6872 | JDG 12:1 | ဧဖရိမ်အမျိုးသားတို့သည်စစ်တိုက်ရန်ပြင် ဆင်ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် ကျော်ကာဇာဖုန်မြို့သို့ချီသွားပြီးလျှင် ယေဖသအား``သင်တို့သည်ငါတို့ကိုမခေါ် ဘဲအဘယ်ကြောင့်အမ္မုန်အမျိုးသားတို့အား ချီတက်တိုက်ခိုက်ခဲ့ပါသနည်း။ သင်ရှိရာ သင်၏အိမ်ကိုငါတို့မီးရှို့ဖျက်ဆီးပစ်မည်'' ဟုပြော၏။ |
8059 | 2SA 2:7 | သင်တို့သည်အားမာန်တင်း၍ရဲစွမ်းသတ္တိရှိကြ လော့။ သင်တို့ဘုရင်ရှောလုသည်ကွယ်လွန်သွား ပြီဖြစ်၍ ယုဒပြည်သားတို့ကငါ့အားသူ တို့၏ဘုရင်အဖြစ်ဘိသိက်ပေးကြလေပြီ'' ဟုအမှာစာရေးသားပေးပို့လိုက်၏။ |
10187 | 2KI 23:18 | ယောရှိက``ထိုသင်္ချိုင်းကိုရှိမြဲရှိစေလော့။ သူ၏အရိုးတို့ကိုမရွှေ့မပြောင်းကြနှင့်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍သူ၏အရိုးတို့ကိုလည်းကောင်း၊ ရှမာရိ မြို့မှလာသောပရောဖက်၏အရိုးတို့ကိုလည်း ကောင်းမရွှေ့မပြောင်းဘဲထားကြ၏။ |
14572 | PSA 41:6 | ရန်သူများသည်ငါ၏အကြောင်းမကောင်း ပြောကြ၏။ သူတို့က``ဤသူသည်အဘယ်အခါ၌သေ၍ သူ၏နာမည်ကိုလူတို့မေ့ပျောက်သွားမည်နည်း'' ဟုမနာလိုစိတ်ဖြင့်ဆိုကြ၏။ |
23747 | MAT 16:6 | သခင်ယေရှုက ``သင်တို့သည်ဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏တဆေးကိုသတိနှင့်ရှောင်ကြဉ်ကြလော့'' ဟုမိန့်တော်မူ၏။ |
27547 | ACT 15:36 | ရက်အနည်းငယ်ကြာသောအခါပေါလုက ဗာနဗအား ``သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုငါတို့ဟောပြောခဲ့သည့်မြို့ တိုင်း ရှိညီအစ်ကိုများထံသို့ပြန်သွား၍ သူ တို့၏အခြေအနေကိုလေ့လာကြကုန်အံ့'' ဟုဆို၏။- |