4189 | NUM 15:35 | ထာဝရဘုရားကမောရှေအား``ထိုသူ အားသေဒဏ်စီရင်ရမည်။ ဣသရေလအမျိုး သားအပေါင်းတို့သည်စခန်းအပြင်၌သူ့ ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်'' ဟု မိန့်တော်မူ၏။- |
7550 | 1SA 14:40 | ရှောလုက``သင်တို့သည်ထိုနေရာတွင်ရပ် ၍နေကြလော့။ ယောနသန်နှင့်ငါမူကား ဤနေရာတွင်ရပ်၍နေကြအံ့'' ဟုဆို၏။ လူတို့ကလည်း``အရှင်စိတ်တော်ရှိသည် အတိုင်းပြုတော်မူပါ'' ဟုလျှောက်ကြ၏။ |
17881 | ISA 8:4 | ထိုသူငယ်သည်မေမေ၊ ဖေဖေဟူ၍ပင်ခေါ် တတ်သည့်အရွယ်သို့မရောက်မီ အာရှုရိ ဘုရင်သည် ဒမာသက်မြို့ရှိစည်းစိမ်ဥစ္စာ မှန်သမျှနှင့်ရှမာရိမြို့မှတိုက်ရာပါ ပစ္စည်းများကိုသိမ်းယူ၍သွားလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။ |
20874 | EZK 16:43 | ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။ |
22044 | DAN 8:14 | ဒုတိယကောင်းကင်တမန်က``ရက်ပေါင်း တစ်ထောင့်တစ်ရာ့ငါးဆယ် ကြာလိမ့်မည်။ ထိုကာလအတောအတွင်း၌ နံနက်နှင့်ညဥ့်ဦးယံယဇ်ပူဇော်မှုများကို ပြုကြလိမ့်မည်မဟုတ်။ ထိုနောက်ဗိမာန်တော် သည်ပြန်လည်သန့်စင်၍လာလိမ့်မည်'' ဟု ပြန်ပြော၏။ |
25866 | LUK 20:18 | ထိုကျောက်အပေါ်သို့ကျသောသူသည်အပိုင်း ပိုင်းကျိုးလိမ့်မည်။ ထိုကျောက်အကျခံရသော သူသည်ညက်ညက်ကြေ၍သွားလိမ့်မည်'' ဟု မိန့်တော်မူ၏။ |
28617 | 1CO 9:9 | မောရှေ၏ပညတ်ကျမ်းတွင် ``စပါးနယ်သည့် နွားကိုပါးချုပ်တတ်၍မထားရ'' ဟုပါရှိ၏။ ဤသို့မိန့်တော်မူရာ၌ဘုရားသခင်သည် နွားအတွက်မိန့်တော်မူသလော။- |