1956 | EXO 16:8 | တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။ |
3346 | LEV 20:27 | ``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။ |
3385 | LEV 22:15 | ယဇ်ပုရောဟိတ်များသည်သန့်ရှင်းသောပူ ဇော်သကာကိုမစားထိုက်သောသူအားစား စေခြင်းဖြင့် ပူဇော်သကာကိုမညစ်ညမ်းစေ ရ၊ ထိုပူဇော်သကာကိုမစားထိုက်သူသည်စား မိလျှင်အပြစ်ကူးလွန်၍ဒဏ်ခံရမည်။ ငါ သည်ထာဝရဘုရားဖြစ်၏။ ငါသည်ပူဇော် သကာများကိုသန့်ရှင်းစေတော်မူ၏'' ဟု မိန့်တော်မူ၏။ |
3403 | LEV 22:33 | ငါသည်သင်တို့၏ဘုရားဖြစ်ခြင်းငှာသင် တို့အားအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့၏။ ငါ သည်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။ |
7142 | RUT 1:13 | သင်တို့သည်ထိုသားများကြီးပြင်းလာသည် တိုင်အောင် စောင့်ဆိုင်းနေကြပါမည်လော။ ယင်း သို့စောင့်ဆိုင်းကာနောက်အိမ်ထောင်မပြုဘဲနေ ကြပါမည်လော။ ငါ့သမီးတို့ဤသို့မဖြစ်နိုင် ကြောင်းကိုသင်တို့သိပါ၏။ ထာဝရဘုရား သည်ငါ့ကိုဒဏ်ခတ်တော်မူပြီဖြစ်၍ ငါသည် သင်တို့အတွက်အလွန်ဝမ်းနည်းပါ၏'' ဟု ဆို၏။ |
7234 | 1SA 1:20 | ဟန္နသည်ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွား မြင်လေသည်။ သူက``ငါသည်ထာဝရဘုရား အားတောင်းခံသဖြင့်ဤသားကိုရ၏'' ဟုဆို ပြီးလျှင်ရှမွေလဟုနာမည်မှည့်လေသည်။ |
7553 | 1SA 14:43 | ထိုအခါရှောလုသည်ယောနသန်အား``သင် အဘယ်အမှုကိုပြုသနည်း'' ဟုမေး၏။ ယောနသန်က``အကျွန်ုပ်သည်ပျားရည်အနည်း ငယ်ကိုစားမိပါ၏။ အမိန့်တော်အတိုင်းသေ ဒဏ်ခံရန်အကျွန်ုပ်အသင့်ရှိပါ၏'' ဟုလျှောက် လျှင်၊ |
7598 | 1SA 16:1 | ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။ |
7608 | 1SA 16:11 | ``သင့်မှာအခြားသားများရှိပါသေးသလော'' ဟုယေရှဲအားမေး၏။ ယေရှဲက``သားအငယ်ဆုံးရှိပါသေးသည်။ သူသည်သိုးများကိုကျောင်းလျက်နေပါ၏'' ဟုဆို၏။ ရှမွေလက``သူ့အားခေါ်ခဲ့လော့။ သူမရောက် မချင်းငါတို့သည်ယဇ်ပူဇော်ပွဲကိုဝင်ကြ မည်မဟုတ်'' ဟုပြော၏။- |
7958 | 1SA 28:13 | မင်းကြီးကလည်း``မကြောက်နှင့်။ သင်မြင်သည့် အရာကိုငါ့အားဖော်ပြလော့'' ဟုမိန့်တော် မူ၏။ ထိုအမျိုးသမီးက``မြေထဲမှနတ်တစ်ပါး ပေါ်ထွက်လာသည်ကိုကျွန်မမြင်ပါ၏'' ဟု ဆိုလျှင်၊ |
8273 | 2SA 11:11 | ဥရိယက``ဣသရေလပြည်သားနှင့်ယုဒ ပြည်သားတို့သည် ရပ်ဝေးတွင်စစ်တိုက်လျက် ရှိနေကြပါသည်။ ပဋိညာဉ်သေတ္တာတော်သည် လည်းသူတို့နှင့်အတူရှိပါ၏။ အကျွန်ုပ်၏ ဗိုလ်ချုပ်ယွာဘနှင့်တပ်မှူးများသည်လည်း ကွင်းပြင်ထဲတွင်တပ်စခန်းချလျက်နေရ ကြပါ၏။ အဘယ်သို့လျှင်အကျွန်ုပ်သည် အိမ်သို့ပြန်၍စားသောက်ကာမယားနှင့် ပျော်မွေ့နိုင်ပါမည်နည်း။ အကျွန်ုပ်သည် ထိုသို့မပြုနိုင်ကြောင်းကျိန်ဆိုပါ၏'' ဟုလျှောက်၏။ |
8381 | 2SA 14:22 | ယွာဘသည်ဒါဝိဒ်၏ရှေ့တော်၌ပျပ်ဝပ်ပြီး လျှင်``အရှင်မင်းကြီး၊ အရှင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ အရှင်သည် အကျွန်ုပ်အားနှစ်သက်တော်မူကြောင်းယခု အကျွန်ုပ်သိရှိရပါပြီ။ အဘယ်ကြောင့်ဆို သော်အရှင်သည်အကျွန်ုပ်ပန်ကြားသည့် အတိုင်းပြုတော်မူသောကြောင့်ဖြစ်ပါ၏'' ဟုလျှောက်လေ၏။- |
8432 | 2SA 16:3 | မင်းကြီးက``သင်၏သခင်မေဖိဗောရှက် ကားအဘယ်မှာနည်း'' ဟုမေးတော်မူလျှင်၊ ဇိဘက``ယခုအခါဣသရေလအမျိုးသား တို့သည် သူ့အားဘိုးတော်ရှောလု၏နိုင်ငံကို အပ်နှင်းကြတော့မည်ဟုယုံကြည်သဖြင့် သူ သည်ယေရုရှလင်မြို့တွင်နေရစ်ပါ၏'' ဟု လျှောက်လေသည်။ |
8433 | 2SA 16:4 | မင်းကြီးကလည်း``မေဖိဗောရှက်ပိုင်သမျှ သောပစ္စည်းဥစ္စာတို့ကိုသင့်အားငါပေး၏'' ဟုမိန့်တော်မူ၏။ ဇိဘက``အကျွန်ုပ်သည်အရှင်၏အစေခံ ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်၏ရှေ့တော် ၌အစဉ်မျက်နှာရပါစေသော'' ဟု လျှောက်၏။ |
9385 | 1KI 18:41 | ထို့နောက်ဧလိယသည် အာဟပ်မင်းအား``ယခု သင်သွား၍အစားအစာကိုစားသောက်ပါလော့။ မိုးလာနေသည့်အသံကိုငါကြား၏'' ဟုဆို သဖြင့်၊- |
10120 | 2KI 20:18 | အရှင့်သားမြေးအရင်းအချာအချို့တို့သည် လည်းအဖမ်းခံရလျက် ဗာဗုလုန်ဘုရင်၏နန်း တော်တွင် မိန်းမစိုးများအဖြစ်ဖြင့်အမှုထမ်း ရကြလိမ့်မည်ဖြစ်ကြောင်း အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူပါ၏'' ဟုဆင့် ဆိုလေသည်။ |
11584 | 2CH 19:3 | သို့ရာတွင်ဘုရင်မင်းသည်လူတို့ကိုးကွယ်သော အာရှရဘုရားမ၏တံခွန်တိုင်ရှိသမျှကို ဖယ်ရှားပြီးလျှင် ထာဝရဘုရား၏အလိုတော် ကိုလိုက်လျှောက်ရန်ကြိုးစားသဖြင့် ဘုရင်မင်း မှာအကျင့်ကောင်းအနည်းငယ်ရှိသေး၏'' ဟု ဆိုလေသည်။ |
19734 | JER 29:30 | ထိုအခါထာဝရဘုရားက``ငါထာဝရ ဘုရားသည်ရှေမာယနှင့်သူ၏သားမြေး တို့ကိုအပြစ်ဒဏ်ခတ်မည်။ သူ့ကိုငါမစေ လွှတ်ခဲ့သော်လည်းသူသည်ပရောဖက်တစ် ပါးဖြစ်လေဟန်ဖြင့်ဟောပြောကာ သင်တို့ အားမုသားစကားကိုယုံကြည်စေသည် ဖြစ်၍ သူနှင့်သူ၏သားမြေးတစ်စုံတစ်ယောက် မျှမကျန်ငါဒဏ်ခတ်လိမ့်မည်။ သူသည်ငါ၏ လူမျိုးတော်အားငါ့ကိုပုန်ကန်ရန်လှုံ့ဆော် ပြောဆို၏။ ထို့ကြောင့်သူသည်ထိုသူတို့အား ငါချပေးမည့်ကောင်းကျိုးချမ်းသာကိုတွေ့ မြင်ရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟု ရှေမာယနှင့်ပတ်သက်၍မိန့်မြွက်တော်မူ သောစကားကို ဗာဗုလုန်မြို့ရှိသုံ့ပန်း အပေါင်းတို့အားအကြောင်းကြားရန် ငါ့အားမိန့်မှာတော်မူ၏။ |
19862 | JER 33:18 | ငါ၏ရှေ့မှောက်တွင်ရပ်လျက်မီးရှို့ရာပူဇော် သကာများကိုဆက်သ၍ ယဇ်များကိုပူဇော် ရန်အဘယ်အခါ၌မျှလေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန်လည်း ကောင်း ငါထာဝရဘုရားကတိပြု၏'' ဟု မိန့်တော်မူ၏။ |
21443 | EZK 36:15 | ထိုပြည်သည်လူမျိုးတကာတို့ပြက်ရယ် ပြုသံကိုကြားရကြတော့မည်မဟုတ်။ မဲ့ရွဲ့ပြသည်ကိုလည်းတွေ့မြင်ရတော့မည် မဟုတ်။ ယင်းပြည်ကိုလည်းကျဆုံးစေတော့ မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။ |
23570 | MAT 12:12 | လူသည်သိုးထက်များစွာပို၍အဖိုးထိုက်သည် မဟုတ်ပါလော။ သို့ဖြစ်၍ဥပုသ်နေ့၌ကောင်း သောအမှုကိုပြုလုပ်နိုင်ခွင့်ရှိ၏'' ဟုမိန့်တော် မူသည်။- |
24147 | MAT 26:24 | ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရန်သွားရမည်။ သို့ရာတွင်လူသားကိုရန်သူလက် သို့အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့ကောင်းသေး၏'' ဟုမိန့်တော် မူသည်။ |
24400 | MRK 4:8 | အချို့မျိုးစေတို့ကားမြေကောင်းမြေသန့်တွင် ကျသဖြင့် အပင်များပေါက်၍ကြီးထွားလာ လျက်အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တစ်ရာသီးနှံများကိုထွက်စေကြ၏'' ဟု မိန့်တော်မူ၏။ |
24892 | MRK 14:69 | အစေခံမကလေးသည်ပေတရုကိုတစ်ဖန်မြင် ပြန်သဖြင့် အနား၌ရပ်နေသူတို့အား ``ဤသူ သည်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုဆို ပြန်၏။- |
25151 | LUK 4:19 | ထာဝရဘုရားသည်မိမိလူစုတော်အား ကယ်တင်ရာကာလရောက်လာပြီ ဖြစ်ကြောင်းကိုလည်းကောင်း ကြေညာရန်ငါ့ကိုစေလွှတ်တော်မူ၏'' ဟူသောကျမ်းပိုဒ်ကိုဖတ်တော်မူ၏။ |
25159 | LUK 4:27 | ပရောဖက်ဧလိရှဲလက်ထက်၌လည်းဣသရေလ အမျိုးသားတို့တွင် အရေဖျားရောဂါသည် အများရှိသော်လည်းမည်သူမျှသန့်စင်ခွင့် မရ။ ရှုရိပြည်သားနေမန်သာလျှင်ရ၏'' ဟုမိန့်တော်မူ၏။ |
25304 | LUK 7:40 | ထိုအခါသခင်ယေရှုကထိုသူအား ``ရှိမုန်၊ သင့်အားငါပြောစရာတစ်ခုရှိ၏'' ဟုမိန့် တော်မူ၏။ ရှိမုန်က ``ဆရာတော်၊အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။ |
26476 | JHN 8:26 | သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။ |
26488 | JHN 8:38 | ငါသည်ငါ့ခမည်းတော်ထံမှသိရှိသောအရာ များကိုဟောပြော၏။ သင်တို့မူကားသင်တို့ အဖညွှန်ကြားသည့်အတိုင်းပြုကြ၏'' ဟု မိန့်တော်မူ၏။ |
26982 | JHN 21:15 | တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။ ရှိမုန်က ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟု မိန့်တော်မူ၏။- |
26983 | JHN 21:16 | တစ်ဖန်ကိုယ်တော်က ``ယောဟန်၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ပေတရုက ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟုမိန့် တော်မူ၏။- |
27160 | ACT 5:32 | ဤအမှုအရာများနှင့်ပတ်သက်၍ ငါတို့ သည်အသိသက်သေဖြစ်ကြ၏။ ဘုရားသခင် ၏အမိန့်ကိုနာခံသူတို့အားချပေးတော်မူ သည့်ဆုကျေးဇူးတည်းဟူသော ဝိညာဉ်တော် သည်လည်းအသိသက်သေဖြစ်တော်မူ၏'' ဟု ပြန်၍ပြောကြားကြ၏။ |
27241 | ACT 7:56 | ထိုအခါသတေဖန်က``ငါသည်ကောင်းကင် ပွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏လက်ယာဘက်တွင်ရပ်လျက် နေတော်မူသည်ကိုလည်းကောင်းငါမြင်၏'' ဟုဆို၏။ |
27798 | ACT 22:26 | ထိုစကားကိုကြားလျှင်တပ်ခွဲမှူးသည်တပ်မှူး ထံသို့သွား၍ ``အရှင်၊ အသို့ပြုဘိသနည်း။ ထို သူသည်ရောမနိုင်ငံသားဖြစ်ပါ၏'' ဟု လျှောက်၏။ |
27803 | ACT 23:1 | ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။- |
28098 | ROM 4:8 | မိမိ၏အပြစ်များကိုထာဝရဘုရားမှတ်တော်မူ ခြင်းကို၊ မခံရသောသူသည်မင်္ဂလာရှိ၏'' ဟုမြွက်ဆိုလေသည်။ |
28276 | ROM 10:20 | ဟေရှာယက၊ ``ငါ့ကိုမရှာသောသူတို့သည်ငါ့ကိုတွေ့ရှိ ကြ၏။ ငါ၏အကြောင်းကိုမစုံစမ်းမမေးမြန်းသော သူတို့သည်ငါ့ကိုဖူးမြင်ရကြ၏'' ဟုပို၍ပင်ပြတ်သားစွာဆို၏။- |
28277 | ROM 10:21 | သို့ရာတွင်ဣသရေလအမျိုးသားတို့နှင့် ပတ်သက်၍မူကား``ငါ့ကိုဆန့်ကျင်ပုန်ကန်၍ ငါ၏စကားကိုမနာခံသောလူမျိုးအား ငါသည်တစ်နေကုန်လက်ကမ်းလျက်ရှိ၏'' ဟု ဟေရှာယဆို၏။ |
28548 | 1CO 6:13 | ``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။- |
30473 | 1PE 2:7 | ယုံကြည်သူတို့အဖို့ထိုကျောက်သည်တန်ဖိုး ရှိ၏။ မယုံကြည်သူတို့အဖို့မှာ၊ ``တိုက်တည်ဆောက်သူတို့ပယ်ထားသော ကျောက်သည် အရေးကြီးသောထောင့်ကျောက်ဖြစ်လာရ၏'' ဟုဖော်ပြ၏။ |