| 2 |   GEN 1:2  |  မြေကြီး သည်အဆင်း သဏ္ဍာန်မရှိ၊ လွတ်လပ် လဟာဖြစ်၏။ နက်နဲ ရာအရပ် ကို မှောင်မိုက် ဖုံးလွှမ်း ၍ ဘုရားသခင် ၏ ဝိညာဉ် တော်သည် ရေ မျက်နှာပြင် ပေါ် မှာ လှုပ်ရှား တော်မူ၏။ | 
| 14 |   GEN 1:14  |  တဖန် ဘုရား သခင်က၊ နေ့ နှင့် ညဉ့် ကို ပိုင်းခြား စေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ အလင်း အိမ် တည် စေ၊ နိမိတ် လက္ခဏာ၊ ချိန်းချက် သောအချိန်၊ နေ့ ရက်အပိုင်းအခြား၊ နှစ် အပိုင်းအခြားဘို့ ဖြစ် စေ။ | 
| 19 |   GEN 1:19  |  ည ဦးနှင့် နံနက် သည် စတုတ္ထ နေ့ ရက်ဖြစ် လေ၏။ | 
| 20 |   GEN 1:20  |  တဖန် ဘုရား သခင်က အသက် ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် တို့ကို ရေ သည်များပြား စွာ မွေးဘွားစေ။ ငှက် တို့လည်း မြေ ပေါ် မိုဃ်းကောင်းကင် မျက်နှာကြက် ပြင် ဝယ်ပျံ စေဟု အမိန့်တော်ရှိ၏။ | 
| 21 |   GEN 1:21  |  ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုး အလိုက် များပြား စွာ မွေးဘွား၍၊ ငါးကြီး အစ ရှိသော အသက်ရှင် ၍ လှုပ်ရှား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း၊ ပျံ တတ်သော ငှက် မျိုးအပေါင်း တို့ကို၎င်း ဘုရား သခင်ဖန်ဆင်း ၍၊ ထို အမူအရာကောင်း သည်ကို မြင် တော်မူ၏။ | 
| 22 |   GEN 1:22  |  ဘုရား သခင်ကလည်း များပြား စွာ မွေးဘွား ကြလော့။ ပင်လယ် ရေ များကို ပြည့် စေကြလော့။ ငှက် တို့ လည်း မြေ ပေါ်၌ များပြား စေသတည်းဟု ထို တိရစ္ဆာန်တို့ကို ကောင်းကြီး ပေးတော်မူ၍၊ | 
| 23 |   GEN 1:23  |  ည ဦးနှင့် နံနက် သည် ပဉ္စမ နေ့ ရက်ဖြစ် လေ၏။ | 
| 24 |   GEN 1:24  |  တဖန် ဘုရား သခင်က၊ မြေ သည် အသက်ရှင် သောသတ္တဝါ မျိုးတည်းဟူသောသားယဉ်တို့ကို၎င်း၊ တွား တတ်သော တိရစ္ဆာန် တို့ကို၎င်း ၊ သားရဲ မျိုး တို့ကို၎င်း ၊ မွေးဘွား စေဟုအမိန့် တော်ရှိသည်အတိုင်း ဖြစ် လေ၏။ | 
| 25 |   GEN 1:25  |  ထို သို့ ဘုရား သခင်သည် သားရဲ မျိုး၊ သားယဉ်မျိုး၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန် မျိုး အပေါင်းတို့ကို ဖန်ဆင်း ၍ ၊ ထို အမှုအရာကောင်း သည်ကို မြင် တော်မူ၏။ | 
| 26 |   GEN 1:26  |  တဖန် ဘုရား သခင်က ငါ တို့ပုံသဏ္ဍာန်နှင့်အညီတသဏ္ဍန်တည်း လူ ကို ဖန်ဆင်း ကြစို့။ သူသည် ပင်လယ် ငါး တို့ကို၎င်း ၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း ၊ သား ယဉ်တို့ကို၎င်း ၊ မြေ တပြင်လုံး နှင့်တကွ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း ၊ အုပ်စိုး စေဟု အမိန့်တော်ရှိ၏။ | 
| 27 |   GEN 1:27  |  ထိုသို့ ဘုရား သခင်သည် မိမိ ပုံသဏ္ဍန် နှင့်အညီ လူ ကိုဖန်ဆင်း တော်မူ၏။ ဘုရား သခင်၏ ပုံ သဏ္ဍာန် တော်နှင့်အညီ လူယောက်ျား ၊ လူမိန်းမ ကိုဖန်ဆင်း ပြီးလျှင်၊ | 
| 28 |   GEN 1:28  |  အချင်းတို့ များပြား စွာမွေးဘွား ကြလော့။ မြေကြီး ကို ပြည့် စေ၍ နိုင် ကြလော့။ ပင်လယ် ငါး တို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း၊ အသက် ရှင်၍ မြေ ပေါ် မှာ လှုပ်ရှား တတ်သော တိရစ္ဆာန်အပေါင်း တို့ကို၎င်းအုပ်စိုး ကြလော့ဟုမိန့် တော်မူ၍ ၊ သူ တို့ကိုကောင်းကြီး ပေးတော်မူ၏။ | 
| 30 |   GEN 1:30  |  မြေ သား၊ မိုဃ်းကောင်းကင် ငှက် ၊ အသက် ရှင်၍ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်မျိုးအပေါင်း တို့ စားစရာ ဘို့ ၊ မြက် ပင် အမျိုးမျိုး တို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း ဖြစ် လေ၏။ | 
| 33 |   GEN 2:2  |  သတ္တမ နေ့ ရက်ရောက်လျှင်၊ ဘုရား သခင်သည် ဖန်ဆင်း သောအမှု ကို လက်စသတ် တော်မူခဲ့ပြီးသည် ဖြစ်၍ ၊ ဖန်ဆင်း သမျှ သောအမူ အရာတို့သည် ပြီးစီးပြီးမှ၊ ထို သတ္တမ နေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏။ | 
| 34 |   GEN 2:3  |  ထို သတ္တမ နေ့ ကို ဘုရား သခင်သည် ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။ အကြောင်းမူကား ၊ ဖန်ဆင်း ပြုပြင်တော်မူသောထိုအမှု အရာအလုံးစုံ တို့သည် ပြီးစီးသောကြောင့်ထိုနေ့ရက်၌ ငြိမ်ဝပ် စွာနေ တော်မူ၏။ | 
| 35 |   GEN 2:4  |  ဤ အကြောင်းအရာကား၊ ထာဝရ အရှင်ဘုရား သခင်သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောနေ့ ၊ ဖန်ဆင်း ရာကာလ ၌ ကောင်းကင် နှင့် မြေကြီး ၏ မူလ အတ္ထုပတ္တိပေတည်း။ | 
| 38 |   GEN 2:7  |  ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။ | 
| 45 |   GEN 2:14  |  တတိယ မြစ် ကား ဟိဒကေလ အမည် ရှိ၏။ ထို မြစ်သည် အာရှုရိ တိုင်း အရှေ့ သို့ စီးသွား လေ၏။ စတုတ္ထ မြစ် ကား ဥဖရတ် အမည်ရှိ၏။ | 
| 50 |   GEN 2:19  |  ထာဝရ အရှင်ဘုရား သခင်သည် မြေ တိရစ္ဆာန် တို့နှင့်၊ မိုဃ်းကောင်းကင် ငှက် အပေါင်း တို့ကို မြေ ဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ ခေါ်ဝေါ် သမုတ်မည်ကို သိ ခြင်းငှာ ၊ လူ ရှိရာသို့ ဆောင် ခဲ့တော်မူ၏။ လူ သည် လည်း အသက်ရှင် သော သတ္တဝါ အပေါင်း တို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း ၊ နာမည် အသီးအသီးရှိကြ၏။ | 
| 57 |   GEN 3:1  |  မြွေ သည် ထာဝရ အရှင်ဘုရား သခင် ဖန်ဆင်း တော်မူ သောမြေ တိရစ္ဆာန် တကာ တို့ထက် လိမ္မာ သည် ဖြစ် ၍ ၊ မိန်းမ အား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှ သောအပင် တို့၏ အသီးကိုမ စား ရဟု ဧကန် စင်စစ် ဘုရား သခင် မိန့် တော်မူသလောဟု မေး ၏။ | 
| 63 |   GEN 3:7  |  ထိုသူနှစ် ယောက်တို့သည် မျက်စိ ပွင့် လင်း၍ မိမိ တို့၌ အဝတ် အချည်းစည်းရှိသည်ကို သိ မြင်လျှင် ၊ မိမိ တို့ ဝတ် ရန်ဖို့ သင်္ဘော သဖန်းပင်အရွက် တို့ကို ချုပ် စပ်၍ ခါးစည်းကိုလုပ် ကြ၏။ | 
| 81 |   GEN 4:1  |  ထိုနောက်၊ လူ အာဒံသည် မယား ဧဝ နှင့်ဆက်ဆံ သဖြင့် ၊ ဧဝသည် ပဋိသန္ဓေ စွဲယူ၍ ၊ ကာဣန ကို ဘွားမြင် လျှင် ၊ ထာဝရ ဘုရား၏ လူ ကို ငါရ ပြီဟုဆို လေ၏။ | 
| 83 |   GEN 4:3  |  အချိန် စေ့ သောအခါ ၊ ကာဣန သည် ထာဝရဘုရား ထံ ပူဇော်သက္ကာ ဘို့၊ မြေ အသီး ကို ဆောင် ခဲ့၏။ | 
| 84 |   GEN 4:4  |  အာဗေလ သည်လည်း မိမိ သိုး စုတွင် အဦး ဘွားသော သားအချို့နှင့်၊ သိုး ဆီ ဥကိုဆောင် ခဲ့၏။ ထာဝရဘုရား သည် အာဗေလ နှင့် သူ ၏ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မူ၏။ | 
| 85 |   GEN 4:5  |  ကာဣန နှင့် သူ ၏ ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မ မူ၊ ထိုကြောင့် ကာဣန သည် အလွန် စိတ်ဆိုး ၍ မျက်နှာ ပျက် လေ၏။ | 
| 97 |   GEN 4:17  |  ထိုအခါ ကာဣန သည် မိမိ မယား နှင့် ဆက်ဆံ သဖြင့်၊ သူ သည် ပဋိသန္ဓေစွဲယူ၍ ၊ သားဧနောက် ကို ဘွားမြင် လေ၏။ ကာဣန သည်လည်း မြို့ ကိုတည် ၍ မိမိ သား ၏ အမည် အလိုက် ၊ ထိုမြို့ ကို ဧနောက် မြို့ဟု သမုတ် လေ၏။ | 
| 107 |   GEN 5:1  |  အာဒံ ၏သားစဉ်မြေးစက် စာရင်း ဟူမူကား၊ လူ ကို ဖန်ဆင်း တော်မူသောကာလ ၌ ၊ မိမိ ပုံသဏ္ဍာန် နှင့်အညီ၊ ဘုရား သခင်ဖန်ဆင်း တော်မူ၏။ | 
| 109 |   GEN 5:3  |  အာဒံ သည် အသက် တရာ့ သုံး ဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန် နှင့်အညီသဏ္ဍာန် တည်းသားကိုမြင် ရ၍ ရှေသ အမည် ဖြင့် မှည့် လေ၏။ | 
| 145 |   GEN 6:7  |  ထာဝရဘုရား ကလည်း ၊ ငါဖန်ဆင်း သော လူ ကို၎င်း၊ လူ မှစ၍ သားများ၊ တွား တတ်သော တိရစ္ဆာန် များ၊ မိုဃ်းကောင်းကင် ငှက် များတို့ကို၎င်းမြေကြီး မျက်နှာ မှာ ငါသုတ်သင် ပယ်ရှင်းမည်။ သူ တို့ကို ဖန်ဆင်း သောကြောင့် ငါနောင်တရ သည်ဟု မိန့် တော်မူ၏။ | 
| 147 |   GEN 6:9  |  နောဧ အတ္ထုပ္ပတ္တိ ဟူမူကား ၊ နောဧ သည် ဖြောင့်မတ် သောသူ ၊ မိမိ အမျိုး ၌ စုံလင် သောသူဖြစ် ၏။ ဘုရား သခင်နှင့်အတူ သွား လာ၏။ | 
| 149 |   GEN 6:11  |  ထိုအခါ မြေကြီး သည် ဘုရား သခင့်ရှေ့ မှာ ပုပ်စပ် လျက်ရှိ၏။ မြေကြီး သည် အဓမ္မ အမှုနှင့် ပြည့်စုံ လေ၏။ | 
| 151 |   GEN 6:13  |  ထိုအခါ ဘုရား သခင်သည်၊ နောဧ အား မိန့် တော်မူသည်ကား၊ သတ္တဝါ အပေါင်း တို့၏ အဆုံး သည် ငါ့ မျက်မှောက် တွင် ပေါ် လာပြီ။ သူ တို့ကြောင့် မြေကြီး သည် အဓမ္မ အမှုနှင့်ပြည့်စုံ လေ၏။ အကယ်စင်စစ်မြေကြီး နှင့်တကွ သူ တို့ကို ငါ ဖျက်ဆီး မည်။ | 
| 152 |   GEN 6:14  |  ဂေါဖရ သစ်သား ဖြင့် သင်္ဘော ကို ကိုယ် ဘို့ တည်လုပ် လော့။ အထဲ၌ လည်း အခန်း များကို လုပ် လော့။ အတွင်း ၊ ပြင် ၊ ပတ်လည်ကို ထင်းရူးစေး နှင့် သုတ် လော့။ | 
| 153 |   GEN 6:15  |  လုပ် ရမည်ပုံ ဟူမူကား၊ သင်္ဘော အလျား အတောင် သုံး ရာ ၊ အနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိစေရမည်။ | 
| 154 |   GEN 6:16  |  အပေါ် ၌ လည်းအမိုး ကိုလုပ် ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင် အကျယ် ရှိ စေရမည်။ သင်္ဘော နံ တစ်ဖက်၌ လည်း တံခါး ကို လုပ်ရမည်။ အောက် ဆင့်၊ အလယ် ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံး ဆင့်ကိုလည်း ရှိ စေရမည်။ | 
| 155 |   GEN 6:17  |  အသက် ရှင် သော သတ္တဝါ အပေါင်း တို့ကို၊ ကောင်းကင် အောက် မှ ငါ့ ကိုယ်တိုင်ပယ်ရှင်း ခြင်းငှါ ၊ မြေကြီး ကို ရေ လွှမ်းမိုး စေသဖြင့် ၊ မြေ ပေါ် မှာ ရှိသမျှ တို့သည် သေ ကြရမည်။ | 
| 156 |   GEN 6:18  |  သင် ၌ မူကား ၊ ငါ့ ပဋိညာဉ် ကို ငါတည် စေမည်။ သင် သည် သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ရမည်။ | 
| 157 |   GEN 6:19  |  အသက် ရှင်သော တိရစ္ဆာန် အမျိုးမျိုး ထဲက ၊ အထီး အမ ၊ အစုံ တို့ကိုယူ၍၊ သင် နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ ၊ သင်္ဘော ထဲ သို့ သွင်း ရမည်။ | 
| 158 |   GEN 6:20  |  ငှက် လည်းအမျိုး အလိုက် ၊ သားလည်း အမျိုး အလိုက် ၊ တွား တက်သော တိရစ္ဆာန်အပေါင်း လည်း အမျိုး အလိုက် ၊ အထီးအမ၊ အစုံ တို့သည် အသက် ချမ်းသာစေခြင်းငှါ ၊ သင့် ထံသို့ လာ ကြလိမ့်မည်။ | 
| 159 |   GEN 6:21  |  ကိုယ် စားစရာအဘို့ ၊ တိရစ္ဆာန် တို့စားစရာ အဘို့ ၊ စား အပ်သော အစာ အမျိုးမျိုး ကို ယူ ၍ သို ထားရမည်ဟု၊ ဘုရားသခင်မှာထားတော်မူ၏။ | 
| 161 |   GEN 7:1  |  ထိုနောက် ၊ ထာဝရဘုရား သခင်သည် နောဧ ကို တဖန် မိန့် တော်မူပြန်သည်ကား၊ ဤ ကာလ အမျိုးတွင် သင် သည် ငါ့ ရှေ့ ၌ ဖြောင့်မတ် ကြောင်းကို ငါသိမြင် သည် ဖြစ်၍၊ သင် ၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ကြလော့။ | 
| 162 |   GEN 7:2  |  မြေကြီး ပေါ် မှာ တိရစ္ဆာန်အမျိုး မပျက်ဆက်နွယ်စေခြင်းငှါ ၊ စင်ကြယ် သော သား မျိုး၊ တမျိုးတမျိုးတွင် အထီး အမ ခုနစ် စုံစီ၊ မ စင်ကြယ် သော သား မျိုး၊ တမျိုး တမျိုးတွင်လည်း အထီး အမ နှစ် စုံစီ၊ | 
| 164 |   GEN 7:4  |  အကြောင်းမူကား ၊ ယနေ့ မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက် လေးဆယ် ပတ်လုံးမြေကြီး ပေါ် သို့ မိုဃ်း ရွာ စေမည်။ ငါဖန်ဆင်း သော သတ္တဝါ အပေါင်း တို့ကို၊ မြေကြီး မျက်နှာ ပေါ် မှ ငါပယ်ရှင်း မည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။ | 
| 167 |   GEN 7:7  |  ရေ လွှမ်းမိုး ခြင်းဘေးကြောင့် ၊ နောဧ သည် မိမိ သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲသို့ ဝင် ၍ | 
| 168 |   GEN 7:8  |  ဘုရား သခင်မှာ ထားတော်မူသည့်အတိုင်း စင်ကြယ် သောသား ၊ မ စင်ကြယ် သောသား ၊ ငှက် များနှင့် မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်များအထဲ က၊ | 
| 169 |   GEN 7:9  |  အထီး အမ အစုံ တို့သည်၊ နောဧ နှင့်အတူသင်္ဘော ထဲသို့ ဝင် ကြ၏။ | 
| 173 |   GEN 7:13  |  ထို နေ့ ရက်တွင် ၊ နောဧ နှင့် မိမိ မယား မှစ၍ ရှေမ ၊ ဟာမ ၊ ယာဖက် တည်းဟူသောနောဧ သား သုံးယောက်၊ ချွေးမ သုံး ယောက်တို့သည် သင်္ဘော ထဲ သို့ ဝင် ကြ၏။ | 
| 174 |   GEN 7:14  |  သားရဲ မျိုး ၊ သားယဉ် မျိုး ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် မျိုး ၊ ပျံ တတ်သော ကြက် ငှက် မျိုး၊ | 
| 175 |   GEN 7:15  |  အသက် ရှင်သော တိရစ္ဆာန် အမျိုးအမျိုးအပေါင်း တို့အထဲက ၊ အထီးအမအစုံ တို့သည်၊ နောဧ နှင့်အတူသင်္ဘော ထဲသို့ ဝင် ကြလေ၏။ | 
| 176 |   GEN 7:16  |  ထိုသို့နောဧကို ဘုရား သခင်မှာ ထားတော်မူသည်အတိုင်း ဝင် သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်း သော တိရစ္ဆာန် တို့အထဲက ၊ အထီး အမ စုံလျက်ဝင် ကြ၏။ ထာဝရဘုရား သည်လည်း နောဧ ကို အထဲမှာ ပိတ် ထားတော်မူ၏။ | 
| 177 |   GEN 7:17  |  ရေ လွှမ်းမိုးခြင်းသည် အရက် လေး ဆယ်ပတ်လုံးမြေကြီး ပေါ် မှာ အစဉ်အတိုင်းတိုးတက် ၍ သင်္ဘော ကို မြေ မှ ခွါ လျက် ဆောင်ယူ လေ၏။ | 
| 178 |   GEN 7:18  |  တဖန် ရေ သည်အားကြီး၍ မြေကြီး ပေါ် မှာ အလွန် တိုးတက် သဖြင့် ၊ သင်္ဘော သည် ရေ မျက်နှာ ပေါ် ၌ မျော လျက်နေလေ၏။ | 
| 181 |   GEN 7:21  |  မြေ ပေါ် မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် မျိုးတည်းဟူသောငှက် ၊ သားယဉ် ၊ သားရဲ ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်အပေါင်း တို့နှင့် လူ အပေါင်း တို့သည် သေ ကြကုန်၏။ | 
| 183 |   GEN 7:23  |  မြေ မျက်နှာ ပေါ် ၌ ရှိသောလူ ဖြစ်စေ ၊ သား ဖြစ်စေ တွား တတ်သော အရာဖြစ်စေ ၊ မိုဃ်း ကောင်းကင်ငှက် ဖြစ်စေ၊ အသက် ရှင်သော အရာရှိ ရှိသမျှတို့ကို မြေကြီး ပေါ်က ပယ်ရှင်း တော်မူ၍ ၊ ပျက်စီး ကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧ မှစ၍ နောဧနှင့်အတူ သင်္ဘော ထဲ ၌ရှိသော သူတို့ သာ ကျန် ကြွင်းကြလေ၏။ | 
| 185 |   GEN 8:1  |  ဘုရား သခင်သည်၊ နောဧ မှစ၍ အသက် ရှင်သမျှ သောသတ္တဝါ၊ နောဧ နှင့်အတူ သင်္ဘော ထဲ ၌ရှိသောတိရစ္ဆာန် အပေါင်း တို့ကို အောက်မေ့ ၍ ၊ မြေကြီး ပေါ် မှာ လေ လာစေတော်မူသဖြင့် ရေ ငြိမ် လေ၏။ | 
| 188 |   GEN 8:4  |  သတ္တမ လ ၊ ဆယ် ခုနစ် ရက် နေ့တွင် သင်္ဘော သည် အာရရတ် အမည်ရှိသောတောင် ပေါ် မှာ တင် လေ၏။ | 
| 190 |   GEN 8:6  |  ထို အရက် လေး ဆယ်ကြာ လျှင်၊ နောဧ သည် သင်္ဘော ထဲ၌ လုပ် ခဲ့သော ပြတင်းပေါက် ကိုဖွင့် ၍ ၊ ကျီး တကောင်ကို လွှတ် လေ၏။ | 
| 193 |   GEN 8:9  |  မြေ တပြင်လုံး ၌ ရေ ရှိသေးသောကြောင့် ၊ ချိုး သည် ခြေ ဖြင့်နင်း၍ အမော ဖြေစရာကို မ တွေ့ သဖြင့် ၊ နောဧ ရှိရာ သင်္ဘော သို့ ပြန် လာလေ၏။ နောဧ သည်လည်း လက် ကိုဆန့် ၍ ၊ ချိုး ကိုကိုင် ယူပြီးလျှင် ၊ မိမိ နေရာ သင်္ဘော ထဲသို့ သွင်း လေ၏။ | 
| 194 |   GEN 8:10  |  တဖန် ခုနစ် ရက် နေ ပြီးမှထိုချိုး ကို သင်္ဘော ထဲက လွှတ် ပြန်၏။ | 
| 197 |   GEN 8:13  |  အနှစ် ခြောက် ရာ တခု ပဌမ လ ဆန်းတရက် နေ့တွင် ၊ မြေကြီး ပေါ် မှာ ရေ ခန်း ခြောက်သည်ရှိသော်၊ နောဧ သည် သင်္ဘော မိုး ကို ပယ်ဖျက် ၍ ကြည့်ရှု သောအခါ ၊ မြေ မျက်နှာ သွေ့ ခြောက်စရှိသည်ကို မြင် ၏။ | 
| 199 |   GEN 8:15  |  ဘုရား သခင်ကလည်း သင် သည် သား မယား ၊ ချွေးမ တို့နှင့်တကွ ၊ သင်္ဘော ထဲက ထွက် ဆင်းလော့။ | 
| 201 |   GEN 8:17  |  သင် ထံမှာ အသက် ရှင်သော တိရစ္ဆာန် ၊ ငှက် များ၊ သား များ မြေ ပေါ် ၌ တွား တတ်သောတိရစ္ဆာန်များ တို့သည်၊ မြေ ပေါ် မှာသားကိုမွေး ၍ အလွန် တိုးပွား များပြား မည်အကြောင်း ၊ ထိုတိရစ္ဆာန်ရှိသမျှ တို့ကို ကိုယ် နှင့်အတူ ထုတ် ဆောင်လော့ဟု၊ နောဧ ကို မိန့် တော်မူ၏။ | 
| 203 |   GEN 8:19  |  သား များ၊ တွား တတ်သော တိရစ္ဆာန်များ၊ ငှက် များ၊ မြေ ပေါ် မှာ လှုပ်ရှား တတ်သမျှ သောအမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘော ထဲက ထွက် ဆင်းကြ၏။ | 
| 204 |   GEN 8:20  |  နောဧ သည်လည်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ပြီးမှ စင်ကြယ် သောသား ၊ စင်ကြယ် သော ငှက် အမျိုးမျိုး ထဲက ယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့သော ယဇ် ကို ပူဇော်လေ၏။ | 
| 208 |   GEN 9:2  |  မြေ တိရစ္ဆာန် ၊ မိုဃ်းကောင်းကင် ငှက် အစ ရှိသော၊ မြေ ပေါ်မှာ လှုပ်ရှား တတ်သမျှ နှင့် ၊ ပင်လယ် ငါး အပေါင်း တို့သည်၊ သင် တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ် ခြင်းသဘောရှိ ကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင် တို့လက် ၌ ငါ အပ် ၏။ | 
| 211 |   GEN 9:5  |  အကယ်၍ သင် တို့အသက် တည်းဟူသော၊ သင် တို့အသွေး ကို ငါတောင်း မည်။ လူ ၊ တိရစ္ဆာန် အပေါင်း တို့၌ ငါတောင်း မည်။ ခပ်သိမ်းသော လူ တို့၏ ညီအစ်ကို ၌ လူ ၏အသက် ကို ငါတောင်း မည်။ | 
| 212 |   GEN 9:6  |  အကြင်သူသည် လူ ၏အသွေး ကိုသွန်း ၏။ ထိုသူ ၏အသွေး ကို လူ လက်ဖြင့် သွန်း ရမည်။ အကြောင်းမူကား ဘုရား သခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူ ကို ဖန်ဆင်း တော်မူ၏။ | 
| 216 |   GEN 9:10  |  သင် တို့ထံမှာ အသက် ရှင်သော တိရစ္ဆာန် တည်းဟူသော ငှက် ၊ သားယဉ် ၊ သားရဲ ရှိသမျှ သင်္ဘော ထဲက ထွက် ဆင်းသမျှ မှစ၍ ၊ မြေ တိရစ္ဆာန် အပေါင်း တို့နှင့် ၎င်း၊ ငါ သည်ကိုယ်တိုင်ပဋိညာဉ် ပြု ၏။ | 
| 217 |   GEN 9:11  |  သင် တို့နှင့် ငါ ပြု သော ပိဋိညာဉ် ဟူမူကား ၊ ရေ လွှမ်းမိုး ခြင်းအားဖြင့် ၊ ခပ်သိမ်း သော သတ္တဝါ တို့သည် နောက် တဖန်မ ဆုံး ရကြ။ မြေကြီး ကို ဖျက်ဆီး ဘို့ ရာနောက် တဖန်ရေ လွှမ်းမိုးခြင်း မ ရှိ ရ။ | 
| 218 |   GEN 9:12  |  ထိုမှတပါး ငါ တဘက်၊ သင် တို့နှင့် သင် တို့ထံမှာ အသက် ရှင်သမျှ သောတိရစ္ဆာန် တို့ တစ်ဖက်၌ သား မြေး အစဉ် အဆက်မပြတ်၊ ငါ ပြု သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဟူမူကား၊ | 
| 221 |   GEN 9:15  |  ထိုအခါငါ တဘက်၊ သင် တို့မှစ၍ ၊ အသက် ရှင်သောသတ္တဝါ ၊ တိရစ္ဆာန်ရှိသမျှ တို့ တစ်ဖက်၌ရှိသော ၊ ငါ ၏ ပဋိညာဉ် ကိုငါ အောက်မေ့ သဖြင့် ခပ်သိမ်း သော သတ္တဝါ တို့ကို ဖျက်ဆီး ခြင်းငှါ နောက် တဖန်ရေ လွှမ်းမိုးခြင်းမ ရှိ ရ။ | 
| 222 |   GEN 9:16  |  မိုဃ်းတိမ် ၌ သက်တံ့ ရှိ သည်ကို ငါကြည့်ရှု သဖြင့် ၊ ဘုရား သခင်နှင့် မြေကြီး ပေါ် မှာ အသက် ရှင်သော သတ္တဝါ တိရစ္ဆာန်အပေါင်း တို့ စပ်ကြား မှာရှိသော ထာဝရ ပဋိညာဉ် ကို ငါအောက်မေ့ မည်။ | 
| 223 |   GEN 9:17  |  ဤ သည်ကား ငါ နှင့် မြေကြီး ပေါ် မှာရှိသော သတ္တဝါ အပေါင်း တို့၏ စပ်ကြား မှာ၊ ငါအမြဲဖွဲ့ သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ်သတည်းဟု နောဧ ကို ဘုရား သခင်မိန့် တော်မူ၏။ | 
| 224 |   GEN 9:18  |  သင်္ဘော ထဲက ထွက် ဆင်းသော နောဧ သား တို့၏အမည်ကား ရှေမ ၊ ဟာမ ၊ ယာဖက် တည်း၊ ဟာမ သည် ခါနာန် ၏ အဘ ဖြစ် ၏။ |