38 | GEN 2:7 | ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။ |
55 | GEN 2:24 | ထိုအကြောင်းကြောင့်ယောကျာ်းသည်မိဘကို စွန့်၍ဇနီးနှင့်စုံဖက်သဖြင့် သူတို့နှစ်ဦး သည်တစ်သွေးတစ်သားတည်းဖြစ်လာ ကြ၏။ |
72 | GEN 3:16 | မိန်းမအားလည်း``သင်သည်ကိုယ်ဝန်ဆောင်ခြင်း ဖြင့်ဒုက္ခပိုများလာမည်။ သားဖွားခြင်းဝေဒနာ ကိုခံရမည်။ သို့သော်လည်းသင်သည် မိမိခင်ပွန်း ကိုစုံမက်နေလိမ့်မည်။ သင့်အပေါ်မှာသူ၏ သြဇာညောင်းရလိမ့်မည်'' ဟုမိန့်တော်မူ၏။ |
83 | GEN 4:3 | အချိန်အတန်ကြာသောအခါကာဣန သည် အသီးအနှံများကိုထာဝရဘုရား အားပူဇော်ရန်ယူဆောင်ခဲ့၏။- |
84 | GEN 4:4 | အာဗေလသည်လည်းမိမိသိုးအုပ်မှ အဦး ဆုံးပေါက်သောသိုးကိုယူဆောင်ခဲ့၍သတ် ပြီးလျှင် အကောင်းဆုံးသောအပိုင်းများကို ထာဝရဘုရားအားပူဇော်၏။ ထာဝရဘုရား သည်အာဗေလနှင့်သူ၏ပူဇော်သကာကို နှစ်သက်တော်မူ၏။- |
85 | GEN 4:5 | သို့ရာတွင်ကာဣနနှင့်သူ၏ပူဇော်သကာကို မူကား နှစ်သက်တော်မမူ။ ထို့ကြောင့်ကာဣန သည်အလွန်ဒေါသထွက်၍မျက်မှောင်ကြုတ် လေ၏။- |
99 | GEN 4:19 | လာမက်သည်အာဒနှင့်ဇိလနာမည်ရှိ မယားနှစ်ယောက်နှင့်စုံဖက်၏။- |
102 | GEN 4:22 | ဇိလသည်တုဗလကာဣနနာမည်ရှိသားကို ဖွားမြင်၏။ ထိုသူသည်ပန်းတဉ်းသမား၊ ပန်းပဲ သမားတို့၏ဖခင်ဖြစ်သတည်း။ တုဗလ ကာဣန၏နှမကားနေမဖြစ်၏။ |
103 | GEN 4:23 | လာမက်ကမိမိမယားတို့အား``ငါ့မယား အာဒနှင့် ဇိလတို့ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုရိုက်နှက်သူလူငယ်တစ်ဦးသည်ငါ့ကို ရိုက်နှက်သောကြောင့်ငါသတ်ခဲ့ပြီ။ |
204 | GEN 8:20 | နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။- |
232 | GEN 9:26 | ရှေမ၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြစေသတည်း။ ခါနာန်သည်ရှေမ၏ကျွန်ဖြစ်ရပါစေသော။ |
250 | GEN 10:15 | ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။- |
253 | GEN 10:18 | အာဝဒိလူမျိုး၊ ဇေမရိလူမျိုး၊ ဟာမသိလူမျိုး တို့၏ဖခင်လည်းဖြစ်သည်။ ခါနာန်အမျိုးအနွယ် အသီးသီးတို့သည်၊- |
254 | GEN 10:19 | ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။- |
257 | GEN 10:22 | ရှေမ၏သားများဖြစ်ကြသောဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒနှင့်အာရံတို့သည်ကားသူတို့ ၏နာမည်ကိုခံယူကြသောလူမျိုးတို့၏ ဖခင်များဖြစ်ကြ၏။- |
258 | GEN 10:23 | အာရံမှပေါက်ဖွားဆင်းသက်သောသားစဉ်မြေး ဆက်တို့သည်ကား ဥဇလူမျိုး၊ ဟုလလူမျိုး၊ ဂေသာလူမျိုးနှင့်မာရှလူမျိုးများဖြစ်ကြ သည်။- |
259 | GEN 10:24 | အာဖာဇဒ်၏သားရှာလသည်ဟေဗာ၏ဖခင် ဖြစ်၏။- |
261 | GEN 10:26 | ယုတ္တန်မှဆင်းသက်သောအဆက်အနွယ်တို့ သည်ကားအာလမောဒဒ်လူမျိုး၊ ရှေလပ်လူ မျိုး၊ ဟာဇာမာဝက်လူမျိုး၊ ယေရလူမျိုး၊- |
262 | GEN 10:27 | ဟဒေါရံလူမျိုး၊ ဥဇလလူမျိုး၊ ဒိကလ လူမျိုး၊- |
277 | GEN 11:10 | ရှေမ၏သားစဉ်မြေးဆက်များတို့ကိုဖော်ပြ ပေအံ့။ ရေလွှမ်းမိုးပြီးနောက်နှစ်နှစ်ကြာ၍ရှေမ သည် အသက်တစ်ရာပြည့်သောအခါအာဖာဇဒ် အမည်ရှိသားကိုရရှိလေ၏။- |
279 | GEN 11:12 | အာဖာဇဒ်သည်အသက်သုံးဆယ့်ငါးနှစ်ရှိသော အခါ ရှာလအမည်ရှိသားကိုရ၏။- |
306 | GEN 12:7 | ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။- |
307 | GEN 12:8 | ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။- |
320 | GEN 13:1 | အာဗြံဇနီးမောင်နှံတို့သည်ပိုင်သမျှပစ္စည်းတို့ကိုယူ၍ အီဂျစ်ပြည်မြောက်ပိုင်းမှခါနာန်ပြည်တောင်ပိုင်းသို့ထွက်ခွာခဲ့သည်။ လောတလည်းလိုက်ပါလာခဲ့လေသည်။- |
323 | GEN 13:4 | ထိုအရပ်တွင်ယခင်ကစခန်းချ၍ယဇ်ပလ္လင်တည်ခဲ့ဖူး၏။ ထိုအရပ်၌သူသည်ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်လေသည်။ |
326 | GEN 13:7 | သို့ဖြစ်၍အာဗြံ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြလေသည်။ (ထိုအချိန်၌ခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုးသားတို့သည်လည်း ထိုပြည်တွင်နေထိုင်လျက်ရှိကြသေး၏။) |
329 | GEN 13:10 | ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော် ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-) |
337 | GEN 13:18 | ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန်မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။ |
339 | GEN 14:2 | ဘုရင်ငါးပါးဖြစ်ကြသောသောဒုံဘုရင်ဗေရ၊ ဂေါမာဘုရင်ဗိရရှ၊ အာဋ္ဌမာဘုရင်ရှိနပ်၊ ဇေဘိုင်ဘုရင်ရှေမဘာနှင့်ဗေလာ(သို့မဟုတ် ဇောရ) ဘုရင်တို့အားစစ်ချီတိုက်ခိုက်ကြ လေ၏။- |
342 | GEN 14:5 | တစ်ဆယ့်လေးနှစ်သို့ရောက်လျှင်ခေဒေါရလောမာ ဘုရင်သည် မဟာမိတ်တပ်ဖွဲ့တို့နှင့်အတူစစ်ချီ လာ၍ အာရှတရုတ်ကာနိမ်မြို့တွင်ရေဖိမ်အမျိုး သားများကိုလည်းကောင်း၊ ဟာမမြို့တွင်ဇူဇိမ် အမျိုးသားများကိုလည်းကောင်း၊ ကိရယသိမ် လွင်ပြင်တွင်ဧမိမ်အမျိုးသားများကိုလည်း ကောင်း၊- |
344 | GEN 14:7 | ထိုနောက်အပြန်ခရီးတွင်ကာဒေရှမြို့(ထိုစဉ်က အင်မိရှပတ်ဟုတွင်သည်) သို့ရောက်ပြီးလျှင် အာမလက်ပြည်တစ်ခုလုံးနှင့်ဟာဇဇုန္တာမာ မြို့၌နေထိုင်ကြသော အာမောရိအမျိုးသား တို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ |
345 | GEN 14:8 | ထို့နောက်ဘုရင်ငါးပါးဖြစ်ကြသည့်သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဋ္ဌမာဘုရင်၊ ဇေဘိုင်ဘုရင် နှင့်ဗေလာဘုရင်တို့၏စစ်သည်များသည်စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စုရုံး၍၊- |
355 | GEN 14:18 | အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊- |
357 | GEN 14:20 | သင်၏ရန်သူများကိုအောင်စေသည့်အမြင့်ဆုံး သောထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုမြွက်ဆိုလေ၏။ အာဗြံကလည်းမိမိသိမ်းယူခဲ့သောပစ္စည်း အားလုံးမှဆယ်ပုံတစ်ပုံကို ယဇ်ပုရောဟိတ် မင်းအားပေးလှူလိုက်လေ၏။ |
363 | GEN 15:2 | သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။- |
380 | GEN 15:19 | ``ကေနိအမျိုးသား၊ ကေနဇိအမျိုးသား၊ ကာဒမောနိအမျိုးသား၊- |
381 | GEN 15:20 | ဟိတ္တိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ရေဖိမ် အမျိုးသား၊- |
417 | GEN 17:19 | သို့ရာတွင်ဘုရားသခင်က``ထိုသို့မဖြစ်စေရ။ သင်၏မယားစာရာသည်သားကိုဖွားလိမ့်မည်။ ထိုသားကိုဣဇာက်ဟုမှည့်ခေါ်ရမည်။ ငါသည် သူနှင့်လည်းကောင်း၊ သူ၏အဆက်အနွယ်တို့နှင့် လည်းကောင်း ပြုသောပဋိညာဉ်ကိုထာဝစဉ် တည်စေမည်။ ထိုပဋိညာဉ်သည်ထာဝရပဋိ ညာဉ်ဖြစ်၏။- |
419 | GEN 17:21 | သို့ရာတွင်နောင်နှစ်ဤအချိန်ခန့်၌စာရာမွေး ဖွားမည့် သင်၏သားဣဇာက်၌လည်းငါ၏ပဋိညာဉ် ကိုတည်စေမည်'' ဟုမိန့်တော်မူ၏။- |
467 | GEN 19:9 | သို့ရာတွင်သူတို့က``သင်သည်တစ်ရပ်တစ်ကျေးမှလာ၍ ငါတို့ကိုသြဇာမပေးနှင့်။ ဖယ်ပေး၊ မဖယ်ပေးလျှင်သူတို့ခံရသည်ထက်သင်ပို၍ခံရမည်'' ဟုဆိုလေသည်။ သူတို့သည်လောတကိုနောက်သို့ဖိတွန်းလျက် အိမ်တံခါးကိုချိုးဖျက်ရန်ရှေ့သို့တက်လာကြသည်။- |
477 | GEN 19:19 | ကိုယ်တော်သည်အကျွန်ုပ်အားကျေးဇူးပြုသဖြင့် အသက်ချမ်းသာရာရခဲ့ပါပြီ။ တောင်များသည်ခရီးဝေးလှပါ၏။ တောင်ပေါ်သို့မရောက်မီဘေးသင့်မည်ဟုစိုးရိမ်ရပါ၏။- |
480 | GEN 19:22 | မြန်မြန်ပြေးလော့။ ထိုမြို့သို့သင်မရောက်မီ ငါသည်သောဒုံမြို့ကိုဒဏ်မစီရင်နိုင်'' ဟုဆိုလေ၏။ လောတသည်ထိုမြို့ကိုမြို့ကလေးဟုခေါ်သဖြင့် ဇောရမြို့ဟုနာမည်တွင်လေ၏။ |
481 | GEN 19:23 | နေထွက်ချိန်၌ဇောရမြို့သို့လောတရောက်ရှိလေ၏။- |
488 | GEN 19:30 | လောတသည်ဇောရမြို့တွင်မနေထိုင်ဝံ့သဖြင့် သမီးနှစ်ယောက်တို့နှင့်အတူတောင်ပေါ်သို့ပြောင်းရွှေ့ပြီးလျှင် လိုဏ်ဂူတစ်ခုအတွင်း၌နေလေ၏။- |
517 | GEN 21:3 | အာဗြဟံသည်ထိုသားကိုဣဇာက်ဟုနာမည် မှည့်၍၊- |
519 | GEN 21:5 | ဣဇာက်ကိုဖွားမြင်သောအခါအာဗြဟံသည် အသက်တစ်ရာရှိပြီဖြစ်၏။- |
523 | GEN 21:9 | တစ်နေ့သ၌အီဂျစ်အမျိုးသမီးဟာဂရ နှင့်ရသော အာဗြဟံ၏သားဣရှမေလသည် စာရာ၏သားဣဇာက်နှင့်အတူကစားလျက် ရှိသည်။- |
524 | GEN 21:10 | ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။ |
526 | GEN 21:12 | သို့ရာတွင်ဘုရားသခင်က``ထိုသူငယ်နှင့် သင်၏ကျွန်မဟာဂရအတွက်စိတ်မချမ်း မသာမဖြစ်နှင့်။ ငါကတိထားသည့်အတိုင်း ဣဇာက်မှသင်၏အမျိုးအနွယ်ဆင်းသက်မည် ဖြစ်သောကြောင့် စာရာပြောသမျှအတိုင်း ဆောင်ရွက်လော့။- |
550 | GEN 22:2 | ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။ |
551 | GEN 22:3 | နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။- |
554 | GEN 22:6 | အာဗြဟံသည်ယဇ်ပူဇော်ရန်ထင်းကိုဣဇာက် အားသယ်စေ၍ သူကိုယ်တိုင်ကမူဋ္ဌားနှင့်မီး ပျိုးရန်မီးခဲကိုယူဆောင်ခဲ့လေသည်။ သူတို့ အတူတကွလျှောက်လာကြစဉ်၊- |
555 | GEN 22:7 | ဣဇာက်က``အဖ'' ဟုခေါ်လိုက်၏။ အာဗြဟံက``ငါ့သား'' ဟုထူး၏။ ဣဇာက်က``အဖထံမှာမီးလည်းပါပြီ။ ထင်း လည်းပါပြီ။ ယဇ်ပူဇော်ရန်သိုးငယ်အဘယ် မှာနည်း'' ဟုမေး၏။ |
556 | GEN 22:8 | အာဗြဟံက``ဘုရားသခင်ကိုယ်တော်တိုင် ယဇ်ကောင်ကိုစီမံပေးပါလိမ့်မည်'' ဟုပြန် ဖြေလိုက်၏။ ထိုနောက်သူတို့နှစ်ဦးဆက်၍ လျှောက်သွားကြလေသည်။ |
557 | GEN 22:9 | ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။- |
560 | GEN 22:12 | ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။ |
561 | GEN 22:13 | ထိုနောက်အာဗြဟံသည်မော်၍ကြည့်လိုက်သော အခါ ချုံထဲတွင်ဦးချိုငြိနေသောသိုးထီးတစ် ကောင်ကိုမြင်ရလေသည်။ သူသည်သွား၍ထိုသိုး ကိုယူဆောင်ခဲ့ပြီးလျှင် သား၏ကိုယ်စားမီးရှို့ ရာယဇ်ကောင်အဖြစ်ပူဇော်လေ၏။- |
564 | GEN 22:16 | ``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊- |
569 | GEN 22:21 | သားများမှာသားဦးဟုဇ၊ ဗုဇ၊ အာရံ၏ ဖခင်ကေမွေလ၊- |
570 | GEN 22:22 | ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်နှင့် ဗေသွေလတို့ဖြစ်ကြ၏။- |
580 | GEN 23:8 | ``သင်တို့သည်ငါ၏မယားအလောင်းကိုဤအရပ်တွင်မြှုပ်နှံစေလိုလျှင် ဇောဟာ၏သားဧဖရုန်ပိုင်မြေကွက်အစွန်း၌ရှိသော၊- |
581 | GEN 23:9 | မပ္ပေလဂူကိုငါ့အားရောင်းချရန်ကျေးဇူးပြု၍သူ့ကိုတိုက်တွန်းပေးကြပါ။ သင်္ချိုင်းမြေတစ်ကွက်ငါအပိုင်ရရန်ထိုမြေကိုတန်ရာတန်ဖိုးဖြင့်ငါ့အားသင်တို့ရှေ့မှောက်တွင်ရောင်းချစေပါ'' ဟုဆိုလေ၏။ |
596 | GEN 24:4 | သင်သည်ငါမွေးရာဇာတိပြည်သို့ပြန်သွား၍ ငါ၏အမျိုးသားချင်းတို့ထဲမှငါ၏သား ဣဇာက်အတွက်မယားရှာခဲ့ရမည်'' ဟုဆို လေ၏။ |
597 | GEN 24:5 | ထိုအခါအစေခံက``အမျိုးသမီးသည်သူ၏ အိမ်ရာကိုစွန့်၍ဤပြည်သို့ ကျွန်တော်နှင့်အတူ မလိုက်လိုဟုဆိုလျှင်မည်သို့ပြုလုပ်ရပါမည် နည်း။ ကိုယ်တော်၏သားကိုကိုယ်တော်၏ဇာတိ ပြည်သို့ကျွန်တော်ခေါ်ဆောင်သွားရပါမည် လော'' ဟုမေးလေ၏။ |
606 | GEN 24:14 | သူတို့အထဲမှတစ်ယောက်ယောက်အား`သင်၏ ရေခရားမှရေတစ်ပေါက်လောက်သောက်ပါရ စေ' ဟုဆိုပါမည်။ အကယ်၍ထိုအမျိုးသမီး က`သောက်ပါ။ သင်၏ကုလားအုတ်တို့အတွက် လည်းရေခပ်ပေးပါမည်' ဟုဆိုလျှင် ထိုအမျိုး သမီးသည်ကိုယ်တော်၏ကျွန်ဣဇာက်အတွက် ကိုယ်တော်ရွေးချယ်ထားသူဖြစ်ပါစေသော။ အကျွန်ုပ်လျှောက်ထားသည့်အတိုင်းဖြစ်ခဲ့ လျှင်အကျွန်ုပ်၏သခင်အားထားတော်မူ သောကတိတော်အတိုင်း ကိုယ်တော်ပြုတော် မူကြောင်းအကျွန်ုပ်သိရပါမည်'' ဟုဆု တောင်းလေ၏။ |
609 | GEN 24:17 | ထိုအစေခံသည်မိန်းမပျိုထံသို့ပြေးသွား လျက်``သင်၏ခရားမှကျေးဇူးပြု၍ရေ တစ်ပေါက်သောက်ရန်ပေးပါ'' ဟုတောင်း လေ၏။ |
619 | GEN 24:27 | ``အကျွန်ုပ်၏သခင်အာဗြဟံအားကရုဏာ ပြတော်မူလျက် သစ္စာကတိတော်အတိုင်းပြု တော်မူသောထာဝရဘုရား၏ကျေးဇူး တော်သည်ကြီးလှပါ၏။ ထာဝရဘုရား သည်အကျွန်ုပ်အားသခင်၏ဆွေမျိုးများ ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူ လေပြီ'' ဟုမြွက်ဆိုလေ၏။ |
654 | GEN 24:62 | ဣဇာက်သည်``ငါ့ကိုမြင်တော်မူသည့်အသက်ရှင် တော်မူသောအရှင်၏ရေတွင်း'' ဟူသောနာမည် ရှိရာတောကန္တာရသို့ရောက်လာ၍ ခါနာန်ပြည် တောင်ပိုင်းတွင်နေထိုင်လျက်ရှိ၏။- |
656 | GEN 24:64 | ရေဗက္ကသည်ဣဇာက်ကိုမြင်လျှင်ကုလားအုတ် ပေါ်မှဆင်း၍၊- |
658 | GEN 24:66 | အစေခံကလည်းမိမိဆောင်ရွက်ခဲ့သမျှကို ဣဇာက်အားအကုန်အစင်ပြောပြလေ၏။- |
659 | GEN 24:67 | ထိုနောက်ဣဇာက်သည်မိမိ၏အမိစာရာနေ ထိုင်ခဲ့သောတဲထဲသို့ရေဗက္ကကိုခေါ်ဆောင် သွား၍အကြင်လင်မယားဖြစ်လာကြ၏။ ဣဇာက်သည်ရေဗက္ကကိုချစ်မြတ်နိုး၏။ ထို့ ကြောင့်သူ၏မိခင်ကွယ်လွန်၍ဝမ်းနည်း ကြေကွဲရာမှစိတ်သက်သာရာရလေသည်။ |
661 | GEN 25:2 | ထိုမိန်းမသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကိုဖွားမြင်လေသည်။- |
664 | GEN 25:5 | အာဗြဟံသည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ဣဇာက်အားအမွေပေး၏။- |
665 | GEN 25:6 | သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။ |
668 | GEN 25:9 | သားများဖြစ်ကြသောဣဇာက်နှင့်ဣရှမေလ တို့သည် မံရေမြို့အရှေ့ဘက်ရှိဟိတ္တိအမျိုးသား ဇောရ၏သားဧဖရုန်ပိုင်ခဲ့သောမြေကွက်တွင် မပ္ပေလဂူ၌ဖခင်ကိုသင်္ဂြိုဟ်ကြ၏။- |
670 | GEN 25:11 | အာဗြဟံကွယ်လွန်ပြီးနောက်``ငါ့ကိုမြင် တော်မူသည့်အသက်ရှင်တော်မူသောအရှင် ၏ရေတွင်း'' အနီး၌နေထိုင်သောဣဇာက်ကို ဘုရားသခင်ကောင်းချီးပေးတော်မူ၏။ |
678 | GEN 25:19 | အာဗြဟံသားဣဇာက်၏အတ္ထုပ္ပတ္တိကိုဖော်ပြ ပေအံ့။- |
679 | GEN 25:20 | ဣဇာက်သည်အသက်လေးဆယ်ရှိသောအခါ ပါဒနာရံပြည်မှ ရှုရိအမျိုးသားဗေသွေလ ၏သမီး၊ လာဗန်၏နှမရေဗက္ကနှင့်အိမ်ထောင် ပြုလေသည်။- |
680 | GEN 25:21 | ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။- |
685 | GEN 25:26 | ဒုတိယသားသည်ဧသော၏ဖနောင့်ကိုဆုပ် ကိုင်လျက်မွေးဖွားလာသဖြင့် ယာကုပ်ဟုနာ မည်မှည့်လေသည်။ ထိုသားများမွေးဖွားသော အခါဣဇာက်သည်အသက်ခြောက်ဆယ်ရှိပြီ ဖြစ်၏။ |