှန်ပင်သေလုနီးပါးဖျားနာခဲ့၏။ သို့ရာတွင်ဘုရားသခင်သည်သူ့ကိုသနား တော်မူလေပြီ။ သူ့ကိုသာလျှင်သနားတော် မူသည်မဟုတ်။ ငါ့အားလည်းထပ်ဆင့်ဝမ်း နည်းမှုနှင့်မကြုံတွေ့စေရန်သနားတော်မူ၏။- |
29949 | 2TI 4:12 | ငါသည်တုခိတ်ကိုဧဖက်မြို့သို့စေလွှတ်လိုက်၏။- |
30149 | HEB 7:18 | ယခင်ပညတ်ဟောင်းသည်အားနည်း၍အကျိုး ကိုမပေးနိုင်သောကြောင့်ပယ်ရှားခြင်းကိုခံရ၏။- |
30481 | 1PE 2:15 | သင်တို့သည်မိမိတို့၏အကျင့်ကောင်းအားဖြင့် အသိဉာဏ်ကင်းမဲ့သည့်လူမိုက်တို့၏နှုတ်ကို ပိတ်ရန်ဘုရားသခင်အလိုတော်ရှိတော်မူ၏။- |