1863 | EXO 12:46 | ပသခါစားပွဲကိုပြင်ဆင်သောအိမ်ထဲ၌သာ စားရမည်။ အိမ်ပြင်သို့ယူမသွားရ။ သား ကောင်၏အရိုးများကိုလည်းမချိုးရ။- |
2679 | EXO 39:14 | ကျောက်မျက်တစ်လုံးပေါ်တွင်နာမည်တစ်ခု ကျစီဖြင့်၊ ကျောက်မျက်တစ်ဆယ့်နှစ်လုံးပေါ် တွင်ဣသရေလတစ်ဆယ့်နှစ်မျိုးကိုကိုယ်စား ပြုရန်၊ ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက် တို့၏နာမည်များကိုထွင်းထားလေသည်။- |
5102 | DEU 6:14 | အခြားဘုရားများကိုမဆည်းကပ်နှင့်။ သင် တို့ပတ်ဝန်းကျင်တွင်နေထိုင်သောလူမျိုး တို့၏ဘုရားများကိုမကိုးကွယ်နှင့်။- |
5694 | DEU 29:12 | သို့မှသာထာဝရဘုရားသည်သင်တို့ နှင့်သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကတိ ရှိတော်မူသည့်အတိုင်း သင်တို့ကိုထာဝရ ဘုရား၏လူမျိုးတော်အဖြစ်အတည်ပြု တော်မူမည်။ ထာဝရဘုရားသည်လည်း သင် တို့၏ဘုရားသခင်ဖြစ်တော်မူမည်။- |
6177 | JOS 13:21 | ကုန်းပြင်မြင့်ပေါ်ရှိမြို့အားလုံးနှင့်ဟေရှ ဘုန်မြို့တွင် စိုးစံသောအာမောရိမင်းရှိဟုန် ၏နိုင်ငံတစ်ခုလုံးပါဝင်သည်။ မောရှေ သည်ထိုမင်းနှင့်တကွမိဒျန်မင်းများဖြစ် ကြသောဧဝိမင်း၊ ရေကင်မင်း၊ ဇုရမင်း၊ ဟုရမင်းနှင့်ရေဘမင်းတို့ကိုနှိမ်နင်းခဲ့ လေသည်။ ထိုမင်းငါးပါးတို့သည်ရှိဟုန် မင်း၏သြဇာခံမင်းများဖြစ်ကြသည်။- |
7438 | 1SA 10:18 | ဤသို့ဆို၏။ ``ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ ကိုအီဂျစ်ပြည်မှငါထုတ်ဆောင်၍ သင်တို့ အားနှိပ်စက်ကလူပြုသောအီဂျစ်အမျိုး သားများနှင့်အခြားအမျိုးသားအပေါင်း တို့၏ဘေးမှကယ်ဆယ်တော်မူခဲ့သည်။- |
11192 | 1CH 29:23 | သို့ဖြစ်၍ရှောလမုန်သည်မိမိခမည်း တော်၏အရိုက်အရာကိုဆက်ခံလျက် ထာဝရဘုရားတည်စေသောရာဇပလ္လင် ပေါ်တွင်ထိုင်တော်မူ၏။ သူသည်အောင်မြင် သောဘုရင်ဖြစ်ပေသည်။ ဣသရေလ အမျိုးသားတစ်ရပ်လုံးသည်လည်း သူ၏အမိန့်ကိုနာခံကြလေသည်။- |
19891 | JER 34:21 | ယုဒဘုရင်ဇေဒကိနှင့်မှူးမတ်များအား သူ တို့ကိုသတ်ဖြတ်လိုသည့်ရန်သူများ၏လက် သို့ငါပေးအပ်မည်။ ငါသည်သူတို့အားယခု အတိုက်အခိုက်ရပ်စဲလိုက်သည့် ဗာဗုလုန် ဘုရင်၏တပ်မတော်လက်သို့ပေးအပ်မည်။- |
20754 | EZK 12:5 | သူတို့ရှေ့မှောက်၌ပင်သင်သည်မိမိ၏အိမ် နံရံတွင်အပေါက်ဖောက်၍ ထိုအပေါက်မှ သင်၏အထုပ်အပိုးကိုထုတ်ယူလော့။- |
20892 | EZK 16:61 | သင်၏အစ်မနှင့်ညီမတို့သည်သင့်ထံသို့ ပြန်လည်ရောက်ရှိလာသောအခါ သင်သည် မိမိပြုကျင့်ခဲ့သည့်အမှုကိုသတိရ၍ ရှက်လိမ့်မည်။ သင်နှင့်ငါဖွဲ့ခဲ့သောပဋိညာဉ် တွင်မပါရှိသော်လည်း ငါသည်သူတို့အား သင်၏သမီးများသဖွယ်ဖြစ်စေမည်။- |
22437 | AMO 1:4 | ထို့ကြောင့်ငါသည်ဟာဇေလမင်းမျိုး အပေါ်သို့မီးမိုးရွာစေပြီး ဗင်ဟာဒဒ် မင်း၏ရဲတိုက်များကိုပြာချလိုက်မည်။- |
25907 | LUK 21:12 | သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။- |
29425 | EPH 6:21 | ငါနှင့်ပတ်သက်သောအကြောင်းအရာကိုသင် တို့သိစေခြင်းငှာ သတင်းအလုံးစုံကိုသင် တို့အားတုခိတ်ကပြောပြလိမ့်မည်။ သခင် ဘုရား၏အမှုတော်ကိုဆောင်ရာတွင်သူ သည်ငါတို့အားသစ္စာရှိစွာကူညီသူ၊ ငါ တို့၏ချစ်လှစွာသောညီဖြစ်ပေသည်။- |
30700 | 1JN 5:9 | ငါတို့သည်လူတို့၏သက်သေခံချက်ကို လက်ခံတတ်ကြ၏။ ဘုရားသခင်၏သက်သေ ခံတော်မူချက်မှာ လူတို့၏သက်သေခံချက် ထက်ပို၍ပင်ခိုင်လုံ၏။ ကိုယ်တော်သည်သား တော်၏အကြောင်းသက်သေခံတော်မူပြီ။- |