2 | GEN 1:2 | ကမ္ဘာမြေကြီးသည်အသွင်သဏ္ဌာန်ဟူ၍မရှိ။ လဟာသက်သက်ဖြစ်၏။ သမုဒ္ဒရာရေပြင် ကြီးကိုမှောင်အတိဖုံး၍ရေပြင်ပေါ်၌ ဘုရားသခင်၏တန်ခိုးတော် လှုပ်ရှားလျက်ရှိ၏။- |
19 | GEN 1:19 | ညဦးမှနံနက်အထိစတုတ္ထနေ့ရက်ဖြစ်လေ၏။ |
20 | GEN 1:20 | တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။- |
21 | GEN 1:21 | သို့ဖြစ်၍ဘုရားသခင်သည်ပင်လယ်ငါးသတ္တ ဝါကြီးများအစရှိသောရေသတ္တဝါအမျိုး မျိုး၊ ငှက်အမျိုးမျိုးတို့ကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုအမှုအရာကိုရှုမြင် ၍နှစ်သက်တော်မူ၏။- |
22 | GEN 1:22 | ``ရေသတ္တဝါတို့သည်ပင်လယ်ထဲ၌မြောက်မြား စွာပေါက်ပွားကြစေ၊ ငှက်တို့သည်လည်းတိုးပွား ကြစေ'' ဟုဘုရားသခင်အမိန့်ပေး၍ထို သတ္တဝါတို့အား ကောင်းချီးပေးတော်မူ၏။- |
23 | GEN 1:23 | ညဦးမှနံနက်အထိပဉ္စမနေ့ရက်ဖြစ်လေ၏။ |
24 | GEN 1:24 | တစ်ဖန်ဘုရားသခင်က``ကမ္ဘာမြေကြီးပေါ် တွင် တိရစ္ဆာန်အယဉ်နှင့်တိရစ္ဆာန်အရိုင်းအကြီး အငယ်အမျိုးမျိုးဖြစ်ပွားကြစေ'' ဟုအမိန့် ပေးသည့်အတိုင်းဖြစ်ပွားလာကြ၏။- |
25 | GEN 1:25 | ဘုရားသခင်သည်တိရစ္ဆာန်အမျိုးမျိုးတို့ကို ထိုကဲ့သို့ဖန်ဆင်းတော်မူ၏။ ဘုရားသခင် သည် ထိုအမှုအရာကိုရှုမြင်၍နှစ်သက် တော်မူ၏။ |
26 | GEN 1:26 | ထိုနောက်ဘုရားသခင်က``ငါတို့သည် ငါတို့ ၏ပုံသဏ္ဌာန်နှင့်တူသောလူသတ္တဝါတို့ကို ဖန်ဆင်းကြကုန်အံ့။ သူတို့အားရေသတ္တဝါ၊ ငှက်သတ္တဝါနှင့်တိရစ္ဆာန်အယဉ်အရိုင်းအကြီး အငယ်တို့ကိုအစိုးရစေမည်'' ဟုမိန့်တော် မူ၏။- |
27 | GEN 1:27 | သို့ဖြစ်၍ဘုရားသခင်သည် မိမိနှင့်ပုံ သဏ္ဌာန်တူသောလူယောကျာ်း၊ လူမိန်းမ ကိုဖန်ဆင်းတော်မူ၍၊- |
28 | GEN 1:28 | သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။- |
30 | GEN 1:30 | တိရစ္ဆာန်အရိုင်းအမျိုးမျိုးနှင့်ငှက်အမျိုးမျိုး တို့စားရန်အတွက် အပင်အမျိုးမျိုးကိုငါ ပေး၏'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ် လေ၏။- |
31 | GEN 1:31 | ဘုရားသခင်သည်ဖန်ဆင်းတော်မူခဲ့သမျှ တို့ကိုရှုမြင်၍ အလွန်နှစ်သက်တော်မူ၏။ ညဦးမှနံနက်အထိဆဋ္ဌမနေ့ရက် ဖြစ်လေ၏။ |
33 | GEN 2:2 | ဆဋ္ဌမနေ့၌ဘုရားသခင်သည် မိမိဖန်ဆင်း ခြင်းအမှုအလုံးစုံပြီးစီး၍ သတ္တမနေ့၌ ရပ်နားတော်မူ၏။- |
34 | GEN 2:3 | ထိုသို့သတ္တမနေ့၌ဖန်ဆင်းခြင်းအမှုပြီး သဖြင့်ရပ်နားသောကြောင့် ဘုရားသခင်သည် ထိုနေ့ရက်ကိုကောင်းချီးပေး၍ အထူးနေ့ အဖြစ်သတ်မှတ်တော်မူ၏။- |
38 | GEN 2:7 | ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။ |
45 | GEN 2:14 | တတိယမြစ်သည်ကားတိဂရစ်မြစ်ဖြစ်၍ အာရှုရိပြည်အရှေ့ဘက်မှစီးဆင်း၏။ စတုတ္ထ မြစ်သည်ကားဥဖရတ်မြစ်ဖြစ်၏။ |
50 | GEN 2:19 | ထိုကြောင့်ထာဝရအရှင်ဘုရားသခင်သည် မြေကိုယူ၍ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကို ဖန်ဆင်းပြီးလျှင် အသီးသီးတို့အားနာမည် မှည့်ခေါ်ရန် လူ၏ထံသို့ယူဆောင်တော်မူခဲ့၏။ လူကမှည့်ခေါ်သည့်အတိုင်းနာမည်တွင်ကြ၏။- |
51 | GEN 2:20 | လူသည်တိရစ္ဆာန်နှင့်ငှက်အားလုံးတို့အားနာ မည်မှည့်ခေါ်သော်လည်း ၎င်းတို့အနက်မှလူ ကိုကူညီရန်သင့်တော်သောအဖော်မပေါ် မရှိ။ |
57 | GEN 3:1 | မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်း တော်မူသမျှသောတိရစ္ဆာန်တို့တွင် အစဉ်းလဲဆုံး သတ္တဝါဖြစ်၏။ ``ဘုရားသခင်ကဥယျာဉ်ထဲ ရှိအပင်များမှအသီးကိုမစားရဟု အမှန် ပင်ပညတ်ထားပါသလော'' ဟူ၍မြွေက မိန်းမအားမေး၏။ |
70 | GEN 3:14 | ထိုအခါထာဝရအရှင်ဘုရားသခင်က မြွေအား``သင်သည် ဤသို့ပြုလုပ်သည့်အတွက် ဒဏ်ခံရမည်။ တိရစ္ဆာန်အပေါင်းတို့တွင်သင်သာ လျှင် ဤကျိန်စာသင့်မည်။ ယခုမှစ၍သင် သည်ဝမ်းဗိုက်ဖြင့်တွားသွားလျက် မြေမှုန့်ကို တစ်သက်လုံးစားရမည်။- |
72 | GEN 3:16 | မိန်းမအားလည်း``သင်သည်ကိုယ်ဝန်ဆောင်ခြင်း ဖြင့်ဒုက္ခပိုများလာမည်။ သားဖွားခြင်းဝေဒနာ ကိုခံရမည်။ သို့သော်လည်းသင်သည် မိမိခင်ပွန်း ကိုစုံမက်နေလိမ့်မည်။ သင့်အပေါ်မှာသူ၏ သြဇာညောင်းရလိမ့်မည်'' ဟုမိန့်တော်မူ၏။ |
76 | GEN 3:20 | အာဒံ သည်မိမိ၏မယားအားဧဝဟုမှည့်ခေါ်လေ ၏။ အဘယ်ကြောင့်ဆိုသော်သူသည် လူသတ္တဝါ အပေါင်းတို့၏မိခင်ဖြစ်သောကြောင့်တည်း။- |
80 | GEN 3:24 | ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။ |
81 | GEN 4:1 | ထိုနောက်အာဒံသည်မယားနှင့်ဆက်ဆံသဖြင့် ဧဝသည်ပဋိသန္ဓေစွဲ၍သားယောကျာ်းကိုဖွား မြင်လေ၏။ ``ထာဝရဘုရားမစတော်မူခြင်း အားဖြင့်သားကိုရပြီ'' ဟုဧဝပြောဆိုလျက် ထိုသားကိုကာဣနဟုနာမည်မှည့်လေ၏။- |
87 | GEN 4:7 | သင်သည်မှန်ကန်စွာပြုခဲ့လျှင်မျက်နှာပြုံးရွှင် နိုင်ရမည်။ သို့ရာတွင်သင်သည်မကောင်းမှုကိုပြုခဲ့သဖြင့် အပြစ်တရားသည်သားရဲတိရစ္ဆာန်ကဲ့သို့ သင့် တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏။ အပြစ်ကသင့်ကိုအုပ်စိုးလိုသော်လည်း သင် ကအပြစ်ကိုနိုင်ရမည်'' ဟုကာဣနအားမိန့် တော်မူ၏။ |
95 | GEN 4:15 | ထာဝရဘုရားက``သင်၌ထိုသို့မဖြစ်စေရ။ သင့်အားသတ်သောသူမည်သည်ကား ခုနစ်ဆ သောအပြစ်ဒဏ်ကိုခံရမည်'' ဟုမိန့်တော်မူ ၏။ သို့ဖြစ်၍ထာဝရဘုရားသည် ကာဣန ကိုတွေ့ရှိသူသည်သူ့ကိုမသတ်ရန် သတိ ပေးသည့်အမှတ်လက္ခဏာဖြင့်သူ့အပေါ် တွင်မှတ်သားပေးတော်မူ၏။- |
97 | GEN 4:17 | ကာဣနသည်သူ၏မယားနှင့်ဆက်ဆံသဖြင့် မယား၌ပဋိသန္ဓေစွဲ၍ဧနောက်နာမည်ရှိသား ကိုဖွားမြင်လေ၏။ သူသည်မြို့ကိုတည်၍သား ၏နာမည်ကိုအစွဲပြုလျက် ထိုမြို့ကိုဧနောက် မြို့ဟုမှည့်ခေါ်၏။- |
107 | GEN 5:1 | အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။- |
139 | GEN 6:1 | ထိုအချိန်ကာလ၌ကမ္ဘာအရပ်ရပ်တွင် လူဦး ရေများပြားလာ၏။ လူတို့၌သမီးများဖွား မြင်လာကြ၏။- |
142 | GEN 6:4 | ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။ |
143 | GEN 6:5 | ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊- |
145 | GEN 6:7 | ကိုယ်တော်သည်လွန်စွာစိတ်မသာဖြစ်တော်မူ သဖြင့် ``ငါဖန်ဆင်းခဲ့သောလူတို့ကို ကမ္ဘာပေါ် မှငါသုတ်သင်ပစ်မည်။ တိရစ္ဆာန်နှင့်ငှက်တို့ကို လည်းငါသုတ်သင်ပစ်မည်။ သူတို့ကိုဖန်ဆင်း မိ၍ ငါသည်စိတ်တော်မချမ်းမသာဖြစ်ရ ၏'' ဟုမိန့်တော်မူ၏။- |
150 | GEN 6:12 | ဘုရားသခင်သည်ကမ္ဘာမြေကြီးကိုကြည့်ရှု တော်မူသောအခါ လူအပေါင်းတို့သည်အကျင့် ပျက်ဆိုးယုတ်လျက်ရှိသည်ကိုတွေ့မြင်တော် မူလေ၏။ |
151 | GEN 6:13 | ထိုအခါဘုရားသခင်သည်နောဧအား``ငါ သည်လူသတ္တဝါအားလုံးကိုသုတ်သင်ရန်ဆုံး ဖြတ်ပြီးပြီ။ ကမ္ဘာမြေကြီးသည်သူတို့၏ပြစ် မှုများဖြင့်ပြည့်နှက်လျက်ရှိသဖြင့် သူတို့ကို အကုန်အစင်သေကြေပျက်စီးစေမည်။- |
152 | GEN 6:14 | သင့်အတွက်သင်္ဘောတစ်စင်းကိုသစ်သားကောင်း ဖြင့်တည်ဆောက်လော့။ အခန်းများဖွဲ့၍အတွင်း အပြင်ကိုကတ္တရာစေးသုတ်လော့။- |
153 | GEN 6:15 | သင်္ဘောကိုအလျားပေလေးရာငါးဆယ်၊ အနံ ပေခုနစ်ဆယ့်ငါး၊ အမြင့်ပေလေးဆယ်ငါး ရှိစေရမည်။- |
154 | GEN 6:16 | သင်္ဘောအပေါ်၌အမိုးတင်၍သင်္ဘောနံဘေး ပတ်လည်ကို အမိုးနှင့်တစ်ဆယ်ရှစ်လက်မကွာ စေရမည်။ အထပ်သုံးထပ်အဆင့်ဆင့်တည်၍ ဘေးဘက်တွင်တံခါးတစ်ပေါက်ဖောက်ရမည်။- |
155 | GEN 6:17 | သက်ရှိသတ္တဝါရှိသမျှတို့ကိုသေကြေပျက် စီးစေရန် ကမ္ဘာမြေကြီးပေါ်မှာရေလွှမ်းမိုးစေ မည်။ ကမ္ဘာမြေကြီးပေါ်တွင်ရှိရှိသမျှတို့သေ ကြေပျက်စီးရမည်။- |
156 | GEN 6:18 | သို့ရာတွင်ငါသည်သင်နှင့်ပဋိညာဉ်ဖွဲ့မည်။ သင် နှင့်တကွသင်၏မယား၊ သားများနှင့်သူတို့ ၏မယားတို့အားသင်္ဘောပေါ်သို့တက်စေလော့။- |
157 | GEN 6:19 | အသက်ချမ်းသာရာရစေရန်တိရစ္ဆာန်နှင့်ငှက် အမျိုးမျိုးမှ အဖိုနှင့်အမတစ်စုံစီတို့ကို သင်နှင့်အတူသင်္ဘောထဲသို့ဝင်စေလော့။- |
159 | GEN 6:21 | သင်တို့နှင့်တိရစ္ဆာန်များအတွက်အစား အစာအမျိုးမျိုးကိုယူဆောင်လော့'' ဟု မိန့်တော်မူ၏။- |
161 | GEN 7:1 | ထိုနောက်ထာဝရဘုရားကနောဧအား``သင် နှင့်တကွ သင်၏မိသားစုအားလုံးတို့သင်္ဘောထဲ သို့ဝင်ကြစေ။ ကမ္ဘာပေါ်တွင်သင်တစ်ယောက်တည်း သာ သူတော်ကောင်းဖြစ်ကြောင်းငါတွေ့မြင်ရ၏။- |
162 | GEN 7:2 | သင်နှင့်အတူသန့်စင်သောတိရစ္ဆာန်များမှတစ် မျိုးလျှင် ခုနစ်စုံစီကိုခေါ်ဆောင်လော့။ မသန့်စင် သောတိရစ္ဆာန်များမှ တစ်မျိုးလျှင်အထီးနှင့် အမတစ်စုံစီကိုသာခေါ်ဆောင်ရမည်။- |
163 | GEN 7:3 | ငှက်တစ်မျိုးလျှင်ခုနစ်စုံစီကိုလည်းခေါ်ဆောင် လော့။ တိရစ္ဆာန်နှင့်ငှက်များမြေကြီးပေါ်တွင် အသက်ရှင်၍မျိုးပွားနိုင်စေရန်ဤသို့ပြု လုပ်လော့။- |
164 | GEN 7:4 | ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။- |
166 | GEN 7:6 | ကမ္ဘာမြေကြီးပေါ်၌ရေလွှမ်းမိုးသောအခါ နောဧသည်အသက်ခြောက်ရာရှိသတည်း။- |
167 | GEN 7:7 | နောဧနှင့်သူ၏မယား၊ သားများနှင့်ချွေးမ များသည် ရေလွှမ်းမိုးခြင်းဘေးမှလွတ်မြောက် ရန်သင်္ဘောထဲသို့ဝင်ရောက်ကြ၏။- |
168 | GEN 7:8 | ဘုရားသခင်မိန့်မှာသည့်အတိုင်းသန့်စင်သော တိရစ္ဆာန်နှင့်ငှက်၊ မသန့်စင်သောတိရစ္ဆာန်နှင့်ငှက်မှ တစ်မျိုးလျှင် အဖိုနှင့်အမအစုံတို့သည် နောဧနှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။- |
170 | GEN 7:10 | ခုနစ်ရက်ကြာသော်ကမ္ဘာမြေကြီးပေါ်တွင် ရေလွှမ်းလေ၏။ |
171 | GEN 7:11 | နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယ လတစ်ဆယ့်ခုနစ်ရက်နေ့၌သမုဒ္ဒရာစမ်းပေါက် တို့ပွင့်လေ၏။ မိုးကောင်းကင်ရေတံခါးအားလုံး တို့လည်းပွင့်သဖြင့်၊- |
172 | GEN 7:12 | ကမ္ဘာမြေကြီးတွင်အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးရွာသွန်းလေ၏။- |
173 | GEN 7:13 | ထိုနေ့၌ပင်နောဧနှင့်သူ၏မယား၊ သားသုံး ယောက်ဖြစ်ကြသောရှေမ၊ ဟာမ၊ ယာဖက်နှင့် သူတို့၏မယားတို့သည်သင်္ဘောထဲသို့ဝင်ကြ၏။- |
174 | GEN 7:14 | တိရစ္ဆာန်အယဉ်အရိုင်း၊ အကြီးအငယ်အမျိုး မျိုးနှင့် ငှက်အမျိုးမျိုးတို့သည်လည်း သူတို့ နှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။- |
175 | GEN 7:15 | ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သက် ရှိသတ္တဝါတစ်မျိုးစီမှအဖိုနှင့်အမအစုံ တို့သည် နောဧနှင့်သင်္ဘောထဲသို့ဝင်ကြ၏။ နောဧ သင်္ဘောထဲသို့ဝင်ပြီးနောက်ထာဝရဘုရားသည် တံခါးကိုပိတ်တော်မူ၏။ |
177 | GEN 7:17 | အရက်လေးဆယ်ကြာမျှကမ္ဘာမြေကြီးပေါ် တွင် ဆက်လက်၍ရေလွှမ်းမိုးလာရာသင်္ဘောသည် မြေပေါ်မှကြွတက်၏။- |
178 | GEN 7:18 | ရေပို၍နက်လာသောအခါ သင်္ဘောသည်ရေပေါ် ၌ပေါ်လာ၏။- |
181 | GEN 7:21 | ထိုအခါကမ္ဘာမြေကြီးပေါ်မှလူ၊ တိရစ္ဆာန်၊ ငှက် စသောသက်ရှိသတ္တဝါအပေါင်းတို့သည်သေ ကြေပျက်စီးကြကုန်၏။- |
182 | GEN 7:22 | သို့ဖြစ်၍အသက်ရှင်သမျှသောသတ္တဝါတို့ သေကြေကြကုန်၏။- |
183 | GEN 7:23 | ထာဝရဘုရားသည် လူ၊ တိရစ္ဆာန်၊ ငှက်စသော သက်ရှိသတ္တဝါအပေါင်းတို့ကိုသုတ်သင်ဖျက် ဆီးတော်မူ၏။ သင်္ဘောပေါ်၌နောဧနှင့်အတူ ရှိသမျှတို့သာလျှင်အသက်ချမ်းသာရာ ရကြ၏။- |
185 | GEN 8:1 | ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။- |
186 | GEN 8:2 | သမုဒ္ဒရာစမ်းပေါက်များနှင့်မိုးကောင်းကင်ရေ တံခါးများသည်လည်းပိတ်လေ၏။ မိုးစဲ၍၊- |
188 | GEN 8:4 | သင်္ဘောသည်သတ္တမလတစ်ဆယ့်ခုနစ်ရက် နေ့တွင် အာရရတ်တောင်တစ်ခုပေါ်တွင်တင် နေလေ၏။- |
193 | GEN 8:9 | မြေပြင်တစ်ခုလုံးရေလွှမ်းလျက်ရှိသေးသဖြင့် ချိုးငှက်သည်နားစရာနေရာမတွေ့ရချေ။ ထို့ ကြောင့်သင်္ဘောသို့ပြန်လာခဲ့ရာနောဧသည် လက် ဆန့်၍ချိုးကိုဖမ်းယူပြီးလျှင်သင်္ဘောထဲသို့ ပြန်သွင်းထားလေ၏။- |
197 | GEN 8:13 | နောဧအသက်ခြောက်ရာတစ်နှစ်ရှိသောအခါ ပထမလတစ်ရက်နေ့တွင်မြေပြင်ပေါ်၌ရေ ခန်းလေ၏။ နောဧသည်သင်္ဘောအမိုးကိုဖွင့်၍ အပြင်ဘက်သို့မျှော်ကြည့်သည့်အခါမြေ ပြင်မှာခြောက်သွေ့စရှိကြောင်းတွေ့မြင်ရ၏။- |
200 | GEN 8:16 | ``သင်သည်သင်၏မယား၊ သားများ၊ ချွေးမများ နှင့်တကွသင်္ဘောထဲမှထွက်ကြလော့။- |
201 | GEN 8:17 | ငှက်နှင့်တိရစ္ဆာန်အပေါင်းတို့သည်ကမ္ဘာမြေကြီး ပေါ်မှာမျိုးပွားစေရန် ယင်းတို့ကိုသင်နှင့်အတူ ထုတ်ဆောင်လော့'' ဟုမိန့်တော်မူ၏။- |
202 | GEN 8:18 | ထို့ကြောင့်နောဧသည် သူ၏မယား၊ သားများ၊ ချွေးမများနှင့်အတူသင်္ဘောထဲမှထွက်လာ ၏။- |
203 | GEN 8:19 | တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့သည်လည်း ယင်းတို့ အမျိုးအလိုက်သင်္ဘောထဲမှထွက်လာကြလေ ၏။ |
204 | GEN 8:20 | နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။- |