30 | GEN 1:30 | တိရစ္ဆာန်အရိုင်းအမျိုးမျိုးနှင့်ငှက်အမျိုးမျိုး တို့စားရန်အတွက် အပင်အမျိုးမျိုးကိုငါ ပေး၏'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ် လေ၏။- |
1627 | EXO 4:25 | ထိုအခါသူ၏မယားဇိပေါရသည်ကျောက် စောင်းတစ်ခုကိုယူ၍ သား၏အရေဖျားကို ဖြတ်ပြီးလျှင်ထိုအရေဖျားဖြင့် မောရှေ၏ ခြေတို့ကိုတို့လေ၏။ ထိုနောက်အရေဖျား လှီးဖြတ်ခြင်းမင်္ဂလာကြောင့် ဇိပေါရက``သင် သည်ကျွန်မ၏တရားဝင်လင်ယောကျာ်းပင် ဖြစ်၏'' ဟုဆိုလေ၏။- |
1784 | EXO 10:6 | သင်၏နန်းအဆောင်များ၊ မှူးမတ်တို့၏အိမ် များ၊ ပြည်သူအပေါင်းတို့၏အိမ်များထဲသို့ ကျိုင်းကောင်အုပ်များဝင်ရောက်လိမ့်မည်။ အီဂျစ် နိုင်ငံသမိုင်းတစ်လျှောက်တွင် ဤမျှလောက် ဆိုးရွားသောကပ်မျိုးကိုလူတို့တစ်ခါမျှ မတွေ့ကြုံခဲ့ရသေး' ဟုဟေဗြဲအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော် မူ၏'' ဟုဆိုလေ၏။ ထိုနောက်မောရှေသည် ဘုရင်ထံမှထွက်သွားလေ၏။ |
2004 | EXO 18:4 | တစ်ဖန်``ငါ့အဖ၏ထာဝရဘုရားသည်ငါ့ ကိုအီဂျစ်ဘုရင်၏ဋ္ဌားဘေးမှကယ်တင်တော် မူ၏'' ဟုဆို၍အခြားသောသားတစ်ယောက် ကိုဧလျေဇာဟုနာမည်ပေးခဲ့၏။-) |
5862 | JOS 1:9 | သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။ |
7604 | 1SA 16:7 | သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။ |
7898 | 1SA 25:34 | ထာဝရဘုရားသည်သင့်အားဘေးအန္တရာယ် မပြုမိစေရန်လည်း ငါ့အားဆီးတားတော်မူ လေပြီ။ သို့ရာတွင်အကယ်၍သင်သည်ငါ့ထံ သို့အလျင်အမြန်မရောက်လာပါမူ နက်ဖြန် နံနက်မတိုင်မီနာဗလ၏လူအပေါင်းတို့အား ငါသတ်မိမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆို၏'' ဟုပြော၏။- |
8840 | 1KI 3:21 | နောက်တစ်နေ့နံနက်၌ကျွန်မသည်အိပ်ရာ မှနိုး၍ ကလေးကိုနို့တိုက်မည်ပြုသောအခါ ကလေးသေနေသည်ကိုတွေ့ရပါသည်။ ကလေး ကိုသေချာစွာကြည့်ရာထိုကလေးသည် ကျွန်မ၏ကလေးမဟုတ်ကြောင်းသိရှိရ ပါ၏'' ဟုလျှောက်ထားလေသည်။ |
9041 | 1KI 8:53 | ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာတော်မူစဉ် အခါက ကိုယ်တော်၏အစေခံမောရှေအားဖြင့် မိန့်မှာတော်မူသည့်အတိုင်း ဤသူတို့အားကိုယ် တော်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေရန် လူ မျိုးတကာတို့အထဲကရွေးချယ်တော်မူခဲ့ ပါ၏'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။ |
9189 | 1KI 13:2 | ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။- |
9343 | 1KI 17:23 | ဧလိယသည်သူငယ်ကိုအိမ်အောက်ထပ်သို့ ချီဆောင်သွားပြီးလျှင် မိခင်ဖြစ်သူအား``ကြည့် လော့။ သင်၏သားသည်အသက်ရှင်လျက်ရှိ ပါ၏'' ဟုဆို၏။ |
9417 | 1KI 20:6 | ယခုငါသည်သင်၏နန်းတော်နှင့်တကွမှူး မတ်တို့၏နေအိမ်များကိုရှာဖွေ၍ အဖိုး ထိုက်သည့်ပစ္စည်းမှန်သမျှကိုသိမ်းယူရန် တပ်မတော်အရာရှိတို့ကိုစေလွှတ်မည်။ သူ တို့သည်နက်ဖြန်ဤအချိန်ခန့်၌သင်ထံသို့ ရောက်ရှိလာကြလိမ့်မည်' ဟုမိန့်မှာလိုက် ပါ၏'' ဟု လျှောက်ထားကြ၏။ |
9424 | 1KI 20:13 | ဤအတောအတွင်း၌ပရောဖက်တစ်ပါးသည် အာဟပ်မင်းထံသို့သွား၍``ထာဝရဘုရား ကသင့်အား`ထိုကြီးမားသည့်စစ်သည်အလုံး အရင်းကိုမြင်၍မကြောက်နှင့်။ ယနေ့သင့် အားထိုတပ်မတော်ကြီးကိုဖြိုခွင်းခွင့်ငါ ပေးမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သင်သိရလိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။ |
9683 | 2KI 6:5 | သူတို့အထဲမှလူတစ်ယောက်သည်သစ်ပင် ကိုခုတ်လှဲနေစဉ် သူ၏ပုဆိန်သည်ရေထဲသို့ ကျသွား၏။ ထိုအခါသူသည်ဧလိရှဲအား``အ ရှင်၊ အကျွန်ုပ်အဘယ်သို့ပြုရပါမည်နည်း။ ထိုပုဆိန်သည်ငှားယူခဲ့သောပုဆိန်ဖြစ် ပါ၏'' ဟုဟစ်အော်၍ပြော၏။ |
9690 | 2KI 6:12 | တပ်မှူးတစ်ယောက်က``အရှင်မင်းကြီး၊ အဘယ် သူမျှမပါပါ။ ပရောဖက်ဧလိရှဲသည်အရှင် ၏အိမ်ခန်းတွင်တီးတိုးပြောသည့်စကားကို ပင် ဣသရေလဘုရင်အားသံတော်ဦးတင် ပါ၏'' ဟုလျှောက်၏။ |
9770 | 2KI 9:10 | ယေဇဗေလ၏အလောင်းကိုသင်္ဂြိုဟ်ရလိမ့် မည်မဟုတ်။ သူ၏အလောင်းသည်ယေဇရေလ အရပ်တွင် ခွေးစာဖြစ်လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။ ထိုနောက်ပရောဖက်ငယ် သည်အခန်းထဲမှထွက်ပြေးလေ၏။ |
11869 | 2CH 31:10 | ဇာဒုတ်၏သားမြေးယဇ်ပုရောဟိတ်မင်း အာဇရိက``ပြည်သူတို့သည်ဤလှူဖွယ် ပစ္စည်းများကိုဗိမာန်တော်သို့ယူဆောင်လာ ချိန်မှအစပြု၍ အကျွန်ုပ်တို့စားသုံးရန် အလုံအလောက်ရရှိကြသည့်အပြင် များစွာပင်ပိုလျှံလျက်နေပါ၏။ ဤမျှ အကျွန်ုပ်တို့ရရှိကြခြင်းမှာထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်အား ကောင်းချီးပေးတော်မူသောကြောင့်ဖြစ် ပါ၏'' ဟုလျှောက်လေသည်။ |
12820 | EST 7:9 | ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။ မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။ |
15767 | PSA 107:1 | ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်၏'' ဟု |
16208 | PSA 129:8 | ``ထာဝရဘုရားသည်သင်တို့ကိုကောင်းချီး ပေးတော်မူပါစေသော။ ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ငါတို့သည်သင်တို့အားကောင်းချီးပေး ပါ၏'' ဟူ၍ အနီးမှဖြတ်သန်းသွားလာသူတို့ကသူတို့အား ပြောဆိုကြလိမ့်မည်မဟုတ်။ |
18021 | ISA 14:23 | ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
18059 | ISA 17:6 | လူအနည်းငယ်သာလျှင်အသက်မသေဘဲ ကျန်ရှိခါ ဣသရေလသည်လည်းအသီးများ ကိုအကုန်အစင်ဆွတ်ခူးပြီးနောက် အပင် ထိပ်ဖျားတွင်နှစ်လုံးသုံးလုံးနှင့်အကိုင်းများ တွင် လေးငါးလုံးမျှသာကျန်ရှိသည့်သံလွင် ပင်နှင့်တူလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင် ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
18122 | ISA 21:17 | ထိုလူမျိုးစုတွင်ရဲစွမ်းသတ္တိအရှိဆုံးဖြစ် သောလေးသည်တော်တို့သည်လည်း အနည်း ငယ်မျှသာလျှင်ကျန်ရှိပေတော့မည်။ ဤကား ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ငါထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူပါ၏။ |
18362 | ISA 33:13 | ရပ်နီးရပ်ဝေးတွင်ရှိသမျှသောသူတို့သည် ငါပြုသည့်အမှုအရာများအကြောင်းကို ကြားရ၍ ငါ၏တန်ခိုးတော်ကိုသိမှတ်ကြ ရာ၏'' ဟုမိန့်တော်မူ၏။ |
18870 | ISA 58:14 | ငါ့အားဝတ်ပြုကိုးကွယ်မှုမှရရှိအပ်သော စိတ္တသုခကိုခံစားရကြလိမ့်မည်။ ငါသည် သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင်ဂုဏ်အသ ရေရှိစေမည်။ သင်တို့သည်လည်းမိမိတို့ဘိုး ဘေးယာကုပ်အားပေးအပ်ခဲ့သည့်ပြည်တော် တွင်ပျော်မွေ့စွာနေရကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
18942 | ISA 63:6 | ငါသည်မိမိ၏အမျက်ဒေါသအလျောက် လူမျိုးတကာတို့ကိုနှိမ်နင်းချေမှုန်းခဲ့၏။ သူတို့၏သွေးကိုမြေပေါ်သို့သွန်းလောင်း ခဲ့၏'' ဟုမိန့်တော်မူ၏။ |
19019 | JER 1:4 | ထာဝရဘုရားက``ငါသည်သင့်အားဇီဝ အသက်ကိုမပေးမီရွေးချယ်၍သင်မမွေး ဖွားမီကပင် သီးသန့်သတ်မှတ်ကာလူမျိုး တကာတို့၏ပရောဖက်အဖြစ်ခန့်ထား ခဲ့၏'' ဟုငါ့ကိုမိန့်တော်မူသောအခါ၊ |
19028 | JER 1:13 | ထိုနောက်ထာဝရဘုရားသည် ငါ့အားမိန့်တော် မူပြန်၏။ ကိုယ်တော်က``သင်သည်အခြားအဘယ် အရာကိုမြင်သေးသနည်း'' ဟုမေးတော်မူ လျှင်၊ ငါက``မြောက်အရပ်တွင် ဆူပွက်နေသောအိုး ကင်းကိုမြင်ပါသည်။ ထိုအိုးကင်းသည်တောင် ဘက်သို့စောင်း၍ မှောက်တော့မည်ကဲ့သို့ရှိ ပါ၏'' ဟုပြန်လည်လျှောက်ထား၏။ |
19253 | JER 9:8 | ဤသို့သောအမှုတို့ကိုပြုသည့်အတွက်ငါသည် သူတို့အားအပြစ်ဒဏ်မခတ်ဘဲနေရမည်လော။ ဤသို့သောလူမျိုးကိုငါသည်လက်စားမချေဘဲ နေရမည်လော။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19266 | JER 9:21 | လူသေကောင်တို့သည်လယ်ပြင်ရှိနောက်ချေး ပုံများ ကဲ့သို့လည်းကောင်း၊ ရိတ်သိမ်းသူစွန့်ပစ်ထားခဲ့သည့်ကောက်လှိုင်း များ၊ အဘယ်သူမျှမစုမသိမ်းသည့်ကောက်လှိုင်း များ ကဲ့သို့လည်းကောင်းပြန့်ကျဲလျက်နေလိမ့်မည်။ ဤကားငါပြန်ကြားပြောဆိုရန်အတွက် ထာဝရဘုရားမိန့်မှာတော်မူသောစကား ဖြစ်၏'' ဟုဆို၏။ |
19553 | JER 22:30 | ``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။ |
19557 | JER 23:4 | ငါသည်သူတို့အားစောင့်ထိန်းရန်အုပ်ချုပ် သူများခန့်ထားမည်။ ငါ၏လူတို့သည် ကြောက်လန့်တုန်လှုပ်လျက်နေကြရတော့ မည်မဟုတ်။ ငါသည်နောက်တစ်ဖန်သူတို့ အားဒဏ်ခတ်တော့မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19732 | JER 29:28 | ယေရမိသည်ဗာဗုလုန်မြို့တွင်ရှိသည့်လူတို့ အား သူတို့သည်သုံ့ပန်းများအဖြစ်ဖြင့်ကာလ ကြာမြင့်စွာနေရကြမည်ဖြစ်၍ အိမ်ရာများ ဆောက်လုပ်ကာအတည်တကျနေထိုင်ကြရန် နှင့် ဥယျာဉ်များစိုက်ပျိုး၍ရရှိသည့်အသီး အနှံများကိုစားကြရန်ဆင့်ဆိုပြောကြား ခဲ့၏'' ဟုဖော်ပြပါရှိ၏။ |
19739 | JER 30:3 | အဘယ်ကြောင့်ဆိုသော်ငါ၏လူမျိုးတော် ဣသရေလအမျိုးသားများနှင့်ယုဒအမျိုး သားများအား ငါပြန်လည်ထူထောင်ပေးမည့် အချိန်ကျရောက်လာတော့မည်ဖြစ်သောကြောင့် တည်း။ ငါသည်သူတို့ကိုမိမိတို့ဘိုးဘေးများ အား ငါပေးအပ်ခဲ့သည့်ပြည်သို့ပြန်လည်ခေါ် ဆောင်ခဲ့မည်ဖြစ်၍ သူတို့သည်ထိုပြည်ကိုတစ် ဖန်ပြန်၍ပိုင်ဆိုင်ရကြပေတော့အံ့။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19857 | JER 33:13 | တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့်ယုဒ ပြည်တောင်ဘက်ဒေသတို့၌ရှိသောမြို့များ နှင့်ဗင်္ယာမိန်နယ်မြေတွင်လည်းကောင်း၊ ယေရု ရှလင်မြို့နီးနားပတ်ဝန်းကျင်မှကျေးရွာ များနှင့်ယုဒမြို့များ၌လည်းကောင်း သိုး ထိန်းတို့သည်မိမိတို့သိုးများကိုတစ်ဖန် ရေတွက်လျက်နေကြလိမ့်ဦးမည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19911 | JER 35:19 | သို့ဖြစ်၍ရေခပ်၏သားယောနဒပ်သည်ငါ ၏အမှုတော်ကိုထမ်းဆောင်မည့်သားမြေးများ အစဉ်မပြတ်ထွန်းကားရလိမ့်မည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ငါထာဝရဘုရားကတိ ပြု၏'' ဟုမိန့်တော်မူကြောင်းပြန်ကြား ပြောဆိုလေသည်။ |
20140 | JER 46:26 | သူတို့ကိုသတ်ဖြတ်လိုသူဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနှင့်တပ်မတော်လက်သို့ငါ ပေးအပ်မည်။ သို့ရာတွင်နောင်အခါ၌လူတို့ သည်ရှေးကာလများကနည်းတူ အီဂျစ်ပြည် တွင်ပြန်လည်နေထိုင်ကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ထားသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
20188 | JER 48:39 | မောဘပြည်သည်ကြေမွ၍သွားလေပြီ။ မောဘပြည်သည်ငိုကြွေးလျက်နေလေပြီ။ မောဘပြည်သည်အသရေပျက်လေပြီ။ ထို ပြည်သည်ယိုယွင်းပျက်စီးလျက်နေသဖြင့် နီးနားဝန်းကျင်မှလူမျိုးအပေါင်းတို့သည် ယင်းကိုပြက်ရယ်ပြုကြကုန်၏။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူသည်။ |
20314 | JER 51:33 | မကြာမီပင်ရန်သူသည်သူတို့အားခုတ်ထစ် ပြီးလျှင် ကောက်နယ်တလင်းမှစပါးများကဲ့ သို့နင်းနယ်ကြလိမ့်မည်။ ဤကားဣသရေလ အမျိုးသားတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
22640 | JON 4:3 | သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်လျှင် အကျွန်ုပ်အားသေရသောအခွင့်ကိုပေး တော်မူပါ။ အကျွန်ုပ်အတွက်အသက်ရှင် ရခြင်းထက်သေရခြင်းကသာ၍ကောင်း ပါ၏'' ဟုဆုတောင်းလေ၏။ |
22646 | JON 4:9 | သို့ရာတွင်ဘုရားသခင်ကယောနအား``ကြက် ဆူပင်တစ်ပင်အတွက်သင်အမျက်ထွက်သင့် သလော'' ဟုမေးတော်မူ၏။ ယောနက``သေချင်အောင်အမျက်ထွက် ပါ၏'' ဟုလျှောက်၏။ |
23668 | MAT 14:2 | ``ဤသူသည်ဗတ္တိဇံဆရာယောဟန်ပင်တည်း။ သူသည်သေရာမှအသက်ပြန်ရှင်လေပြီ။ သို့ ဖြစ်၍အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြုလျက် ရှိ၏'' ဟုမိမိအမှုထမ်းအရာထမ်းတို့အား မိန့်တော်မူ၏။ |
24207 | MAT 27:9 | ပရောဖက်ယေရမိက ``သူတို့သည်ထိုသူ၏ တန်ဖိုးအဖြစ်ဣသရေလအမျိုးသားတို့အကဲ ဖြတ်ပေးသည့်ငွေဒင်္ဂါးသုံးဆယ်ကိုယူပြီးလျှင် ထာဝရဘုရားငါ့အားမှာကြားတော်မူသည့် အတိုင်းအိုးထိန်းသည်၏လယ်မြေကိုဝယ်ယူ ကြ၏'' ဟုဟောကြားခဲ့သည့်စကားသည်ထို အချိန်၌မှန်၍လာတော့၏။ |
24421 | MRK 4:29 | ကောက်သီးများမှည့်သောအခါကောက်ရိတ်ချိန်ကျ ပြီဖြစ်၍ ထိုသူသည်ချက်ချင်းပင်ကောက်ရိတ်စ ပြု၏'' ဟုမိန့်တော်မူ၏။ |
24602 | MRK 8:33 | ကိုယ်တော်သည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူလျက် ပေတရုအား ``အချင်းစာတန်၊ ငါ့ထံမှခွာသွားလော့။ သင်သည်ဘုရားသခင် ၏ရှုထောင့်ကမတွေး၊ လူ၏ရှုထောင့်ကသာ တွေး၏'' ဟုဆုံးမတော်မူ၏။ |
25090 | LUK 2:48 | ယောသပ်နှင့်မာရိတို့သည်တွေ့လျှင်အံ့အားသင့် ကြ၏။ ထိုနောက်မယ်တော်က ``ငါ့သား၊ သင်သည် အဘယ်ကြောင့်ငါတို့ကိုဤသို့ပြုပါသနည်း။ သင့်ဖခင်နှင့်ငါသည်စိုးရိမ်ကြီးစွာဖြင့်ရှာခဲ့ ရ၏'' ဟုပြော၏။ |
25311 | LUK 7:47 | ထိုသို့ပြေလွတ်ကြောင်းကိုသူ၏ကြီးမားသော မေတ္တာကသက်သေခံ၏။ အပြစ်အနည်းငယ်သာ ပြေလွတ်သူမူကားအနည်းငယ်သာလျှင်ချစ် တတ်၏'' ဟုမိန့်တော်မူ၏။ |
25526 | LUK 11:52 | ``ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်အသိပညာဗိမာန် တံခါးသော့ကိုသိမ်းထားပြီးလျှင်ကိုယ်တိုင် လည်းမဝင်၊ ဝင်လိုသူများကိုလည်းဆီးတား ကြ၏'' ဟုမိန့်တော်မူ၏။ |
25844 | LUK 19:44 | သူတို့သည်သင့်ကိုလည်းကောင်း၊ သင်၏မြို့ရိုး အတွင်းရှိလူအပေါင်းတို့ကိုလည်းကောင်း ဖျက် ဆီးသုတ်သင်ကြလိမ့်မည်။ ကျောက်တစ်ချပ် ပေါ်တစ်ချပ်မျှတင်၍နေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်သည်မိမိအား ကယ်တင်ရန် ဘုရားသခင်ကြွလာသည့် အချိန်ကာလကိုမသိမမြင်သောကြောင့် ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
26051 | LUK 23:47 | ဤအဖြစ်အပျက်ကိုတပ်မှူးသည်တွေ့မြင် လျှင် ``ဤသူကားအကယ်ပင်သူတော်ကောင်း ဖြစ်၏'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလေ၏။ |
26595 | JHN 11:3 | ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။ |
26634 | JHN 11:42 | ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။- |
26905 | JHN 19:11 | သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။- |
27057 | ACT 2:39 | ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။ |
27610 | ACT 17:18 | ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။- |
28498 | 1CO 3:20 | ထို့အပြင်အခြားကျမ်းစာတော်တစ်ချက် က ``ပညာရှိတို့၏အကြံအစည်သည်အချည်း နှီးဖြစ်ကြောင်းကိုထာဝရဘုရားသိတော် မူ၏'' ဟုဆိုချေသည်။- |
28658 | 1CO 10:23 | ``ငါတို့တွင်အဘယ်အမှုကိုမဆိုပြုနိုင်ခွင့် ရှိ၏'' ဟုဆိုကြသည်အတိုင်းမှန်သော်လည်း အရာခပ်သိမ်းသည်ကောင်းမွန်သည်မဟုတ်။``ငါ တို့တွင်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့်ရှိ၏'' ဟုဆိုသော်လည်းအရာခပ်သိမ်းသည်ငါတို့ အကျိုးကိုပြုစုပေးသည်မဟုတ်။- |
30057 | HEB 2:13 | တစ်ဖန်တုံကိုယ်တော်က``ငါသည်ဘုရားသခင် ကိုကိုးစားမည်'' ဟူ၍လည်းကောင်း၊ ထိုနောက် တစ်ဖန်``ငါသည်မိမိအား ဘုရားသခင်ပေး အပ်ထားသည့်သားသမီးများနှင့်အတူ ရှိ၏'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။ |
30207 | HEB 10:7 | သို့ဖြစ်၍ပညတ်ကျမ်းတွင်အကျွန်ုပ်အကြောင်းကို ရေးသားဖော်ပြထားသည်နှင့်အညီ၊ `အို ဘုရားသခင်၊အကျွန်ုပ်သည်အလိုတော်ကို ဆောင်ရွက်ရန်ရောက်လာပါပြီ' ဟုအကျွန်ုပ်ဝန်ခံ ပါ၏'' ဟုလျှောက်ထားတော်မူလေသည်။- |
30410 | JAS 4:6 | သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။ |
30537 | 1PE 5:5 | ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။- |
30773 | REV 1:8 | ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိနေ တော်မူသောအနန္တတန်ခိုးရှင်ထာဝရအရှင် ဘုရားသခင်က``ငါသည်အစနှင့်အဆုံး ဖြစ်၏'' ဟုမိန့်တော်မူ၏။ |
30888 | REV 7:10 | သူတို့က``ကယ်တင်ခြင်းကျေးဇူးသည်ပလ္လင် တော်ပေါ်မှာစံတော်မူသော ငါတို့ဘုရား သခင်နှင့်သိုးသူငယ်တော်ထံမှသက်ရောက် လာ၏'' ဟုကြီးသောအသံနှင့်ကြွေးကြော် ကြ၏။- |
31030 | REV 16:7 | ထိုနောက်ယဇ်ပလ္လင်မှအသံက``အနန္တတန်ခိုးရှင် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင် တော်မူချက်တို့သည်မှန်ကန်၍တရားမျှတ ပါ၏'' ဟုလျှောက်ထားသည်ကိုငါကြားရ၏။ |
31162 | REV 22:13 | ငါသည်ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံး ဖြစ်၏'' ဟုမိန့်တော်မူ၏။ |