1 | GEN 1:1 | အစ အဦး၌ ဘုရားသခင် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏။ |
2 | GEN 1:2 | မြေကြီး သည်အဆင်း သဏ္ဍာန်မရှိ၊ လွတ်လပ် လဟာဖြစ်၏။ နက်နဲ ရာအရပ် ကို မှောင်မိုက် ဖုံးလွှမ်း ၍ ဘုရားသခင် ၏ ဝိညာဉ် တော်သည် ရေ မျက်နှာပြင် ပေါ် မှာ လှုပ်ရှား တော်မူ၏။ |
3 | GEN 1:3 | ဘုရား သခင်ကလည်း အလင်း ဖြစ်စေ ဟု အမိန့် တော်ရှိ၍ အလင်း ဖြစ် လေ၏။ |
5 | GEN 1:5 | အလင်း ကို နေ့ဟူသောအမည်ဖြင့်၎င်း ၊ မှောင်မိုက် ကို ညဉ့် ဟူသောအမည်ဖြင့်၎င်း ၊ ခေါ်ဝေါ် သမုတ် တော်မူ၍ ည ဦးနှင့် နံနက် သည် ပဌမ နေ့ရက် ဖြစ် လေ၏။ |
6 | GEN 1:6 | တဖန် ဘုရားသခင် က ရေ အလယ် ၌ မိုဃ်း မျက်နှာကြက်ဖြစ် စေ၊ ရေ နှင့် ရေ ချင်း ခြားနား စေဟု အမိန့် တော်ရှိသဖြင့်၊ |
7 | GEN 1:7 | မိုဃ်း မျက်နှာကြက်ကို ဘုရား သခင်ဖန်ဆင်း တော်မူ၍ ၊ မိုဃ်း မျက်နှာကြက်အောက် ၌ ရှိသောရေ နှင့်၊ မိုဃ်း မျက်နှာကြက်အပေါ် ၌ ရှိသောရေ ကို ပိုင်းခြား တော်မူသည်အတိုင်း ဖြစ် လေ၏။ |
8 | GEN 1:8 | မိုဃ်း မျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင် ဟူသောအမည်ဖြင့် ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ ၍ ၊ ည ဦးနှင့် နံနက် သည် ဒုတိယ နေ့ ရက်ဖြစ် လေ၏။ |
9 | GEN 1:9 | တဖန် ဘုရား သခင်က မိုဃ်း ကောင်းကင်အောက် ၌ ရှိသောရေ စုဝေး စေ၊ ကုန်း ပေါ် စေဟု အမိန့် တော် ရှိသည်အတိုင်း ဖြစ် လေ၏။ |
10 | GEN 1:10 | ကုန်း ကိုမြေ ဟူသောအမည်ဖြင့်၎င်း၊ ရေ စုဝေး ရာကို ပင်လယ် ဟူသောအမည် ဖြင့်၎င်း ၊ ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ၍ ထို အမှုအရာကောင်း သည်ကို ဘုရား သခင်မြင် တော်မူ၏။ |
11 | GEN 1:11 | တဖန် ဘုရား သခင်က၊ မြေ သည် မြက် ပင်ကို၎င်း၊ စပါး သီးကို ဖြစ်စေသော စပါး ပင် ကို၎င်း၊ မြေ ပေါ် မှာ မျိုးစေ့ ပါလျက် သစ်သီး မျိုးကို ဖြစ် စေသော သစ်ပင်ကို၎င်း၊ ပေါက် စေဟု အမိန့် တော်ရှိသည် အတိုင်း ဖြစ် လေ၏။ |
12 | GEN 1:12 | မြေ သည်မြက် ပင်ကို၎င်း စပါး သီးမျိုးကို ဖြစ်စေသော စပါး ပင်ကို၎င်း၊ မိမိ ၌ မျိုးစေ့ ပါလျက် သစ်သီး မျိုး ကို ဖြစ်စေ သော သစ်ပင် ကို၎င်း ပေါက် စေ၏။ |
13 | GEN 1:13 | ထို အမှုအရာကောင်း သည်ကို ဘုရား သခင်မြင် တော်မူ၍ ၊ ည ဦးနှင့် နံနက် သည် တတိယ နေ့ရက် ဖြစ် လေ၏။ |
14 | GEN 1:14 | တဖန် ဘုရား သခင်က၊ နေ့ နှင့် ညဉ့် ကို ပိုင်းခြား စေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ အလင်း အိမ် တည် စေ၊ နိမိတ် လက္ခဏာ၊ ချိန်းချက် သောအချိန်၊ နေ့ ရက်အပိုင်းအခြား၊ နှစ် အပိုင်းအခြားဘို့ ဖြစ် စေ။ |
15 | GEN 1:15 | မိုဃ်းကောင်းကင် မျက်နှာကြက် ၌ တည်၍ မြေကြီး လင်း စရာ အလင်း အိမ်ဖြစ် စေဟု အမိန့်တော်ရှိ သည့်အတိုင်း ဖြစ် လေ၏။ |
16 | GEN 1:16 | ထိုသို့ ဘုရား သခင်သည် အလင်း အိမ်ကြီး နှစ် လုံးတည်းဟူသောနေ့ ကိုအုပ်စိုး ရသောအကြီး တလုံး၊ ညဉ့် ကို အုပ်စိုး ရသောအငယ် တလုံးနှင့်တကွ ကြယ် များတို့ကို ဖန်ဆင်း တော်မူပြီးလျှင်၊ |
19 | GEN 1:19 | ည ဦးနှင့် နံနက် သည် စတုတ္ထ နေ့ ရက်ဖြစ် လေ၏။ |
20 | GEN 1:20 | တဖန် ဘုရား သခင်က အသက် ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် တို့ကို ရေ သည်များပြား စွာ မွေးဘွားစေ။ ငှက် တို့လည်း မြေ ပေါ် မိုဃ်းကောင်းကင် မျက်နှာကြက် ပြင် ဝယ်ပျံ စေဟု အမိန့်တော်ရှိ၏။ |
21 | GEN 1:21 | ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုး အလိုက် များပြား စွာ မွေးဘွား၍၊ ငါးကြီး အစ ရှိသော အသက်ရှင် ၍ လှုပ်ရှား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း၊ ပျံ တတ်သော ငှက် မျိုးအပေါင်း တို့ကို၎င်း ဘုရား သခင်ဖန်ဆင်း ၍၊ ထို အမူအရာကောင်း သည်ကို မြင် တော်မူ၏။ |
23 | GEN 1:23 | ည ဦးနှင့် နံနက် သည် ပဉ္စမ နေ့ ရက်ဖြစ် လေ၏။ |
24 | GEN 1:24 | တဖန် ဘုရား သခင်က၊ မြေ သည် အသက်ရှင် သောသတ္တဝါ မျိုးတည်းဟူသောသားယဉ်တို့ကို၎င်း၊ တွား တတ်သော တိရစ္ဆာန် တို့ကို၎င်း ၊ သားရဲ မျိုး တို့ကို၎င်း ၊ မွေးဘွား စေဟုအမိန့် တော်ရှိသည်အတိုင်း ဖြစ် လေ၏။ |
25 | GEN 1:25 | ထို သို့ ဘုရား သခင်သည် သားရဲ မျိုး၊ သားယဉ်မျိုး၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန် မျိုး အပေါင်းတို့ကို ဖန်ဆင်း ၍ ၊ ထို အမှုအရာကောင်း သည်ကို မြင် တော်မူ၏။ |
26 | GEN 1:26 | တဖန် ဘုရား သခင်က ငါ တို့ပုံသဏ္ဍာန်နှင့်အညီတသဏ္ဍန်တည်း လူ ကို ဖန်ဆင်း ကြစို့။ သူသည် ပင်လယ် ငါး တို့ကို၎င်း ၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း ၊ သား ယဉ်တို့ကို၎င်း ၊ မြေ တပြင်လုံး နှင့်တကွ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း ၊ အုပ်စိုး စေဟု အမိန့်တော်ရှိ၏။ |
27 | GEN 1:27 | ထိုသို့ ဘုရား သခင်သည် မိမိ ပုံသဏ္ဍန် နှင့်အညီ လူ ကိုဖန်ဆင်း တော်မူ၏။ ဘုရား သခင်၏ ပုံ သဏ္ဍာန် တော်နှင့်အညီ လူယောက်ျား ၊ လူမိန်းမ ကိုဖန်ဆင်း ပြီးလျှင်၊ |
29 | GEN 1:29 | ဘုရား သခင်ကလည်း ကြည့်ရှု လော့။ မြေ တပြင်လုံး ၌ စပါး သီးကို ဖြစ်စေသော စပါး ပင် အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ ကိုဖြစ်စေသော အသီး နှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုး တို့ကို၎င်း၊ သင် တို့စားစရာ ဘို့ ငါပေး ၏။ |
30 | GEN 1:30 | မြေ သား၊ မိုဃ်းကောင်းကင် ငှက် ၊ အသက် ရှင်၍ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်မျိုးအပေါင်း တို့ စားစရာ ဘို့ ၊ မြက် ပင် အမျိုးမျိုး တို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း ဖြစ် လေ၏။ |
31 | GEN 1:31 | ဘုရား သခင်သည် မိမိဖန်ဆင်း သမျှ သောအရာတို့ကို ကြည့်ရှု လျှင် ၊ အလွန် ကောင်း သည်ကို မြင် တော်မူ၍ ၊ ည ဦးနှင့် နံနက် သည် ဆဌမ နေ့ ရက်ဖြစ် လေ၏။ |
33 | GEN 2:2 | သတ္တမ နေ့ ရက်ရောက်လျှင်၊ ဘုရား သခင်သည် ဖန်ဆင်း သောအမှု ကို လက်စသတ် တော်မူခဲ့ပြီးသည် ဖြစ်၍ ၊ ဖန်ဆင်း သမျှ သောအမူ အရာတို့သည် ပြီးစီးပြီးမှ၊ ထို သတ္တမ နေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏။ |
34 | GEN 2:3 | ထို သတ္တမ နေ့ ကို ဘုရား သခင်သည် ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။ အကြောင်းမူကား ၊ ဖန်ဆင်း ပြုပြင်တော်မူသောထိုအမှု အရာအလုံးစုံ တို့သည် ပြီးစီးသောကြောင့်ထိုနေ့ရက်၌ ငြိမ်ဝပ် စွာနေ တော်မူ၏။ |
35 | GEN 2:4 | ဤ အကြောင်းအရာကား၊ ထာဝရ အရှင်ဘုရား သခင်သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောနေ့ ၊ ဖန်ဆင်း ရာကာလ ၌ ကောင်းကင် နှင့် မြေကြီး ၏ မူလ အတ္ထုပတ္တိပေတည်း။ |
36 | GEN 2:5 | မြေ ၌ လယ် ယာပျိုး ပင်မ ပေါက်မှီ၊ လယ် ယာ၌ စပါးပင်မ ကြီးပွားမှီ၊ အပင် ရှိ သမျှတို့ကိုဖန်ဆင်း တော်မူ၏။ ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် မြေ ပေါ် ၌ မိုဃ်းကိုရွာ စေတော်မ မူသေး။ မြေ ၌လုပ် သော လူ လည်း မ ရှိသေးသည်ဖြစ်၍၊ |
37 | GEN 2:6 | မြေ မှ အခိုး အငွေ့ထွက် သဖြင့် မြေ တပြင်လုံးကို စို စေလေ၏။ |
38 | GEN 2:7 | ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။ |
39 | GEN 2:8 | ထာဝရ အရှင် ဘုရား သခင်သည်လည်း အရှေ့ မျက်နှာ၊ ဧဒင် အရပ်၌ ဥယျာဉ် ကို စိုက်ပျိုး ပြီးလျှင်၊ ဖန်ဆင်း တော်မူသောလူ ကို ထို ဥယျာဉ်၌ နေရာ ချတော်မူ၏။ |
41 | GEN 2:10 | ထို ဥယျာဉ်ကို စို စေလိုသော ငှာ မြစ် တမြစ်သည် ဧဒင် အရပ်ထဲက စီးထွက် သဖြင့် ၊ ဥယျာဉ် ပြင်မှာ လေးဖြာကွဲ ၍ မြစ်မ လေး သွယ်ဖြစ် လေ၏။ |
42 | GEN 2:11 | ပဌမ မြစ်ကား ဖိရုန် အမည် ရှိ၏။ ထို မြစ်သည် ရွှေ ရှိသော ဟာဝိလ ပြည် နား တရှောက်လုံး ကို စီးသွား လေ၏။ |
43 | GEN 2:12 | ထို ပြည် မှဖြစ်သောရွှေ သည် ကောင်း လှ၏။ |
45 | GEN 2:14 | တတိယ မြစ် ကား ဟိဒကေလ အမည် ရှိ၏။ ထို မြစ်သည် အာရှုရိ တိုင်း အရှေ့ သို့ စီးသွား လေ၏။ စတုတ္ထ မြစ် ကား ဥဖရတ် အမည်ရှိ၏။ |
50 | GEN 2:19 | ထာဝရ အရှင်ဘုရား သခင်သည် မြေ တိရစ္ဆာန် တို့နှင့်၊ မိုဃ်းကောင်းကင် ငှက် အပေါင်း တို့ကို မြေ ဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ ခေါ်ဝေါ် သမုတ်မည်ကို သိ ခြင်းငှာ ၊ လူ ရှိရာသို့ ဆောင် ခဲ့တော်မူ၏။ လူ သည် လည်း အသက်ရှင် သော သတ္တဝါ အပေါင်း တို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း ၊ နာမည် အသီးအသီးရှိကြ၏။ |
52 | GEN 2:21 | ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကို ကြီး သောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူ သည် အိပ်ပျော် စဉ် ၊ နံရိုး တ ချောင်းကို ဘုရားသခင်ထုတ် ပြီးလျှင်၊ ထို အရိုးအစား အသား ကို စေ့စပ် စေတော်မူ၏။ |
53 | GEN 2:22 | ထာဝရ အရှင်ဘုရား သခင်သည် လူ ထဲက ထုတ် သော နံရိုး ဖြင့် လူမိန်းမ ကိုဖန်ဆင်း၍ လူ ရှိရာသို့ ဆောင် ခဲ့ တော်မူ၏။ |
54 | GEN 2:23 | လူ ကလည်း ၊ ယခု ဤ သူသည်ငါ့ အရိုး ထဲက အရိုး ၊ ငါ့ အသား ထဲက အသား ဖြစ်၏။ လူ ထဲက ထုတ် သောကြောင့် သူ့ ကိုလူမိန်းမ ဟု ခေါ်ဝေါ် အပ်သည်ဟု ဆိုလေ၏။ |
55 | GEN 2:24 | ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကို စွန့် ၍ ၊ ကိုယ့် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူတို့သည် တသား တကိုယ်တည်း ဖြစ် ရလိမ့်မည်။ |
57 | GEN 3:1 | မြွေ သည် ထာဝရ အရှင်ဘုရား သခင် ဖန်ဆင်း တော်မူ သောမြေ တိရစ္ဆာန် တကာ တို့ထက် လိမ္မာ သည် ဖြစ် ၍ ၊ မိန်းမ အား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှ သောအပင် တို့၏ အသီးကိုမ စား ရဟု ဧကန် စင်စစ် ဘုရား သခင် မိန့် တော်မူသလောဟု မေး ၏။ |
61 | GEN 3:5 | အကြောင်းမူကား ၊ ထို အသီးကိုစား သောနေ့ ၌ သင်တို့ သည် မျက်စိ ပွင့် လင်းလျက် ကောင်း မကောင်း ကို သိ ၍ ၊ ဘုရား သခင်ကဲ့သို့ ဖြစ် ကြ လတံ့သည်ကို၊ ဘုရား သခင်သိ တော်မူသည်ဟု မိန်းမ အားဆို ၏။ |
62 | GEN 3:6 | ထို အပင် သည် စားဘွယ် ကောင်း ခြင်း၊ အဆင်း လည်း လှခြင်း၊ ပညာ တိုးပွားစေလိုသောငှါ ၊ နှစ်သက် ဖွယ်သော အပင် ဖြစ်ခြင်းကို မိန်းမ သည် မြင်လျှင် ၊ အသီး ကို ယူ ၍ စား ၏။ မိမိ ခင်ပွန်း အား လည်း ပေး ၍ သူ သည်လည်း စား ၏။ |
63 | GEN 3:7 | ထိုသူနှစ် ယောက်တို့သည် မျက်စိ ပွင့် လင်း၍ မိမိ တို့၌ အဝတ် အချည်းစည်းရှိသည်ကို သိ မြင်လျှင် ၊ မိမိ တို့ ဝတ် ရန်ဖို့ သင်္ဘော သဖန်းပင်အရွက် တို့ကို ချုပ် စပ်၍ ခါးစည်းကိုလုပ် ကြ၏။ |
70 | GEN 3:14 | ထာဝရ အရှင်ဘုရား သခင်သည် မြွေ ကိုခေါ် ၍ သင်သည် ဤ အမှုကို ပြု သောကြောင့် သားယဉ် သားရဲ အပေါင်း တို့ထက် ကျိန် ခြင်းကို ခံရ၏။ သင် သည် ဝမ်း ဖြင့် သွား ၍ မြေမှုန့် ကို တသက်လုံး စား ရမည်။ |
71 | GEN 3:15 | သင် နှင့် မိန်းမ ကို၎င်း ၊ သင် ၏အမျိုးအနွယ် နှင့် မိန်းမ ၏ အမျိုးအနွယ် ကို၎င်း ၊ ငါသည်ရန်ငြိုး ဖွဲ့ စေမည်။ သူသည် သင် ၏ခေါင်း ကို ကြိတ် လိမ့်မည်၊ သင်သည် သူ ၏ဖနောင့် ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။ |
74 | GEN 3:18 | ဆူး ပင်အမျိုးမျိုးတို့ကိုလည်း သင် အဖို့ မြေပေါက် စေမည်။ လယ် ၌ ဖြစ်သော ဟင်းသီးဟင်းရွက် တို့ကို သင် စား ရမည်။ |
75 | GEN 3:19 | သင် ထွက် ရာမြေ သို့ မပြန် မှီတိုင်အောင် ၊ သင် ၏ မျက်နှာ မှချွေး ထွက်လျက် အစာ ကိုစား ရမည်။ အကြောင်းမူကား ၊ သင် သည် မြေမှုန့် ဖြစ်၍မြေမှုန့် သို့ ပြန် ရမည်ဟု မိန့် တော်မူ၏။ |
76 | GEN 3:20 | ထိုအခါ လူ သည် မိမိ မယား ကို ဧဝ အမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ သူ သည် အသက်ရှင် သော သူအပေါင်း တို့၏ အမိ ဖြစ် သတည်း။ |
77 | GEN 3:21 | ထာဝရ အရှင် ဘုရား သခင်သည်လည်း လူ လင်မယား တို့ သားရေ ဖြင့် ဝတ်လုံ ကိုလုပ် ၍ ဝတ် ခြုံစေတော်မူ ၏။ |
78 | GEN 3:22 | ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ လူ သည် ငါ တို့တွင် တပါးပါး ကဲ့သို့ ဖြစ် ၍၊ ကောင်း မကောင်း သိ တတ်၏။ ယခု မှာ သူသည် ထာဝရ အသက် ကို ရခြင်းငှါ၊ လက် ကိုဆန့် လျက် အသက် ပင် ၏အသီးကို ယူ ၍ မ စား သင့်ဟု မိန့်တော်မူ၏။ |
81 | GEN 4:1 | ထိုနောက်၊ လူ အာဒံသည် မယား ဧဝ နှင့်ဆက်ဆံ သဖြင့် ၊ ဧဝသည် ပဋိသန္ဓေ စွဲယူ၍ ၊ ကာဣန ကို ဘွားမြင် လျှင် ၊ ထာဝရ ဘုရား၏ လူ ကို ငါရ ပြီဟုဆို လေ၏။ |
82 | GEN 4:2 | တဖန် သူ့ ညီ အာဗေလ ကို ဘွားမြင် လေ၏။ အာဗေလ ကား သိုး ထိန်း ဖြစ် ၏။ ကာဣန ကားလယ် လုပ် သောသူဖြစ် ၏။ |
87 | GEN 4:7 | သင်သည် ကောင်းမွန် စွာ ပြုလုပ်အခွင့် မ ရလော။ ကောင်းမွန် စွာ မ ပြုလျှင် ၊ အပြစ် ဖြေသော ယဇ်ကောင် သည်တံခါး နား မှာ ဝပ် လျက်ရှိ၏။ သူ သည် သင် ၏ အလို သို့လိုက်၍၊ သင် သည် သူ့ ကို အုပ်စိုး ရ၏ဟု ကာဣန ကို မိန့် တော်မူ၏။ |
89 | GEN 4:9 | ထာဝရဘုရား ကလည်း သင့် ညီ အာဗေလ သည် အဘယ်မှာ ရှိသနည်းဟု ကာဣန ကို မေး တော်မူလျှင် အကျွန်ုပ်မ သိ ပါ။ အကျွန်ုပ် သည် ညီ ကို စောင့် ရသောသူ ဖြစ် ပါသလောဟု လျှောက် ဆို၏။ |
91 | GEN 4:11 | သို့ဖြစ်၍ သင့် ညီ ၏ အသွေး ကိုခံယူ ခြင်းငှါ ၊ မိမိ ပစပ် ကိုဖွင့် သော မြေကြီး ၏ ကျိန် ခြင်းကို သင် သည် ခံရသောကြောင့်၊ |
92 | GEN 4:12 | ယခုမှစ၍မြေ ၌လုပ် သောအခါ ပကတိ အတိုင်း အသီးအနှံ ကို မ ရရ။ မြေကြီး ပေါ် မှ ပြေးရသောသူ၊ အရပ်ရပ်လည် ရသောသူဖြစ် ရလိမ့်မည်ဟု မိန့် တော်မူ၏။ |
93 | GEN 4:13 | ကာဣန ကလည်း အကျွန်ုပ် အပြစ် သည် မဖြေ နိုင်အောင် ကြီး ပါသလော။ |
94 | GEN 4:14 | အကျွန်ုပ် ကို မြေကြီး ပြင် မှယနေ့ နှင်ထုတ် တော်မူပြီ၊ မျက်နှာ တော်ကိုလည်း မမြင် ရ။ မြေကြီး ပေါ် မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ် ပါရမည်။ တွေ့ သမျှ သောသူတို့ သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည် ဟု ထာဝရဘုရား ကို လျှောက် ဆို၏။ |
95 | GEN 4:15 | ထာဝရဘုရား ကလည်း သို့ဖြစ်၍ ကာဣန ကို သတ် သောသူမည်သည်ကား၊ ခုနစ် ဆသောအပြစ် ဒဏ်ကိုခံ ရလိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊ ကာဣန ကိုတွေ့ သောသူ တစုံတယောက် မျှ မ သတ် စေခြင်းငှါ၊ ထာဝရဘုရား သည် သူ ၌ အမှတ် ပေး တော်မူ၏။ |
97 | GEN 4:17 | ထိုအခါ ကာဣန သည် မိမိ မယား နှင့် ဆက်ဆံ သဖြင့်၊ သူ သည် ပဋိသန္ဓေစွဲယူ၍ ၊ သားဧနောက် ကို ဘွားမြင် လေ၏။ ကာဣန သည်လည်း မြို့ ကိုတည် ၍ မိမိ သား ၏ အမည် အလိုက် ၊ ထိုမြို့ ကို ဧနောက် မြို့ဟု သမုတ် လေ၏။ |
100 | GEN 4:20 | အာဒံ သည် သားယာဗလ ကိုဘွား မြင်လေ၏။ ထိုသားကား၊ တဲ ၌နေ သောသူ ၊ သိုး နွားစသည်တို့ကို မွေးသောသူတို့ ၏ အဘ ဆရာ ဖြစ် လေသတည်း။ |