1190 | GEN 40:17 | အပေါ်ဆုံးတောင်းထဲတွင်ဘုရင်အားဆက်သ ရသောမုန့်မျိုးစုံပါရှိ၍ ငှက်များသည်ထို တောင်းထဲမှမုန့်များကိုစားကြ၏'' ဟုပြော ပြလေသည်။ |
4570 | NUM 27:14 | အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရ၌ငါ၏အမိန့်ကိုဖီဆန် သောကြောင့်ဖြစ်၏။ မေရိဘအရပ်တွင်ဣသ ရေလအမျိုးသားအပေါင်းတို့သည် ငါ့အား အပြစ်တင်၍ညည်းတွားကြသောအခါ သင် တို့သည်သူတို့ရှေ့တွင်ငါ၏တန်ခိုးတော်ကို မထီလေးစားပြုမူခဲ့ကြ၏'' ဟုမိန့်တော် မူသည်။ (မေရိဘသည်ဇိနတောကန္တာရရှိ ကာဒေရှအရပ်၌တည်ရှိသောစမ်းရေ ပေါက်ကိုဆိုလိုသည်။) |
6736 | JDG 8:15 | ထိုနောက်ဂိဒေါင်သည်သုကုတ်မြို့သားတို့ထံ သွား၍``ငါ့အားသင်တို့အကူအညီပေးရန် ငြင်းဆိုခဲ့သည်ကိုမှတ်မိကြလိမ့်မည်။ သင် တို့ကငါသည်ဇေဘဟနှင့်ဇာလမုန္နကို ဖမ်းဆီး၍မရသေးသဖြင့် ငါ၏မောပန်း နွမ်းနယ်နေသည့်တပ်သားတို့အားစားနပ် ရိက္ခာမပေးနိုင်ဟုဆိုခဲ့ကြ၏'' ဟုပြော ဆိုပြီးလျှင်၊- |
7257 | 1SA 2:15 | ထို့အပြင်ဆီဥကိုမီးမရှို့ရမီယဇ်ပုရော ဟိတ်၏အစေခံသည် လာ၍ယဇ်ပူဇော်နေသူ အား``ယဇ်ပုရောဟိတ်အတွက်ကင်ပေးနိုင်ရန် အသားအနည်းငယ်ကိုပေးပါလော့။ ယဇ် ပုရောဟိတ်သည်ပြုတ်ပြီးအသားကိုအလို မရှိ။ အသားစိမ်းကိုသာအလိုရှိ၏'' ဟု ပြောဆိုတောင်းခံတတ်လေသည်။ |
8544 | 2SA 19:31 | မေဖိဗောရှက်ကလည်း``အားလုံးသူ့ကိုပင် ပေးတော်မူပါ။ အရှင်မင်းကြီးကောင်းမွန် ချောမောစွာပြန်လည်ရောက်ရှိခြင်းနှင့်ပင် လျှင်အကျွန်ုပ်ကျေနပ်လျက်နေပါ၏'' ဟု လျှောက်၏။ |
8584 | 2SA 21:1 | ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။- |
8750 | 1KI 1:30 | ငါသည်သင်၏သားရှောလမုန်အားငါ့ အရိုက်အရာကိုဆက်ခံ၍နန်းတက်ရမည် ဟု ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနာမတော်ကိုတိုင် တည်၍ ကျိန်ဆိုခဲ့သည်အတိုင်းငါပြုမည် ဖြစ်ကြောင်းယနေ့ငါကတိပေး၏'' ဟု မိန့်တော်မူ၏။ |
9004 | 1KI 8:16 | ကိုယ်တော်က`ငါသည်ငါ၏လူမျိုးတော်ဖြစ်သော ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါ့အားဝတ်ပြု ကိုးကွယ်ရာဗိမာန်တော်တည်ဆောက်ရန်အတွက် ဣသရေလနိုင်ငံတွင်အဘယ်မြို့ကိုမျှမရွေး ချယ်ခဲ့။ သို့ရာတွင်ငါသည်ငါ၏လူမျိုးတော်ကို အုပ်စိုးရန် သင့်ကိုရွေးချယ်ပြီ' ဟုငါ၏ခမည်း တော်ဒါဝိဒ်အားမိန့်တော်မူပါ၏'' ဟုဆို၏။ |
9208 | 1KI 13:21 | ယုဒပရောဖက်အား``ထာဝရဘုရားကသင်သည် ငါ၏စကားတော်ကိုမနာခံ။ ငါ၏အမိန့်တော် အတိုင်းမဆောင်ရွက်။ အစားအစာမစားရန်ငါ မှာကြားသော်လည်း ဤအရပ်သို့ပြန်လာကာစား သောက်သည်ဖြစ်သောကြောင့်အသတ်ခံရလိမ့်မည်။ သင်၏အလောင်းကိုဘိုးဘေးတို့သင်္ချိုင်းတွင် သင်္ဂြိုဟ်ရလိမ့်မည်ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။ |
9425 | 1KI 20:14 | အာဟပ်က``အဘယ်သူခေါင်းဆောင်၍တိုက်ခိုက် ပါမည်နည်း'' ဟုမေး၏။ ပရောဖက်က``နယ်မြေဘုရင်ခံများ၏လက် အောက်ရှိစစ်လုလင်တို့ကိုခေါင်းဆောင်စေ ရန် ထာဝရဘုရားမိန့်တော်မူ၏'' ဟုဆင့်ဆို ပြန်၏။ မင်းကြီးက``တပ်မတော်ကြီးကိုအဘယ်သူ ကွပ်ကဲရပါမည်နည်း'' ဟုမေးလျှင်၊- ``ဘုရင်မင်းကိုယ်တိုင်ဖြစ်ပါသည်'' ဟု ပရောဖက်ကပြန်ပြောလေသည်။ |
10186 | 2KI 23:17 | ဤသင်္ချိုင်းကားမည်သူ၏သင်္ချိုင်းဖြစ် သနည်း'' ဟုမေးတော်မူ၏။ ဗေသလမြို့သားတို့က``ဤသင်္ချိုင်းသည် ယုဒ ပြည်မှလာသောပရောဖက်၏သင်္ချိုင်းဖြစ်ပါ သည်။ ထိုပရောဖက်ကားဤအရပ်ရှိယဇ်ပလ္လင် တွင် အရှင်ပြုတော်မူသောအမှုအရာတို့ကို ကြိုတင်ဟောကြားခဲ့သူဖြစ်ပါ၏'' ဟုပြန်၍ လျှောက်ထားကြ၏။ |
10870 | 1CH 17:2 | နာသန်က``အကြံအစည်တော်ရှိသည့်အတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည်အရှင်မင်း ကြီးနှင့်အတူရှိတော်မူပါ၏'' ဟုလျှောက်၏။ |
10952 | 1CH 21:13 | ဒါဝိဒ်သည်ဂဒ်အား``ငါသည်အလွန်ဆိုးဝါး သောအခြေအနေသို့ရောက်၍နေလေပြီ။ သို့ရာတွင်လူတို့အပြစ်ပေးသည်ကိုငါ မခံလို။ ထာဝရဘုရားအပြစ်ပေးတော် မူပါစေ။ ကိုယ်တော်သည်ကရုဏာထား တော်မူတတ်သောအရှင်ဖြစ်ပါ၏'' ဟု ဆို၏။ |
14928 | PSA 66:4 | ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် ကိုယ်တော်ရှင်ကိုရှိခိုးဝတ်ပြုကြပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြု ကြပါ၏။ ကိုယ်တော်ရှင်၏နာမတော်အား ထောမနာသီချင်းဆိုကြပါ၏'' ဟု ဘုရားသခင်အားလျှောက်ထားကြလော့။ |
18056 | ISA 17:3 | ဣသရေလပြည်သည်ရန်သူတို့အားခုခံ နိုင်စွမ်းကင်းမဲ့လျက်နေလိမ့်မည်။ ဒမာသက် မြို့သည်လည်းလွတ်လပ်ရေးဆုံးရှုံး၍သွား လိမ့်မည်။ အသက်မသေဘဲကျန်ရှိနေသူ ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့နည်းတူအသရေပျက်ရကြလိမ့် မည်။ ဤကားအနန္တတန်ခိုးရှင်၊ ငါထာဝရ ဘုရားမြွက်ဟသည်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။ |
18078 | ISA 19:4 | ငါသည်အီဂျစ်အမျိုးသားတို့အားရက်စက် ကြမ်းကြုတ်သူမင်းဆိုးမင်းညစ်တစ်ပါး၏ လက်သို့အပ်၍ ထိုမင်းကိုသူတို့အားအုပ်စိုး စေမည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။ |
19023 | JER 1:8 | ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။ |
19225 | JER 8:3 | ငါကွဲလွင့်စေရာအရပ်များတွင်အသက် မသေဘဲကျန်ရှိသူ၊ ဤဆိုးညစ်သည့်ခေတ် မှလူတို့သည် မိမိတို့ဆက်လက်အသက်ရှင် ရန်ထက်သေရန်ပိုမိုလိုလားတောင့်တကြ လိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။ |
19375 | JER 14:13 | ထိုအခါငါက``အရှင်ထာဝရဘုရား၊ ဤ ပြည်တွင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ်။ ငြိမ်းချမ်းသာယာမှုသာလျှင်ရှိလိမ့်မည်ဟု ပရောဖက်များဟောပြောလျက်နေကြသည် ကိုကိုယ်တော်ရှင်သိတော်မူပါ၏'' ဟု လျှောက်၏။ |
19691 | JER 28:4 | ငါသည်ယောယကိမ်၏သားယုဒဘုရင် ယေခေါနိကိုလည်း ယုဒပြည်မှဗာဗုလုန် မြို့သို့လိုက်ပါသွားရကြသည့်သုံ့ပန်းများ နှင့်အတူပြန်လည်ခေါ်ဆောင်ခဲ့မည်။ ဗာဗု လုန်မင်း၏အာဏာတန်ခိုးကိုအမှန်ပင် ငါချိုးနှိမ်တော်မူမည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူကြောင်းပြောကြားလေ၏။ |
19727 | JER 29:23 | ထိုသူတို့၏ကံကြမ္မာသည်ဤနည်းအတိုင်း ပင်ဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိုက်မဲစွာပြုကျင့်ကြသောကြောင့် ဖြစ်၏။ သူတို့သည်သူတစ်ပါး၏သားမယား ကိုပြစ်မှားကြလျက် ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လိမ်လည်ဟောပြောကြ၏။ ဤအပြုအမူကားထာဝရဘုရား၏ အလိုတော်နှင့်မကိုက်ညီ။ ကိုယ်တော်သည် သူတို့ပြုသည့်အမှုကိုသိတော်မူသည်ဖြစ်၍ ဒိဌသက်သေဖြစ်တော်မူ၏။ ဤကားထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟူ၍ ပါရှိလေသည်။ |
20174 | JER 48:25 | မောဘပြည်၏အာဏာတန်ခိုးသည်ပျောက် ကွယ်၍သွားလေပြီ။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။ |
20255 | JER 50:20 | ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်မိမိအသက်ရှင်ခွင့်ပေးထားသူတို့ ၏အပြစ်များကိုဖြေလွတ်ဖြေရှင်းမည်ဖြစ် ၍ ဣသရေလပြည်တွင်အပြစ်ဒုစရိုက်တစ် စုံတစ်ခုမျှတွေ့ရှိရလိမ့်မည်မဟုတ်။ ယုဒ ပြည်တွင်လည်းဆိုးညစ်မှုတစ်စုံတစ်ရာမျှ တွေ့ရှိရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။ |
20774 | EZK 12:25 | ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ |
20920 | EZK 18:2 | ကိုယ်တော်က ``မိဘတို့စပျစ်ချဉ်သီးကိုသုံးဆောင်ခြင်း ကြောင့်၊ သားသမီးများသွားကျိန်းရကြ၏'' ဟူသောစကားပုံကိုဣသရေလအမျိုး သားတို့ ထပ်ကာထပ်ကာပြောဆိုနေကြရာ ၌အဘယ်သို့ဆိုလိုသနည်း။'' |
21317 | EZK 31:18 | အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။ |
21874 | DAN 2:47 | မင်းကြီးက``သင်သည်ဤလျှို့ဝှက်ခက်ခဲ သောအမှုတို့ကိုဖြေရှင်းနိုင်သည်ဖြစ်၍ သင်၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်တော်မူပါ၏။ ဘုရင် တကာတို့ကိုအစိုးရသောအရှင်၊ လျှို့ ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသောအရှင်ဖြစ်တော်မူပါ၏'' ဟုဆို၏။ |
22047 | DAN 8:17 | ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။- |
23005 | ZEC 4:14 | ထိုအခါကောင်းကင်တမန်က``ဤအရာ တို့သည်ကမ္ဘာမြေပြင်တစ်ခုလုံးကိုအစိုး ရသောအရှင်၊ ဘုရားသခင်၏အမှုတော် ကိုထမ်းဆောင်ရန်ကိုယ်တော်ရွေးချယ်ဘိသိက် ပေးတော်မူသောသူနှစ်ဦးဖြစ်၏'' ဟုဆို လေသည်။ |
23660 | MAT 13:52 | သို့ဖြစ်၍ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသူကျမ်းတတ်ဆရာသည်မိမိ၏ ဘဏ္ဍာတိုက်ထဲမှဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းများ ကိုထုတ်ယူသောအိမ်ရှင်နှင့်တူ၏'' ဟုမိန့်တော်မူ၏။ |
23711 | MAT 15:9 | သို့ဖြစ်၍ငါ့အားသူတို့ဝတ်ပြုကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်၏' ဟုမိန့်ကြားခဲ့သည်မှာမှန်လှ၏'' ဟုမိန့်တော်မူ၏။ |
23729 | MAT 15:27 | အမျိုးသမီးက ``မှန်ပါ၏အရှင်၊ ခွေးများပင် လျှင်မိမိတို့သခင်၏စားပွဲမှကျသည့်စားကြွင်း စားကျန်များကိုစားရကြပါ၏'' ဟုလျှောက်၏။ |
23921 | MAT 21:26 | သို့ရာတွင်လူတို့၏အခွင့်အာဏာနှင့်ပေးသည် ဟုဆိုရမည်မှာလည်းလူအပေါင်းတို့သည်ယောဟန် ကို ပရောဖက်တစ်ပါးဟုယုံကြည်ကြသဖြင့်လူ ပရိသတ်ကိုငါတို့ကြောက်ရ၏'' ဟုအချင်းချင်း ဆွေးနွေးကြ၏။- |
24196 | MAT 26:73 | ထိုနောက်အချိန်အနည်းငယ်ကြာသောအခါအနီး တွင်ရပ်နေသောသူများသည်ပေတရုထံလာ၍ ``သင် သည်အမှန်ပင်ထိုသူနှင့်အပေါင်းပါဖြစ်ကြောင်းသင် ပြောပုံဆိုပုံအားဖြင့်သိသာ၏'' ဟုဆိုကြ၏။ |
24828 | MRK 14:5 | ဤဆီမွှေးကိုဒေနာရိအပြားသုံးရာကျော်နှင့် ရောင်း၍ ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု အချင်းချင်းပြောဆိုကာအမျိုးသမီးကို အပြစ်တင်ကြ၏။ |
25140 | LUK 4:8 | သခင်ယေရှုက ``သင်၏ဘုရားသခင်ထာဝရ ဘုရားကိုသာလျှင် ဦးညွှတ်ရှိခိုးရမည်ဟု ကျမ်းစာတော်တွင်ဖော်ပြပါရှိ၏'' ဟုပြန် လည်မိန့်တော်မူ၏။ |
25299 | LUK 7:35 | သို့ရာတွင်ဘုရားသခင်၏ရွှေဉာဏ်တော်ကို လက်ခံသူအပေါင်းတို့က ထိုရွှေဉာဏ်တော် သည်မှန်ကန်ကြောင်းကိုပြသကြ၏'' ဟု မိန့်တော်မူ၏။ |
25360 | LUK 8:46 | သို့ရာတွင်သခင်ယေရှုက ``လူတစ်စုံတစ်ယောက် သည်အမှန်ပင်ငါ့ကိုတို့ထိလေပြီ။ ငါ၏ကိုယ်မှ တန်ခိုးထွက်သွားသည်ကိုငါသိ၏'' ဟုမိန့်တော် မူ၏။- |
25382 | LUK 9:12 | မိုးချုပ်စပြုသောအခါတစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည်ကိုယ်တော်၏ထံသို့လာ၍ ``ဤ လူပရိသတ်ကိုပတ်ဝန်းကျင်ကျေးလက်နှင့်တော ရွာများသို့သွား၍ တည်းခိုရန်နေရာနှင့်အစား အစာကိုရှာစေတော်မူပါ။ ဤအရပ်သည်လူ သူနှင့်ဝေးရာအရပ်ဖြစ်ပါ၏'' ဟုလျှောက် ထားကြ၏။ |
25500 | LUK 11:26 | မိမိထက်ညစ်ညမ်းသောနတ်ခုနစ်ဦးကိုခေါ် ခဲ့ပြီးလျှင်ထိုနေရာတွင်နေလေ၏။ သို့ဖြစ် ၍နတ်ပူးဝင်သူ၏နောက်ဆုံးဖြစ်အင်သည် ပထမဖြစ်အင်ထက်ဆိုးလေ၏'' ဟုမိန့် တော်မူ၏။ |
25784 | LUK 18:27 | ကိုယ်တော်က ``လူတို့မတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင်တော်မူ၏'' ဟုမိန့်တော် မူ၏။ |
25991 | LUK 22:58 | ထိုနောက်ခဏမျှကြာသော်လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် ``သင်သည်လည်းထိုသူ လူစုတွင်အပါအဝင်ဖြစ်၏'' ဟုဆို၏။ သို့ရာတွင်ပေတရုက ``အချင်းလူ၊ ထိုလူစု တွင်ငါမပါ'' ဟုဆို၏။ |
26158 | JHN 1:45 | ဖိလိပ္ပုသည်နာသနေလကိုတွေ့သဖြင့် ``မောရှေ ၏ပညတ်ကျမ်းတွင်လည်းကောင်း၊ ပရောဖက်ကျမ်း များတွင်လည်းကောင်းရေးသားဖော်ပြထားသူ ကိုငါတို့တွေ့ပြီ။ ထိုသူသည်ယောသပ်၏သား၊ နာဇရက်မြို့သားယေရှုဖြစ်၏'' ဟုဆို၏။ |
26215 | JHN 3:26 | သို့ဖြစ်၍သူတို့သည်ယောဟန်ထံသို့လာပြီး လျှင် ``ဆရာတော်၊ ယော်ဒန်မြစ်တစ်ဖက်ကမ်း တွင်ဆရာတော်၏ထံသို့ လာရောက်ခဲ့ဖူးသူ လူတစ်ယောက်ကိုသတိရပါသလော။ သူ၏ အကြောင်းကိုဆရာတော်သက်သေခံခဲ့ဖူး ပါ၏။ ယခုသူသည်ဗတ္တိဇံမင်္ဂလာကိုပေး လျက်နေပါသည်။ လူအပေါင်းတို့သည်လည်း သူ့ထံသို့လာလျက်နေကြပါ၏'' ဟုလျှောက် ၏။ |
26243 | JHN 4:18 | သင့်မှာခင်ပွန်းငါးယောက်ရှိခဲ့ဖူးပြီ။ ယခု သင်နှင့်အတူနေသူကားသင်၏ခင်ပွန်းမ ဟုတ်။ သင်သည်မှန်သောစကားကိုပြော၏'' ဟု မိန့်တော်မူ၏။ |
26251 | JHN 4:26 | သခင်ယေရှုက ``ထိုအရှင်ကားသင်နှင့်ယခု စကားပြောနေသူငါပင်ဖြစ်၏'' ဟုမိန့်တော် မူ၏။ |
26286 | JHN 5:7 | ထိုသူက ``အရှင်၊ ရေလှုပ်ရှားလာသောအခါ အကျွန်ုပ်ကိုရေကန်ထဲသို့ချပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဆင်းမည်ပြု နေစဉ် အခြားသူတစ်ယောက်သည်ဦးစွာရေ ကန်ထဲသို့ရောက်ရှိသွားတတ်ပါ၏'' ဟု လျှောက်၏။ |
26367 | JHN 6:41 | ကိုယ်တော်က ``ငါသည်ကောင်းကင်ဘုံမှဆင်း သက်သောအစာအာဟာရဖြစ်၏'' ဟုမိန့်တော် မူသဖြင့် လူတို့သည်ညည်းညူကြ၏။- |
26548 | JHN 9:39 | သခင်ယေရှုက ``မျက်မမြင်တို့မျက်စိမြင် ကြစေရန်နှင့် မျက်စိမြင်သူတို့မျက်စိအလင်း ကွယ်ကြစေရန်စီရင်ချမှတ်အံ့သောငှာ ဤ လောကသို့ငါကြွလာခြင်းဖြစ်၏'' ဟုမိန့် တော်မူ၏။ |
27031 | ACT 2:13 | အခြားသောသူတို့မူ ``ဤသူတို့သည်သေ သောက်မူးယစ်နေသူများဖြစ်ကြ၏'' ဟု ကဲ့ရဲ့ပြောဆိုကြ၏။ |
27522 | ACT 15:11 | ငါတို့သည်လည်းထိုသူတို့နည်းတူယုံကြည် သဖြင့် သခင်ယေရှု၏ကျေးဇူးတော်အား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏'' ဟုဆို၏။ |
27595 | ACT 17:3 | မေရှိယသည်ဒုက္ခဝေဒနာခံတော်မူရမည့် အကြောင်းတို့ကို ကျမ်းချက်အထောက်အထား များနှင့်တကွရှင်းလင်းစွာဖွင့်ပြ၏။ ပေါလု က ``ငါသင်တို့အားပြောပြနေသောသခင် ယေရှုကားမေရှိယပင်ဖြစ်၏'' ဟုဆို၏။- |
27920 | ACT 26:29 | ပေါလုက ``အချိန်တိုသည်ကြာသည်မှာ ပဋ္ဌာနမဟုတ်ပါ။ အရှင်မင်းကြီးနှင့်တကွ ယနေ့အကျွန်ုပ်ပြောဆိုသည်ကို နားထောင် လျက်ရှိကြသောလူအပေါင်းတို့သည် ဤ အနှောင်အဖွဲ့ခံရမှုမှလွဲ၍အကျွန်ုပ်ကဲ့ သို့ပင်ဖြစ်လာကြစေရန် ဘုရားသခင် ထံတော်သို့အကျွန်ုပ်ဆုတောင်းပါ၏'' ဟု လျှောက်လေသည်။ |
27923 | ACT 26:32 | အဂြိပ္ပမင်းက ``အကယ်၍ဤသူသည်ကဲသာ ဘုရင်ထံသို့အယူခံဝင်ရန်မလျှောက်ထား ခဲ့ပါမူသူ့ကိုလွှတ်ပစ်နိုင်၏'' ဟုဖေတ္တု အားပြော၏။ |
28767 | 1CO 14:21 | ကျမ်းစာတော်တွင်၊ ``ငါ၏လူစုတော်အားထူးဆန်းသော ဘာသာစကားများဖြင့်ငါပြောမည်။ လူမျိုးခြားတို့၏နှုတ်ဖြင့်ငါပြောမည်။ သို့သော်လည်းငါ၏လူစုတော်သည် ငါ့စကားကိုနားထောင်ကြလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏'' ဟူ၍ဖော်ပြပါရှိ၏။- |
28831 | 1CO 15:45 | ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။- |
30192 | HEB 9:20 | ထိုနောက်မောရှေက``ဤသွေးသည်သင်တို့လိုက် နာရန်ဘုရားသခင်ပေးအပ်တော်မူသော ပဋိညာဉ်ကိုအတည်ဖြစ်စေ၏'' ဟုဆို၏။- |
30285 | HEB 12:6 | အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိ ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၍ သားအဖြစ်လက်ခံတော်မူသောသူကို ဒဏ်ပေးတော်မူတတ်သောကြောင့်ဖြစ်၏'' ဟုသင်တို့အားသားများအနေဖြင့်အား ပေးတိုက်တွန်းထားသည်ကိုသင်တို့မေ့ လျော့သွားကြလေပြီလော။- |
31008 | REV 14:13 | ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။ |