5751 | DEU 31:21 | ကြောက်မက်ဖွယ်သောဘေးဒဏ်များစွာနှင့် တွေ့ကြုံရလိမ့်မည်။ သို့ရာတွင်သူတို့တစ် ဘက်၌သက်သေဖြစ်စေရန် ဤသီချင်းကို သီဆိုရမည်။ ငါပေးမည်ဟုကတိထား သောပြည်သို့ငါမခေါ်ဆောင်မီပင် ယခု သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏'' ဟုမိန့်တော်မူ၏။ |
6793 | JDG 9:37 | ဂါလကလည်း``ကြည့်လော့၊ တောင်ထိပ်ပေါ်မှလူ များဆင်းလာနေကြ၏။ လူတစ်စုသည်ဗေဒင် ဆရာသပိတ်ပင်မှလာသောလမ်းဖြင့်လာ နေကြ၏'' ဟုဆိုပြန်၏။ |
7202 | RUT 4:10 | ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။ |
8137 | 2SA 5:2 | အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။- |
8141 | 2SA 5:6 | ဒါဝိဒ်မင်းနှင့်သူ၏စစ်သည်တော်တို့သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် သွားကြ၏။ ထိုမြို့တွင်နေထိုင်သူယေဗုသိ အမျိုးသားတို့က ထိုမြို့ကိုဒါဝိဒ်သိမ်းယူ နိုင်လိမ့်မည်မဟုတ်။ သင်မဝင်နိုင်အောင်မျက် မမြင်များနှင့်ခြေဆွံ့သူများပင်ဆီးတား နိုင်ပါ၏'' ဟုဆိုကြ၏။- |
8246 | 2SA 10:3 | အမ္မုန်ပြည်သားခေါင်းဆောင်များကမိမိတို့ ဘုရင်အား``ဒါဝိဒ်သည်အရှင့်ခမည်းတော်ကို ဂုဏ်ပြုရန်အတွက် ဤလူများကိုစေလွှတ် လိုက်သည်ဟုအရှင်ထင်မှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ သူ သည်အကျွန်ုပ်တို့ကိုနှိမ်နင်းနိုင်ရန်ဤမြို့ အခြေအနေကိုစုံစမ်းလို၍ဤသူတို့ အားသူလျှိုအဖြစ်စေလွှတ်လိုက်ခြင်း ဖြစ်ပါ၏'' ဟုလျှောက်ထားကြ၏။ |
8293 | 2SA 12:4 | တစ်နေ့သ၌သူဌေး၏အိမ်သို့ဧည့်သည်တစ် ယောက်ရောက်ရှိလာ၏။ သူဌေးသည်ဧည့်ဝတ် ပြုရန်အတွက်မိမိ၏သိုးနွားကိုမသတ် လိုသဖြင့် သူဆင်းရဲ၏သိုးငယ်ကိုယူ၍ သတ်ပြီးလျှင်ဧည့်သည်အားကျွေးမွေးရန် ချက်ပါ၏'' ဟုလျှောက်၏။ |
8353 | 2SA 13:33 | သို့ဖြစ်၍အရှင်၏သားတော်အားလုံးသေ လေပြီဟူသောသတင်းကိုယုံကြည်တော် မမူပါနှင့်။ အာမနုန်တစ်ဦးတည်းသာ သေပါ၏'' ဟုလျှောက်၏။ |
8379 | 2SA 14:20 | သူသည်ယင်းသို့ပြုရခြင်းမှာဤအမှု၏ အခြေအနေကိုပြောင်းလဲစေရန်ပင်ဖြစ် ပါ၏။ အရှင်မင်းကြီးသည်ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဉာဏ်ပညာရှိ၍ဖြစ် ပျက်သည့်အမှုအရာမှန်သမျှကိုသိတော် မူပါ၏'' ဟုလျှောက်ထား၏။ |
8521 | 2SA 19:8 | ယခုအရှင်ကြွတော်မူ၍အရှင်၏လူတို့ အားမေတ္တာစကားကိုမိန့်တော်မူပါ။ ထိုသို့ အရှင်ပြုတော်မမူပါလျှင်နက်ဖြန်နံနက် ၌ထိုသူတို့အနက်တစ်ဦးတစ်ယောက်မျှ အရှင်နှင့်အတူရှိနေတော့မည်မဟုတ် သဖြင့် အရှင့်တစ်သက်တွင်အဆိုးရွား ဆုံးသောဘေးအန္တရာယ်နှင့်တွေ့ကြုံရမည် ဖြစ်ကြောင်းကို အကျွန်ုပ်သည်ထာဝရ ဘုရား၏နာမတော်ကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုလျှောက်လေ၏။- |
8534 | 2SA 19:21 | အရှင်၊ အကျွန်ုပ်သည်ပြစ်မှားမိပါပြီ။ သို့ ဖြစ်၍မြောက်ဘက်အနွယ်ဝင်များထဲမှ အကျွန်ုပ်သည်ဦးစွာပထမအရှင်မင်း ကြီးအား ယနေ့လာရောက်ကြိုဆိုခြင်း ဖြစ်ပါ၏'' ဟုလျှောက်၏။ |
9394 | 1KI 19:4 | တစ်နေ့လုံးတောကန္တာရတွင်ခရီးပြုလေသည်။ သူသည်သစ်ပင်အရိပ်တစ်ခုသို့ရောက်သော အခါထိုင်လျက်သေလျှင်သာ၍ကောင်း၏ဟု ဆို၍``အို ထာဝရဘုရား၊ ဤအဖြစ်ဆိုးလွန်း ပါ၏။ အကျွန်ုပ်၏အသက်ကိုရုပ်သိမ်းတော် မူပါ။ အကျွန်ုပ်သည်သေရသော်သာ၍ကောင်း ပါသေး၏'' ဟူသောဆုကိုတောင်းလေ၏။ |
9404 | 1KI 19:14 | ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသရေလပြည်သူတို့မူကားကိုယ်တော်နှင့် ပြုထားသည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာ ကိုယ်တော်၏ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်းသာလျှင်မသေဘဲ ကျန်ရှိသော အကျွန်ုပ်၏အသက်အန္တရာယ်ကိုရှာကြံနေ ကြပါ၏'' ဟုလျှောက်၏။ |
9453 | 1KI 20:42 | ပရောဖက်ကလည်း``ထာဝရဘုရားက`ရန်သူ ကိုသတ်ရန် ငါအမိန့်ပေးထားသော်လည်းသူ့ ကိုလွှတ်ပစ်လိုက်သည့်အတွက် ထိုသူ၏အသက် အစားသင်၏အသက်ကိုပေးလျော်ရမည်။ သင် ၏တပ်မတော်သည်လည်းထိုရန်သူ၏တပ်မ တော်ကိုထွက်ပြေးခွင့်ပြုသည့်အတွက် သုတ် သင်ဖျက်ဆီးခြင်းကိုခံရမည်' ဟုမိန့်တော် မူပါ၏'' ဟုမင်းကြီးအားဆင့်ဆိုပါ၏။ |
9505 | 1KI 22:22 | ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရော ဖက်များထံသို့သွား၍သူတို့အားလိမ်လည် ဟောပြောစေပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားကလည်း`သင်သွား၍အာဟပ်အားလိမ် လည်လှည့်စားလော့။ အောင်မြင်လိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုလျှောက်ထား၏။ |
9561 | 2KI 2:6 | ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤတွင် နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယော်ဒန်မြစ်သို့စေလွှတ်တော်မူသည်'' ဟု ဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင် နှင့်ခွဲခွာမည်မဟုတ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ် ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍ သူတို့သည်ဆက်လက်ထွက်ခွာသွားကြ၏။- |
9593 | 2KI 3:13 | ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။ |
9650 | 2KI 4:43 | သို့ရာတွင်အစေခံက``လူတစ်ရာကိုဤမျှလောက် နှင့်ကျွေးနိုင်ပါမည်လော'' ဟုဆို၏။ ဧလိရှဲက``ထို အစားအစာကို ဤသူတို့ကိုကျွေးလော့။ ထာဝရ ဘုရားက`သူတို့သည်ဝစွာစားရကြသည့်အပြင် စားစရာအချို့ပင်ကျန်ကြွင်းလိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုပြန်ပြောလေသည်။- |
10169 | 2KI 22:20 | သို့ဖြစ်၍ယေရုရှလင်မြို့အားငါသင့်စေမည့် ဘေးကို သင်ကိုယ်တိုင်မြင်ရမည်မဟုတ်။ ငါသည် သင့်အားငြိမ်းချမ်းစွာစုတေခွင့်ကိုပေးတော် မူမည်၊ ထိုသူတို့သည်မင်းကြီးအားပြန် လျှောက်ကြ၏'' ဟုဆင့်ဆိုလေသည်။ |
11815 | 2CH 29:19 | အကျွန်ုပ်တို့သည်ဘုရားသခင်အားအာ ခတ်မင်းသစ္စာဖောက်စဉ်အခါက ယူသွား သည့်အသုံးအဆောင်များကိုလည်းပြန် ၍ယူဆောင်ကာပြန်လည်ဆက်ကပ်ပြီး ကြပါပြီ။ ထိုအရာအားလုံးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့တွင် ရှိပါ၏'' ဟုသံတော်ဦးတင်ကြ၏။ |
12414 | NEH 6:8 | ငါကလည်း``သင်ပြောသမျှတို့သည်မဟုတ် မမှန်။ သင်ကိုယ်တိုင်လုပ်ကြံပြောဆိုခြင်း သာဖြစ်၏'' ဟုပြန်ကြားလိုက်၏။ |
14106 | PSA 16:2 | ``ကိုယ်တော်သည်ကျွန်တော်မျိုး၏အရှင် ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးခံစားရသောကောင်းကျိုးချမ်းသာ ဟူသမျှသည် ကိုယ်တော်ပေးသနားတော်မူသောအရာများ ဖြစ်ပါ၏'' ဟု ထာဝရဘုရားအားငါလျှောက်ထား၏။ |
18113 | ISA 21:8 | ကင်းစောင့်က``အရှင်၊ အကျွန်ုပ်သည်ဤမျှော်စင် ပေါ်တွင်ရပ်၍ နေ့ရောညပါကင်းစောင့်လျက် နေပါ၏'' ဟုအော်၍ပြောကြားစဉ်၊ |
18136 | ISA 22:14 | အနန္တတန်ခိုးရှင်ထာဝရဘုရားကိုယ်တော် တိုင်ပင်ငါ့အား``ထိုသူတို့သည်ဤမကောင်း မှုအတွက်မိမိအသက်ရှင်သမျှကာလ ပတ်လုံး အဘယ်အခါ၌မျှအပြစ်ဖြေလွှတ် ရကြလိမ့်မည်မဟုတ်။ ဤကားအနန္တတန်ခိုး ရှင်ငါထာဝရဘုရားမြွက်ဟသည့်စကား ပင်ဖြစ်၏'' ဟုမိန့်တော်မူပါ၏။ |
18490 | ISA 39:8 | ဤလျှောက်ထားချက်ကိုဟေဇကိမင်းသည် မိမိ၏လက်ထက်၌ငြိမ်းချမ်းမှုနှင့်ဘေးမဲ့ လုံခြုံမှုရှိလိမ့်မည်ဟု အနက်အဋ္ဌိပ္ပါယ် ကောက်ယူလျက်``ငါ့အားသင်ဖော်ပြသည့် ထာဝရဘုရားထံမှသတင်းတော်သည် ကောင်းပေ၏'' ဟုဆို၏။ |
19027 | JER 1:12 | ထိုအခါထာဝရဘုရားက``သင်ပြောသည် အတိုင်းမှန်ပေ၏။ ငါသည်လည်းငါ့စကား အကောင်အထည်ဖော်သည်ကိုစောင့်ကြည့် လျက်နေ၏'' ဟုမိန့်တော်မူ၏။ |
19091 | JER 3:20 | သို့ရာတွင် အို ဣသရေလ၊ သင်သည်ဖောက်ပြန် သည့် ဇနီးကဲ့သို့ငါ့အားသစ္စာဖောက်လေပြီ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' |
19698 | JER 28:11 | လူအပေါင်းတို့၏ရှေ့၌ငါ့အား``လူမျိုးတကာ တို့အပေါ်သို့နေဗုခဒ်နေဇာမင်းတင်သော ထမ်းပိုးကို ဤနည်းအတိုင်းပင်ချိုးပစ်တော် မူမည်။ နှစ်နှစ်အတွင်းဤအမှုကိုဖြစ်ပွား စေတော်မူမည်ဟု ထာဝရဘုရားမိန့်တော် မူပါ၏'' ဟုပြော၏။ ထိုအခါငါသည် ထွက်ခွာခဲ့၏။ |
20097 | JER 44:18 | သို့ရာတွင်ကောင်းကင်ဘုရင်မကိုယဇ်ပူဇော် မှု၊ သူ့အဖို့စပျစ်ရည်ပူဇော်သကာသွန်း လောင်းမှုတို့ကိုမပြုကြတော့သည့်အချိန် မှအစပြု၍ ငါတို့သည်များစွာချို့တဲ့ လျက်ငါတို့အမျိုးသားများသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်၍သေရ ကြပါ၏'' ဟုပြောကြားကြလေသည်။ |
20123 | JER 46:9 | မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့် လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့် စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။ |
21996 | DAN 6:23 | ခြင်္သေ့တို့သည်အကျွန်ုပ်အားဘေးအန္တရာယ် မပြုနိုင်စေရန်ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန်ကိုစေလွှတ်၍ခြင်္သေ့တို့ ၏နှုတ်ကိုပိတ်ထားတော်မူပါ၏။ ဤကဲ့သို့ ပြုတော်မူခြင်းမှာအကျွန်ုပ်၌အပြစ်မ ရှိကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် အရှင်မင်းကြီးအားမပြစ်မှားခဲ့ကြောင်း ကိုလည်းကောင်းသိတော်မူသောကြောင့် ဖြစ်ပါ၏'' ဟုလျှောက်လေ၏။ |
22249 | HOS 7:2 | ငါသည်သူတို့ပြုသောဒုစရိုက်များကို မှတ်သားထားကြောင်းသူတို့မရိပ်မိကြ။ သူတို့၏အပြစ်များသည်သူတို့ကိုဝိုင်း ရံလျက်ရှိသည်ဖြစ်၍ ငါ့ရှေ့မှောက်တွင် ထိုအပြစ်များသည်ပေါ်လွင်ထင်ရှား လျက်ရှိ၏'' ဟုမိန့်တော်မူ၏။ |
22957 | ZEC 1:10 | ထာဝရဘုရားသည်ကမ္ဘာမြေကြီးကို ကြည့်ရှုစစ်ဆေးရန် သူတို့ကိုစေလွှတ်တော် မူလိုက်၏'' ဟုပြန်လည်ဖြေကြား၏။ |
22968 | ZEC 2:4 | ငါကလည်း``ဤသူတို့သည်အဘယ်မှုကို ပြုရန်ရောက်ရှိလာကြပါသနည်း'' ဟုမေး လျှောက်လေလျှင်၊ ကိုယ်တော်က``သူတို့သည်ယုဒအမျိုးသား တို့အားကွဲလွင့်စေ၍အကုန်အစင်ဖျက်ဆီး ချေမှုန်းခဲ့သည့်လူမျိုးတို့အား တုန်လှုပ်ချောက် ချားစေ၍ဖြိုခွင်းနှိမ်နင်းရန်ရောက်ရှိလာ ခြင်းဖြစ်၏'' ဟုမိန့်တော်မူ၏။ |
23102 | ZEC 11:5 | သိုးရှင်များသည်ထိုသိုးတို့ကိုသတ်ဖြတ် ကြသော်လည်း အဘယ်သို့မျှအပြစ်မသင့် ကြ။ သူတို့သည်သိုးသားကိုရောင်းပြီး လျှင်`ငါတို့ကားချမ်းသာကြွယ်ဝလာလေ ပြီ။ ထာဝရဘုရားသည်မင်္ဂလာရှိတော်မူ စေသတည်း။' သိုးထိန်းများပင်လျှင်မိမိ တို့၏သိုးများကိုသနားဖော်မရကြဟု ဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။ |
23253 | MAT 2:15 | ဤအမှုအရာကား ``ငါ့သားကိုအီဂျစ်ပြည်မှ ခေါ်ခဲ့၏'' ဟူ၍ပရောဖက်အားဖြင့်မိန့်ကြားတော် မူသောထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။ |
23431 | MAT 8:17 | ဤသို့လျှင် ``ကိုယ်တော်သည်ငါတို့၏အဖျားအနာ များနှင့်ရောဂါဝေဒနာများကိုဆောင်ယူသွား တော်မူ၏'' ဟူ၍ ပရောဖက်ဟေရှာယဟောခဲ့သည့် စကားအတိုင်းဖြစ်ပျက်၍လာသတည်း။ |
23582 | MAT 12:24 | ဤသို့ပြောဆိုသည်ကိုဖာရိရှဲတို့ကြားသိကြ သောအခါ ``ဤသူသည်နတ်မိစ္ဆာဘုရင်ဗေလ ဇေဗုလကိုအမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ် သူဖြစ်၏'' ဟုဆိုကြ၏။ |
23631 | MAT 13:23 | မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။ |
23638 | MAT 13:30 | ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။ |
23640 | MAT 13:32 | ထိုအစေ့သည်အစေ့တကာတို့ထက်သေးငယ် ၏။ သို့ရာတွင်အပင်ပေါက်၍ကြီးထွားလာသော အခါ အခြားအပင်ငယ်များထက်ကြီးမားသည့် အပင်တစ်ပင်ဖြစ်လာ၏။ သို့ဖြစ်၍ငှက်များသည် ထိုအပင်၏အကိုင်းများတွင်အသိုက်ပြုလုပ် နိုင်ကြ၏'' ဟုမိန့်တော်မူသည်။ |
23876 | MAT 20:15 | ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။ |
24194 | MAT 26:71 | အခြားအစေခံမကလေးတစ်ယောက်သည်သူ့ ကိုမြင်လျှင်ထိုနေရာတွင်ရှိသောသူတို့အား ``ဤ သူသည်နာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော် သူဖြစ်၏'' ဟုဆို၏။ |
24490 | MRK 6:14 | သခင်ယေရှုအကြောင်းသတင်းတော်သည်ကျော် ကြားလာသဖြင့် ဟေရုဒ်ဘုရင်၏နားတော်သို့ပင် ရောက်ရှိလေသည်။ လူအချို့တို့က ``သေရာမှ ပြန်ရှင်လာသောဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သို့ဖြစ်၍သူသည်နိမိတ်လက္ခဏာများကိုပြ လျက်ရှိ၏'' ဟုဆိုကြ၏။ |
24540 | MRK 7:8 | ``သင်တို့သည်ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်၍ လူတို့၏ထုံးတမ်းစဉ်လာများကိုလိုက် နာကြ၏'' ဟုမိန့်တော်မူ၏။ |
25269 | LUK 7:5 | အကျွန်ုပ်တို့အမျိုးသားများကိုချစ်သောကြောင့် တရားဇရပ်တစ်ဆောင်ကိုဆောက်လုပ်ပေးသူ ဖြစ်ပါ၏'' ဟုလေးနက်စွာထောက်ခံလျှောက် ထားကြ၏။ |
25287 | LUK 7:23 | ငါ့အပေါ်၌ယုံမှားခြင်းကင်းသူသည်မင်္ဂ လာရှိ၏'' ဟုယောဟန်၏တပည့်များအား ဖြေကြားတော်မူ၏။ |
25292 | LUK 7:28 | အမျိုးသမီးများမှဖွားမြင်သူများအနက် ယောဟန်ထက်ကြီးမြတ်သူတစ်ယောက်မျှမရှိ ဟုသင်တို့အားငါဆို၏။ သို့ရာတွင်ဘုရား သခင်၏အုပ်စိုးခြင်းကိုဝန်ခံသူတို့တွင် အသိမ်ငယ်ဆုံးသောသူသည်ယောဟန်ထက် ကြီးမြတ်၏'' ဟုမိန့်တော်မူ၏။ |
25587 | LUK 12:59 | အကြွေးအကုန်ပြေလည်အောင်မဆပ်မချင်း သင်သည်ထောင်မှထွက်ရလိမ့်မည်မဟုတ်ဟု ငါဆို၏'' ဟူ၍ပရိသတ်သင်တို့အားမိန့် တော်မူ၏။ |
25667 | LUK 15:10 | ထိုနည်းတူစွာဘုရားသခင်၏ကောင်းကင်တမန် များသည် အပြစ်ကူးသူတစ်ယောက်နောင်တရ ခြင်းအတွက်ရွှင်လန်းဝမ်းမြောက်ကြသည်ဟု ငါဆို၏'' ဟုမိန့်တော်မူ၏။ |
25689 | LUK 15:32 | သင့်ညီသည်ယခင်ကသေသော်လည်း ယခုပြန်၍ အသက်ရှင်လာ၏။ ယခင်ကသူ့ကိုပျောက်ဆုံးခဲ့ သော်လည်း ယခုပြန်၍တွေ့ရ၏။ သို့ဖြစ်၍ငါတို့ သည်ဝမ်းမြောက်လျက်ပျော်ပွဲကိုဆင်နွှဲရကြ ၏' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။ |
25720 | LUK 16:31 | အာဗြဟံက `သူတို့သည်မောရှေနှင့်ပရောဖက် များ၏စကားကိုနားမထောင်ကြလျှင် အကယ် ၍သေခြင်းမှလူတစ်စုံတစ်ယောက်ထမြောက် လာသော်လည်း သူတို့ယုံကြည်ကြလိမ့်မည် မဟုတ်' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။ |
26263 | JHN 4:38 | သင်တို့မစိုက်မပျိုးသည့်လယ်မှအသီး အနှံများကိုရိတ်သိမ်းရန်သင်တို့အားငါ စေလွှတ်၏။ အခြားသောသူတို့ကစိုက်ပျိုး လုပ်ဆောင်ကြ၍ သင်တို့ကအကျိုးကိုခံစား ကြရ၏'' ဟုမိန့်တော်မူ၏။ |
26290 | JHN 5:11 | ထိုသူက ``အကျွန်ုပ်အားကျန်းမာစေသူက `သင့်အိပ်ရာကိုယူ၍လှမ်းသွားလော့' ဟုစေ ခိုင်းပါ၏'' ဟုပြန်၍ပြော၏။ |
26357 | JHN 6:31 | ကျမ်းစာတော်တွင် `ကိုယ်တော်သည်ထိုသူတို့စား ရန်ကောင်းကင်မှမုန့်ကိုချပေးတော်မူ၏' ဟု ပါရှိသည်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေး များသည်တောကန္တာရတွင်မန္နမုန့်ကိုစားကြ ရပါ၏'' ဟုလျှောက်ကြ၏။ |
26506 | JHN 8:56 | သင်တို့အဖအာဗြဟံသည်ငါကြွလာ မည့်ခေတ်ကာလနှင့်ကြုံကြိုက်ရမည်ဖြစ် ၍နှစ်ထောင်းအားရ၏။ ထိုခေတ်ကာလနှင့် ကြုံကြိုက်ရသောအခါ၌လည်းရွှင်လန်း ဝမ်းမြောက်၏'' ဟုမိန့်တော်မူ၏။ |
26568 | JHN 10:18 | အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။ |
26719 | JHN 13:20 | အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါစေလွှတ်သောသူကိုလက်ခံသူသည်ငါ့ ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် လည်းငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လက်ခံ၏'' ဟုမိန့်တော်မူ၏။ |
26984 | JHN 21:17 | တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။- |
27793 | ACT 22:21 | သခင်ဘုရားက `သွားလော့။ ရပ်ဝေးရှိလူမျိုး ခြားတို့ထံသို့သင့်အားငါစေလွှတ်မည်' မိန့် တော်မူ၏'' ဟုဆို၏။ |
28093 | ROM 4:3 | ကျမ်းစာတော်က``အာဗြဟံသည်ဘုရား သခင်ကိုယုံကြည်သဖြင့် ဘုရားသခင် သည်သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံ တော်မူ၏'' ဟုဆိုသည်။- |
30037 | HEB 1:7 | ကောင်းကင်တမန်များအကြောင်းကိုဖော်ပြရာ၌ ``ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို လေကဲ့သို့ဖြစ်စေတော်မူ၏။ မိမိ၏အစေခံများကိုမီးလျှံကဲ့သို့ဖြစ်စေ တော်မူ၏'' ဟုမိန့်တော်မူ၏။- |
30052 | HEB 2:8 | ခပ်သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ပေးတော် မူပါ၏'' ဟုဖော်ပြထား၏။ ကျမ်းစာတော်က`ခပ် သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ပေးတော် မူ၏' ဟုဆိုရာ၌လူ၏စိုးမိုးခြင်းကို မခံရ သည့်အရာတစ်စုံတစ်ခုမျှမရှိဟူ၍ဆို လိုသတည်း။ သို့ရာတွင်ယခုအခါ၌ လူ သည်ခပ်သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ရ ကြောင်း ငါတို့မတွေ့မမြင်ကြရပေ။- |
30589 | 2PE 2:22 | ``ခွေးသည်မိမိအန်ဖတ်ကိုပြန်၍စားတတ် ၏'' ဟူသောဆိုရိုးစကားသည်လည်းကောင်း``ဝက် ကိုရေချိုးပေးပါမူသူသည်ရွှံ့နွံတွင်ပြန်၍ လူးတတ်၏'' ဟူသောဆိုရိုးစကားသည်လည်း ကောင်းထိုသူတို့အတွက်မှန်လျက်နေတော့၏။ |