1698 | EXO 7:12 | ထိုသူတို့သည်မိမိတို့၏တောင်ဝှေးများကို ပစ်ချရာ တောင်ဝှေးများသည်မြွေဖြစ်ကြ ကုန်၏။ သို့ရာတွင်အာရုန်၏မြွေကထိုသူ တို့၏မြွေများကိုမျိုလိုက်လေ၏။- |
8778 | 1KI 2:5 | ``ထို့ပြင်သင့်အားမှာကြားရန်ကိစ္စတစ်ခု ရှိသေး၏။ ယွာဘသည်ဣသရေလတပ်မ တော်ဗိုလ်ချုပ်နှစ်ဦးဖြစ်သောနေရ၏သား အာဗနာနှင့်ယေသာ၏သားအာမသတို့ ကိုသတ်ခြင်းအားဖြင့် ငါ့အားအဘယ်သို့ ပြုခဲ့ကြောင်းသင်မှတ်မိပါလိမ့်မည်။ စစ် ဖြစ်ချိန်ကသတ်ဖြတ်မှုများအတွက် လက်စားချေသည့်အနေဖြင့် သူသည်ထို သူတို့အားငြိမ်းချမ်းနေချိန်၌အဘယ် သို့သတ်ဖြတ်ခဲ့သည်ကိုလည်းသင်မှတ်မိ ပါလိမ့်မည်။ သူသည်အပြစ်မဲ့သူများ အားသတ်ခဲ့သည်။ သူပြုခဲ့သည့်အမှု အတွက်ယခုငါ့မှာတာဝန်ရှိသဖြင့် သူ၏ဆိုးမွေကိုငါခံရ၏။- |
9899 | 2KI 13:24 | ရှုရိဘုရင်ဟာဇေလကွယ်လွန်သောအခါ သူ၏သားတော်ဗင်္ဟာဒဒ်နန်းတက်၏။- |
10150 | 2KI 22:1 | ယောရှိသည်အသက်ရှစ်နှစ်ရှိသောအခါ ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင် မြို့တွင်သုံးဆယ့်တစ်နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာဗောဇကတ်မြို့သားအဒါ ယ၏သမီးယေဒိဒဖြစ်၏။- |
10414 | 1CH 4:25 | ရှောလ၏သားသည်ရှလ္လုံ၊ သူ၏မြေးမှာ မိဘသံ၊ သူ၏မြစ်မှာမိရှမဖြစ်၏။- |
10654 | 1CH 9:35 | ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ၏ဇနီးမှာမာခါနာမည်ရှိ၏။- |
10913 | 1CH 19:1 | ထိုနောက်ကာလအနည်းငယ်ကြာသော အခါ အမ္မုန်ဘုရင်နာဟတ်ကွယ်လွန်၍ သူ၏သားဟာနုန်မင်းဖြစ်လေ၏။- |
24565 | MRK 7:33 | သခင်ယေရှုသည်လူပရိသတ်ထဲမှထိုသူ တစ်ယောက်တည်းကို လူရှင်းရာသို့ခေါ်သွားတော် မူပြီးနောက် သူ၏နားများအတွင်းသို့လက်ညှိုး တော်ကိုထိုးထည့်တော်မူ၏။ တံတွေးထွေး၍ သူ၏လျှာကိုလည်းတို့တော်မူ၏။- |
26481 | JHN 8:31 | သခင်ယေရှုသည်ယုံကြည်သူတို့အား ``သင် တို့သည်ငါဟောပြောသွန်သင်သည်အတိုင်းပြု ကျင့်ကြလျှင် ငါ၏တပည့်အမှန်ဖြစ်ကြ၏။- |
28160 | ROM 7:1 | ညီအစ်ကိုတို့၊ သင်တို့သည်တရားဥပဒေ များအကြောင်းကိုသိထားသူများဖြစ်၍ ငါ ယခုပြောဆိုမည့်အကြောင်းအရာကိုနား လည်ကြလိမ့်မည်။ လူသည်အသက်ရှင်လျက် နေသမျှကာလပတ်လုံးတရားဥပဒေ များ၏အာဏာစက်အောက်တွင်ရှိ၏။- |