885 | GEN 31:11 | အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊- |
887 | GEN 31:13 | ငါသည်ကားဗေသလအရပ်၌သင်ကျောက် တုံးကိုမှတ်တိုင်အဖြစ်တည်၍ သံလွင်ဆီ လောင်းလျက်ဆက်ကပ်ပြီးလျှင်ငါ့အားသစ္စာ ပြုသောအခါ သင်ရူပါရုံတွင်မြင်ရသော ဘုရားဖြစ်တော်မူ၏။ သင်သည်ဤပြည်မှ ထွက်၍သင်၏နေရင်းပြည်သို့ပြန်ရန်ယခု ပြင်ဆင်လော့' ဟုငါ့အားမိန့်တော်မူလေ သည်'' ဟုဆို၏။ |
941 | GEN 32:13 | ကိုယ်တော်က`သင့်ကိုကြီးပွားစေမည်။ သင်၏ အဆက်အနွယ်များကိုပင်လယ်ကမ်းခြေရှိ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင်များ ပြားစေမည်' ဟူသောကတိတော်ကိုသတိရ တော်မူပါ'' ဟုတောင်းလျှောက်လေသည်။ |
1287 | GEN 42:34 | သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ခေါ် ဆောင်ခဲ့လော့။ ထိုသို့ပြုလုပ်လျှင်သင်တို့ သူလျှိုမဟုတ်၊ ရိုးသားသူများဖြစ်သည်ကို ငါသိနိုင်မည်။ ထိုနောက်သင်တို့၏ညီကိုသင် တို့ထံသို့ငါပြန်အပ်မည်။ သင်တို့သည်လည်း ဤပြည်တွင်နေထိုင်၍ရောင်းဝယ်ဖောက်ကား နိုင်ကြမည်' '' ဟူ၍ဆိုကြ၏။ |
1344 | GEN 44:19 | အရှင်က`သင်တို့တွင်ဖခင်ရှိသေးသလော။ ညီရှိ သေးသလော' ဟုမေးပါသည်။- |
1357 | GEN 44:32 | ထို့အပြင်ကျွန်တော်သည်သူငယ်အတွက်ဖခင် ထံ၌အာမခံခဲ့သူပင်ဖြစ်ပါသည်။ ကျွန်တော် က`သူငယ်ကိုဖခင်ထံသို့ပြန်၍မခေါ်ဆောင်ခဲ့ လျှင်ကျွန်တော်သည်တစ်သက်လုံးအပြစ်ခံ ပါရစေ' ဟုဖခင်အားကတိပေးခဲ့ပါသည်။- |
1594 | EXO 3:14 | ဘုရားသခင်က``ငါ၏နာမသည်ငါဖြစ် သည့်အတိုင်း ငါဖြစ်၏ ဟူ၍ဖြစ်သည်။ `ငါဖြစ်သည်ဟုနာမည်ရှိ သောအရှင်သည် သင်တို့ထံသို့ငါ့အားစေလွှတ် တော်မူသည်' ဟုဣသရေလအမျိုးသားတို့ ကိုပြောရမည်'' ဟုမိန့်တော်မူ၏။- |
2981 | LEV 10:3 | ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။ |
4968 | DEU 2:28 | ကျွန်ုပ်တို့သည် အစာရေစာကိုဝယ်ယူစားသုံး ပါမည်။ ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ရောက်ရန် ယော်ဒန်မြစ် ကိုမကူးမီမင်းကြီး၏တိုင်းပြည်ကိုဖြတ်သန်း ရုံဖြတ်သန်းခွင့်ပေးပါလော့။ ဧဒုံပြည်တွင်နေထိုင် သောဧသော၏အဆက်အနွယ်တို့သည်လည်း ကောင်း၊ အာရပြည်တွင်နေထိုင်သောမောဘ အမျိုးသားတို့သည်လည်းကောင်း ကျွန်ုပ်တို့ အားသူတို့၏ပြည်ကိုဖြတ်သန်းခွင့်ပေးခဲ့ ကြပါသည်' ဟူ၍ငြိမ်းချမ်းရေးစကားကမ်း လှမ်းခဲ့သည်။'' |
4979 | DEU 3:2 | သို့ရာတွင်ထာဝရဘုရားက`သူ့ကိုမကြောက် နှင့်။ ငါသည်သူနှင့်တကွ သူ၏လူအပေါင်း တို့ကိုလည်းကောင်း၊ သူ၏တိုင်းပြည်ကိုလည်း ကောင်း၊ သင့်လက်သို့ပေးအပ်မည်။ သင်သည် ဟေရှဘုန်မြို့၌စိုးစံသောအာမောရိဘုရင် ရှိဟုန်အားနှိမ်နင်းသကဲ့သို့ သူ့အားလည်း နှိမ်နင်းလော့' ဟုငါ့အားမိန့်တော်မူသည်။'' |
5086 | DEU 5:31 | သင်ကိုယ်တိုင်မူကားငါနှင့်အတူနေရစ်လော့။ ငါပေးမည့်ပြည်တွင်သူတို့လိုက်နာစောင့်ထိန်း ရန် ပညတ်တော်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုသင့်အားငါဆင့်ဆိုမည်။ ထိုပညတ်တော် များနှင့်ပြဋ္ဌာန်းချက်များကိုသူတို့အား သွန်သင်လော့' ဟု မိန့်တော်မူ၏။- |
5130 | DEU 7:17 | ``ထိုလူမျိုးတို့သည်ငါတို့ထက်လူဦးရေ များပြားသဖြင့် ငါတို့နှင်ထုတ်ခြင်းငှာမ တတ်နိုင်ပါ' ဟူ၍မဆိုကြနှင့်။- |
6785 | JDG 9:29 | အကယ်၍ငါသာဤလူစု၏ခေါင်းဆောင်ဖြစ် ပါလျှင် အဘိမလက်ကိုဖယ်ရှားပစ်မည်။ `သင် ၏တပ်ကိုအင်အားဖြည့်၍ ငါ့ကိုလာရောက် တိုက်ခိုက်လော့' ဟုသူ့အားငါပြောမည်။'' |
6892 | JDG 13:6 | ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။- |
9063 | 1KI 9:9 | ထိုအခါလူတို့ကဤသူတို့သည်မိမိတို့ ဘိုးဘေးများအား`အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်၍ အခြားဘုရားများထံမှီဝဲဆည်း ကပ်ကြသောကြောင့် ထာဝရဘုရားသည်သူ တို့အပေါ်ဘေးဆိုးကိုသင့်ရောက်စေတော်မူ ခြင်းဖြစ်သည်' ဟုပြန်လည်ဖြေကြားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ |
9553 | 2KI 1:16 | ``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။ |
11568 | 2CH 18:21 | ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရောဖက် များထံသို့သွား၍သူတို့အားလိမ်လည်ဟောပြော စေပါမည်' ဟုလျှောက်၏။ ထာဝရဘုရားကလည်း`သင် သွား၍အာဟပ်အားလိမ်လည်လှည့်စားလော့။ အောင်မြင်ခွင့်ရလိမ့်မည်' ဟုမိန့်တော်မူပါ၏'' ဟုဆင့်ဆိုလေ၏။ |
15394 | PSA 89:4 | ကိုယ်တော်ရှင်က``ငါရွေးကောက်သူနှင့်ငါသည် ပဋိညာဉ်ပြုပြီ။ ငါ၏အစေခံဒါဝိဒ်အား`သင်၏သားမြေးသည် ရှင်ဘုရင်အရာကိုအမြဲရလိမ့်မည်။ သင်၏မင်းမျိုးမင်းနွယ်သည်အဆက်မပြတ် ဖြစ်လိမ့်မည်' ဟု ငါကတိပေးပြီ'' ဟူ၍မိန့်တော်မူပါ၏။ |
17878 | ISA 8:1 | ထာဝရဘုရားသည်ငါ့အား``စာရေးသင်ပုန်း ကြီးတစ်ခုကိုယူ၍`မြန်မြန်တိုက်၊ မြန်မြန်လု' ဟူသည့်စကားရပ်ကိုစာလုံးကြီးကြီးနှင့် ရေးမှတ်လော့။- |
18715 | ISA 49:9 | အကျဉ်းကျလျက်နေသူတို့အား`လွတ်လပ်စွာ ထွက်ခွာသွားကြလော့' ဟူ၍လည်းကောင်း၊ မှောင်မိုက်တွင်ရှိနေသူတို့အား`အလင်းသို့ ဝင်ကြလော့' ဟူ၍လည်းကောင်းငါပြောမည်။ သူတို့သည်တောင်ကုန်းများပေါ်တွင်ပင် ကျက်စားလျက်နေသော သိုးများနှင့်တူလိမ့်မည်။ |
19586 | JER 23:33 | ထာဝရဘုရားကငါ့အား``ယေရမိ၊ ငါ ၏လူမျိုးတော်အနက်မှတစ်စုံတစ်ယောက် သောသူကသော်လည်းကောင်း၊ ပရောဖက်သို့ မဟုတ် ယဇ်ပုရောဟိတ်ကသော်လည်းကောင်း သင့်အား`ထာဝရဘုရား၏ဗျာဒိတ်တော်ကား အဘယ်နည်း' ဟုမေးသောအခါ`ထာဝရ ဘုရားကငါသည်သင့်ကိုဖယ်ရှားတော် မူလိမ့်မည်' ဟုဖြေကြားလော့။- |
19659 | JER 26:18 | ``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊ `ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက် ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟု မိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။ |
19982 | JER 38:18 | သို့ရာတွင်အကယ်၍သင်လက်နက်မချ ပါမူ ဤမြို့သည်ဗာဗုလုန်အမျိုးသားတို့ ၏လက်တွင်းသို့ကျရောက်ရလိမ့်မည်။ သူတို့ သည်လည်းဤမြို့ကိုမီးရှို့လိုက်ကြလိမ့်မည်။ သင်သည်သူတို့၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်' ဟုမိန့်တော်မူပါ၏'' ဟုလျှောက် ထား၏။ |
20345 | JER 51:64 | ထိုနောက်`ဗာဗုလုန်မြို့သည်ဤအတိုင်းဖြစ် ပျက်ရလိမ့်မည်။ ထာဝရဘုရားပျက်စီး စေတော်မူမည်ဖြစ်၍ ထိုမြို့သည်နစ်မြုပ် ပြီးလျှင်နောက်တစ်ဖန်ပြန်၍ပေါ်လာလိမ့် မည်မဟုတ်' ဟုပြောကြားလော့'' ဟုဆို၏။ ဤကားယေရမိမှာကြားသည့်စကားများ ပြီးဆုံးသတည်း။ |
21224 | EZK 27:34 | ယခုမှာသင်သည်ပင်လယ်တွင်ပျက်ကာ သမုဒ္ဒရာနက်ထဲသို့နစ်မြုပ်သွားလေပြီ။ သင်၏ကုန်စည်များနှင့်သင်၏လုပ်သား အပေါင်းတို့သည်၊ သင်နှင့်အတူပင်လယ်တွင်ပျောက်ကွယ်သွား ကြ လေကုန်ပြီ' ဟုငိုချင်းကိုဆိုကြ၏။ |
22306 | HOS 10:12 | ငါက`သင်တို့အတွက်မြေရိုင်းကိုထွန်ယက် ၍တရားမျှတမှုမျိုးစေ့ကိုကြဲလော့၊ ငါ့ အားသစ္စာစောင့်ခြင်း၏အသီးအနှံကို ရိတ်သိမ်းလော့၊ သင်တို့၏ထာဝရဘုရား ထံသို့ပြန်လာချိန်ရောက်ပြီ။ ငါသည်လည်း ကြွလာ၍သင်တို့အားကောင်းကြီးပေး တော်မူမည်' ဟုမိန့်တော်မူ၏။- |
22544 | AMO 7:11 | `ယေရောဗောင်မင်းသည်တိုက်ပွဲ၌ကျဆုံး ပြီးဣသရေလပြည်သားတို့သည် မိမိတို့ ၏နိုင်ငံမှတစ်ပါးတစ်နိုင်ငံသို့ဖမ်းသွား ခံရမည်' ဟုဟောနေပါသည်'' ဟူ၍သံ တော်ဦးတင်လိုက်၏။ |
23134 | ZEC 13:6 | ထိုနောက်အကယ်၍လူတစ်စုံတစ်ယောက်`သင် ၏ရင်၌ရှိသောဒဏ်ရာကားအဘယ်နည်း' ဟု မေးခဲ့သော်ထိုသူက`အကျွန်ုပ်သည်ဤဒဏ် ရာများကိုမိတ်ဆွေတစ်ဦး၏အိမ်တွင်ရရှိ ခဲ့ပါသည်' ဟုပြန်ပြောလိမ့်မည်'' ဟူ၍မိန့် တော်မူ၏။ |
23264 | MAT 3:3 | ပရောဖက်ဟေရှာယက၊ `` `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင် ပြုကြလော့' ဟု တောကန္တာရ၌လူတစ်ယောက်ကြွေးကြော်လျက်နေ၏'' ဟူ၍ဖော်ပြရာ၌ယောဟန်ကိုပင်ဆိုလိုသတည်း။ |
23453 | MAT 9:5 | `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန်ပို၍ လွယ်ကူသလော။ သို့တည်းမဟုတ် `နေရာမှထ၍ လှမ်းသွားလော့' ဟုပြောရန်ပို၍လွယ်ကူသလော။- |
23837 | MAT 19:6 | သို့ဖြစ်၍သူတို့သည်နှစ်ဦးမဟုတ်၊ တစ်ဦးတည်း ဖြစ်၏။' `ဘုရားသခင်စုံဖက်ပေးသည်ကိုလူမခွဲ ခွာစေနှင့်' ဟုမိန့်တော်မူ၏။ |
23925 | MAT 21:30 | ဖခင်သည်သားငယ်ထံသို့သွား၍ရှေးနည်းတူ ပြော၏။ သားငယ်က `ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ် သွားပါမည်' ဟုဆို၏။- |
24052 | MAT 24:26 | ``လူတို့က `ကြည့်လော့။ မေရှိယသည်တောကန္တာရ တွင်ရှိသည်' ဟုဆိုလျှင်မသွားကြနှင့်။ `အိမ်ခန်း ထဲမှာရှိသည်' ဟုဆိုလျှင်လည်းမယုံကြနှင့်။- |
24271 | MAT 28:7 | တပည့်တော်တို့ထံသို့အလျင်အမြန်သွား၍ `ကိုယ် တော်သည်သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ သင်တို့အလျင်ဂါလိလဲပြည်သို့ကြွတော်မူမည် ဖြစ်၍ ထိုအရပ်တွင်ကိုယ်တော်ကိုသင်တို့တွေ့ရ ကြလိမ့်မည်' ဟုပြောကြားကြလော့။ ငါပြော သည့်စကားကိုမမေ့ကြနှင့်'' ဟုဆို၏။ |
25479 | LUK 11:5 | ထိုနောက်ကိုယ်တော်က ``သင်တို့တွင်တစ်စုံတစ် ယောက်သောသူသည်သန်းခေါင်အချိန်၌မိတ် ဆွေတစ်ဦး၏အိမ်သို့သွား၍ `အဆွေ၊ ကျွန်ုပ်၏ အိမ်သို့ခရီးသည်မိတ်ဆွေတစ်ယောက်ရောက်ရှိ လာပါသည်။ ကျွန်ုပ်တို့ထံတွင်သူ့အားကျွေး စရာဘာမျှမရှိသဖြင့် မုန့်သုံးလုံးကိုချေး လိုပါသည်' ဟုဆိုသော်၊- |
25498 | LUK 11:24 | ``ညစ်ညမ်းသောနတ်သည်လူထဲကထွက်သည့် အခါခြောက်သွေ့ရာအရပ်သို့လှည့်လည်၍ နားစရာနေရာကိုရှာတတ်၏။ ရှာမတွေ့ လျှင် `ငါယခင်နေခဲ့သည့်နေရာသို့ပင် ပြန်ပါအံ့' ဟုဆို၏။- |
25547 | LUK 12:19 | ထိုနောက်`သင်သည်နှစ်ပေါင်းများစွာသုံးဆောင် ရန်ဥစ္စာပစ္စည်းများကိုသိုမှီးထားပြီးဖြစ်၍ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပျော်ပါး စွာနေလော့' ဟုငါ့ကိုယ်ကိုငါပြောမည်ဟု ဆို၏။- |
25666 | LUK 15:9 | သူသည်ထိုဒင်္ဂါးကိုတွေ့သောအခါမိတ်ဆွေနှင့် အိမ်နီးချင်းတို့ကိုခေါ်၍`ပျောက်သွားသောဒင်္ဂါး ကိုငါပြန်တွေ့ပြီ။ ငါနှင့်အတူရွှင်လန်းဝမ်း မြောက်ကြလော့' ဟုဆိုလိမ့်မည်။- |
25687 | LUK 15:30 | အဖ၏ဥစ္စာပစ္စည်းများကိုပြည့်တန်ဆာများ နှင့်ပျော်ပါးဖြုန်းတီးပစ်သည့်သားပြန်လာ သောအခါ၌မူ သူ့အတွက်ဆူဖြိုးအောင် ကျွေးထားသောနွားကလေးကိုသတ်ပါ သည်တကား' ဟုဆို၏။- |
25693 | LUK 16:4 | ငါ့ရာထူးပြုတ်ပြီးနောက်လူတို့ငါ့ကိုလက်ခံ ပေါင်းဖော်ကြစေရန်အဘယ်သို့ပြုရမည်ကို ငါသိပြီ' ဟုတစ်ကိုယ်တည်းပြောဆိုကာ။- |
25696 | LUK 16:7 | ထိုနောက်အခြားသူတစ်ယောက်အား `သင်သည် လည်းပေးဆပ်ရန်အကြွေးမည်မျှရှိသနည်း' ဟုမေး၏။ ထိုသူကဂျုံစပါးတင်းတစ်ထောင် ရှိပါသည်ဟုဆိုလျှင်မန်နေဂျာက `သင်၏ စာရင်းကိုယူလော့၊ အမြန်ထိုင်၍ရှစ်ရာ ဟုရေးလော့' ဟုဆို၏။- |
25726 | LUK 17:6 | သခင်ဘုရားက ``သင်တို့တွင်ယုံကြည်ခြင်း မုန်ညင်းစေ့မျှလောက်ရှိပါမူ ဤပိုးစာပင် အား `အမြစ်ပါကျွတ်၍ပင်လယ်ထဲမှာစိုက် လျက်နေလော့' ဟုဆိုလျှင် ထိုအပင်သည်သင် တို့ဆိုသည့်အတိုင်းပြုလိမ့်မည်။ |
25816 | LUK 19:16 | ပထမအစေခံသည်လာ၍`အရှင်၊ အရှင်ပေး ခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ဆယ်ပြား ရပါသည်' ဟုလျှောက်၏။- |
25818 | LUK 19:18 | ဒုတိယအစေခံသည်လည်းလာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ငါးပြား ရပါသည်' ဟုလျှောက်၏။- |
26143 | JHN 1:30 | `ငါမမွေးမီကပင်ရှိနေနှင့်သဖြင့် ငါ့ထက် ကြီးမြတ်သောသူသည်ငါ၏နောက်တွင်ကြွ လာလိမ့်မည်' ဟုယခင်အခါကငါဖော်ပြ ခဲ့သူကားထိုသူပင်တည်း။- |
26483 | JHN 8:33 | ထိုသူတို့က ``အကျွန်ုပ်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါ၏။ အဘယ်အခါကမျှ တစ်ပါးကျွန်မဖြစ်ခဲ့ဘူးပါ။ `သင်တို့လွတ် လပ်လိမ့်မည်' ဟုအဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက်ကြ၏။ |
26683 | JHN 12:34 | လူတို့က ``မေရှိယသည်ထာဝစဉ်အသက်ရှင် တော်မူ၏ဟုပညတ်ကျမ်းကဆိုပါသည်။ သို့ ဖြစ်၍`လူသားသည်မြေမှမြှောက်ထားခြင်းကို ခံရမည်' ဟုအဘယ်ကြောင့်သင်ဆိုပါသနည်း။ လူသားကားအဘယ်သူနည်း'' ဟုမေးမြန်းကြ ၏။ |
26814 | JHN 16:19 | သခင်ယေရှုသည်မိမိအားထိုသူတို့လျှောက် ထားမေးမြန်းလိုကြောင်းသိတော်မူသဖြင့် ``သင် တို့အချင်းချင်းအဘယ်အကြောင်းကိုမေးမြန်း ပြောဆိုလျက်နေကြသနည်း။ `အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်' ဟူ၍လည်းကောင်း၊ ထိုနောက် `အချိန် အနည်းငယ်ကြာပြန်သော်ငါ့ကိုပြန်၍တွေ့ မြင်ကြလိမ့်မည်' ဟူ၍လည်းကောင်းငါပြော သောစကားများနှင့်ပတ်သက်၍လော။- |
27213 | ACT 7:28 | ယမန်နေ့ကအီဂျစ်အမျိုးသားတစ်ယောက် ကိုသတ်ခဲ့သည်နည်းတူ ငါ့ကိုလည်းသတ်လို ပါသလော' ဟုမေး၏။- |
27383 | ACT 11:7 | ထိုနောက် `ပေတရုထလော့၊ သတ်စားလော့' ဟု ဆိုသောအသံကိုငါကြားရ၏။- |
27463 | ACT 13:32 | ဒုတိယဆာလံတွင်၊`သင်သည်ငါ၏သားတော် ဖြစ်၏။ ယနေ့ပင်သင့်အားသားတော်အရာကို ငါပေးပြီ' ဟုဖော်ပြပါရှိသည်နှင့်အညီ ဘုရားသခင်သည်ယေရှုကိုသေခြင်းမှရှင် ပြန်ထမြောက်စေတော်မူသဖြင့် ငါတို့ဘိုးဘေး များအားထားတော်မူသောကတိတော်ကိုသူ တို့၏သားမြေးဖြစ်သူ ငါတို့အတွက်အကောင် အထည်ဖော်တော်မူပြီ။ ငါတို့သည်ဤသတင်း ကောင်းကိုသင်တို့အားကြားပြောရန်ဤအရပ် သို့ရောက်ရှိနေကြခြင်းဖြစ်၏။- |
27780 | ACT 22:8 | အကျွန်ုပ်က `အရှင်၊ ကိုယ်တော်သည်မည်သူဖြစ် ပါသနည်း' ဟုမေးလျှောက်လျှင်ကိုယ်တော်က `ငါသည်သင်နှိပ်စက်ညှဉ်းဆဲသောနာဇရက် မြို့သားယေရှုပင်ဖြစ်၏' ဟုမိန့်တော်မူ၏။- |