1 | GEN 1:1 | အစ အဦး၌ ဘုရားသခင် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏။ |
6 | GEN 1:6 | တဖန် ဘုရားသခင် က ရေ အလယ် ၌ မိုဃ်း မျက်နှာကြက်ဖြစ် စေ၊ ရေ နှင့် ရေ ချင်း ခြားနား စေဟု အမိန့် တော်ရှိသဖြင့်၊ |
7 | GEN 1:7 | မိုဃ်း မျက်နှာကြက်ကို ဘုရား သခင်ဖန်ဆင်း တော်မူ၍ ၊ မိုဃ်း မျက်နှာကြက်အောက် ၌ ရှိသောရေ နှင့်၊ မိုဃ်း မျက်နှာကြက်အပေါ် ၌ ရှိသောရေ ကို ပိုင်းခြား တော်မူသည်အတိုင်း ဖြစ် လေ၏။ |
9 | GEN 1:9 | တဖန် ဘုရား သခင်က မိုဃ်း ကောင်းကင်အောက် ၌ ရှိသောရေ စုဝေး စေ၊ ကုန်း ပေါ် စေဟု အမိန့် တော် ရှိသည်အတိုင်း ဖြစ် လေ၏။ |
12 | GEN 1:12 | မြေ သည်မြက် ပင်ကို၎င်း စပါး သီးမျိုးကို ဖြစ်စေသော စပါး ပင်ကို၎င်း၊ မိမိ ၌ မျိုးစေ့ ပါလျက် သစ်သီး မျိုး ကို ဖြစ်စေ သော သစ်ပင် ကို၎င်း ပေါက် စေ၏။ |
14 | GEN 1:14 | တဖန် ဘုရား သခင်က၊ နေ့ နှင့် ညဉ့် ကို ပိုင်းခြား စေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ အလင်း အိမ် တည် စေ၊ နိမိတ် လက္ခဏာ၊ ချိန်းချက် သောအချိန်၊ နေ့ ရက်အပိုင်းအခြား၊ နှစ် အပိုင်းအခြားဘို့ ဖြစ် စေ။ |
15 | GEN 1:15 | မိုဃ်းကောင်းကင် မျက်နှာကြက် ၌ တည်၍ မြေကြီး လင်း စရာ အလင်း အိမ်ဖြစ် စေဟု အမိန့်တော်ရှိ သည့်အတိုင်း ဖြစ် လေ၏။ |
17 | GEN 1:17 | မြေကြီး ၌ လင်း စေခြင်းငှာ၎င်း၊ နေ့ နှင့် ညဉ့် ကို အုပ်စိုး ၍ အလင်း နှင့် မှောင်မိုက် ကို ပိုင်းခြား စေခြင်းငှာ၎င်း ၊ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရား သခင်ထား တော်မူ၏။ |
22 | GEN 1:22 | ဘုရား သခင်ကလည်း များပြား စွာ မွေးဘွား ကြလော့။ ပင်လယ် ရေ များကို ပြည့် စေကြလော့။ ငှက် တို့ လည်း မြေ ပေါ်၌ များပြား စေသတည်းဟု ထို တိရစ္ဆာန်တို့ကို ကောင်းကြီး ပေးတော်မူ၍၊ |
29 | GEN 1:29 | ဘုရား သခင်ကလည်း ကြည့်ရှု လော့။ မြေ တပြင်လုံး ၌ စပါး သီးကို ဖြစ်စေသော စပါး ပင် အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ ကိုဖြစ်စေသော အသီး နှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုး တို့ကို၎င်း၊ သင် တို့စားစရာ ဘို့ ငါပေး ၏။ |
33 | GEN 2:2 | သတ္တမ နေ့ ရက်ရောက်လျှင်၊ ဘုရား သခင်သည် ဖန်ဆင်း သောအမှု ကို လက်စသတ် တော်မူခဲ့ပြီးသည် ဖြစ်၍ ၊ ဖန်ဆင်း သမျှ သောအမူ အရာတို့သည် ပြီးစီးပြီးမှ၊ ထို သတ္တမ နေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏။ |
34 | GEN 2:3 | ထို သတ္တမ နေ့ ကို ဘုရား သခင်သည် ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။ အကြောင်းမူကား ၊ ဖန်ဆင်း ပြုပြင်တော်မူသောထိုအမှု အရာအလုံးစုံ တို့သည် ပြီးစီးသောကြောင့်ထိုနေ့ရက်၌ ငြိမ်ဝပ် စွာနေ တော်မူ၏။ |
35 | GEN 2:4 | ဤ အကြောင်းအရာကား၊ ထာဝရ အရှင်ဘုရား သခင်သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောနေ့ ၊ ဖန်ဆင်း ရာကာလ ၌ ကောင်းကင် နှင့် မြေကြီး ၏ မူလ အတ္ထုပတ္တိပေတည်း။ |
36 | GEN 2:5 | မြေ ၌ လယ် ယာပျိုး ပင်မ ပေါက်မှီ၊ လယ် ယာ၌ စပါးပင်မ ကြီးပွားမှီ၊ အပင် ရှိ သမျှတို့ကိုဖန်ဆင်း တော်မူ၏။ ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် မြေ ပေါ် ၌ မိုဃ်းကိုရွာ စေတော်မ မူသေး။ မြေ ၌လုပ် သော လူ လည်း မ ရှိသေးသည်ဖြစ်၍၊ |
39 | GEN 2:8 | ထာဝရ အရှင် ဘုရား သခင်သည်လည်း အရှေ့ မျက်နှာ၊ ဧဒင် အရပ်၌ ဥယျာဉ် ကို စိုက်ပျိုး ပြီးလျှင်၊ ဖန်ဆင်း တော်မူသောလူ ကို ထို ဥယျာဉ်၌ နေရာ ချတော်မူ၏။ |
40 | GEN 2:9 | ထို မြေ ထဲက အဆင်း လှ၍၊ စားဘွယ် ကောင်း သော အပင် အမျိုးမျိုး ကို ထာဝရ အရှင်ဘုရား သခင်ပေါက် စေတော်မူ၏။ ထိုဥယျာဉ် အလယ် ၌ အသက် ပင် လည်း ရှိ၏။ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင် လည်း ရှိ၏။ |
47 | GEN 2:16 | ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင်မှတပါး၊ ထိုဥယျာဉ် ၌ ရှိသမျှ သော အပင် တို့၏အသီးကို သင်သည် စား ရသောအခွင့်ရှိ၏။ |
55 | GEN 2:24 | ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကို စွန့် ၍ ၊ ကိုယ့် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူတို့သည် တသား တကိုယ်တည်း ဖြစ် ရလိမ့်မည်။ |
57 | GEN 3:1 | မြွေ သည် ထာဝရ အရှင်ဘုရား သခင် ဖန်ဆင်း တော်မူ သောမြေ တိရစ္ဆာန် တကာ တို့ထက် လိမ္မာ သည် ဖြစ် ၍ ၊ မိန်းမ အား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှ သောအပင် တို့၏ အသီးကိုမ စား ရဟု ဧကန် စင်စစ် ဘုရား သခင် မိန့် တော်မူသလောဟု မေး ၏။ |
59 | GEN 3:3 | ဥယျာဉ် အလယ် ၌ ရှိသောအပင် ၏အသီး ကိုကား၊ သင်တို့သည် မ ကိုင် မ စား ပဲ နေကြလော့၊ သို့မဟုတ် သေ မည်ဟု ဘုရား သခင်အမိန့် တော်ရှိသည်ဟု မြွေ အား ဆို ၏။ |
61 | GEN 3:5 | အကြောင်းမူကား ၊ ထို အသီးကိုစား သောနေ့ ၌ သင်တို့ သည် မျက်စိ ပွင့် လင်းလျက် ကောင်း မကောင်း ကို သိ ၍ ၊ ဘုရား သခင်ကဲ့သို့ ဖြစ် ကြ လတံ့သည်ကို၊ ဘုရား သခင်သိ တော်မူသည်ဟု မိန်းမ အားဆို ၏။ |
63 | GEN 3:7 | ထိုသူနှစ် ယောက်တို့သည် မျက်စိ ပွင့် လင်း၍ မိမိ တို့၌ အဝတ် အချည်းစည်းရှိသည်ကို သိ မြင်လျှင် ၊ မိမိ တို့ ဝတ် ရန်ဖို့ သင်္ဘော သဖန်းပင်အရွက် တို့ကို ချုပ် စပ်၍ ခါးစည်းကိုလုပ် ကြ၏။ |
64 | GEN 3:8 | နေဧသောအချိန် တွင် ၊ ထိုဥယျာဉ် ၌ ထာဝရ အရှင်ဘုရား သခင်ကြွ တော်မူသောအသံ ကို လုလင်မယားတို့သည် ကြား လျှင် ၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ် အပင် တို့တွင် ပုန်း ကွယ်လျက် နေကြ၏။ |
66 | GEN 3:10 | လူကလည်း ဥယျာဉ် ၌ ကိုယ်တော် ၏ အသံ ကို ကျွန်တော်ကြား လျှင်၊ အဝတ် အချည်းစည်းရှိသောကြောင့် ၊ ကြောက် ၍ ပုန်း လျက် နေပါသည်ဟု လျှောက် လေ၏။ |
67 | GEN 3:11 | ဘုရားသခင်ကလည်း၊ သင် ၌ အဝတ် အချည်းစည်းရှိသည်ကို သင် အား အဘယ်သူ ပြော သနည်း။ မ စား ရဟု ငါပညတ် သော အပင် ၏အသီးကို စား ပြီလောဟု မေး တော်မူ၏။ |
68 | GEN 3:12 | လူ ကလည်း ကျွန်တော် ၌ အပ်ပေး တော်မူသောမိန်းမ သည် ထိုအပင် ၏အသီးကိုပေး ၍ ကျွန်တော်စား မိပါသည်ဟု လျှောက် လေ၏။ |
72 | GEN 3:16 | မိန်းမ ကို လည်း၊ သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။ |
74 | GEN 3:18 | ဆူး ပင်အမျိုးမျိုးတို့ကိုလည်း သင် အဖို့ မြေပေါက် စေမည်။ လယ် ၌ ဖြစ်သော ဟင်းသီးဟင်းရွက် တို့ကို သင် စား ရမည်။ |
79 | GEN 3:23 | လူ သည် မိမိထွက် သော မြေ ၌ လုပ် ရမည်အကြောင်း ၊ ထာဝရ အရှင်ဘုရား သခင်သည် ဧဒင် ဥယျာဉ် ထဲက လွှတ် လိုက်တော်မူ၏။ |
80 | GEN 3:24 | ထိုသို့ လူ ကို နှင်ထုတ် ပြီးလျှင်၊ အသက် ပင် လမ်း ကို စောင့်ရှောက် စေခြင်းငှါ ၊ မီး စင်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကို ဥယျာဉ် အရှေ့ ဘက်၌ ထား တော်မူ၏။ |
92 | GEN 4:12 | ယခုမှစ၍မြေ ၌လုပ် သောအခါ ပကတိ အတိုင်း အသီးအနှံ ကို မ ရရ။ မြေကြီး ပေါ် မှ ပြေးရသောသူ၊ အရပ်ရပ်လည် ရသောသူဖြစ် ရလိမ့်မည်ဟု မိန့် တော်မူ၏။ |
95 | GEN 4:15 | ထာဝရဘုရား ကလည်း သို့ဖြစ်၍ ကာဣန ကို သတ် သောသူမည်သည်ကား၊ ခုနစ် ဆသောအပြစ် ဒဏ်ကိုခံ ရလိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊ ကာဣန ကိုတွေ့ သောသူ တစုံတယောက် မျှ မ သတ် စေခြင်းငှါ၊ ထာဝရဘုရား သည် သူ ၌ အမှတ် ပေး တော်မူ၏။ |
100 | GEN 4:20 | အာဒံ သည် သားယာဗလ ကိုဘွား မြင်လေ၏။ ထိုသားကား၊ တဲ ၌နေ သောသူ ၊ သိုး နွားစသည်တို့ကို မွေးသောသူတို့ ၏ အဘ ဆရာ ဖြစ် လေသတည်း။ |
105 | GEN 4:25 | အာဒံ သည်လည်း မိမိ မယား နှင့် တဖန် ဆက်ဆံ ပြန်လျှင်၊ မယားသည် သား ကို ဘွားမြင် ၍ ရှေသ ဟူသောအမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ ကာဣန သတ် သော အာဗေလ ကိုယ်စား တပါး သောအနွယ် ကို အကျွန်ုပ် အဘို့ ဘုရား သခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။ |
106 | GEN 4:26 | ရှေသ သည်လည်း သား ကိုရ ၍ ဧနုတ် ဟူသောအမည် ဖြင့် မှည့် လေ၏။ ထိုကာလ၌ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏၊ |
107 | GEN 5:1 | အာဒံ ၏သားစဉ်မြေးစက် စာရင်း ဟူမူကား၊ လူ ကို ဖန်ဆင်း တော်မူသောကာလ ၌ ၊ မိမိ ပုံသဏ္ဍာန် နှင့်အညီ၊ ဘုရား သခင်ဖန်ဆင်း တော်မူ၏။ |
108 | GEN 5:2 | လူယောက်ျား လူမိန်းမ ကို ဖန်ဆင်း ၍ ၊ ကောင်းကြီး ပေးတော်မူ၏။ ဖန်ဆင်း သောနေ့ ၌ လည်း သူ တို့ကို အာဒံ အမည် ဖြင့် မှည့် တော်မူ၏။ |
135 | GEN 5:29 | ဤ သူသည်ကား၊ ထာဝရဘုရား ကျိန် တော်မူသောမြေ ၌ လုပ် ၍ ပင်ပန်း စွာ ခံရသောငါ တို့အား သက်သာ စေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသောအမည် ဖြင့် မှည့် လေ၏။ |
142 | GEN 6:4 | ထို ကာလ ၌ ၊ မြေကြီး ပေါ် မှာ ကိုယ် ကြီးမားသော သူအချို့ရှိ ကြ၏။ ထိုနောက် ၌လည်း ၊ ဘုရား သခင်၏ သား တို့သည်၊ လူ သမီး တို့နှင့် ဆက်ဆံ၍ ရ သောသားတို့သည်၊ အား ကြီးသောသူ၊ ရှေး ကာလမှစ၍ ၊ ကျော်စော သောသူ ဖြစ် ကြ၏။ |
147 | GEN 6:9 | နောဧ အတ္ထုပ္ပတ္တိ ဟူမူကား ၊ နောဧ သည် ဖြောင့်မတ် သောသူ ၊ မိမိ အမျိုး ၌ စုံလင် သောသူဖြစ် ၏။ ဘုရား သခင်နှင့်အတူ သွား လာ၏။ |
152 | GEN 6:14 | ဂေါဖရ သစ်သား ဖြင့် သင်္ဘော ကို ကိုယ် ဘို့ တည်လုပ် လော့။ အထဲ၌ လည်း အခန်း များကို လုပ် လော့။ အတွင်း ၊ ပြင် ၊ ပတ်လည်ကို ထင်းရူးစေး နှင့် သုတ် လော့။ |
154 | GEN 6:16 | အပေါ် ၌ လည်းအမိုး ကိုလုပ် ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင် အကျယ် ရှိ စေရမည်။ သင်္ဘော နံ တစ်ဖက်၌ လည်း တံခါး ကို လုပ်ရမည်။ အောက် ဆင့်၊ အလယ် ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံး ဆင့်ကိုလည်း ရှိ စေရမည်။ |
156 | GEN 6:18 | သင် ၌ မူကား ၊ ငါ့ ပဋိညာဉ် ကို ငါတည် စေမည်။ သင် သည် သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ရမည်။ |
161 | GEN 7:1 | ထိုနောက် ၊ ထာဝရဘုရား သခင်သည် နောဧ ကို တဖန် မိန့် တော်မူပြန်သည်ကား၊ ဤ ကာလ အမျိုးတွင် သင် သည် ငါ့ ရှေ့ ၌ ဖြောင့်မတ် ကြောင်းကို ငါသိမြင် သည် ဖြစ်၍၊ သင် ၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ကြလော့။ |
170 | GEN 7:10 | ခုနစ် ရက် စေ့သောအခါ ၊ လွှမ်းမိုး အပ်သော ရေ သည် မြေ ပေါ် ၌ ပေါ် လာ၏။ |
178 | GEN 7:18 | တဖန် ရေ သည်အားကြီး၍ မြေကြီး ပေါ် မှာ အလွန် တိုးတက် သဖြင့် ၊ သင်္ဘော သည် ရေ မျက်နှာ ပေါ် ၌ မျော လျက်နေလေ၏။ |
179 | GEN 7:19 | နောက်တဖန်ရေ သည် မြေကြီး ပေါ် မှာ အလွန် အားကြီး သဖြင့် မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သော တောင် ကြီး အပေါင်း တို့သည် မြုပ် ကြ၏။ |
180 | GEN 7:20 | ရေမြုပ်သောတောင် တို့ အထက် ၌ လွှမ်း တတ်သော ရေ သည် ဆယ့် ငါး တောင် ရှိသတည်း။ |
183 | GEN 7:23 | မြေ မျက်နှာ ပေါ် ၌ ရှိသောလူ ဖြစ်စေ ၊ သား ဖြစ်စေ တွား တတ်သော အရာဖြစ်စေ ၊ မိုဃ်း ကောင်းကင်ငှက် ဖြစ်စေ၊ အသက် ရှင်သော အရာရှိ ရှိသမျှတို့ကို မြေကြီး ပေါ်က ပယ်ရှင်း တော်မူ၍ ၊ ပျက်စီး ကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧ မှစ၍ နောဧနှင့်အတူ သင်္ဘော ထဲ ၌ရှိသော သူတို့ သာ ကျန် ကြွင်းကြလေ၏။ |
185 | GEN 8:1 | ဘုရား သခင်သည်၊ နောဧ မှစ၍ အသက် ရှင်သမျှ သောသတ္တဝါ၊ နောဧ နှင့်အတူ သင်္ဘော ထဲ ၌ရှိသောတိရစ္ဆာန် အပေါင်း တို့ကို အောက်မေ့ ၍ ၊ မြေကြီး ပေါ် မှာ လေ လာစေတော်မူသဖြင့် ရေ ငြိမ် လေ၏။ |
190 | GEN 8:6 | ထို အရက် လေး ဆယ်ကြာ လျှင်၊ နောဧ သည် သင်္ဘော ထဲ၌ လုပ် ခဲ့သော ပြတင်းပေါက် ကိုဖွင့် ၍ ၊ ကျီး တကောင်ကို လွှတ် လေ၏။ |
193 | GEN 8:9 | မြေ တပြင်လုံး ၌ ရေ ရှိသေးသောကြောင့် ၊ ချိုး သည် ခြေ ဖြင့်နင်း၍ အမော ဖြေစရာကို မ တွေ့ သဖြင့် ၊ နောဧ ရှိရာ သင်္ဘော သို့ ပြန် လာလေ၏။ နောဧ သည်လည်း လက် ကိုဆန့် ၍ ၊ ချိုး ကိုကိုင် ယူပြီးလျှင် ၊ မိမိ နေရာ သင်္ဘော ထဲသို့ သွင်း လေ၏။ |
195 | GEN 8:11 | ညဦး အချိန် ၌ ချိုး သည် နောဧ ထံသို့ ပြန်လာ ၍ ၊ မိမိဆိတ်ယူသော သံလွင် ရွက် ကို မိမိ နှုတ် သီးဖြင့် ဆောင် ခဲ့ သောကြောင့်၊ |
201 | GEN 8:17 | သင် ထံမှာ အသက် ရှင်သော တိရစ္ဆာန် ၊ ငှက် များ၊ သား များ မြေ ပေါ် ၌ တွား တတ်သောတိရစ္ဆာန်များ တို့သည်၊ မြေ ပေါ် မှာသားကိုမွေး ၍ အလွန် တိုးပွား များပြား မည်အကြောင်း ၊ ထိုတိရစ္ဆာန်ရှိသမျှ တို့ကို ကိုယ် နှင့်အတူ ထုတ် ဆောင်လော့ဟု၊ နောဧ ကို မိန့် တော်မူ၏။ |
208 | GEN 9:2 | မြေ တိရစ္ဆာန် ၊ မိုဃ်းကောင်းကင် ငှက် အစ ရှိသော၊ မြေ ပေါ်မှာ လှုပ်ရှား တတ်သမျှ နှင့် ၊ ပင်လယ် ငါး အပေါင်း တို့သည်၊ သင် တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ် ခြင်းသဘောရှိ ကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင် တို့လက် ၌ ငါ အပ် ၏။ |
209 | GEN 9:3 | အသက် ရှင်၍ လှုပ်ရှား တတ်သမျှ သည်၊ အသီး အရွက်ကဲ့သို့ ၊ သင် တို့စားစရာ ဘို့ ဖြစ် ရမည်။ ခပ်သိမ်း သောအရာတို့ကို သင် တို့၌ ငါအပ်ပေး ၏။ |
211 | GEN 9:5 | အကယ်၍ သင် တို့အသက် တည်းဟူသော၊ သင် တို့အသွေး ကို ငါတောင်း မည်။ လူ ၊ တိရစ္ဆာန် အပေါင်း တို့၌ ငါတောင်း မည်။ ခပ်သိမ်းသော လူ တို့၏ ညီအစ်ကို ၌ လူ ၏အသက် ကို ငါတောင်း မည်။ |
218 | GEN 9:12 | ထိုမှတပါး ငါ တဘက်၊ သင် တို့နှင့် သင် တို့ထံမှာ အသက် ရှင်သမျှ သောတိရစ္ဆာန် တို့ တစ်ဖက်၌ သား မြေး အစဉ် အဆက်မပြတ်၊ ငါ ပြု သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဟူမူကား၊ |
219 | GEN 9:13 | ငါ ၏ သက်တံ့ ကို မိုဃ်း တိမ်၌ ငါထား ၏။ ထိုသက်တံ့သည် မြေကြီး နှင့် ငါ ပြုသော ပဋိညာဉ် ၏ သက်သေ ဖြစ် လိမ့်မည်။ |
220 | GEN 9:14 | ငါ သည် မိုဃ်း ကို အုံ့စေသောအခါ ၊ မိုဃ်းတိမ် ၌ သက်တံ့ သည် ထင်ရှား လိမ့်မည်။ |
221 | GEN 9:15 | ထိုအခါငါ တဘက်၊ သင် တို့မှစ၍ ၊ အသက် ရှင်သောသတ္တဝါ ၊ တိရစ္ဆာန်ရှိသမျှ တို့ တစ်ဖက်၌ရှိသော ၊ ငါ ၏ ပဋိညာဉ် ကိုငါ အောက်မေ့ သဖြင့် ခပ်သိမ်း သော သတ္တဝါ တို့ကို ဖျက်ဆီး ခြင်းငှါ နောက် တဖန်ရေ လွှမ်းမိုးခြင်းမ ရှိ ရ။ |
222 | GEN 9:16 | မိုဃ်းတိမ် ၌ သက်တံ့ ရှိ သည်ကို ငါကြည့်ရှု သဖြင့် ၊ ဘုရား သခင်နှင့် မြေကြီး ပေါ် မှာ အသက် ရှင်သော သတ္တဝါ တိရစ္ဆာန်အပေါင်း တို့ စပ်ကြား မှာရှိသော ထာဝရ ပဋိညာဉ် ကို ငါအောက်မေ့ မည်။ |
225 | GEN 9:19 | ဤ သူတို့သည် နောဧ ၏ သား သုံး ယောက်ဖြစ်၍ မြေကြီး တပြင်လုံး ၌ နှံ့ပြား ကြ၏။ |
227 | GEN 9:21 | စပျစ် ရည်ကိုလည်း သောက် ၍ ယစ်မူး သဖြင့် ၊ မိမိ ထဲ ၌ အဝတ် မခြုံဘဲနေလေ၏။ |
228 | GEN 9:22 | ခါနာန် ၏ အဘ ဟာမ သည်၊ မိမိ အဘ ၌ အဝတ်အချည်းစည်း ရှိသည်ကိုမြင် လျှင် ပြင် မှာ ရှိသော အစ်ကို နှစ် ယောက်ကို ပြော လေ၏။ |
229 | GEN 9:23 | ရှေမ နှင့် ယာဖက် တို့သည် အဝတ် ကိုယူ ၍ ပခုံး ပေါ် မှာ တင် ပြီးလျှင် ၊ နောက် သို့ဆုတ်သွား ၍ မိမိ အဘ ၌၊ အဝတ်အချည်းစည်း ရှိသည်ကို ဖုံး ကြ၏။ သူ တို့သည် အပြင်သို့မျက်နှာ ပြုသောကြောင့် ၊ မိမိ အဘ ၌ အဝတ် အချည်းစည်း ရှိသည်ကို မ မြင် ရ။ |
230 | GEN 9:24 | နောဧ သည် ယစ်မူးခြင်းပျောက်၍ နိုး သောအခါ ၊ မိမိ ၌သား ငယ် ပြု သည်ကို သိ လျှင်၊ |
231 | GEN 9:25 | ခါနာန် သည် ကျိန် ခြင်းကိုခံ ပါစေ။ အစ်ကို တို့၏ကျွန် တို့၌ ကျွန် ဖြစ် ပါစေဟုဆို ၏။ |
244 | GEN 10:9 | ထာဝရဘုရား ရှေ့ မှာ အားကြီး သော မုဆိုး ဖြစ်၏။ ထိုကြောင့်စကားပုံ၌ကား၊ ဘုရား ရှေ့ နိမ်ရောဒ ၊ အား ကြီးမုဆိုး ၊ ပြု လုပ်သည်လိုဟု စပ် ဆိုသတည်း။ |
245 | GEN 10:10 | သူ ၏ နိုင်ငံ အဦး ကား၊ ရှိနာ ပြည် ၌ ဗာဗုလုန် မြို့၊ ဧရက် မြို့၊ အက္က မြို့ကာလနေ မြို့တည်း။ |
255 | GEN 10:20 | ဤ သူတို့သည် သီးခြားသော အမျိုး အနွယ်၊ သီးခြားသော ဘာသာ အလိုက် ၊ အပြည် အပြည်အတိုင်း တိုင်း၌ နေသောဟာမ သား များ ဖြစ်သတည်း။ |
260 | GEN 10:25 | ဟေဗာ သည်လည်း သား နှစ် ယောက်ကို မြင် လေ၏။ သား တယောက်ကား၊ ဖာလက် အမည် ရှိ၏။ အကြောင်း မူကား၊ သူ့ လက်ထက် ၌ မြေကြီး ကို ခွဲဝေ ကြ၏။ သူ ၏ညီ ကား၊ ယုတ္တန် အမည် ရှိ၏။ |
265 | GEN 10:30 | သူ တို့နေရာ မူကား၊ မေရှ မြို့မှ သည် အရှေ့ မျက်နှာ၌သေဖာ တောင် တိုင်အောင် ရှိ သတည်း။ |
266 | GEN 10:31 | ဤ သူ တို့သည် သီးခြားသော အမျိုးအနွယ် ၊ သီးခြားသော ဘာသာ အလိုက် ၊ အပြည် ပြည်အတိုင်းတိုင်း တို့၌ နေသောရှေမ သား များဖြစ်သတည်း။ |
269 | GEN 11:2 | အရှေ့ မျက်နှာမှ ခရီး သွားသဖြင့် ၊ ရှိနာ ပြည် ၌ မြေညီ ရာအရပ် ကိုတွေ့ ၍ နေရာ ချကြ၏။ |
270 | GEN 11:3 | သူတို့ကလည်း လာ ကြ။ အုတ် လုပ် ၍ ခိုင်မာစွာ ဖုတ် ကြကုန်အံ့ဟု၊ တ ယောက်ကို တယောက် ပြော ကြ၏။ ထိုသို့ ကျောက် အရာ ၌ အုတ် ကို ၎င်း ၊ သရွတ် အရာ ၌ ရေညှိ တမျိုးကို၎င်း ရပြီးလျှင်၊ |
271 | GEN 11:4 | လာ ကြ၊ မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား မည်ကို စိုးရိမ် ၍၊ မြို့ ကို ၎င်း ၊ မိုဃ်းကောင်းကင် သို့ မှီရသော ရဲတိုက် ကို၎င်း တည် လုပ်သဖြင့် ၊ ကျော်စော ကိတ္တိရှိစေခြင်းငှါ ပြု ကြကုန်အံ့ဟု ပြောဆို ကြ၏။ |
275 | GEN 11:8 | ထိုသို့ ထာဝရဘုရား သည် သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သူတို့သည် မြို့ ကိုမ တည်ပဲ နေကြ၏။ |
276 | GEN 11:9 | သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရား သည် မြေကြီး သားအပေါင်း တို့၏ စကား ကိုရှုပ် ထွေး၍ ၊ သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား စေတော်မူသောကြောင့် ထို မြို့ သည် ဗာဗုလုန် မြို့ဟူ၍တွင် သတည်း။ |
295 | GEN 11:28 | ခါရန် သည်လည်း လောတ ကိုမြင် လေ၏။ ခါရန် သည်၊ အဘ တေရ မ သေမှီ၊ မိမိ ဘွား ရာအရပ် ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့၌ သေ လေ၏။ |
299 | GEN 11:32 | တေရ သည် အသက် နှစ် ပေါင်းနှစ် ရာငါး နှစ် ရှိ သော်၊ ခါရန် မြို့၌ သေ လေ၏။ |
304 | GEN 12:5 | အာဗြံ သည် မယား စာရဲ ၊ အစ်ကို သား လောတ နှင့် ၊ ဥစ္စာ ရ တတ်သမျှ ကို ၎င်း ၊ ခါရန် မြို့၌ ရ သောလူ တို့ကို၎င်း ၊ ယူပြီးလျှင် ခါနာန် ပြည် သို့ ရောက် ခြင်းငှါ ၊ ထွက်သွား ၍ ၊ ထိုပြည် သို့ ရောက် ကြ၏။ |
305 | GEN 12:6 | အာဗြံ သည် ထိုပြည် ကို ရှောင်သွား ၍ ရှိခင် အရပ် ၊ မောရေ သပိတ် ပင်သို့ ရောက်လေ၏။ ထိုအခါ ၊ ခါနာန် အမျိုးသားတို့သည် ထိုပြည် ၌ ရှိကြရ၏။ |
306 | GEN 12:7 | ထာဝရဘုရား သည် အာဗြံ အား ထင်ရှား ၍ ၊ ဤ ပြည် ကို သင် ၏အမျိုး အနွယ်အား ငါပေး မည်ဟု မိန့် တော်မူ၏။ ထိုသို့ ထင်ရှား တော်မူသောထာဝရဘုရား ဘို့ ၊ ထို အရပ်၌၊ ယဇ် ပလ္လင်ကို တည် လေ၏။ |
307 | GEN 12:8 | ထို အရပ်မှ သွား ပြန်၍ ၊ ဗေသလ မြို့အရှေ့ ၌ ရှိသောတောင် သို့ ပြောင်းသဖြင့်၊ ဗေသလ မြို့အရှေ့၊ အာဣ မြို့ အနောက် စပ်ကြားမှာ တဲ ကိုဆောက် ၍ ၊ ထာဝရဘုရား သို့ ယဇ် ပလ္လင်ကို တည် ပြီးလျှင် ၊ ထာဝရဘုရား ၏ နာမ တော်ကို ပဌာန ပြု၏။ |
309 | GEN 12:10 | ထို့နောက် ၊ ခါနာန်ပြည် ၌ အစားခေါင်းပါး ခြင်းဖြစ် ၏။ အလွန် အစား ခေါင်းပါးသောကြောင့် ၊ အာဗြံ သည် အဲဂုတ္တ ပြည်၌ တည်းခို ခြင်းငှါ သွား လေ၏။ |
314 | GEN 12:15 | ဖါရော ဘုရင်၏မှူး တော်မတ်တို့လည်း မြင် ၍ ၊ ရှေ့တော်၌ ချီးမွမ်း ပြီးလျှင် ၊ နန်း တော်သို့ သွင်း ရကြ၏။ |
315 | GEN 12:16 | ဖာရောဘုရင်သည် ထိုမိန်းမ အတွက် အာဗြံ ၌ ကျေးဇူး ပြုသဖြင့် ၊ သူ သည် သိုး ၊ နွား ၊ မြည်းထီး ၊ မြည်း မ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် များနှင့် ကြွယ်ဝ၏။ |
317 | GEN 12:18 | ဖါရော ဘုရင်သည်လည်း အာဗြံ ကို ခေါ် ၍ ၊ သင်သည်ငါ ၌ ပြု သောအမှု ကား အဘယ်သို့ နည်း။ သူ သည် သင် ၏မယား ဖြစ်ကြောင်း ကို ၊ ငါ အား အဘယ်ကြောင့် မ ပြော သနည်း။ |
319 | GEN 12:20 | ထိုသို့အာဗြံအမှုကို စီရင်၍၊ မိမိလူ တို့အား မှာ ထားသဖြင့်၊ သူတို့သည် အာဗြံ ၌ ရှိသမျှ သော ဥစ္စာနှင့်တကွ ၊ သမီး မောင်နှံတို့ကို လွှတ်လိုက်ကြ၏။ |
320 | GEN 13:1 | အာဗြံ သမီး မောင်နှံတို့သည်လည်း ၊ လောတ နှင့်တကွ မိမိ တို့၌ ရှိသမျှ သော ဥစ္စာကိုယူ၍၊ အဲဂုတ္တု ပြည်မှ ထွက်သွား သဖြင့် ၊ ခါနာန်ပြည်တောင် ပိုင်းသို့ ရောက်ကြ၏။ |
322 | GEN 13:3 | တဖန် တောင် ပိုင်းမှ ခရီး သွား ၍ ၊ ဗေသလ နယ် အတွင်း ၊ ဗေသလ မြို့၊ အာဣ မြို့စပ်ကြား ၌ ၊ အထက် က တဲ ကိုဆောက်၍၊ |
326 | GEN 13:7 | အာဗြံ ၏ နွား ကျောင်းသား၊ လောတ ၏ နွား ကျောင်းသားတို့သည်လည်း ခိုက်ရန် ပြုကြ၏။ ထိုအခါ ၊ ခါနာန် အမျိုးသား၊ ဖေရဇိ အမျိုးသားတို့သည် ထိုပြည် ၌ နေ ကြသတည်း။ |
327 | GEN 13:8 | အာဗြံ ကလည်း ၊ ငါ တို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါ နှင့် သင် ၌ ၎င်း၊ ငါ့ နွား ကျောင်းသားတို့နှင့် ၊ သင့် နွား ကျောင်းသားတို့၌ ၎င်း၊ ခိုက်ရန် မ ရှိ ပါစေနှင့်။ |
329 | GEN 13:10 | ထိုကာလအခါ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မ မူမှီ၊ ဇောရ မြို့သို့ သွား သောလမ်း၊ ယော်ဒန် မြစ် ပတ်ဝန်းကျင် အရပ်ရပ် ၌ ရေ များ၍ ထာဝရဘုရား ၏ ဥယျာဉ် တော်ကဲ့သို့ ၎င်း အဲဂုတ္တု ပြည် ကဲ့သို့ ၎င်း ဖြစ်သည်ကို၊ လောတ မြော် ကြည့် ၍ မြင် လျှင်၊ |
331 | GEN 13:12 | အာဗြံ သည် ခါနာန် ပြည် ၌ နေ လေ၏။ လောတ မူကား ၊ မြစ် ပတ်ဝန်းကျင်မြို့ တို့တွင် နေ ၍ ၊ သောဒုံ မြို့ နား မှာ တဲ ကို ဆောက်လေ၏။ |
332 | GEN 13:13 | သောဒုံ မြို့သား တို့သည် ဆိုး သောသူ၊ ထာဝရဘုရား ရှေ့ ၌၊ အလွန် အပြစ် များသောသူဖြစ် ကြသတည်း။ |
342 | GEN 14:5 | တဆယ် လေး နှစ် မြောက်လျှင် ၊ ခေဒေါရလောမာ မင်းသည်၊ မိမိ ဘက်ကနေသော မင်းကြီး တို့နှင့်တကွ လာ ၍ ၊ အာရှတရုတ်ကာနိမ် မြို့၌ ၊ ရေဖိမ် လူများကို၎င်း ၊ ဟာမ မြို့၌ ဇူဇိမ် လူများကို၎င်း ၊ ကိရယသိမ် ချိုင့်၌ ဧမိမ် လူများကို၎င်း၊ |
344 | GEN 14:7 | တဖန် ပြန် လာ၍ ၊ ကာဒေရှ ပြည်၊ အင်မိရှပတ် မြို့သို့ ရောက် ပြီးလျှင်၊ အာမလက် ပြည် ရှိသမျှ ကို၎င်း ၊ ဟာဇဇုန္တာမာ မြို့၌ နေ သောအာမောရိ လူများကို၎င်း လုပ်ကြံ ကြ၏။ |
345 | GEN 14:8 | ထိုအခါ သောဒုံ မင်းကြီး ၊ ဂေါမောရ မင်းကြီး ၊ အာဓမာ မင်းကြီး ၊ ဇေဘိုင် မင်းကြီး ၊ ဇောရ တည်း ဟူသော ဗေလာ မင်းကြီး တို့သည် ချီ ထွက်၍ စိဒ္ဒိမ် ချိုင့် ၌ စစ် ပြိုင် ကြ၏။ |