5 | GEN 1:5 | အလင်းကို ``နေ့'' ဟူ၍လည်းကောင်း၊ အမှောင် ကို ``ညဥ့်'' ဟူ၍လည်းကောင်းခေါ်တွင်စေတော် မူ၏။ ညဦးမှနံနက်အထိပထမနေ့ရက် ဖြစ်လေ၏။ |
14 | GEN 1:14 | တစ်ဖန်ဘုရားသခင်က``နေ့နှင့်ညဥ့်ကို ခွဲခြားရန်နှင့်နေ့ရက်၊ နှစ်၊ ပွဲတော်ရက် |
39 | GEN 2:8 | ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ဥယျာဉ်ကိုတည် ပြီးလျှင် ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ် တွင်နေစေတော်မူ၏။- |
40 | GEN 2:9 | ထိုဥယျာဉ်တွင်ရှုချင်ဖွယ်ကောင်း၍ စားဖွယ် ကောင်းသောအသီးပင်အမျိုးမျိုးကိုပေါက် စေတော်မူ၏။ ဥယျာဉ်အလယ်တွင်အသက် ရှင်စေသောအပင်ရှိ၏။ အကောင်းနှင့်အဆိုး ကိုပိုင်းခြားသိမြင်စေသောအပင်လည်းရှိ ၏။ |
41 | GEN 2:10 | မြစ်တစ်မြစ်သည်ဧဒင်အရပ်တွင်စီးထွက် လျက် ဥယျာဉ်ကိုရေပေး၏။ ဧဒင်ဥယျာဉ်ကို ကျော်လွန်သောအခါမြစ်လေးသွယ်ခွဲ၍ ဖြာဆင်း၏။- |
45 | GEN 2:14 | တတိယမြစ်သည်ကားတိဂရစ်မြစ်ဖြစ်၍ အာရှုရိပြည်အရှေ့ဘက်မှစီးဆင်း၏။ စတုတ္ထ မြစ်သည်ကားဥဖရတ်မြစ်ဖြစ်၏။ |
46 | GEN 2:15 | ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန်နှင့်စောင့် ရှောက်ထိန်းသိမ်းရန် လူကိုထိုဥယျာဉ်တွင်နေ စေတော်မူ၏။- |
47 | GEN 2:16 | ထာဝရအရှင်ဘုရားသခင်က``သင်သည် အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်နိုင်စေ သောအပင်၏အသီးမှတစ်ပါး ဥယျာဉ်ထဲ၌ ရှိသမျှသောအပင်၏အသီးကိုစားနိုင်၏။ ထိုအပင်၏အသီးကိုကားမစားရ။ စား သောနေ့၌သေရမည်'' ဟုလူအားပညတ် တော်မူ၏။ |
57 | GEN 3:1 | မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်း တော်မူသမျှသောတိရစ္ဆာန်တို့တွင် အစဉ်းလဲဆုံး သတ္တဝါဖြစ်၏။ ``ဘုရားသခင်ကဥယျာဉ်ထဲ ရှိအပင်များမှအသီးကိုမစားရဟု အမှန် ပင်ပညတ်ထားပါသလော'' ဟူ၍မြွေက မိန်းမအားမေး၏။ |
58 | GEN 3:2 | မိန်းမက``ငါတို့သည်ဥယျာဉ်ထဲရှိအပင် များ၏အသီးကိုစားနိုင်၏။- |
59 | GEN 3:3 | သို့ရာတွင်ဥယျာဉ်အလယ်၌ရှိသောအပင်၏ အသီးကိုမူကားမစားရ။ ကိုင်ပင်မကိုင်ရ။ ကိုင်မိစားမိလျှင်သေရကြမည်ဟု ဘုရားသခင်၏အမိန့်တော်ရှိမူ၏'' ဟူ၍ပြန်ဖြေ၏။ |
64 | GEN 3:8 | ထိုနေ့ညနေခင်း၌သူတို့သည်ဥယျာဉ်ထဲ တွင်ထာဝရအရှင်ဘုရားသခင် ကြွလာ တော်မူသောအသံကိုကြားရလျှင် သူတို့ အားမတွေ့မမြင်စေရန်သစ်ပင်များအကြား တွင်ပုန်းကွယ်နေကြ၏။- |
66 | GEN 3:10 | ထိုအခါလူယောကျာ်းက``ကိုယ်တော်ဥယျာဉ်ထဲ ၌ကြွလာတော်မူသောအသံကိုကြားရ၍ အဝတ်အချည်းစည်းရှိသောကြောင့်ကြောက် ၍ပုန်းနေပါသည်'' ဟုလျှောက်လေ၏။ |
79 | GEN 3:23 | ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှ ဖြစ်သောလူအားမြေကိုထွန်ယက်စိုက်ပျိုး စေတော်မူ၏။- |
80 | GEN 3:24 | ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။ |
258 | GEN 10:23 | အာရံမှပေါက်ဖွားဆင်းသက်သောသားစဉ်မြေး ဆက်တို့သည်ကား ဥဇလူမျိုး၊ ဟုလလူမျိုး၊ ဂေသာလူမျိုးနှင့်မာရှလူမျိုးများဖြစ်ကြ သည်။- |
262 | GEN 10:27 | ဟဒေါရံလူမျိုး၊ ဥဇလလူမျိုး၊ ဒိကလ လူမျိုး၊- |
295 | GEN 11:28 | ခါရန်သည်မိမိ၏ဖခင်အသက်ရှင်လျက်ရှိစဉ် ပင်လျှင် မိမိ၏နေရပ်ဖြစ်သောဗာဗုလုန်ပြည်၊ ဥရမြို့တွင်ကွယ်လွန်လေသည်။- |
298 | GEN 11:31 | တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။- |
304 | GEN 12:5 | အာဗြံသည်မယားစာရဲ၊ တူလောတ၊ ရှိသမျှ သောဥစ္စာပစ္စည်းနှင့်တကွ ခါရန်မြို့၌ရရှိသော ကျေးကျွန်အားလုံးတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့ခရီးထွက်ခဲ့လေသည်။ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊- |
329 | GEN 13:10 | ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော် ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-) |
359 | GEN 14:22 | ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။ |
368 | GEN 15:7 | ထိုနောက်ဘုရားသခင်က``ငါသည်သင့်အား ဤ ပြည်ကိုအပိုင်စားပေးရန်သင့်ကိုဗာဗုလုန် ပြည်၊ ဥရမြို့မှခေါ်ဆောင်ခဲ့သောထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။ |
375 | GEN 15:14 | သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။- |
382 | GEN 15:21 | အာမောရိအမျိုးသား၊ ခါနနိအမျိုးသား၊ ဂိရဂါရှိအမျိုးသားနှင့်ယေဗုသိအမျိုး သားတို့၏ပြည်များအပါအဝင် အီဂျစ် ပြည်နယ်စပ်မှ ဥဖရတ်မြစ်တိုင်အောင်ကျယ် ပြန့်သောဒေသတစ်ခုလုံးကို သင်၏အမျိုး အနွယ်တို့အားငါပေးအပ်မည်ဟုကတိ ပြုသည်'' ဟုမိန့်တော်မူ၏။ |
524 | GEN 21:10 | ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။ |
594 | GEN 24:2 | သူသည်သူ၏ပစ္စည်းဥစ္စာအားလုံးတို့ကိုအုပ် ထိန်းရသော အသက်အကြီးဆုံးအစေခံကို ခေါ်လျက်``သင်၏လက်ကိုငါ့ပေါင်အောက်မှာ ထား၍သစ္စာဆိုလော့။- |
602 | GEN 24:10 | အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။- |
664 | GEN 25:5 | အာဗြဟံသည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ဣဇာက်အားအမွေပေး၏။- |
874 | GEN 30:43 | ဤနည်းအားဖြင့်ယာကုပ်သည်ပစ္စည်းဥစ္စာ အလွန်ချမ်းသာလာလေ၏။ သူ၌သိုးအုပ်၊ ဆိတ်အုပ်၊ ကျွန်၊ ကုလားအုတ်၊ မြည်းစသည် တို့တိုးပွားများပြားလာလေသည်။ |
890 | GEN 31:16 | ကျွန်မတို့၏ဖခင်ထံမှဘုရားသခင်သိမ်းယူ တော်မူသောဥစ္စာပစ္စည်းရှိသမျှတို့ကို ကျွန်မ တို့၏သားသမီးများပိုင်ပါသည်။ ဘုရားသခင် မိန့်မှာတော်မူသည့်အတိုင်းဆောင်ရွက်ပါလော့'' ဟုယာကုပ်အားပြောကြ၏။ |
891 | GEN 31:17 | သို့ဖြစ်၍ယာကုပ်သည်မိမိ၏ဖခင်ရှိရာ ခါနာန်ပြည်သို့ပြန်ရန်ပြင်ဆင်လေသည်။ သူ ၏သားသမီးနှင့်မယားတို့ကိုကုလားအုတ် များပေါ်တွင်စီးစေ၏။ သူသည်မက်ဆိုပိုတေး မီးယားပြည်၌ရရှိခဲ့သမျှသောဥစ္စာပစ္စည်း များကိုယူဆောင်လျက် မိမိ၏သိုးအုပ်၊ ဆိတ် အုပ်များကိုမောင်းနှင်လာခဲ့လေသည်။- |
895 | GEN 31:21 | ဤသို့အားဖြင့်သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းတို့ ကိုယူ၍ အဆောတလျင်ခရီးထွက်ခဲ့ရာ သူ သည်ဥဖရတ်မြစ်ကိုဖြတ်ကျော်ပြီးနောက် ဂိလဒ်တောင်သို့ရှေ့ရှုခရီးဆက်ခဲ့လေ၏။ |
906 | GEN 31:32 | သင်၏ဘုရားရုပ်တုများခိုးယူသူကို တွေ့ရှိလျှင်ထိုသူအားဒဏ်ပေးမည်။ ကျွန်ုပ် တို့၏သားချင်းများကိုသက်သေထား၍ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာကိုရှာပါလော့။ သင့်ဥစ္စာရှာတွေ့လျှင်ယူပါလော့'' ဟုဆို လေ၏။ လာဗန်၏ဘုရားရုပ်တုများကို ရာခေလခိုးယူခဲ့ကြောင်းယာကုပ်မသိချေ။ |
917 | GEN 31:43 | လာဗန်က``ဤသမီးတို့သည်ငါ၏သမီးများ ဖြစ်၍ သူတို့၏သားသမီးများသည်လည်း ငါ၏သားသမီးများဖြစ်ကြ၏။ ဤသိုးအုပ် ဆိတ်အုပ်များသည်လည်းငါ၏တိရစ္ဆာန်များ ဖြစ်၏။ စင်စစ်အားဖြင့်သင်မြင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါပိုင်၏။ သို့သော်လည်းငါ ၏သမီးများနှင့်သူတို့၏သားသမီးတို့ ကိုငါစောင့်ရှောက်ထားရန်မဖြစ်နိုင်တော့ သဖြင့်၊- |
952 | GEN 32:24 | သားမယားတို့နှင့်အတူပိုင်သမျှဥစ္စာပစ္စည်း တို့ကိုတစ်ဖက်ကမ်းသို့ပို့လေ၏။- |
970 | GEN 33:9 | ထိုအခါဧသောက``ငါ့ညီ၊ ငါ၌ဥစ္စာအလုံ အလောက်ရှိ၏။ သင့်ပစ္စည်းကိုပြန်ယူပါ'' ဟု ဆိုလေ၏။ |
991 | GEN 34:10 | သင်တို့ဤပြည်၌ငါတို့နှင့်အတူနေထိုင်ကြ ပါ။ ကြိုက်နှစ်သက်ရာအရပ်ကိုရွေး၍နေကြ ပါ။ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားကြပါ။ ပစ္စည်းဥစ္စာကိုလည်းပိုင်ဆိုင်ကြပါ'' ဟုဆို လေ၏။ |
1004 | GEN 34:23 | သူတို့အားငါတို့နှင့်အတူနေထိုင်စေရန်သ ဘောတူကြမည်ဆိုလျှင် သူတို့၏သိုး၊ ဆိတ်မှ စ၍တိရစ္ဆာန်များနှင့်ဥစ္စာပစ္စည်းများကိုလည်း ငါတို့ပိုင်ဆိုင်လာမည်မဟုတ်ပါလော'' ဟု ပြောလေ၏။- |
1047 | GEN 36:6 | ဧသောသည်သူ၏မယားများ၊ သားသမီး များ၊ အိမ်သူအိမ်သားများနှင့်တကွသိုး၊ ဆိတ်စသောတိရစ္ဆာန်များ၊ ခါနာန်ပြည်တွင် စုဆောင်းမိသမျှသောပစ္စည်းဥစ္စာများကို ယူဆောင်လျက်ညီယာကုပ်ထံမှအခြား ပြည်သို့ထွက်ခွာသွားလေသည်။- |
1069 | GEN 36:28 | ဒိရှန်သည်ဥဇနှင့်အာရန်မိသားစုတို့၏ ဘိုးဘေးဖြစ်သည်။ |
1154 | GEN 39:4 | ပေါတိဖာသည်ယောသပ်အားကျေနပ်နှစ်သက် သဖြင့် သူ၏ကိုယ်ရေးကိုယ်တာမှူးအဖြစ်ခန့် ထားလျက် သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းနှင့်အိမ် မှုကိစ္စတို့ကိုအုပ်ထိန်းစေလေသည်။- |
1158 | GEN 39:8 | သို့ရာတွင်ယောသပ်ကငြင်းဆန်လျက်``သခင်သည် ကျွန်တော်အားအရာရာကိုမျက်နှာလွှဲအပ်ထား ပါသည်။ သခင်ပိုင်သမျှဥစ္စာပစ္စည်းကိုထိန်းသိမ်း ရန်ကျွန်တော်အားတာဝန်ပေးအပ်ထားပါသည်။- |
1291 | GEN 42:38 | သို့ရာတွင်ယာကုပ်က``ငါ့သားကိုသင်တို့နှင့် အတူမလွှတ်နိုင်။ သူ၏အစ်ကိုသေဆုံးပြီဖြစ် ၍သူတစ်ယောက်တည်းကျန်ရစ်သည်။ ငါသည် အသက်အရွယ်အိုမင်းပါပြီ။ အကယ်၍ခရီး လမ်းတွင်သူသည်ဘေးဥပဒ်နှင့်တွေ့ကြုံရ သော် ငါသည်ဝမ်းနည်းကြေကွဲလျက်သေ ရပါမည်'' ဟုဆိုလေ၏။ |
1354 | GEN 44:29 | ယခုဤသားကိုသင်တို့ခေါ်ဆောင်သွား၍သူသည် ဘေးဥပဒ်နှင့်တွေ့ကြုံရသော် သင်တို့အဖေအို ကြီးသည်ဝမ်းနည်းကြေကွဲလျက်သေရပါမည်' ဟုဆိုပါသည်။ |
1369 | GEN 45:10 | ဖခင်နှင့်တကွသားသမီး၊ မြေးများ၊ သိုး၊ ဆိတ်၊ နွားမှစသောဖခင်ပိုင်ပစ္စည်းဥစ္စာရှိသမျှတို့ ကိုယူဆောင်၍သားနှင့်အနီးဂေါရှင်အရပ်၌ နေထိုင်ပါလော့။- |
1379 | GEN 45:20 | သူတို့ချန်ခဲ့ရသည့်ပစ္စည်းများအတွက်နှမြော ခြင်းမဖြစ်ကြစေနှင့်။ အီဂျစ်ပြည်တွင်ရှိသမျှ သောစည်းစိမ်ဥစ္စာသည်သူတို့၏စည်းစိမ်ဥစ္စာ ဖြစ်မည်'' ဟုမိန့်မြွက်လေ၏။ |
1388 | GEN 46:1 | ယာကုပ်သည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ထုပ်ပိုး၍ ခရီးထွက်ခဲ့ရာဗေရရှေဘအရပ် သို့ရောက်လျှင် သူ၏အဖဣဇာက်၏ဘုရားသခင်အားယဇ်ပူဇော်လေ၏။- |
1422 | GEN 47:1 | သို့ဖြစ်၍ယောသပ်သည်ဖာရောဘုရင်ထံ သို့သွားလေ၏။ ယောသပ်သည်ဘုရင့်ထံသို့ အခစားဝင်၍``ကျွန်တော်မျိုး၏အဖနှင့် အစ်ကိုတို့သည်သိုးနွားများနှင့်တကွ သူ တို့ပိုင်သမျှဥစ္စာပစ္စည်းများကိုယူဆောင်ကာ ခါနာန်ပြည်မှရောက်ရှိလာကြပါပြီ။ ယခု သူတို့သည်ဂေါရှင်အရပ်တွင်ရှိပါသည်'' ဟု လျှောက်လေ၏။- |
1447 | GEN 47:26 | သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်တွင် အသီးအနှံထွက်ထဲမှ ငါးပုံတစ်ပုံကို ဖာရော ဘုရင်ထံဆက်ရမည်ဟူသောမြေယာဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့လေသည်။ ထိုဥပဒေ သည်ယနေ့တိုင်အောင်အာဏာတည်လျက်ရှိ၏။ ယဇ်ပုရောဟိတ်တို့ပိုင်သောလယ်မြေများသာ လျှင်ထိုဥပဒေမှလွတ်ကင်းခွင့်ရှိသည်။ |
1602 | EXO 3:22 | ဣသရေလအမျိုးသမီးတိုင်းကမိမိ၏ အီဂျစ်ပြည်သားအိမ်နီးချင်းတို့ထံမှသော် လည်းကောင်း၊ မိမိအိမ်မှာတည်းခိုသောအီဂျစ် အမျိုးသမီးတို့ထံမှ ရွှေ၊ ငွေ၊ လက်ဝတ်တန် ဆာနှင့်အဝတ်အထည်များကိုတောင်းယူကြ လိမ့်မည်။ သင်တို့သည်သင်တို့၏သားသမီး များအားထိုပစ္စည်းများဖြင့်တန်ဆာဆင်ပေး ကြခြင်းဖြင့်အီဂျစ်ပြည်သားတို့၏ဥစ္စာ ပစ္စည်းများကိုအပိုင်ရရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။ |
1853 | EXO 12:36 | အီဂျစ်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားရိုသေလေးစားစေရန် ထာဝရဘုရားပြုတော်မူသဖြင့်သူတို့ တောင်းသမျှကိုပေးကြ၏။ ဤနည်းအား ဖြင့်သူတို့သည် အီဂျစ်အမျိုးသားတို့၏ ပစ္စည်းဥစ္စာများကိုယူဆောင်သွားကြ၏။ |
1860 | EXO 12:43 | ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား``ပသခါပွဲတော်နှင့်ဆိုင်သောစည်းကမ်း ဥပဒေသများသည်ကားဤသို့တည်း။ မည် သည့်လူမျိုးခြားကိုမျှထိုပွဲတွင်ပါဝင် စားသောက်ခွင့်မပြုရ။- |
1866 | EXO 12:49 | ဣသရေလအမျိုးသားများသော်လည်း ကောင်း၊ သင်တို့နှင့်အတူနေထိုင်သောလူ မျိုးခြားတို့သည်သော်လည်းကောင်း ဤစည်း ကမ်းဥပဒေသများကိုလိုက်နာရမည်'' ဟုမိန့်တော်မူ၏။- |
1930 | EXO 15:9 | ရန်သူက`ငါသည်သူတို့ကိုမီအောင် လိုက်လံဖမ်းဆီးမည်။ သူတို့ထံမှသိမ်းဆည်းရမိသောဥစ္စာပစ္စည်း ကို ခွဲဝေ၍ငါလိုချင်သမျှယူမည်။ ငါ၏ဋ္ဌားကိုဆွဲထုတ်၍သူတို့ကို သုတ်သင်ပစ်မည်' ဟုဆို၏။ |
1971 | EXO 16:23 | မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။- |
1973 | EXO 16:25 | မောရှေက``ယနေ့သည်သင်တို့အလုပ်မှရပ် နားရာနေ့၊ ထာဝရဘုရားအတွက်ဆက်ကပ် သောဥပုသ်နေ့ဖြစ်သဖြင့် ယမန်နေ့ကချန် ထားသောစားစရာကိုစားကြလော့။ စခန်း အပြင်ဘက်၌စားစရာရှာတွေ့နိုင်မည် မဟုတ်။- |
2060 | EXO 20:8 | ``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။- |
2067 | EXO 20:15 | ``သူ့ဥစ္စာကိုမခိုးနှင့်။ |
2119 | EXO 22:4 | ``လူတစ်ဦးသည်မိမိ၏တိရစ္ဆာန်များကို လယ် သို့မဟုတ်စပျစ်ဥယျာဉ်ထဲတွင်ထိန်းကျောင်း နေစဉ် သူတစ်ပါး၏လယ်ထဲသို့ကူးကျော် ကျက်စားစေလျှင်၊ မိမိ၏လယ်သို့မဟုတ် စပျစ်ဥယျာဉ်မှထွက်သောအကောင်းဆုံး အသီးအနှံဖြင့်အစားလျော်စေရမည်။ |
2172 | EXO 23:27 | ``သင်တို့ကိုရန်ဘက်ပြုသူတို့သည် ငါ့ကိုကြောက် ရွံ့ရကြလိမ့်မည်။ သင်တို့ဝင်ရောက်တိုက်ခိုက်သော ပြည်မှ လူတို့သည်ကစဥ့်ကလျားဖြစ်၍ထွက် ပြေးကြလိမ့်မည်။- |
2176 | EXO 23:31 | ငါသည်သင်တို့တိုင်းပြည်၏နယ်နိမိတ်ကို ပင်လယ်နီမှမြေထဲပင်လယ်သို့လည်းကောင်း၊ တောကန္တာရမှဥဖရတ်မြစ်သို့လည်းကောင်း ကျယ်ပြန့်စေမည်။ ငါသည်ထိုပြည်သားတို့ ကိုသင်တို့၏လက်သို့အပ်သဖြင့် သင်တို့သည် သူတို့အားနှင်ထုတ်နိုင်လိမ့်မည်။- |
2189 | EXO 24:11 | ဘုရားသခင်သည်ဣသရေလအမျိုးသားခေါင်း ဆောင်တို့အားဘေးဥပဒ်ရောက်စေတော်မမူ။ သူတို့သည် ဘုရားသခင်အားဖူးမြင်ပြီး နောက်အတူတကွစားသောက်ကြ၏။ |
2311 | EXO 28:17 | ရင်ဖုံးပေါ်တွင်ကျောက်မျက်လေးတန်းတပ် ဆင်ထားရမည်။ ပထမအတန်းတွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊- |
2324 | EXO 28:30 | အာရုန်သည်ငါ၏ရှေ့တော်သို့ဝင်သောအခါ ဥရိမ်နှင့်သုမိမ် ပါဆောင်လျက်ဝင်နိုင်စေရန်၊ သူ၏ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ်ကိုထည့်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ငါ၏အလိုတော် မည်သို့ရှိသည်ကို သိနိုင်ရန်အာရုန်သည်ငါ ၏ရှေ့တော်သို့ဝင်လာသောအခါတိုင်းဤ ရင်ဖုံးကိုဝတ်ဆင်ထားရမည်။ |
2422 | EXO 31:1 | ထာဝရဘုရားကမောရှေအား``ငါသည်ယုဒ အနွယ်မှဟုရ၏မြေး၊ ဥရိ၏သားဖြစ်သူ ဗေဇလေလကိုရွေးချယ်ထားပြီ။- |
2433 | EXO 31:12 | တစ်ဖန်ထာဝရဘုရားကမောရှေအား``ဣသ ရေလအမျိုးသားတို့အားဤသို့ဆင့်ဆို လော့။ ငါ၏ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ဥပုသ် နေ့သည်ငါထာဝရဘုရားက သင်တို့အား ငါ၏လူမျိုးတော်အဖြစ်ရွေးချယ်ထား ကြောင်းကို သားစဉ်မြေးဆက်သတိရစေ သောအထိမ်းအမှတ်ဖြစ်သတည်း။- |
2435 | EXO 31:14 | ဥပုသ်နေ့သည်နားရက်၊ နေ့ထူးနေ့မြတ်ဖြစ် သောကြောင့် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ် နေ့တွင်အလုပ်လုပ်လျက်ထိုနေ့ကိုမစောင့် ထိန်းသူအားသေဒဏ်စီရင်ရမည်။- |
2437 | EXO 31:16 | ဣသရေလအမျိုးသားတို့သည်ဥပုသ်နေ့ ကို ပဋိညာဉ်၏အထိမ်းအမှတ်အဖြစ်စောင့် ထိန်းရမည်။ ငါထာဝရဘုရားသည်ခြောက် ရက်တွင်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်း ၍၊ သတ္တမနေ့၌အလုပ်မှနားတော်မူသည် ဖြစ်သောကြောင့်၊- |
2438 | EXO 31:17 | ဥပုသ်နေ့သည်ငါနှင့်ဣသရေလအမျိုး သားတို့ပြုသောပဋိညာဉ်၏ထာဝရ အထိမ်းအမှတ်ဖြစ်သတည်း'' ဟုမိန့် တော်မူ၏။ |
2535 | EXO 35:3 | ဥပုသ်နေ့တွင်သင်တို့၏နေအိမ်များ၌မီးကို ပင်မမွေးရ'' ဟုဆင့်ဆို၏။ |
2562 | EXO 35:30 | မောရှေက ဣသရေလအမျိုးသားတို့ အား``ထာဝရဘုရားသည်ယုဒအနွယ် ဟုရ၏မိသားစုမှ ဥရိ၏သားဗေဇ လေလကိုရွေးချယ်ထားတော်မူ၏။- |
2656 | EXO 38:22 | ယုဒအနွယ်ဟုရ၏မိသားစုမှဥရိ၏သား ဗေဇလေလသည် ထာဝရဘုရားကမောရှေ အားမိန့်မှာတော်မူသမျှတို့ကိုတာဝန်ယူ ဆောင်ရွက်လေ၏။- |
2675 | EXO 39:10 | သူတို့သည်ထိုရင်ဖုံးပေါ်တွင်ကျောက်မျက် လေးတန်းတပ်ဆင်ထား၏။ ပထမအတန်း တွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊- |
2862 | LEV 6:5 | ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမှမီးမငြိမ်းစေရ။ ယဇ် ပုရောဟိတ်သည်နံနက်တိုင်းယဇ်ပလ္လင်ပေါ်တွင် ထင်းတင်၍ မီးရှို့ရာယဇ်ကိုထင်းပုံပေါ်တွင် စီ၍တင်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်မိတ် သဟာယယဇ်၏ဆီဥကိုမီးရှို့ပူဇော်ရမည်။- |
2926 | LEV 8:8 | ရင်ဖုံးကိုတပ်ဆင်ပေးပြီးလျှင်ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ် ကိုထည့်ထား၏။- |
3102 | LEV 13:49 | စိမ်းဖန့်ဖန့်သို့မဟုတ်နီကြန့်ကြန့်ဖားဥ ကွက်များကိုတွေ့ရလျှင် ပြန့်ပွားတက်သော ဖားဥမျိုးဖြစ်သဖြင့် ထိုပစ္စည်းများကိုယဇ် ပုရောဟိတ်ထံပြသရမည်။- |
3104 | LEV 13:51 | သတ္တမနေ့၌ထိုပစ္စည်းကိုထပ်မံစစ်ဆေး၍ ဖားဥကွက်ပြန့်ပွားလာလျှင် ထိုပစ္စည်းသည် မသန့်ရှင်းချေ။- |
3105 | LEV 13:52 | ထိုဖားဥကွက်သည်ကူးစက်တတ်သောဖားဥ မျိုးဖြစ်သဖြင့် ယဇ်ပုရောဟိတ်သည်ပစ္စည်း ကိုမီးရှို့ဖျက်ဆီးရမည်။ |
3106 | LEV 13:53 | ယဇ်ပုရောဟိတ်သည် ပစ္စည်းကိုစစ်ဆေး၍ဖားဥ ကွက်သည်မကျယ်ပြန့်လျှင်၊- |
3108 | LEV 13:55 | ထို့နောက်ယဇ်ပုရောဟိတ်သည်ပစ္စည်းကိုစစ် ဆေးရမည်။ ဖားဥကွက်သည်မပြန့်ပွားသော် လည်းအရောင်မပြောင်းလဲလျှင် ထိုပစ္စည်းသည် မသန့်ရှင်းချေ။ ထိုပစ္စည်းသည်အတွင်းအပြင် ဆွေးမြေ့နေကြောင်းတွေ့ရှိရလျှင် ယင်းကို မီးရှို့ဖျက်ဆီးရမည်။- |
3109 | LEV 13:56 | သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထပ်မံစစ် ဆေးသည့်အခါ ဖားဥကွက်သည်အရောင်ညှိုး သွားကြောင်းကိုတွေ့ရှိရလျှင် အဝတ်အထည် သို့မဟုတ်သားရေထည်ပစ္စည်းမှထိုအကွက် ကိုဆုတ်ထုတ်ရမည်။- |
3110 | LEV 13:57 | ထို့နောက်ဖားဥကွက်တစ်ဖန်ပြန်ပေါ်လာ လျှင် ဖားဥပြန့်ပွားလာခြင်းကြောင့် ပိုင်ရှင် သည်ပစ္စည်းကိုမီးရှို့ဖျက်ဆီးရမည်။- |
3111 | LEV 13:58 | သူသည်ပစ္စည်းကိုဖွပ်လျှော်သဖြင့်ဖားဥ ကွက်ပျောက်လျှင် နောက်တစ်ကြိမ်ထပ်မံဖွပ် လျှော်ရမည်။ ထို့နောက်ပစ္စည်းသည်ဘာသာ ရေးထုံးနည်းအရသန့်ရှင်းလိမ့်မည်။ |
3112 | LEV 13:59 | ဤပညတ်သည်ကား သိုးမွေးအဝတ်အထည် သို့မဟုတ်ပိတ်ချောအဝတ်အထည်တွင်ဖြစ် စေ၊ သိုးမွေးအထည်စ၊ သို့မဟုတ်ပိတ်ချော အထည်စတွင်ဖြစ်စေ၊ သားရေထည်ပစ္စည်း တွင်ဖြစ်စေ၊ ဖားဥကွက်ပေါ်ခြင်းနှင့်ဆိုင်သော ပညတ်ဖြစ်သတည်း။ |
3145 | LEV 14:33 | ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အိမ်များတွင်ဖားဥစွဲခြင်းနှင့်ပတ်သက် ၍ အောက်ဖော်ပြပါပညတ်များကိုချမှတ် ပေးတော်မူ၏။ (ဤပညတ်သည် ဣသရေလ အမျိုးသားတို့ပိုင်ဆိုင်နေထိုင်ရန် ထာဝရ ဘုရားပေးတော်မူမည့်ခါနာန်ပြည်သို့ရောက် ရှိပြီးနောက်လိုက်လျှောက်ရမည့်ပညတ်များ ဖြစ်သည်။-) |
3147 | LEV 14:35 | တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။- |
3149 | LEV 14:37 | ဖားဥကိုစစ်ဆေးရမည်။ အိမ်ထရံပေါ် တွင်စိမ်းဖန့်ဖန့်၊ နီကြန့်ကြန့်ဖားဥစွဲသည့် အကွက်များချိုင့်ဝင်နေကြောင်းတွေ့ရှိရ လျှင်၊- |
3151 | LEV 14:39 | သူသည်သတ္တမနေ့၌ ထိုအိမ်သို့တစ်ဖန်သွား ရောက်စစ်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ဖားဥများပြန့်ပွားလျက်ရှိကြောင်းတွေ့ရ လျှင်၊- |
3152 | LEV 14:40 | ဖားဥစွဲသောကျောက်တုံးများကိုထုတ်၍ မြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။- |
3155 | LEV 14:43 | ထိုအိမ်တွင်ကျောက်တုံးများကိုထုတ်၍ထရံ များကိုခြစ်လျက် အင်္ဂတေအသစ်မွမ်းမံပြီး နောက်ဖားဥစွဲပြန်လျှင်၊- |
3156 | LEV 14:44 | ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် စစ်ဆေးရမည်။ ဖားဥပြန့်ပွားလျက်ရှိသည် ကိုတွေ့ရလျှင်ထိုအိမ်သည်မသန့်စင်ချေ။- |
3160 | LEV 14:48 | အိမ်ကိုအင်္ဂတေဖြင့်အသစ်မွမ်းမံပြီးသည့် နောက် ယဇ်ပုရောဟိတ်သွားရောက်စစ်ဆေးကြည့် သောအခါ ဖားဥထပ်မံ၍မစွဲကြောင်းတွေ့ ရှိရလျှင် ဖားဥလုံးဝမစွဲတော့ပြီဖြစ်သော ကြောင့် ထိုအိမ်သည်ဘာသာရေးထုံးနည်း အရသန့်စင်သည်ဟူ၍ကြေညာရမည်။- |
3167 | LEV 14:55 | ကိုယ်ရေပြားပေါ်တွင်ပေါက်သောအနာ၊ အနာ စိမ်း၊ သို့မဟုတ်ဖူးယောင်နာနှင့်ဆိုင်၍လည်း ကောင်း၊ အဝတ်အထည်နှင့်အိမ်များတွင်ဖားဥ စွဲခြင်းနှင့်ဆိုင်၍လည်းကောင်းပြဋ္ဌာန်းသော ပညတ်များဖြစ်သည်။- |
3285 | LEV 19:3 | လူတိုင်းမိဘကိုရိုသေလေးစားရမည်။ ငါ ပညတ်သည့်အတိုင်းဥပုသ်နေ့ကိုစောင့်ထိန်း ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။ |
3295 | LEV 19:13 | ``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။- |
3312 | LEV 19:30 | ဥပုသ်နေ့ကိုစောင့်ထိန်း၍ ငါ့အားဝတ်ပြုရာ ဌာနတော်ကိုရိုသေလော့။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။ |
3406 | LEV 23:3 | သင်တို့သည်ခြောက်ရက်အလုပ်လုပ်၍ ဥပုသ် နေ့ဖြစ်သောသတ္တမနေ့တွင်အလုပ်မှနား ရမည်။ ထိုနေ့၌အလုပ်မလုပ်ဘဲစုဝေး ဝတ်ပြုကိုးကွယ်ရမည်။ သင်တို့နေထိုင်ရာ မည်သည့်အရပ်၌မဆိုဥပုသ်နေ့ကိုစောင့်ထိန်း လော့။- |