7183 | RUT 3:9 | ``သင်သည်အဘယ်သူနည်း'' ဟုမေး၏။ ရုသကလည်း``အရှင်၊ ကျွန်မသည်ရုသဖြစ် ပါသည်။ အရှင်သည်ကျွန်မနှင့်ဆွေမျိုးတော် စပ်သူဖြစ်၍ ကျွန်မအားကြည့်ရှုစောင့်ရှောက် ရန်တာဝန်ရှိသူဖြစ်ပါ၏။ ထို့ကြောင့်ကျွန်မ အားထိမ်းမြားလက်ထပ်တော်မူပါ'' ဟုပြန် ပြောလေ၏။ |
17905 | ISA 9:5 | ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။ |
23922 | MAT 21:27 | သို့ဖြစ်၍သူတို့က ``အကျွန်ုပ်တို့မသိပါ'' ဟု ပြန်လည်လျှောက်ထားကြ၏။ ထိုအခါကိုယ်တော်က ``ငါပြုသည့်အမှုအရာ များကိုအဘယ်အခွင့်အာဏာနှင့်ပြုသည်ကို လည်းသင်တို့အားငါမပြော'' ဟုမိန့်တော်မူ၏။ |
23926 | MAT 21:31 | သို့သော်လည်းမသွားဘဲနေ၏။ ထိုသားနှစ်ယောက် တို့တွင်အဘယ်သူသည်ဖခင်၏စကားကိုနား ထောင်ပါသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သားကြီးနားထောင်ပါသည်'' ဟု ဖြေကြားကြ၏။ သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါဆို သည်ကား၊ အခွန်ခံသူများနှင့်ပြည့်တန်ဆာများ သည်သင်တို့အလျင်ကောင်းကင်နိုင်ငံတော်သို့ဝင် ကြလိမ့်မည်။- |
24195 | MAT 26:72 | ပေတရုက ``ထိုသူကိုငါမသိ'' ဟုကျိန်ဆိုပြန်၏။ |
24197 | MAT 26:74 | ပေတရုက ``ထိုသူကိုငါမသိ'' ဟုဘုရားသခင် ကိုတိုင်တည်၍ကျိန်ဆိုလေ၏။ ထိုခဏ၌ကြက်တွန်လေ၏။- |
24219 | MAT 27:21 | ဘုရင်ခံမင်းက ``ဤသူနှစ်ယောက်အနက်မည်သူ့ ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသနည်း'' ဟု မေး၏။ လူတို့က ``ဗာရဗ္ဗကိုလွှတ်ပေးပါ'' ဟုဆို ကြ၏။ |
24595 | MRK 8:26 | ကိုယ်တော်သည်သူ့အား ``ရွာထဲသို့မဝင်နှင့်'' ဟုအမိန့်ပေး၍အိမ်သို့ပြန်စေတော်မူ၏။ |
24742 | MRK 11:33 | သို့ဖြစ်၍သူတို့က ``အကျွန်ုပ်တို့မသိပါ'' ဟု သခင်ယေရှုအားပြန်လည်လျှောက်ထားကြ၏။ ထိုအခါသခင်ယေရှုက ``ထိုနည်းတူဤအမှု အရာများကိုအဘယ်အခွင့်အာဏာနှင့်ငါပြု သည်ကိုငါမပြော'' ဟုမိန့်တော်မူ၏။ |
25797 | LUK 18:40 | သို့ဖြစ်၍သခင်ယေရှုသည်ရပ်တန့်တော်မူ လျက် ``ထိုသူအားခေါ်ခဲ့ပါ'' ဟုမိန့်တော်မူ၏။ ထိုသူသည်အနီးသို့ရောက်လျှင်၊- |
26475 | JHN 8:25 | ထိုသူတို့က ``သင်သည်အဘယ်သူနည်း'' ဟု မေးကြ၏။ သခင်ယေရှုက ``ငါအဘယ်သူ ဖြစ်သည်ကိုအစကတည်းကသင်တို့အား ငါပြောခဲ့ပြီ။- |
26982 | JHN 21:15 | တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။ ရှိမုန်က ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟု မိန့်တော်မူ၏။- |
26983 | JHN 21:16 | တစ်ဖန်ကိုယ်တော်က ``ယောဟန်၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ပေတရုက ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟုမိန့် တော်မူ၏။- |