185 | GEN 8:1 | ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။- |
1462 | GEN 48:10 | ယာကုပ်သည်အသက်အရွယ်အိုမင်းပြီ ဖြစ်သောကြောင့် မျက်စိမှုန်၍ကောင်းစွာမ မြင်နိုင်။ ယောသပ်သည်သူ၏သားများကို ယာကုပ်အနီးသို့ခေါ်ခဲ့ရာ သူသည်သူငယ် များကိုဖက်၍နမ်းရှုပ်လေ၏။- |
4347 | NUM 21:6 | ထိုအခါထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ရှိရာသို့မြွေဆိုးများကိုစေ လွှတ်သဖြင့် လူပေါင်းများစွာတို့သည်မြွေ ကိုက်ခံရ၍သေဆုံးကြ၏။- |
4398 | NUM 22:22 | ထိုသို့ဗာလမ်လိုက်သွားသဖြင့်ဘုရားသခင်သည် အမျက်တော်ထွက်လေ၏။ ဗာလမ် သည်အစေခံနှစ်ယောက်လိုက်ပါလျက်မြည်း ကိုစီး၍သွားနေစဉ် ထာဝရဘုရား၏ ကောင်းကင်တမန်သည်သူသွားရာလမ်း ပေါ်တွင်ရပ်၍တားဆီးနေ၏။- |
7490 | 1SA 13:3 | ယောနသန်သည် ဂေဗာမြို့ရှိဖိလိတ္တိတပ်မှူး ကိုသတ်ဖြတ်လိုက်၏။ ထိုသတင်းကိုဖိလိတ္တိ အမျိုးသားအပေါင်းတို့ကြားကြ၏။ ထို အခါရှောလုသည်စေတမန်များအား ဣသ ရေလပြည်တစ်လျှောက်လုံးသို့လွှတ်ကာဟေဗြဲ အမျိုးသားတို့အားစစ်ပွဲဝင်ကြရန်တံပိုး ခရာမှုတ်၍စုရုံးစေ၏။- |
7838 | 1SA 23:25 | ရှောလုနှင့်စစ်သည်တပ်သားတို့သည်ဒါဝိဒ် ကိုရှာရန်ထွက်လာကြ၏။ သို့ရာတွင်ထို အကြောင်းကိုဒါဝိဒ်ကြားသိရလျှင် မောန တောကန္တာရရှိကျောက်တောင်သို့သွားရောက် ပုန်းအောင်းလေသည်။ ဤအကြောင်းကို ကြားသောအခါ ရှောလုသည်ဒါဝိဒ်ရှိ ရာသို့လိုက်၍ရှာတော်မူ၏။- |
9392 | 1KI 19:2 | ယေဇဗေလသည်ဧလိယအား``အကယ်၍ ငါသည်နက်ဖြန်ဤအချိန်ရောက်မှ ပရောဖက် တို့အားသင်ပြုခဲ့သည့်အတိုင်းသင့်အားမပြု ပါမူ ဘုရားတို့သည်ငါ့ကိုအဆုံးစီရင်ကြ ပါစေသော'' ဟုလူလွှတ်၍ပြောကြားစေ၏။- |
10918 | 1CH 19:6 | ဟာနုန်မင်းနှင့်အမ္မုန်အမျိုးသားတို့သည် ဒါဝိဒ်မင်းအား မိမိတို့ရန်ဖက်ပြုမိကြ ကြောင်းသိရှိလာကြသောအခါမေသော ပေါတာမိပြည်အထက်ပိုင်းနှင့် ရှုရိပြည် ဖြစ်ကြသောမာခါပြည်၊ ဇောဘပြည်တို့ မှစစ်တပ်တစ်တပ်ကိုငွေတန်ချိန်လေး ဆယ်မျှပေး၍ငှားရမ်းကြ၏။- |
11453 | 2CH 12:11 | ဗိမာန်တော်သို့မင်းကြီးသွားရောက်သည့်အခါ တိုင်းကိုယ်ရံတော်တပ်သားတို့သည် ထိုဒိုင်းလွှား များကိုကိုင်ဆောင်ရကြပြီးနောက်ကင်းစောင့် ခန်းတွင်ပြန်၍ထားရကြ၏။- |
12784 | EST 5:1 | ဧသတာသည်မိမိအစာရှောင်၍ သုံးရက်မြောက် သောနေ့၌မိဖုရား၏အဝတ်တန်ဆာကိုဝတ် ဆင်ကာ ရာဇပလ္လင်တည်ရာခန်းမဆောင်၏ရှေ့ ၌ရှိသောနန်းတော်အတွင်းတံတိုင်းသို့သွား ၍ရပ်နေလေသည်။ မင်းကြီးသည်အဝင်ဝ ဘက်သို့လှည့်၍ထိုင်လျက်နေ၏။- |
19302 | JER 11:7 | သူတို့၏ဘိုးဘေးများအားအီဂျစ်ပြည်မှ ထုတ်ဆောင်လာစဉ်အခါက ငါသည်သူတို့ အားငါ၏စကားကိုနားထောင်ကြရန်ကြပ် တည်းစွာသတိပေးခဲ့၏။ ယနေ့ထိတိုင် အောင်ဆက်လက်၍သတိပေး၏။- |
22075 | DAN 9:18 | အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။- |
22275 | HOS 8:12 | ငါသည်သူတို့အတွက်များစွာသောပညတ် များကိုရေးချပေးသော်လည်းသူတို့က ထိုပညတ်များသည်သူတို့နှင့်မဆိုင်၊ ထူး ဆန်းသည်ဟူ၍ပစ်ပယ်ကြ၏။- |
27731 | ACT 20:37 | သူတို့သည်ပေါလုကိုဖက်ယမ်းလျက် ငိုယို ကာနမ်းရှုပ်၍နှုတ်ဆက်ကြ၏။- |
28022 | ROM 1:24 | ထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။- |
28135 | ROM 5:20 | အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။- |
30274 | HEB 11:35 | အမျိုးသမီးတို့သည်လည်းယုံကြည်ခြင်း အားဖြင့်သေရာမှရှင်လာသောဆွေမျိုးများ တို့ကိုပြန်လည်၍ရရှိကြ၏။ အချို့သောသူတို့သည်လွတ်မြောက်ခွင့်ကို လက်မခံဘဲ သာလွန်မွန်မြတ်သည့်ဘဝသို့ ထမြောက်ဝင်စားရစေရန်နှိပ်စက်ညှဉ်းဆဲ ခြင်းကိုခံ၍သေကြကုန်၏။- |
30746 | JUD 1:6 | မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။- |