857 | GEN 30:26 | ကျွန်ုပ်သည်ဦးရီးထံ၌အလုပ်လုပ်၍ရသော မယားများနှင့်တကွ သားသမီးတို့ကိုခေါ် ဆောင်လျက်ထွက်ခွာသွားပါရစေ။ ကျွန်ုပ်သည် ဦးရီးအတွက်မည်မျှကြိုးစားလုပ်ကိုင်ပေး ခဲ့ကြောင်းဦးရီးသိပါ၏'' ဟုပြောလေ၏။ |
6500 | JOS 24:22 | ယောရှုကလည်း``သင်တို့သည်ထာဝရဘုရား ကိုသာဝတ်ပြုမည်ဟုထွက်ဆိုရာ၌သင်တို့ ကိုယ်တိုင်သက်သေဖြစ်ကြ၏'' ဟုဆို၏။ ထိုအခါသူတို့က``အကျွန်ုပ်တို့ကိုယ်တိုင် သက်သေဖြစ်ကြောင်းဝန်ခံပါ၏'' ဟုပြန် လျှောက်ကြ၏။ |
6739 | JDG 8:18 | ထိုနောက်ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့ အား``တာဗော်မြို့၌သင်တို့သတ်ဖြတ်ပစ်သူ တို့ကား မည်သို့သောသူများဖြစ်သနည်း'' ဟုမေး၏။ သူတို့ကလည်း``ထိုသူတို့သည် သင်နှင့်အသွင် တူပါသည်။ သူတို့အားလုံးပင်လျှင် ဘုရင့်သား တော်များနှင့်တူကြပါ၏'' ဟုပြန်ပြောလေ သည်။ |
6942 | JDG 15:11 | ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။ သူကလည်း``ငါသည်သူတို့ငါ့အားပြုသည် အတိုင်းသာလျှင် သူတို့အားပြုခဲ့ပါ၏'' ဟု ဖြေကြားလေသည်။ |
7288 | 1SA 3:10 | ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။ ရှမွေလက``အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏ ကျွန်နာခံလျက်ရှိပါ၏'' ဟုလျှောက်၏။ |
7316 | 1SA 4:17 | သတင်းယူဆောင်လာသူက``ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိအမျိုးသားတို့ ရှေ့တွင်တပ်လန်၍ထွက်ပြေးကြပါ၏။ ဤ စစ်ပွဲတွင်အကျွန်ုပ်တို့သည် အကြီးအကျယ် အရေးရှုံးနိမ့်ကြပါသည်တကား။ ထို့အပြင် အရှင်၏သားဟောဖနိနှင့်ဖိနဟတ်တို့သည် အသတ်ခံရပါ၏။ ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်သည်လည်း ရန်သူများ၏ လက်သို့ကျရောက်သွားပါ၏'' ဟုလျှောက်၏။ |
7615 | 1SA 16:18 | အပါးတော်တွင်ခစားနေသူတစ်ဦးက``ဗက်လင် မြို့သားယေရှဲတွင် တူရိယာကောင်းစွာတီးတတ် သူသားတစ်ယောက်ရှိပါ၏။ သူသည်ရဲစွမ်းသတ္တိ ရှိသူ၊ အဆင်းလှသူ၊ စစ်ရေးတတ်သူ၊ နှုတ်သတ္တိ ရှိသူဖြစ်ပါ၏။ ထာဝရဘုရားသည်သူနှင့် အတူရှိတော်မူပါ၏'' ဟုလျှောက်ထား၏။ |
7648 | 1SA 17:28 | ထိုသူတို့နှင့်ဒါဝိဒ်ပြောသောစကားကို အစ်ကိုကြီးဧလျာဘကြားလျှင် အမျက် ထွက်၍``သင်သည်အဘယ်ကြောင့်ဤအရပ် သို့လာသနည်း။ တောကန္တာရတွင်သိုးများ ကိုအဘယ်သူထိန်းကျောင်းလျက်နေပါ သနည်း။ သင်၏စိတ်နေမြင့်မှု၊ ဆိုးညစ်ယုတ် မာမှုကိုငါသိ၏။ သင်သည်စစ်ပွဲကြည့် ရန်လာရောက်ခြင်းသာဖြစ်၏'' ဟုဆို၏။ |
7830 | 1SA 23:17 | ``မကြောက်ပါနှင့်။ ငါ၏ခမည်းတော်ရှောလု သည်သင့်အား အဘယ်သို့မျှဘေးအန္တရာယ် ပြုနိုင်လိမ့်မည်မဟုတ်ပါ။ သင်သည်ဣသ ရေလဘုရင်ဖြစ်မည်ကိုလည်းကောင်း၊ ငါ သည်သင်၏ညာလက်ရုံးဖြစ်မည်ကိုလည်း ကောင်းသူကောင်းစွာသိပါ၏'' ဟုပြော ကြား၏။- |
7905 | 1SA 25:41 | အဘိဂဲလသည် မြေသို့တိုင်အောင်ဦးညွှတ် ပြီးလျှင်``ကျွန်မသည်ထိုသခင်၏အစေခံ ဖြစ်သဖြင့် သူ့အစေခံများ၏ခြေကိုပင် ဆေးရန်အသင့်ရှိပါ၏'' ဟုဆိုကာ၊- |
8324 | 2SA 13:4 | ယောနဒပ်က``သင်သည်ဘုရင့်သားတော်ဖြစ် ပါလျက် နေ့စဉ်ရက်ဆက်စိတ်မချမ်းမသာ ဖြစ်လျက်နေသည်ကိုငါတွေ့မြင်ရပါ၏။ အကြောင်းအဘယ်သို့ရှိသည်ကိုငါ့အား ပြောလော့'' ဟုအာမနုန်အားဆို၏။ အာမနုန်က``ငါနှင့်အဖေတူအမေကွဲညီ အစ်ကိုတော်သူအဗရှလုံ၏နှမတာမာ ကိုငါချစ်လျက်နေပါ၏'' ဟုပြန်ပြော၏။ |
10970 | 1CH 22:1 | ထို့ကြောင့်ဒါဝိဒ်က``ဤအရပ်ကားထာဝရ အရှင်ဘုရားသခင်၏ဗိမာန်တော်တည် ဆောက်ရမည့်အရပ်ဖြစ်၏။ ဤနေရာသည် ဣသရေလပြည်သားတို့မီးရှို့ရာယဇ် ပူဇော်ရန်နေရာဖြစ်၏'' ဟုဆို၏။ |
14457 | PSA 35:27 | ကျွန်တော်မျိုးအားလွတ်ငြိမ်းချမ်းသာခွင့် ရစေလိုသော သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာဖြင့် ``ထာဝရဘုရားသည်ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏အစေခံကောင်းစားသည်ကို အားရနှစ်သက်တော်မူ၏'' ဟုအဖန်တလဲလဲ ကြွေးကြော်ကြပါစေသော။ |
17792 | ISA 3:15 | သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။ |
18410 | ISA 36:10 | ငါသည်ထာဝရဘုရား၏အကူအညီ မပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက် ဆီးခဲ့သည်ဟုသင်တို့ထင်မှတ်ကြပါ သလော။ သင်တို့ပြည်ကိုတိုက်ခိုက်ဖျက်ဆီး ရန်ထာဝရဘုရားကိုယ်တော်တိုင်ပင်ငါ့ အားစေခိုင်းတော်မူပါ၏'' ဟုဆို၏။ |
19676 | JER 27:11 | သို့သော်အကြင်လူမျိုးသည်ဗာဗုလုန်ဘုရင် ၏ထမ်းပိုးအောက်တွင် အညံ့ခံ၍သူ၏အစေ ကိုခံ၏။ ထိုလူမျိုးအားငါသည်မိမိတို့တိုင်း ပြည်တွင် ထွန်ယက်လုပ်ကိုင်နေထိုင်ခွင့်ကိုပေး တော်မူမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော် မူ၏။ |
19855 | JER 33:11 | ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
19892 | JER 34:22 | ထိုတပ်မတော်ကိုငါအမိန့်ပေးသဖြင့် သူ တို့သည်ပြန်လာ၍ဤမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မီးရှို့လိုက်ကြလိမ့်မည်။ ငါသည် ယုဒမြို့တို့ကိုလူသူကင်းမဲ့ရာသဲကန္တာရ ကဲ့သို့ဖြစ်စေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
21285 | EZK 30:12 | ငါသည်နိုင်းမြစ်ကိုခန်းခြောက်စေ၍ အီဂျစ် ပြည်ကိုဆိုးညစ်သူတို့၏လက်အောက်သို့ ကျရောက်စေမည်။ လူမျိုးခြားတို့သည်ထို ပြည်တစ်ပြည်လုံးကိုပျက်ပြုန်းစေကြ လိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။ |
21333 | EZK 32:16 | ဤသို့ကြပ်တည်းစွာငါသတိပေးသော စကားများသည်ငိုချင်းဖြစ်လာလိမ့်မည်။ အမျိုးသမီးတို့သည်အီဂျစ်ပြည်နှင့်ထို ပြည်သားအပေါင်းတို့အတွက်ငိုကြွေးမြည် တမ်းကာ ထိုငိုချင်းကိုသီဆိုကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့် တော်မူ၏။ |
21748 | EZK 46:24 | ထိုလူက``ဤမီးဖိုတို့ကား လူတို့ပူဇော်သည့် ယဇ်ကောင်များကိုဗိမာန်တော်အစေခံတို့ ပြုတ်သည့်မီးဖိုများဖြစ်၏'' ဟုငါ့အား ပြောပြ၏။ |
21986 | DAN 6:13 | တစ်စုတစ်ရုံးတည်းဘုရင့်ရှေ့တော်သို့ဝင်၍ ဒံယေလအားပြစ်တင်စွပ်စွဲကြကုန်၏။ သူ တို့က``အရှင်မင်းကြီးကိုယ်တော်သည်နောက် ရက်ပေါင်းသုံးဆယ်တိုင်တိုင်အရှင်မင်းကြီး မှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်းဆုတောင်းသူ မည်သူမဆိုခြင်္သေ့လှောင်သောတွင်းထဲသို့ ပစ်ချခြင်းကိုခံစေဟူသောအမိန့်တော် ကိုလက်မှတ်ရေးထိုးတော်မူခဲ့သည် မဟုတ်ပါလော'' ဟုမေးလျှောက်ကြ၏။ မင်းကြီးက``ထိုအမိန့်သည်ပြောင်းလဲ၍ မရသောမေဒိနှင့်ပါရှလူမျိုးတို့၏ ဋ္ဌမ္မသတ်အတိုင်းမှန်ပေ၏'' ဟုမိန့်တော် မူ၏။ |
21989 | DAN 6:16 | ထိုနောက်မှူးမတ်အရာရှိတို့သည်အထံတော် သို့ပြန်လည်ရောက်ရှိလာကြကာ``မေဒိ နှင့်ပါရှလူမျိုးတို့၏ဥပဒေများအရ ဘုရင့်အမိန့်တော်မည်သည်မှာပြန်လည် ပြင်ဆင်ပြောင်းလဲ၍မရနိုင်ကြောင်းအရှင် မင်းကြီးသိတော်မူပါ၏'' ဟုလျှောက် ထားကြ၏။ |
22173 | HOS 2:1 | ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။- |
23189 | MAL 2:17 | သင်တို့သည်စကားများလွန်းသဖြင့်ထာဝရ ဘုရားနားငြီးတော်မူလေပြီ။ သို့ရာတွင်သင် တို့က``ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် နားငြီးစေရန်အဘယ်သို့ပြုမိကြပါ သနည်း'' ဟုဆိုကြ၏။ ``ထာဝရဘုရားသည် ဒုစရိုက်သမားမှန်သမျှကိုလူကောင်းသူ ကောင်းဟုထင်မှတ်တော်မူ၏'' ဟူ၍ပြော ဆိုခြင်းအားဖြင့်သော်လည်းကောင်း``တရား မျှတသည်ဟုထင်မြင်ယူဆမှုကိုခံရ သောဘုရားသခင်သည်အဘယ်မှာရှိ သနည်း'' ဟုပြောဆိုခြင်းအားဖြင့်သော် လည်းကောင်းသင်တို့သည်ကိုယ်တော်အား နားငြီးစေကြ၏။ |
23884 | MAT 20:23 | ကိုယ်တော်က ``သင်တို့သည်ငါ၏ခွက်မှအမှန်ပင် သောက်ရကြလိမ့်မည်။ သို့ရာတွင်ငါ၏လက်ယာရံ နှင့်လက်ဝဲရံအဖြစ်ကိုမူငါမပေးပိုင်။ ဤအခွင့် အရေးများသည်ငါ့ခမည်းတော်စီမံပြင်ဆင်ထား သူများအတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။ |
24474 | MRK 5:41 | သူငယ်မ၏လက်ကိုဆုပ်ကိုင်ကာ ``တလိသကုမိ'' ဟုမိန့်တော်မူ၏။ အဋ္ဌိပ္ပါယ်ကား ``ကလေးမ၊ ထလော့။ သင့်အားငါအမိန့်ရှိ၏'' ဟူဆိုလိုသည်။ |
24923 | MRK 15:28 | (ဤသို့လျှင် ``ရာဇဝတ်မှုကူးလွန်သူများစာ ရင်းတွင်ကိုယ်တော်ပါဝင်၏'' ဟူသောကျမ်းစကား သည်မှန်၍လာတော့၏။) |
25971 | LUK 22:38 | တပည့်တော်တို့က ``အရှင်၊ ကြည့်တော်မူပါ။ ဤ မှာဋ္ဌားနှစ်လက်ရှိပါ၏'' ဟုလျှောက်ကြ၏။ ကိုယ်တော်က ``တော်လောက်ပြီ'' ဟုမိန့်တော်မူ၏။ |
26162 | JHN 1:49 | ထိုအခါနာသနေလက ``အရှင်ဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလအမျိုးသားတို့၏ ဘုရင်ဖြစ်တော်မူပါ၏'' ဟုလျှောက်လေ၏။ |
26191 | JHN 3:2 | သူသည်ညဥ့်အခါကိုယ်တော်၏ထံသို့လာ၍ ``အရှင်ဘုရား၊ ဘုရားသခင်အတူပါရှိတော် မမူလျှင် အဘယ်သူမျှအရှင်ပြတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍အရှင်သည်ဘုရားသခင် စေလွှတ်တော်မူသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏'' ဟုလျှောက်၏။ |
26277 | JHN 4:52 | ထိုသူက ``အဘယ်အချိန်၌သားငယ်ရောဂါ သက်သာသွားပါသနည်း'' ဟုမေးသောအခါ အစေခံများက ``ယမန်နေ့မွန်းလွဲတစ်နာရီ ခန့်တွင်အဖျားပျောက်ပါ၏'' ဟုဖြေကြား ကြ၏။- |
26359 | JHN 6:33 | ထိုစစ်မှန်သောအစာအာဟာရကားကောင်းကင် ဘုံမှကျဆင်း၍ ကမ္ဘာသူကမ္ဘာသားတို့အား အသက်ပေးသောသူဖြစ်၏'' ဟုမိန့်တော်မူ၏။ |
26467 | JHN 8:17 | သင်တို့၏ပညတ်ကျမ်းတွင် ``သက်သေနှစ်ဦး ထွက်ဆိုလျှင်အမှန်ဖြစ်၏'' ဟုဖော်ပြပါ ရှိ၏။- |
26518 | JHN 9:9 | လူအချို့တို့က ``ဟုတ်ပါသည်'' ဟူ၍လည်းကောင်း၊ အချို့က ``ထိုသူမဟုတ်၊ ထိုလူနှင့်တူသူဖြစ်၏'' ဟူ၍လည်းကောင်းဆိုကြ၏။ သူကိုယ်တိုင်ကမူ ``အကျွန်ုပ်သည်ထိုသူပင်တည်း'' ဟုဆို၏။ |
26533 | JHN 9:24 | ဖာရိရှဲတို့သည်မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ်ခေါ်ပြီး ``ဘုရားသခင်ရှေ့ တွင်ဟုတ်မှန်ရာကိုပြောပါလော့။ သင့်အား မျက်စိမြင်စေသောသူသည်အပြစ်ကူးသူ ဖြစ်ကြောင်းငါတို့သိကြ၏'' ဟုဆို၏။ |
26534 | JHN 9:25 | ထိုသူက ``ဤသူသည်အပြစ်ကူးသူဖြစ်သည် မဖြစ်သည်ကိုအကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ယခင်ကမျက်စိကွယ်၍ယခုမျက်စိမြင်လာ သည်ကိုသာလျှင်သိပါ၏'' ဟုပြော၏။ |
26741 | JHN 14:4 | ငါသွားရာအရပ်သို့ရောက်စေမည့်ခရီး လမ်းကိုသင်တို့သိကြ၏'' ဟုမိန့်တော်မူ၏။ |
27184 | ACT 6:14 | နာဇရက်မြို့သားယေရှုသည်ဗိမာန်တော်ကို ဖျက်ဆီး၍ အကျွန်ုပ်တို့အားမောရှေပေးအပ်ခဲ့ သည့်ထုံးတမ်းစဉ်လာများကိုပြောင်းလဲစေ လိမ့်မည်ဖြစ်ကြောင်း ထိုသူပြောဆိုသည်ကို အကျွန်ုပ်တို့ကြားကြပါ၏'' ဟုထွက်ဆို ကြ၏။- |
27350 | ACT 10:22 | ထိုသူတို့က ``ကောင်းကင်တမန်တစ်ပါးသည် တပ်ခွဲမှူးကော်နေလိအားအရှင့်ကိုခေါ်ဖိတ် ၍ အရှင်၏တရားစကားကိုကြားနာရန်ညွှန် ကြားခဲ့ပါသည်။ ကော်နေလိသည်လူကောင်း တစ်ယောက်ဖြစ်၍ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေသူဖြစ်ပါသည်။ ယုဒအမျိုးသား အပေါင်းတို့၏ကြည်ညိုလေးစားမှုကို လည်းခံရသူဖြစ်ပါ၏'' ဟုပြောကြား၏။- |
28113 | ROM 4:23 | ``ဘုရားသခင်သည်သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏'' ဟူသောစကားရပ် သည်အာဗြဟံတစ်ဦးတည်းသာရည်ညွှန်း သည်မဟုတ်။- |
28528 | 1CO 5:6 | သင်တို့သည် မာန်မာနထောင်လွှားနေကြရန် မသင့်။ ``တဆေးအနည်းငယ်က မုန့်ညက် အားလုံးကိုဖောင်းကြွစေ၏'' ဟူသော ဆိုရိုးစကားကိုသင်တို့သိကြ၏။- |
30300 | HEB 12:21 | ထိုမြင်ကွင်းတစ်ခုလုံးသည်အလွန်ထိတ် လန့်ဖွယ်ကောင်းသဖြင့်မောရှေက``ငါသည် ကြောက်လန့်တုန်လှုပ်လျက်နေ၏'' ဟုဆို၏။ |
30474 | 1PE 2:8 | အခြားကျမ်းတစ်ပုဒ်တွင်၊ ``ထိုကျောက်သည်လူတို့အားခလုတ်ထိစေ၍ ပြိုလဲစေသောကျောက်ဖြစ်၏'' ဟုဖော်ပြပါရှိ၏။ သူတို့သည်နှုတ်ကပတ်တော် ကို မယုံကြည်ကြသဖြင့်ခလုတ်ထိရကြ၏။ ဤကားထိုသူတို့အတွက်ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သတည်း။ |
30852 | REV 5:5 | ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။ |