5 | GEN 1:5 | အလင်းကို ``နေ့'' ဟူ၍လည်းကောင်း၊ အမှောင် ကို ``ညဥ့်'' ဟူ၍လည်းကောင်းခေါ်တွင်စေတော် မူ၏။ ညဦးမှနံနက်အထိပထမနေ့ရက် ဖြစ်လေ၏။ |
8 | GEN 1:8 | မိုးမျက်နှာကြက်ကို``မိုးကောင်းကင်'' ဟုခေါ် တွင်စေတော်မူ၏။ ညဦးမှနံနက်အထိဒုတိယ နေ့ရက်ဖြစ်လေ၏။ |
13 | GEN 1:13 | ညဦးမှနံနက်အထိတတိယနေ့ရက်ဖြစ် လေ၏။ |
19 | GEN 1:19 | ညဦးမှနံနက်အထိစတုတ္ထနေ့ရက်ဖြစ်လေ၏။ |
23 | GEN 1:23 | ညဦးမှနံနက်အထိပဉ္စမနေ့ရက်ဖြစ်လေ၏။ |
31 | GEN 1:31 | ဘုရားသခင်သည်ဖန်ဆင်းတော်မူခဲ့သမျှ တို့ကိုရှုမြင်၍ အလွန်နှစ်သက်တော်မူ၏။ ညဦးမှနံနက်အထိဆဋ္ဌမနေ့ရက် ဖြစ်လေ၏။ |
55 | GEN 2:24 | ထိုအကြောင်းကြောင့်ယောကျာ်းသည်မိဘကို စွန့်၍ဇနီးနှင့်စုံဖက်သဖြင့် သူတို့နှစ်ဦး သည်တစ်သွေးတစ်သားတည်းဖြစ်လာ ကြ၏။ |
56 | GEN 2:25 | ထိုသူနှစ်ဦးစလုံးတွင်အဝတ်အချည်းစည်း ဖြစ်နေသော်လည်းရှက်ကြောက်ခြင်းမရှိ။ |
71 | GEN 3:15 | သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။ |
84 | GEN 4:4 | အာဗေလသည်လည်းမိမိသိုးအုပ်မှ အဦး ဆုံးပေါက်သောသိုးကိုယူဆောင်ခဲ့၍သတ် ပြီးလျှင် အကောင်းဆုံးသောအပိုင်းများကို ထာဝရဘုရားအားပူဇော်၏။ ထာဝရဘုရား သည်အာဗေလနှင့်သူ၏ပူဇော်သကာကို နှစ်သက်တော်မူ၏။- |
103 | GEN 4:23 | လာမက်ကမိမိမယားတို့အား``ငါ့မယား အာဒနှင့် ဇိလတို့ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုရိုက်နှက်သူလူငယ်တစ်ဦးသည်ငါ့ကို ရိုက်နှက်သောကြောင့်ငါသတ်ခဲ့ပြီ။ |
139 | GEN 6:1 | ထိုအချိန်ကာလ၌ကမ္ဘာအရပ်ရပ်တွင် လူဦး ရေများပြားလာ၏။ လူတို့၌သမီးများဖွား မြင်လာကြ၏။- |
226 | GEN 9:20 | နောဧသည်တောင်သူလယ်သမားတစ်ဦးဖြစ်၍ စပျစ်ခြံကိုအဦးဆုံးစိုက်ပျိုးခဲ့သူဖြစ်၏။- |
243 | GEN 10:8 | ကုရှတွင်နိမ်ရောဒနာမည်ရှိသားတစ်ယောက် ရှိ၏။ ထိုသားသည်ကမ္ဘာပေါ်တွင် ပထမဦးဆုံး နယ်ပယ်များကိုတိုက်ခိုက်အောင်မြင်သောသူ ဖြစ်၏။- |
245 | GEN 10:10 | သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။- |
250 | GEN 10:15 | ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။- |
314 | GEN 12:15 | နန်းတော်မှမှူးမတ်အချို့တို့ကလည်းစာရဲ ၏ရုပ်ရည်အလှကိုမြင်ရ၍ ဖာရောဘုရင် ထံသို့သံတော်ဦးတင်ကြသဖြင့် သူမသည် နန်းတော်သို့ခေါ်ဆောင်ခြင်းကိုခံရလေ၏။- |
325 | GEN 13:6 | သူတို့နှစ်ဦးတွင်တိရစ္ဆာန်များ၍စားကျက်မလုံလောက်သည့်အတွက်ကြောင့် အတူတူနေထိုင်ရန်မဖြစ်နိုင်တော့ချေ။- |
330 | GEN 13:11 | ထို့ကြောင့်လောတသည်ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးကိုရွေးယူ၍ အရှေ့ဘက်သို့ပြောင်းရွှေ့ခဲ့လေသည်။ ဤသို့အားဖြင့်သူတို့နှစ်ဦးခွဲခွာခဲ့ကြသည်။- |
354 | GEN 14:17 | အာဗြံသည်ခေဒေါရလောမာဘုရင်နှင့် အခြား အပေါင်းပါဘုရင်တို့ကိုတိုက်ခိုက်အောင်မြင်၍ ပြန်လာသောအခါ သောဒုံဘုရင်သည်ခရီးဦး ကြိုဆိုရန်ရှာဝေချိုင့်ဝှမ်း(ဘုရင့်ချိုင့်ဝှမ်းဟု လည်းခေါ်တွင်၏) သို့သွားရောက်လေ၏။- |
364 | GEN 15:3 | ကိုယ်တော်သည်အကျွန်ုပ်အားသားမထွန်းကား စေသဖြင့် ကျွန်တစ်ဦးကအကျွန်ုပ်၏အမွေ ကိုခံယူရပါမည်'' ဟုလျှောက်ဆိုလေ၏။ |
387 | GEN 16:5 | ထိုအခါစာရဲကအာဗြံအား``ကိုယ်တော်ကြောင့် ဟာဂရသည် ကျွန်မအားမထီလေးစားပြုပါ ပြီ။ ကျွန်မကသူ့ကိုကိုယ်တော်ထံအပ်၍ သူ၌ ပဋိသန္ဓေစွဲကြောင်းသိသည်နှင့် ကျွန်မအား မထီလေးစားပြုလာပါသည်။ ကိုယ်တော်နှင့် ကျွန်မတို့နှစ်ဦးအတွက် တရားသဖြင့်ဖြစ် စေရန်ထာဝရဘုရားစီရင်တော်မူပါစေ'' ဟုဆို၏။ |
415 | GEN 17:17 | အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။- |
424 | GEN 17:26 | ထိုနေ့၌သူတို့သားအဖနှစ်ဦးနှင့်အိမ်တွင် ရှိသောကျေးကျွန်အပေါင်းတို့သည် အရေဖျား လှီးခြင်းမင်္ဂလာကိုခံကြလေသည်။ |
427 | GEN 18:2 | မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊- |
432 | GEN 18:7 | အာဗြဟံသည်နွားအုပ်ရှိရာသို့ပြေးပြီးလျှင် ဆူဖြိုးနုနယ်သောနွားကလေးတစ်ကောင်ကို ရွေးလျက် ကျွန်တစ်ဦး၏လက်သို့အပ်၍ဟင်း လျာကိုအလျင်အမြန်ပြင်ဆင်စေ၏။- |
435 | GEN 18:10 | တစ်ယောက်သောဧည့်သည်က``ယခုမှစ၍ကိုးလ ကြာသောအခါ ငါပြန်လာဦးမည်။ ထိုအချိန်၌ သင်၏မယားစာရာ၌သားဖွားလိမ့်မည်'' ဟု ဆိုလေ၏။ ထိုအချိန်၌စာရာသည် ထိုသူ၏နောက်ကွယ် တဲဝမှာနေ၍ နားထောင်လျက်ရှိ၏။- |
438 | GEN 18:13 | ထိုအခါထာဝရဘုရားက``စာရာသည် ငါဤ မျှလောက်အရွယ်ကြီးရင့်ကာမှ သားသမီးရ နိုင်ဦးမည်လောဟုဆို၍ အဘယ်ကြောင့်ပြုံး ရယ်ရသနည်း။- |
439 | GEN 18:14 | ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။ |
447 | GEN 18:22 | ထိုသူတို့သုံးဦးထဲမှနှစ်ဦးသည် သောဒုံမြို့ ဘက်သို့ထွက်ခွာသွားကြ၏။ ထာဝရဘုရား ကမူ အာဗြဟံနှင့်အတူနေရစ်ခဲ့လေသည်။- |
449 | GEN 18:24 | အကယ်၍မြို့ထဲ၌အပြစ်မဲ့သူဦးရေငါး ဆယ်ရှိလျှင် တစ်မြို့လုံးကိုဖျက်ဆီးပစ်မည် လော။ ထိုသူငါးဆယ်ကိုထောက်ထား၍ မြို့ကို ချမ်းသာမပေးဘဲနေမည်လော။- |
451 | GEN 18:26 | ထာဝရဘုရားက``သောဒုံမြို့ထဲ၌အပြစ် မဲ့သူဦးရေငါးဆယ်ရှိလျှင် ထိုသူတို့ကို ထောက်ထား၍တစ်မြို့လုံးကိုငါချမ်းသာပေး မည်'' ဟုမိန့်တော်မူ၏။ |
454 | GEN 18:29 | ``အပြစ်မဲ့သူလေးဆယ်မျှသာရှိလျှင် မြို့ ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟုအာဗြဟံ ကထပ်၍မေးလျှောက်လေ၏။ ကိုယ်တော်က``အပြစ်မဲ့သူလေးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။ |
455 | GEN 18:30 | တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက် ထွက်တော်မမူပါနှင့်။ တစ်ကြိမ်ထပ်၍လျှောက် တင်ပါရစေ။ အပြစ်မဲ့သူသုံးဆယ်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' မေးလျှောက် ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူသုံးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။ |
456 | GEN 18:31 | တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အကျွန်ုပ် အတင့်ရဲ၍ ဆက်လက်လျှောက်ဆိုခြင်းကိုခွင့် လွှတ်တော်မူပါ။ အပြစ်မဲ့သူနှစ်ဆယ်မျှသာ ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟု မေးလျှောက်ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူနှစ်ဆယ်ရှိလျှင် မြို့ ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။ |
457 | GEN 18:32 | နောက်တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်တစ် ကြိမ်သာထပ်၍လျှောက်တင်ပါရစေ။ အပြစ် မဲ့သူဆယ်ယောက်မျှသာရှိလျှင် မြို့ကိုဖျက် ဆီးပစ်ဦးမည်လော'' ဟုလျှောက်ပြန်သည်။ ကိုယ်တော်က``အပြစ်မဲ့သူဆယ်ယောက်ရှိ လျှင် မြို့ကိုငါမဖျက်ဆီး'' ဟုမိန့်တော်မူ၏။- |
459 | GEN 19:1 | ထိုနေ့ည၌ကောင်းကင်တမန်နှစ်ပါးတို့သည် သောဒုံမြို့သို့ရောက်ရှိလာကြသောအခါ လောတသည်မြို့တံခါးဝမှာထိုင်လျက်ရှိ၏။ ကောင်းကင်တမန်တို့ကိုမြင်လျှင် သူသည်ထ၍ခရီးဦးကြိုပြုလေ၏။ သူသည်သူတို့ရှေ့တွင်ဦးညွှတ်လျက်၊- |
461 | GEN 19:3 | ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။ |
468 | GEN 19:10 | သို့ရာတွင်ဧည့်သည်နှစ်ဦးကတံခါးကိုဖွင့်လျက် လောတကိုအိမ်ထဲသို့ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်လိုက်ကြ၏။- |
470 | GEN 19:12 | ဧည့်သည်နှစ်ဦးတို့က``ငါတို့သည်ဤအရပ်ကိုဖျက်ဆီးပစ်မည်ဖြစ်သောကြောင့် မြို့ထဲတွင်သင်နှင့်ဆိုင်သောသင်၏သားသမီး၊ သမက်နှင့်အခြားဆွေမျိုးသားချင်းများရှိကြလျှင်ထွက်ခွာသွားကြစေ။- |
535 | GEN 21:21 | သူသည်ပါရန်တောကန္တာရတွင်နေ-ထိုင်လျက် သူ့မိခင်သည်သူ့အားအီဂျစ်အမျိုးသမီး တစ်ဦးနှင့်စုံဖက်ပေးလေ၏။ |
541 | GEN 21:27 | ထိုနောက်အာဗြဟံသည်အဘိမလက်အား သိုးနှင့်နွားတို့ကိုပေး၍သူတို့နှစ်ဦးကတိ သစ္စာပြုကြလေသည်။- |
545 | GEN 21:31 | ထိုသို့သူတို့နှစ်ဦးသည်သစ္စာဆိုကြသည် ဖြစ်၍ ထိုအရပ်ကိုဗေရရှေဘဟုခေါ်တွင် ကြသည်။ |
550 | GEN 22:2 | ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။ |
556 | GEN 22:8 | အာဗြဟံက``ဘုရားသခင်ကိုယ်တော်တိုင် ယဇ်ကောင်ကိုစီမံပေးပါလိမ့်မည်'' ဟုပြန် ဖြေလိုက်၏။ ထိုနောက်သူတို့နှစ်ဦးဆက်၍ လျှောက်သွားကြလေသည်။ |
560 | GEN 22:12 | ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။ |
561 | GEN 22:13 | ထိုနောက်အာဗြဟံသည်မော်၍ကြည့်လိုက်သော အခါ ချုံထဲတွင်ဦးချိုငြိနေသောသိုးထီးတစ် ကောင်ကိုမြင်ရလေသည်။ သူသည်သွား၍ထိုသိုး ကိုယူဆောင်ခဲ့ပြီးလျှင် သား၏ကိုယ်စားမီးရှို့ ရာယဇ်ကောင်အဖြစ်ပူဇော်လေ၏။- |
569 | GEN 22:21 | သားများမှာသားဦးဟုဇ၊ ဗုဇ၊ အာရံ၏ ဖခင်ကေမွေလ၊- |
577 | GEN 23:5 | သူတို့က``ကျွန်ုပ်တို့အစီရင်ခံပါရစေ။ ကိုယ်တော်သည်ကျွန်ုပ်တို့တွင်တန်ခိုးကြီးသောအကြီးအကဲတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အကောင်းဆုံးသောသင်္ချိုင်းတွင်သင်၏မယားကိုမြှုပ်နှံပါ။ သူ၏အလောင်းကိုမြှုပ်နှံရန်အတွက်သင်္ချိုင်းကိုကျွန်ုပ်တို့ကဝမ်းသာစွာပေးပါမည်'' ဟုအာဗြဟံအားပြန်ပြောကြ၏။ |
579 | GEN 23:7 | ထိုအခါအာဗြဟံသည်သူတို့ရှေ့တွင်ဦးညွှတ်၍၊ |
584 | GEN 23:12 | အာဗြဟံသည်လည်းမြို့သားတို့ရှေ့တွင်ဦးညွတ်၍၊- |
611 | GEN 24:19 | သူ့အားရေတိုက်ပြီးသောအခါမိန်းမပျိုက``သင် ၏ကုလားအုတ်များရေဝအောင်သောက်နိုင်ရန် ကျွန်မရေခပ်ပေးပါဦးမည်'' ဟုဆိုလေသည်။- |
618 | GEN 24:26 | ထိုအခါသူသည်ဦးညွှတ်၍ထာဝရ ဘုရားကိုရှိခိုးလျက်၊- |
635 | GEN 24:43 | ယခုရေတွင်းသို့ရောက်ရှိပါပြီ။ မိန်းမပျိုတစ် ဦးရေခပ်လာသောအခါသူ့အား`ရေတစ်ပေါက် လောက်သောက်ပါရစေ' ဟုတောင်းပါမည်။- |
636 | GEN 24:44 | အကယ်၍သူက`သောက်ပါ။ သင်၏ကုလားအုတ် များအတွက်ရေကိုခပ်ပေးပါဦးမည်' ဟုဆို လျှင်ထိုမိန်းမပျိုသည်အကျွန်ုပ်သခင်၏သား အတွက်ကိုယ်တော်ရှင်ရွေးချယ်သောမယား ဖြစ်ပါစေသော' ဟုဆုတောင်းပါသည်။- |
640 | GEN 24:48 | ထိုနောက်ကျွန်ုပ်သည်ထာဝရဘုရားအား ဦးညွှတ်ရှိခိုး၍ကျွန်ုပ်သခင်၏သားအတွက် မယားရှိရာဆွေမျိုးသားချင်းတို့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူသောကျွန်ုပ် သခင်အာဗြဟံ၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းပါသည်။- |
644 | GEN 24:52 | အာဗြဟံ၏အစေခံသည်ထိုစကားကို ကြားရလျှင် ထာဝရဘုရားအားဦးညွှတ် ရှိခိုးလေသည်။- |
672 | GEN 25:13 | ဣရှမေလ၏ကြီးစဉ်ငယ်လိုက်သားများ၏ နာမည်များမှာသားဦးနဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊- |
684 | GEN 25:25 | အဦးဖွားသောသားသည်အဆင်းနီ၍အမွေး ထူသဖြင့်ဧသောဟုနာမည်မှည့်လေသည်။- |
690 | GEN 25:31 | ထိုအခါယာကုပ်က``သားဦးအရာကို ပေးလျှင်ဟင်းကိုပေးမည်'' ဟုဆိုလေသည်။ |
691 | GEN 25:32 | ဧသောက``ငါသည်သေလုအောင်ဆာနေပြီ။ သားဦးအရာသည်ငါ့အဖို့မည်ကဲ့သို့ အကျိုးထူးရှိနိုင်မည်နည်း။ သားဦးအရာ ကိုယူလော့'' ဟုပြန်ဖြေ၏။ |
692 | GEN 25:33 | ယာကုပ်က``သင်၏သားဦးအရာကိုပေးမည် ဟုဦးစွာကတိသစ္စာဆိုပါ'' ဟုပြောသည်။ ဧသောသည်ကတိသစ္စာဆို၍သားဦး အရာကိုယာကုပ်အားပေးလိုက်၏။- |
693 | GEN 25:34 | ထိုအခါယာကုပ်ကမုန့်နှင့်ပဲဟင်းကိုသူ့အား ပေး၍သူသည်စားသောက်ပြီးလျှင်ထွက်သွား လေ၏။ ထိုသို့လျှင်ဧသောသည်မိမိ၏သားဦး အရာကိုမထီလေးစားပြုသတည်း။ |
724 | GEN 26:31 | နောက်တစ်နေ့နံနက်စောစောတွင် သူတို့အချင်း ချင်းတစ်ဦးနှင့်တစ်ဦးကတိသစ္စာပြုကြ၏။ ထို့ နောက်သူတို့အချင်းချင်းနှုတ်ဆက်ပြီးလျှင် မိတ်ဆွေဖြစ်လျက်ခွဲခွာကြလေသည်။ |
727 | GEN 26:34 | ဧသောသည်အသက်လေးဆယ်ရှိသောအခါ ဟိတ္တိအမျိုးသားဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိ အမျိုးသားဧလုန်၏သမီးဗာရှမတ်တို့ နှစ်ဦးနှင့်အိမ်ထောင်ပြုလေသည်။- |
757 | GEN 27:29 | တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။ |
762 | GEN 27:34 | ဧသောသည်ထိုစကားကိုကြားရလျှင်မခံ မရပ်နိုင်အောင်ခံစားရသဖြင့်``အို အဖ၊ ကျွန်တော့် အားလည်းကောင်းချီးပေးပါဦး'' ဟုအသံကျယ် စွာအော်ဟစ်တောင်းပန်လေ၏။ |
764 | GEN 27:36 | ဧသောက``သူသည်ကျွန်တော်အားနှစ်ကြိမ်တိုင် တိုင်ယာကုပ်ဟူသောနာမည်နှင့်လိုက်အောင်လှည့် စားခဲ့ပါပြီ။ သူသည်ကျွန်တော်၏သားဦးအရာ ကိုတစ်ကြိမ်၊ ယခုတစ်ဖန်ကျွန်တော်ခံစားရ မည့်ကောင်းချီးကိုတစ်ကြိမ်ယူသွားပါပြီ။ ကျွန်တော်အဖို့ကောင်းချီးတစ်ပါးပါးမကျန် ပါသလော'' ဟုဖခင်အားမေးလေ၏။ |
766 | GEN 27:38 | ဧသောက``အို အဖ၊ ဖခင်ထံ၌ပေးစရာ ကောင်းချီးမင်္ဂလာတစ်ပါးမျှမကျန်ပါ သလော။ ကျွန်တော့်ကိုလည်းကောင်းချီးမင်္ဂလာ ပေးပါဦး'' ဟုဖခင်အားဆက်လက်တောင်းပန် ၍ငိုကြွေးလေ၏။ |
774 | GEN 27:46 | ရေဗက္ကကဣဇာက်အား``ကျွန်မသည်ဧသော၏ အမျိုးချင်းမတူသောမယားများကြောင့် သေ ချင်အောင်စိတ်ညစ်ရသည်။ အကယ်၍ယာကုပ် သည်ဤအရပ်၌ရှိသော ဟိတ္တိအမျိုးသမီး တစ်ဦးဦးနှင့်အိမ်ထောင်ကျမည်ဆိုလျှင် ကျွန်မအသက်ရှင်မနေနိုင်တော့ပါ'' ဟု ပြောလေ၏။ |
776 | GEN 28:2 | သင်၏အဖိုးဗေသွေလနေထိုင်ရာမက်ဆိုပို တေးမီးယားပြည်သို့ယခုသွားလော့။ သင့်ဦး လေးလာဗန်၏သမီးတစ်ယောက်ယောက်နှင့် အိမ်ထောင်ပြုလော့။- |
789 | GEN 28:15 | ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။ |
803 | GEN 29:7 | ယာကုပ်က``ယခုနေမြင့်သေးသဖြင့်သိုးအုပ် များကိုသိမ်းသွင်းရန်အချိန်မရောက်သေး။ သင် တို့သည်သိုးများကိုရေတိုက်ပြီးလျှင် စား ကျက်သို့ပြန်၍ပို့ဦးလော့'' ဟုပြောလေ၏။ |
806 | GEN 29:10 | ယာကုပ်သည်သူ၏ဦးရီးလာဗန်သိုးအုပ် နှင့်အတူရာခေလရောက်ရှိလာသောအခါ ရေတွင်းသို့သွား၍ကျောက်တုံးကိုရွှေ့ဖယ်ပြီး လျှင်လာဗန်၏သိုးတို့ကိုရေတိုက်လေ၏။- |
810 | GEN 29:14 | လာဗန်က``သင်သည်ငါ၏သွေးရင်းသားရင်း ပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ ယာကုပ် သည်လည်းဦးရီးအိမ်တွင်တစ်လကြာမျှနေ ထိုင်လေသည်။ |
814 | GEN 29:18 | ယာကုပ်သည်ရာခေလကိုချစ်သဖြင့်``ရာခေလ နှင့်ထိမ်းမြားပေးမည်ဆိုလျှင်ဦးရီးထံ၌ခုနစ် နှစ်အလုပ်လုပ်ပေးပါမည်'' ဟုပြောလေ၏။ |
817 | GEN 29:21 | ယာကုပ်က``အချိန်စေ့ပါပြီ။ ဦးရီး၏သမီး နှင့်လက်ထပ်ခွင့်ပေးပါ'' ဟုလာဗန်အားပြော လေ၏။- |
823 | GEN 29:27 | သင်သည်ငါ့ထံ၌နောက်ထပ်ခုနစ်နှစ်အလုပ် လုပ်ဦးမည်ဆိုလျှင် မင်္ဂလာပွဲရက်သတ္တတစ်ပတ် ကုန်သောအခါသင့်အားရာခေလနှင့်ပေး စားပါမည်'' ဟုဆိုလေသည်။ |
857 | GEN 30:26 | ကျွန်ုပ်သည်ဦးရီးထံ၌အလုပ်လုပ်၍ရသော မယားများနှင့်တကွ သားသမီးတို့ကိုခေါ် ဆောင်လျက်ထွက်ခွာသွားပါရစေ။ ကျွန်ုပ်သည် ဦးရီးအတွက်မည်မျှကြိုးစားလုပ်ကိုင်ပေး ခဲ့ကြောင်းဦးရီးသိပါ၏'' ဟုပြောလေ၏။ |
860 | GEN 30:29 | ယာကုပ်က``ကျွန်ုပ်သည်ဦးရီးအတွက်မည်ကဲ့ သို့လုပ်ကိုင်ပေးခဲ့ကြောင်းကိုလည်းကောင်း၊ ကျွန်ုပ် ၏ထိန်းကျောင်းမှုကြောင့်ဦးရီး၏တိရစ္ဆာန်များ မည်မျှတိုးပွားလာကြောင်းကိုလည်းကောင်း ဦးရီးသိမြင်ရပါပြီ။- |
861 | GEN 30:30 | ကျွန်ုပ်မရောက်မီကဦးရီး၌တိရစ္ဆာန်အနည်း ငယ်မျှသာရှိ၍ ယခုမြောက်မြားစွာတိုးပွား လျက်ရှိပါသည်။ ကျွန်ုပ်ကြောင့်ထာဝရဘုရား သည်ဦးရီးအားကောင်းချီးပေးတော်မူပြီ။ ယခုကျွန်ုပ်သည်ကိုယ့်စီးပွားကိုရှာရမည့် အချိန်ရောက်ပါပြီ'' ဟုဆိုလေ၏။ |
862 | GEN 30:31 | ထိုအခါလာဗန်က``သင့်အတွက်အခမည် မျှပေးရမည်နည်း'' ဟုမေး၏။ ယာကုပ်က``အခမယူလိုပါ။ ဦးရီးက ကျွန်ုပ်၏အကြံပေးချက်ကိုလက်ခံလျှင် ကျွန်ုပ်သည်ဦးရီး၏တိရစ္ဆာန်များကိုဆက် လက်ထိန်းကျောင်းပါမည်။- |
864 | GEN 30:33 | နောင်အခါကျွန်ုပ်၌ရိုးသားမှုရှိမရှိကိုဦး ရီးလွယ်ကူစွာသိရှိနိုင်ပါမည်။ ဦးရီးက ကျွန်ုပ်အားအခအဖြစ်နှင့်ပေးသောသိုးဆိတ် များကိုစစ်ဆေးကြည့်ရှုသောအခါ၌ အကွက် အပြောက်ပါသောဆိတ်နှင့်မည်းနက်သောသိုး များကလွဲ၍ အခြားသိုးဆိတ်များကိုတွေ့ ရှိပါက၎င်းတို့ကိုခိုးယူကြောင်းသိနိုင် ပါလိမ့်မည်'' ဟုဆိုလေ၏။ |
880 | GEN 31:6 | ငါသည်သင်တို့၏ဖခင်အတွက်အစွမ်းကုန် အလုပ်လုပ်ခဲ့ကြောင်းသင်တို့နှစ်ဦးစလုံး သိကြ၏။- |
907 | GEN 31:33 | လာဗန်သည်ယာကုပ်၏တဲထဲသို့ဝင်၍ ရုပ်တုများကိုရှာ၏။ ထိုနောက်လေအာ၏ တဲနှင့်ကျွန်မိန်းမနှစ်ဦး၏တဲတို့တွင်ရှာ သော်လည်းမတွေ့ချေ။ ထို့နောက်ရာခေလ ၏တဲထဲသို့ဝင်လေ၏။- |
922 | GEN 31:48 | ထိုနောက်လာဗန်က``ယနေ့၌ဤကျောက်ပုံ သည်သင်နှင့်ငါတို့နှစ်ဦးအတွက်သက်သေ ဖြစ်စေမည်'' ဟုယာကုပ်အားဆိုလေ၏။ ထို အကြောင်းကြောင့်ဤအရပ်ကိုဂိလဒ်ဟု ခေါ်တွင်စေကြ၏။- |
927 | GEN 31:53 | အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။- |
962 | GEN 33:1 | ဧသောသည်လူလေးရာပါလျက်လာနေသည် ကိုယာကုပ်မြင်လျှင်သားသမီးတို့ကိုလေအာ၊ ရာခေလနှင့်မယားငယ်နှစ်ဦးတို့ထံခွဲ၍ အပ်နှံထားလေ၏။- |
964 | GEN 33:3 | ယာကုပ်သည်ထိုသူတို့ရှေ့ကသွား၍အစ်ကို ၏အနီးသို့ချဉ်းကပ်မိလျှင် ခုနစ်ကြိမ်ဦးညွှတ် ၍အရိုအသေပြုလေသည်။- |
965 | GEN 33:4 | ထိုအခါဧသောသည်ပြေး၍ယာကုပ်ကိုဖက် ယမ်းနမ်းရှုပ်လေသည်။ သူတို့နှစ်ဦးငိုကြွေးကြ ၏။- |
967 | GEN 33:6 | ယာကုပ်က``ဘုရားသခင်သည်ကျွန်တော်အား ပေးသနားတော်မူသောသားသမီးများဖြစ် ပါသည်'' ဟုဖြေ၏။ ထို့နောက်သူ၏မယားငယ် တို့သည် မိမိတို့၏သားသမီးများနှင့်အတူ ဧသောအနီးသို့ချဉ်းကပ်၍ဦးညွှတ်ကြ၏။- |
968 | GEN 33:7 | လေအာနှင့်သူ၏သားသမီးတို့နှင့်ယောသပ် နှင့်ရာခေလတို့သည် ဧသောအနီးသို့ချဉ်း ကပ်၍ဦးညွှတ်ကြ၏။ |
1035 | GEN 35:23 | လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။ |
1056 | GEN 36:15 | ဧသောမှဆင်းသက်သောအနွယ်တို့ကိုဖော်ပြ ပေအံ့။ ဧသော၏သားဦးဧလိဖတ်သည်အနွယ် များဖြစ်ကြသောတေမန်၊ သြမရ၊ ဇေဖော၊ ကေနတ်၊- |
1091 | GEN 37:7 | ကျွန်တော်တို့သည်လယ်ထဲ၌ကောက်လှိုင်းများ ကိုစည်းနေကြစဉ် ကျွန်တော်၏ကောက်လှိုင်းစည်း သည်လဲရာမှထောင်မတ်လာ၏။ အစ်ကိုတို့၏ ကောက်လှိုင်းစည်းများသည်ကျွန်တော်၏ကောက် လှိုင်းစည်းကိုဝိုင်းလာပြီးလျှင်ဦးညွှတ်ရှိခိုး ကြပါသည်'' ဟုပြောပြလေ၏။ |
1093 | GEN 37:9 | တစ်ဖန်ယောသပ်သည်အိပ်မက်မက်ပြန်၍အစ် ကိုတို့အား``ကျွန်တော်သည်အိပ်မက်မြင်မက် ပြန်ပြီ။ ထိုအိပ်မက်ထဲတွင်နေ၊ လနှင့်ကြယ် တစ်ဆယ့်တစ်လုံးတို့ကကျွန်တော်အားဦး ညွှတ်ရှိခိုးကြသည်ကိုမြင်ရပါသည်''ဟု ပြောလေ၏။ |
1094 | GEN 37:10 | သူ၏အိပ်မက်ကိုဖခင်အားလည်းပြောပြသော အခါဖခင်က``သင်၏အိပ်မက်ကားအဘယ်သို့ နည်း။ သင်၏မိခင်၊ ဖခင်နှင့်အစ်ကိုတို့ကသင့် အားဦးညွှတ်ရှိခိုးရမည်လော'' ဟုဆုံးမ လိုက်လေ၏။- |
1120 | GEN 37:36 | ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။ |
1126 | GEN 38:6 | ယုဒသည်သူ၏သားဦးဧရကိုတာမာနာမည် ရှိသောအမျိုးသမီးနှင့်ထိမ်းမြားပေးလေ၏။- |
1144 | GEN 38:24 | သုံးလခန့်ကြာလေသော်တစ်စုံတစ်ယောက်က ယုဒအား``သင်၏ချွေးမတာမာသည်ယောကျာ်း တစ်ဦးဦးနှင့်ဖောက်ပြန်သဖြင့် ယခုကိုယ်ဝန် ဆောင်လျက်ရှိလေပြီ'' ဟုပြောလေ၏။ ယုဒက``သူ့ကိုအပြင်သို့ထုတ်၍မီးရှို့ သတ်စေ'' ဟုစီရင်လေ၏။ |