729 | GEN 27:1 | ဣဇာက်သည်အိုမင်းလာ၍မျက်စိမမြင်တော့ ချေ။ သူသည်သားအကြီးဧသောကို``သား'' ဟုခေါ်လျှင်ဧသောက၊ ``ရှိပါသည်အဖ'' ဟုပြန်ဖြေ၏။ |
7294 | 1SA 3:16 | ဧလိက``ငါ့သားရှမွေလ'' ဟုခေါ်လျှင်၊ ``ရှိပါသည်အရှင်'' ဟုလျှောက်၏။ |
8232 | 2SA 9:2 | ထိုအခါလူတို့သည်ဇိဘနာမည်ရှိသော လူတစ်ယောက်ကိုအထံတော်သို့သွင်းကြ၏။ ထိုသူကားရှောလုမိသားစု၏အစေခံ တစ်ဦးဖြစ်၏။ မင်းကြီးကသူ့အား``သင် သည်ဇိဘလော'' ဟုမေးတော်မူလျှင်၊ ``မှန်လှပါအရှင်'' ဟုဇိဘကလျှောက် ထား၏။ |
17905 | ISA 9:5 | ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။ |
18961 | ISA 64:6 | ကိုယ်တော်ရှင်၏နာမတော်နှင့်ထံတော်သို့ တစ်ဦးတစ်ယောက်မျှဆုတောင်းပတ္ထနာမ ပြုပါ။ ``ကူမတော်မူပါ'' ဟုလည်းတစ်ဦး တစ်ယောက်မျှလာရောက်ပန်ကြားမှုမပြု ပါ။ ကျွန်တော်မျိုးတို့အပြစ်များကြောင့် ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုလွှဲ တော်မူ၍ကျွန်တော်မျိုးတို့အားစွန့်ပစ် တော်မူပါပြီ။ |
24343 | MRK 2:14 | ကိုယ်တော်သည်ဆက်လက်၍လျှောက်သွားတော်မူ ပြန်သောအခါ အကောက်ခွန်ရုံးခန်းတွင်အာလဖဲ ၏သားလေဝိထိုင်နေသည်ကိုမြင်တော်မူ၏။ သူ့ ကိုကိုယ်တော်က ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့် တော်မူလျှင်သူသည်ထ၍နောက်တော်သို့လိုက် လေ၏။ |
24474 | MRK 5:41 | သူငယ်မ၏လက်ကိုဆုပ်ကိုင်ကာ ``တလိသကုမိ'' ဟုမိန့်တော်မူ၏။ အဋ္ဌိပ္ပါယ်ကား ``ကလေးမ၊ ထလော့။ သင့်အားငါအမိန့်ရှိ၏'' ဟူဆိုလိုသည်။ |
24630 | MRK 9:23 | သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။- |
25203 | LUK 5:27 | ထိုနောက်ကိုယ်တော်သည်ကပေရနောင်မြို့မှ ထွက်ကြွတော်မူ၍ အကောက်ခွန်ရုံးခန်းတွင် လေဝိနာမည်ရှိသူအခွန်ခံထိုင်နေသည်ကို မြင်တော်မူလျှင် ``ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။- |
26134 | JHN 1:21 | ထိုသူတို့က ``သင်သည်မေရှိယမဟုတ်လျှင် အဘယ်သူနည်း။ ဧလိယပေလော'' ဟုတစ်ဖန် မေးပြန်ကြ၏။ ယောဟန်က ``ငါသည်ဧလိယမဟုတ်'' ဟုဆို၏။ သူတို့က ``ပရောဖက်ပေလော'' ဟုမေးကြလျှင်၊ ``ငါသည်ပရောဖက်လည်းမဟုတ်'' ဟုဆိုပြန်၏။ |
26156 | JHN 1:43 | နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။- |
26521 | JHN 9:12 | လူတို့က ``ထိုသူသည်အဘယ်မှာနည်း'' ဟု မေးလျှင်၊ သူတောင်းစားက ``အကျွန်ုပ်မသိပါ'' ဟုဆို၏။ |
26970 | JHN 21:3 | ရှိမုန်ပေတရုကအခြားသူတို့အား ``ငါ ငါးဖမ်းထွက်မည်'' ဟုဆို၏။ ထိုသူတို့က ``ငါတို့လည်းလိုက်မည်'' ဟုဆို ကြ၏။ သို့ဖြစ်၍သူတို့သည်လှေဖြင့်ငါးဖမ်း ထွက်ကြ၏။ သို့သော်ထိုညတစ်ညလုံးငါး တစ်ကောင်ကိုမျှမမိကြ။- |
26986 | JHN 21:19 | (ဤသို့မိန့်တော်မူရာ၌ပေတရုသည်အဘယ် သို့သောသေခြင်းမျိုးဖြင့်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုထွန်းတောက်စေမည့် အကြောင်းဖော်ပြတော်မူခြင်းဖြစ်၏။) ဤ သို့မြွက်ဆိုတော်မူပြီးနောက်ပေတရုအား ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။ |
27011 | ACT 1:19 | ယေရုရှလင်မြို့နေလူအပေါင်းတို့သည် ဤ အဖြစ်အပျက်အကြောင်းကိုကြားသိကြ၏။ သို့ဖြစ်၍ထိုလယ်ကိုမိမိတို့ဘာသာစကား ဖြင့် ``အကေလဒမ'' ဟုခေါ်ဆိုကြ၏။ အကေလ ဒမ၏အနက်ကား``သွေးလယ်'' ဟူ၏။) |
31166 | REV 22:17 | ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။ |