1287 | GEN 42:34 | သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ခေါ် ဆောင်ခဲ့လော့။ ထိုသို့ပြုလုပ်လျှင်သင်တို့ သူလျှိုမဟုတ်၊ ရိုးသားသူများဖြစ်သည်ကို ငါသိနိုင်မည်။ ထိုနောက်သင်တို့၏ညီကိုသင် တို့ထံသို့ငါပြန်အပ်မည်။ သင်တို့သည်လည်း ဤပြည်တွင်နေထိုင်၍ရောင်းဝယ်ဖောက်ကား နိုင်ကြမည်' '' ဟူ၍ဆိုကြ၏။ |
5993 | JOS 7:15 | ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။ |
17877 | ISA 7:25 | အခါတစ်ပါးကသီးနှံပင်များစိုက်ပျိုးခဲ့ သည့်တောင်ကုန်းမှန်သမျှသည် ဆူးခြုံအမျိုး မျိုးနှင့်ပြည့်နှက်နေသဖြင့် ထိုနေရာများသို့ အဘယ်သူမျှသွားကြလိမ့်မည်မဟုတ်။ နွား များသိုးများကျက်စားရာသာလျှင်ဖြစ် လိမ့်မည် '' ဟုဆို၏။ |
18631 | ISA 44:28 | ကုရုဘုရင်အားလည်း`သင်သည်ငါ၏ကိုယ် စား အုပ်စိုးရမည့်သူဖြစ်၏။ သင်သည်ငါအလိုရှိသည့်အမှုတို့ကိုပြုရမည်။ ယေရုရှလင်မြို့ကိုပြန်လည်တည်ထောင်ရန်နှင့် ဗိမာန်တော်အုတ်မြစ်များကိုချရန် အမိန့်ပေးရမည်ဟုငါဆို၏' '' ဟူ၍ မိန့်တော်မူ၏။ |
18648 | ISA 45:17 | သို့ရာတွင်ဣသရေလအမျိုးသားတို့မူကား ထာဝရဘုရား၏ကယ်တင်တော်မူခြင်းကို ခံကြလျက်သူတို့၏အောင်ပွဲသည် ထာဝစဉ်တည်လိမ့်မည်။ သူတို့သည်လည်းအဘယ်အခါ၌မျှ အသရေပျက်ကြရလိမ့်မည်မဟုတ်။' '' |
19497 | JER 20:6 | ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။ |
19617 | JER 25:14 | များစွာသောလူမျိုးတို့နှင့်တန်ခိုးကြီးသည့် ဘုရင်များထံ၌ကျွန်ခံရကြလိမ့်မည်။ ငါ သည်လည်းသူတို့အားမိမိတို့ပြုခဲ့သည့် အမှုများ၏ ဆိုးကျိုးကိုခံစေမည်' '' ဟု မိန့်တော်မူ၏။ |
21045 | EZK 21:37 | သင်သည်လောင်စာဖြစ်လိမ့်မည်။ မိမိ၏ပြည် ၌ပင်သေရလိမ့်မည်။ နောက်တစ်ဖန်အဘယ် သူမျှသင့်အားသတိရကြတော့မည်မ ဟုတ်' '' ဟုမိန့်တော်မူ၏။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။ |
26435 | JHN 7:38 | ကျမ်းစာလာသည်အတိုင်း `ငါ့ကိုယုံကြည်သူ ၏စိတ်နှလုံးအထဲမှအသက်ရေသည်စမ်း ချောင်းသဖွယ်စီးထွက်နေလိမ့်မည်' '' ဟု ကြွေးကြော်တော်မူ၏။- |
27994 | ACT 28:27 | အဘယ်ကြောင့်ဆိုသော်ဤလူမျိုး၏ စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်သူတို့၏ မျက်စိများသည်ပိတ်လျက်ရှိသောကြောင့်ဖြစ်၏။ အကယ်၍သာဤသို့မဖြစ်ဘဲသူတို့၏ မျက်စိများသည်မြင်နိုင်လျက်၊ နားများသည်ကြားနိုင်လျက်စိတ်နှလုံးများသည် သိနားလည်ကြပါမူ၊ သူတို့သည်စိတ်သဘောပြောင်းလဲလာကြမည် ဖြစ်၍ ငါသည်လည်းသူတို့အားကျန်းမာစေတော် မူမည်' '' ဟုဆိုလေသည်။ |
28359 | ROM 14:11 | ကျမ်းစာတော်တွင်၊ ``ဘုရားရှင်မိန့်တော်မူသည်ကား`ငါသည် အသက်ရှင်သောဘုရားဖြစ်တော်မူသည်အတိုင်း ငါ၏ရှေ့၌လူတိုင်းပျပ်ဝပ်ရလိမ့်မည်။ ငါသည်ဘုရားဖြစ်တော်မူကြောင်းလူတိုင်း ဝန်ခံရလိမ့်မည်' '' ဟူ၍ဆိုသည်။- |