Wildebeest analysis examples for:   mya-mya   Word​Word​၏။-    February 11, 2023 at 19:12    Script wb_pprint_html.py   by Ulf Hermjakob

18  GEN 1:18  နေ့​နှင့်​ည​ကို​ကြီး​စိုး​၍​အ​လင်း​နှင့်​အ​မှောင်​ကို ခွဲ​ခြား​စေ​ရန် မိုး​ကောင်း​ကင်​တွင်​အ​လင်း​ဗိ​မာန် များ​ကို​တည်​ရှိ​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင် သည်​ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။-
41  GEN 2:10  မြစ်​တစ်​မြစ်​သည်​ဧ​ဒင်​အ​ရပ်​တွင်​စီး​ထွက် လျက် ဥ​ယျာဉ်​ကို​ရေ​ပေး​၏။ ဧ​ဒင်​ဥ​ယျာဉ်​ကို ကျော်​လွန်​သော​အ​ခါ​မြစ်​လေး​သွယ်​ခွဲ​၍ ဖြာ​ဆင်း​၏။-
116  GEN 5:10  ရှစ်​ရာ​တစ်​ဆယ့်​ငါး​နှစ်​ဆက်​၍ အ​သက်​ရှည်​ရှည် နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ်​၍ ရ​သေး​၏။-
183  GEN 7:23  ထာ​ဝ​ရ​ဘု​ရား​သည် လူ၊ တိ​ရစ္ဆာန်၊ ငှက်​စ​သော သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက် ဆီး​တော်​မူ​၏။ သင်္ဘော​ပေါ်​၌​နော​ဧ​နှင့်​အ​တူ ရှိ​သ​မျှ​တို့​သာ​လျှင်​အ​သက်​ချမ်း​သာ​ရာ ရ​ကြ​၏။-
188  GEN 8:4  သင်္ဘော​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ခု​နစ်​ရက် နေ့​တွင် အာ​ရ​ရတ်​တောင်​တစ်​ခု​ပေါ်​တွင်​တင် နေ​လေ​၏။-
239  GEN 10:4  ယာ​ဝန်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​တို့ သည်​ကား ဧ​လိ​ရှာ၊ စ​ပိန်၊ ကု​ပ​ရု​နှင့်​ရိုဒ်​တို့ ဖြစ်​ကြ​၏။-
260  GEN 10:25  ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ သား​တစ်​ယောက် ကို​ဖာ​လက်​ဟု​နာ​မည်​မှည့်​၏။ ထို​သား​၏​လက်​ထက် တွင်​ကမ္ဘာ​လော​က​၌​နေ​ထိုင်​ကြ​သော​လူ​တို့​သည် ကွဲ​ပြား​သွား​ခြင်း​ကြောင့်​ထို​နာ​မည်​ကို​ပေး​ခြင်း ဖြစ်​၏။ အ​ခြား​သော​သား​ကို​ယုတ္တန်​ဟု​နာ​မည် မှည့်​ခေါ်​၏။-
417  GEN 17:19  သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သို့​မ​ဖြစ်​စေ​ရ။ သင်​၏​မ​ယား​စာ​ရာ​သည်​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​ဣ​ဇာက်​ဟု​မှည့်​ခေါ်​ရ​မည်။ ငါ​သည် သူ​နှင့်​လည်း​ကောင်း၊ သူ​၏​အ​ဆက်​အ​နွယ်​တို့​နှင့် လည်း​ကောင်း ပြု​သော​ပ​ဋိ​ညာဉ်​ကို​ထာ​ဝ​စဉ် တည်​စေ​မည်။ ထို​ပ​ဋိ​ညာဉ်​သည်​ထာ​ဝ​ရ​ပဋိ ညာဉ်​ဖြစ်​၏။-
473  GEN 19:15  နံ​နက်​အ​ချိန်​အ​ရုဏ်​တက်​အ​ချိန်​၌ ကောင်း​ကင်​တ​မန်​တို့​က​လော​တ​အား​အ​မြန်​ထွက်​သွား​ရန်​တိုက်​တွန်း​လေ​သည်။ သူ​တို့​က``မြို့​ကို​ဖျက်​ဆီး​သော​အ​ခါ​သင်​၏​မ​ယား​နှင့်​သ​မီး​နှစ်​ယောက်​အ​သက်​မ​ဆုံး​ရ​စေ​ရန် သူ​တို့​ကို​ခေါ်​၍​ယ​ခု​အ​မြန်​ထွက်​လော့'' ဟု​ဆို​၏။-
593  GEN 24:1  ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​အ​ရွယ် အ​လွန်​ကြီး​ရင့်​လာ​ပြီ​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ရာ​ရာ​၌​သူ့​အား​ကောင်း​ချီး​ပေး​တော် မူ​ခဲ့​၏။-
600  GEN 24:8  အ​ကယ်​၍​အ​မျိုး​သ​မီး​က​သင်​နှင့်​အ​တူ​မ​လိုက် လို​ပါ​က​သင်​ထား​သော​ကတိ​သစ္စာ​သည်​ပျက်​ပြယ် စေ။ သို့​ရာ​တွင်​မည်​သည့်​အ​ကြောင်း​ကြောင့်​မ​ဆို ငါ့​သား​ကို​ထို​ပြည်​သို့​ခေါ်​ဆောင်​၍​မ​သွား​ရ'' ဟု​ဆို​၏။-
625  GEN 24:33  သူ​တို့​အ​တွက်​စား​စ​ရာ​ကို​ပြင်​ဆင်​ပြီး​သော အ​ခါ​ထို​သူ​က``ကျွန်ုပ်​ပြော​စ​ရာ​ရှိ​သ​မျှ ကို​ပြော​ပြ​ပြီး​မှ​အ​စာ​စား​ပါ​မည်'' ဟု​ဆို လေ​၏။ လာ​ဗန်​က``ပြော​ပါ'' ဟု​ဆို​၏။-
655  GEN 24:63  ည​နေ​ချမ်း​အ​ချိန်​၌​သူ​သည်​လယ်​ကွင်း​ထဲ တွင်​ကု​လား​အုတ်​များ​လာ​နေ​သည်​ကို​မြင် ရ​လေ​၏။-
722  GEN 26:29  ငါ​တို့​က​သင့်​အား​ရန်​ဖက်​မ​ပြု​ဘဲ သင်​တို့​အား ကြင်​နာ​၍​အေး​ချမ်း​စွာ​ထွက်​သွား​စေ​သည့်​နည်း တူ သင်​က​ငါ​တို့​အား​လည်း​ရန်​ဖက်​မ​ပြု​ပါ​ဟု က​တိ​ပြု​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​ကောင်းချီး​ပေး​တော်​မူ​ကြောင်း​သိ​သာ​ထင် ရှား​ပါ​သည်'' ဟု​ဆို​၏။-
750  GEN 27:22  ယာ​ကုပ်​သည်​ဖခင်​အ​နား​သို့​ချဉ်း​ကပ်​လာ​သော် ဖ​ခင်​က​လက်​နှင့်​သူ့​ကို​စမ်း​သပ်​ပြီး​လျှင်``သင် ၏​အ​သံ​မှာ​ယာ​ကုပ်​၏​အ​သံ၊ သင်​၏​လက်​များ သည်​ကား​ဧ​သော​၏​လက်​များ​ပင်​ဖြစ်​သည်'' ဟု ဆို​လေ​၏။-
819  GEN 29:23  ထို​နေ့​ည​၌​လာဗန်​သည်​ရာ​ခေ​လ​အ​စား​လေ​အာ ကို ယာ​ကုပ်​ထံ​သို့​ပို့​သ​ဖြင့်​သူ​သည်​လေ​အာ​နှင့် အိပ်​လေ​၏။-
873  GEN 30:42  ချည့်​နဲ့​သော​တိ​ရစ္ဆာန်​များ​ရှေ့​၌​မူ​သစ်​ကိုင်း များ​ကို​မ​ချ​ထား​ချေ။ မ​ကြာ​မီ​လာ​ဗန် ပိုင်​သော​သိုး​ဆိတ်​များ​သည်​အား​အင်​ချည့်​နဲ့ ၍​ယာ​ကုပ်​ပိုင်​သော​သိုး​ဆိတ်​များ​သည်​သန် စွမ်း​ကြ​၏။-
880  GEN 31:6  ငါ​သည်​သင်​တို့​၏​ဖခင်​အ​တွက်​အ​စွမ်း​ကုန် အ​လုပ်​လုပ်​ခဲ့​ကြောင်း​သင်​တို့​နှစ်​ဦး​စ​လုံး သိ​ကြ​၏။-
1004  GEN 34:23  သူ​တို့​အား​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​စေ​ရန်​သ ဘော​တူ​ကြ​မည်​ဆို​လျှင် သူ​တို့​၏​သိုး၊ ဆိတ်​မှ စ​၍​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​တို့​ပိုင်​ဆိုင်​လာ​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​လေ​၏။-
1015  GEN 35:3  ငါ​တို့​သည်​ဤ​အ​ရပ်​မှ​ဗေ​သ​လ​အ​ရပ်​သို့ သွား​ကြ​မည်။ ငါ​ဒုက္ခ​ရောက်​စဉ်​က​ငါ့​ကို​ကယ်​မ ၍​ငါ​သွား​လေ​ရာ​ရာ​ခ​ရီး​လမ်း​တွင် ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ပူ ဇော်​ရန်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​မည်'' ဟု ဆို​လေ​၏။-
1029  GEN 35:17  သူ​သည်​သား​ကို​ဖွား​ချိန်​၌​ဝေ​ဒ​နာ​အ​ပြင်း ဆုံး​ခံ​ရ​၏။ ထို​အ​ခါ​ဝမ်း​ဆွဲ​က​သူ့​ကို``ရာ​ခေ​လ၊ မ​စိုး​ရိမ်​နှင့်။ သား​တစ်​ယောက်​ထပ်​၍​ရ​ပြီ'' ဟု ပြော​လေ​၏။-
1094  GEN 37:10  သူ​၏​အိပ်​မက်​ကို​ဖ​ခင်​အား​လည်း​ပြော​ပြ​သော အ​ခါ​ဖ​ခင်​က``သင်​၏​အိပ်​မက်​ကား​အ​ဘယ်​သို့ နည်း။ သင်​၏​မိ​ခင်၊ ဖ​ခင်​နှင့်​အစ်​ကို​တို့​က​သင့် အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​လော'' ဟု​ဆုံး​မ လိုက်​လေ​၏။-
1109  GEN 37:25  ထို​နောက်​သူ​တို့​သည်​ထိုင်​၍​အ​စာ​စား​နေ​စဉ် ဂိ​လဒ်​ပြည်​မှ အီ​ဂျစ်​ပြည်​သို့​သွား​မည့်​ဣ​ရှ မေ​လ​အ​မျိုး​သား​တစ်​စု​ကို​မြင်​ရ​ကြ​၏။ သူ​တို့​၏​ကု​လား​အုတ်​များ​ပေါ်​တွင်​နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး​နှင့်​မု​ရန်​စေး​များ​ကို​တင်​ဆောင် လာ​ကြ​၏။-
1113  GEN 37:29  ရု​ဗင်​သည်​တွင်း​သို့​ပြန်​လာ​ပြီး​လျှင်​ယော​သပ် ကို​ရှာ​၍​မ​တွေ့​ရ​သော​အ​ခါ အ​လွန်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​သ​ဖြင့်​မိ​မိ​အ​ဝတ်​များ​ကို​ဆုတ် ဖြဲ​လေ​၏။-
1130  GEN 38:10  သြ​နန်​ထို​ကဲ့​သို့​ပြု​ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သ​ဖြင့် သူ့​ကို​လည်း​အ​သက်​တို​စေ တော်​မူ​၏။-
1148  GEN 38:28  မီး​ဖွား​နေ​စဉ်​က​လေး​တစ်​ယောက်​က​လက်​ကို​အ​ပြင် သို့​ဆန့်​ထုတ်​လေ​၏။ ဝမ်း​ဆွဲ​က​ထို​လက်​ကို​ဖမ်း​ကိုင် ၍​ကြိုး​နီ​စ​ချည်​လျက်``ဤ​က​လေး​သည်​သား​ဦး ဖြစ်​သည်'' ဟု​ဆို​၏။-
1151  GEN 39:1  ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​သည်​ယော​သပ်​အား အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​သွား​၍ ပြည့်​ရှင်​ဖာ​ရော ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ​ထံ​၌ ရောင်း​ကြ​၏။-
1155  GEN 39:5  ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ကြောင့် ထို​အီ​ဂျစ်​အ​မျိုး​သား​၏​အိမ် ထောင်​ကို​လည်း​ကောင်း၊ သူ​၏​အိမ်​စီး​ပွား​နှင့်​လယ် ယာ​စီး​ပွား​တို့​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး တော်​မူ​၏။-
1157  GEN 39:7  ယော​သပ်​သည်​ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​၍ လူ ချော​လူ​လှ​တစ်​ယောက်​ဖြစ်​ရ​ကား​ကာ​လ​အ​တန် ကြာ​သော​အ​ခါ သူ့​သ​ခင်​မ​သည်​ယော​သပ်​အား စွဲ​လန်း​လာ​သ​ဖြင့်​သူ​နှင့်​အ​တူ​အိပ်​ရန်​ဖြား ယောင်း​လေ​၏။-
1335  GEN 44:10  အိမ်​တော်​ဝန်​က``သင်​တို့​ပြော​သည့်​အ​တိုင်း ဖြစ်​ပါ​စေ။ သို့​ရာ​တွင်​ဖ​လား​ကို​ခိုး​သော​သူ သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ​မည်။ ကျန်​သော သူ​တို့​သည်​ချမ်း​သာ​ခွင့်​ရ​စေ​မည်'' ဟု​ဆို​၏။-
1406  GEN 46:19  ယာ​ကုပ်​၏​မ​ယား​ရာ​ခေ​လ​သည် သား​များ ဖြစ်​ကြ​သော​ယော​သပ်​နှင့်​ဗင်္ယာ​မိန်​တို့​ကို ဖွား​မြင်​၏။-
1422  GEN 47:1  သို့​ဖြစ်​၍​ယော​သပ်​သည်​ဖာ​ရော​ဘု​ရင်​ထံ သို့​သွား​လေ​၏။ ယော​သပ်​သည်​ဘု​ရင့်​ထံ​သို့ အ​ခ​စား​ဝင်​၍``ကျွန်​တော်​မျိုး​၏​အ​ဖ​နှင့် အစ်​ကို​တို့​သည်​သိုး​နွား​များ​နှင့်​တ​ကွ သူ တို့​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ​ဆောင်​ကာ ခါ​နာန်​ပြည်​မှ​ရောက်​ရှိ​လာ​ကြ​ပါ​ပြီ။ ယ​ခု သူ​တို့​သည်​ဂေါ​ရှင်​အ​ရပ်​တွင်​ရှိ​ပါ​သည်'' ဟု လျှောက်​လေ​၏။-
1435  GEN 47:14  ယော​သပ်​သည်​စ​ပါး​ရောင်း​ရာ​မှ​ရ​သော​ငွေ များ​ကို​စု​သိမ်း​၍ နန်း​တော်​ငွေ​တိုက်​သို့​ပေး သွင်း​လေ​၏။-
1463  GEN 48:11  ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​ကို နောက်​တစ်​ဖန်​မြင်​ရ​ဦး​မည်​ဟု​မ​မျှော်​လင့် ခဲ့။ ဘု​ရား​သ​ခင်​သည်​ယ​ခု​ငါ့​အား​သင်​၏ သား​တို့​ကို​ပင်​မြင်​ခွင့်​ပေး​တော်​မူ​ပြီ'' ဟု ဆို​လေ​၏။-
1522  GEN 50:15  ယာ​ကုပ်​အ​နိစ္စ​ရောက်​ပြီး​နောက်​ညီ​အစ်​ကို​တို့ က``ငါ​တို့​သည်​ယော​သပ်​အား​ဒုက္ခ​ရောက်​စေ​ခဲ့ သည့်​အ​တွက် သူ​က​အ​ငြိုး​ထား​၍​လက်​စား​ချေ မည်​ကို​စိုး​ရိမ်​ရ​သည်'' ဟု​အ​ချင်း​ချင်း​ပြော ဆို​ကြ​၏။-
1531  GEN 50:24  ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​သေ​ရ​တော့​အံ့။ ကျွန်ုပ်​မ​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​အ​မှန်​မု​ချ ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သင်​တို့ ကို​ဤ​ပြည်​မှ​ထုတ်​ဆောင်​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု​ကျိန်​ဆို​က​တိ ထား​တော်​မူ​သော​ပြည်​သို့​ခေါ်​ဆောင်​သွား တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
1558  EXO 2:3  မိ​ခင်​သည်​သား​ကို​ဆက်​လက်​၍​မ​ဝှက်​ထား နိုင်​တော့​သ​ဖြင့်၊ ကူ​ရိုး​များ​နှင့်​ခြင်း​တောင်း တစ်​လုံး​ကို​ရက်​လုပ်​၍၊ ကတ္တ​ရာ​နှင့်​သစ်​စေး သုတ်​ပြီး​နောက်၊ က​လေး​ကို​ခြင်း​ထဲ​၌​ထည့် ပြီး​လျှင်​မြစ်​ကမ်း​စပ်​ရှိ​ကိုင်း​တော​တွင်​ချ ထား​လေ​၏။-
1630  EXO 4:28  မော​ရှေ​သည်​မိ​မိ​အား​စေ​လွှတ်​သော​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သ​မျှ​တို့​နှင့် ပြု​လုပ်​ရ​မည့် အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို​အာရုန်​အား ပြော​လေ​၏။-
1651  EXO 5:18  အ​လုပ်​ခွင်​သို့​ပြန်​သွား​ကြ။ သင်​တို့​အား​ကောက် ရိုး​ပေး​မည်​မ​ဟုတ်။ သို့​သော်​ယ​ခင်​အုတ်​အ​ရေ အ​တွက်​နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်'' ဟု​မိန့် ကြား​လေ​၏။-
1671  EXO 6:15  ရှိ​မောင်​၏​သား​ခြောက်​ယောက်​မှာ​ယ​မွေ​လ၊ ယာ​မိန်၊ သြ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ​နှင့်​ခါ​နာန် အ​မျိုး​သ​မီး​မှ​ဖွား​သော​ရှော​လ​တို့​ဖြစ်​ကြ ၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့​၏​နာ​မည်​များ​ကို ခံ​ယူ​သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ ဖြစ်​ကြ​၏။-
1673  EXO 6:17  ဂေ​ရ​ရှုံ​၏​သား​နှစ်​ယောက်​မှာ​လိဗနိ​နှင့်​ရှိ​မိ တို့​ဖြစ်​ကြ​၏။ သူ​တို့​၌​သား​မြေး​များ​စွာ ရှိ​ကြ​၏။-
1677  EXO 6:21  ဣဇ​ဟာ​၏​သား​တို့​မှာ​ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ တို့​ဖြစ်​၏။-
1692  EXO 7:6  မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဘု​ရင်​အား​လျှောက် ထား​ကြ​၏။-
1697  EXO 7:11  ထို​အ​ခါ​ဘု​ရင်​သည်​သူ​၏​ပ​ညာ​ရှိ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​၍၊ သူ​တို့​သည် မှော်​အ​တတ်​ဖြင့်​အ​လား​တူ​ပ​ညာ​စွမ်း​ကို ပြ​ကြ​၏။-
1760  EXO 9:17  သို့​သော်​လည်း​သင်​သည်​မောက်​မာ​မြဲ​မောက်​မာ လျက် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​မ​ပြုဘဲ နေ​သေး​၏။-
1851  EXO 12:34  သို့​ဖြစ်​၍​သူ​တို့​သည်​တ​ဆေး​မ​ရော​သေး သော​မုန့်​စိမ်း​ကို​မုန့်​နယ်​ခွက်​များ​တွင်​ထည့်​၍ အ​ဝတ်​နှင့်​ထုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​၌​ထမ်း ယူ​ကြ​၏။-
1857  EXO 12:40  ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​တွင် နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​နေ​ထိုင် ခဲ့​ကြ​၏။-
1888  EXO 13:20  သူ​တို့​သည်​သု​ကုတ်​မြို့​မှ​ခ​ရီး​ဆက်​ခဲ့​ကြ ရာ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​သံ​မြို့​တွင်​စ​ခန်း ချ​ကြ​၏။-
1917  EXO 14:27  သို့​ဖြစ်​၍​မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက် ကို​ဆန့်​သ​ဖြင့် နံ​နက်​မိုး​လင်း​သည့်​အ​ခါ​ရေ သည်​ပုံ​မှန်​အ​တိုင်း​ပြန်​လည်​စီး​လေ​၏။ ရေ ပြန်​တက်​လာ​စဉ်​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ထွက်​ပြေး​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ တော်​မူ​၏။-
1963  EXO 16:15  ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ချပ် က​လေး​များ​ကို​မြင်​လျှင် မည်​သည့်​အ​ရာ ဖြစ်​ကြောင်း​မ​သိ​သ​ဖြင့်``ဤ​အ​ရာ​ဘာ လဲ'' ဟူ​၍​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။ မော​ရှေ​က​သူ​တို့​အား``ဤ​အ​ရာ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​စား​ရန်​ပေး​သော မုန့်​ဖြစ်​၏။-
1971  EXO 16:23  မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-
1979  EXO 16:31  ဣသ​ရေ​လ​အ​မျိုး​သား​တို့​က ထို​စား​စ​ရာ ကို​မန္န​မုန့်​ဟူ​၍​နာ​မည်​မှည့်​ခေါ်​ကြ​၏။ ထို မုန့်​သည်​နံ​နံ​စေ့​နှင့်​တူ​၏။ အ​ရောင်​ဖြူ​၍ ပျား​ရည်​နှင့်​လုပ်​သော​မုန့်​ချပ်​ကဲ့​သို့​အ​ရ သာ​ရှိ​၏။-
1981  EXO 16:33  ထို​နောက်​မော​ရှေ​က​အာရုန်​ကို``မန္န​မုန့်​တစ် ပြည်​ကို​အိုး​တစ်​လုံး​တွင်​ထည့်​၍ ငါ​တို့ ၏​နောင်​လာ​နောက်​သား​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ထား​လော့'' ဟု​ဆို​၏။-
1993  EXO 17:9  မော​ရှေ​က​ယော​ရှု​အား``သင်​သည်​နက်​ဖြန်​နေ့ တွင်​အာ​မ​လက်​အ​မျိုး​သား​တို့​ကို​စစ်​ချီ တိုက်​ခိုက်​ရန်​လူ​အ​ချို့​ကို​ရွေး​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အပ်​နှင်း​ထား​တော်​မူ​သော တောင်​ဝှေး​ကို​ကိုင်​လျက် တောင်​ထိပ်​ပေါ်​တွင် ရပ်​နေ​မည်'' ဟု​ဆို​၏။-
1998  EXO 17:14  ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ အောင်​ပွဲ​အ​ကြောင်း​ကို​အ​မှတ်​တ​ရ​ဖြစ်​စေ ရန် ရေး​၍​မှတ်​တမ်း​တင်​လော့။ ငါ​သည်​အာ​မ​လက် အ​မျိုး​သား​တို့​ကို​လုံး​ဝ​ဖျက်​ဆီး​ပစ်​မည် ဖြစ်​ကြောင်း​ယော​ရှု​အား​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။-
1999  EXO 17:15  မော​ရှေ​သည်​ယဇ်​ပလ္လင်​ကို​တည်​၍``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​အ​လံ​ဖြစ်​၏'' ဟု​နာ​မည် မှည့်​လေ​၏။-
2011  EXO 18:11  ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ် မာ​န​ထောင်​လွှား​ခဲ့​သော အီ​ဂျစ်​အ​မျိုး​သား​တို့​အ​ပေါ်​ပြု​မူ​ပုံ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​အ​ပေါင်း တို့​ထက်​ပို​၍​ဘုန်း​တန်​ခိုး​ကြီး​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ပြီ'' ဟု​ဆို​၏။-
2015  EXO 18:15  မော​ရှေ​က``သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ကို​သိ​လို​၍ ကျွန်ုပ်​ထံ​သို့​လာ ကြ​ပါ​၏။-
2454  EXO 32:15  မော​ရှေ​သည်​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင် ပ​ညတ် တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သော​ကျောက် ပြား​နှစ်​ချပ်​ကို​ယူ​ဆောင်​လျက်​တောင်​ပေါ်​မှ ဆင်း​လာ​၏။-
2456  EXO 32:17  ယော​ရှု​သည်​လူ​များ​၏​ကြွေး​ကြော်​သံ​ကို ကြား​ရ​သော​အ​ခါ၊ မော​ရှေ​အား``စ​ခန်း​ထဲ ၌​တပ်​လှန့်​သံ​ကို​ကြား​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။-
2461  EXO 32:22  အာ​ရုန်​က``အ​ကျွန်ုပ်​ကို​အ​မျက်​မ​ထွက်​ပါ နှင့်။ ဤ​သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​ရန် မည် မျှ​လောက်​စိတ်​ဆန္ဒ​ကြီး​ကြောင်း​ကိုယ်​တော် သိ​ပါ​၏။-
2483  EXO 33:9  မော​ရှေ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ မိုး တိမ်​တိုက်​သည်​ဆင်း​သက်​လာ​၍၊ တဲ​ဝ​တွင် ရပ်​တန့်​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တိမ်​တိုက်​ထဲ​မှ​မော​ရှေ​အား​မိန့်​ကြား တော်​မူ​၏။-
2583  EXO 36:16  သူ​တို့​သည်​အ​မိုး​ငါး​ထည်​ကို​တစ်​စပ်​ချုပ် ၏။ အ​ခြား​ခြောက်​ထည်​ကို​နောက်​တစ်​စပ် ချုပ်​ကြ​၏။-
2606  EXO 37:1  ဗေ​ဇ​လေ​လ​သည်​အ​လျား​လေး​ဆယ့်​ငါး လက်​မ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ၊ အ​မြင့် နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​သော​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို၊ အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-
2615  EXO 37:10  သူ​သည်​အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက် မ​ရှိ​သော​စား​ပွဲ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-
2631  EXO 37:26  ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်​လေး ဘက်​နှင့်​ထောင့်​ချွန်​အ​တက်​တို့​ကို​ရွှေ​ချ​၍၊ အ​ပေါ်​နား​ပတ်​လည်​တွင်​ရွှေ​ပြော့​ကြောင်း ထိုး​ထား​၏။-
2646  EXO 38:12  အ​နောက်​ဘက်​၌​ကာ​ရန်​ကန့်​လန့်​ကာ​သည်၊ အ​လျား​နှစ်​ဆယ့်​ငါး​ကိုက်​ရှိ​၍၊ တိုင်​ဆယ်​တိုင်၊ တိုင်​ဖိ​နပ်​ဆယ်​ခု၊ ချိတ်၊ တန်း​များ​ကို​ငွေ​ဖြင့် ပြု​လုပ်​၏။-
2678  EXO 39:13  စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်​နှင့်​န​ဂါး သွဲ့​ကျောက်​တို့​ကို ရွှေ​ပန်း​ထည်​များ​၌​ထည့် သွင်း​ထား​၏။-
2683  EXO 39:18  အ​ခြား​အ​ဖျား​နှစ်​ခု​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု တွင်​ချည်​နှောင်​ထား​၏။ ဤ​နည်း​အား​ဖြင့်​ရွှေ ကြိုး​လိမ်​များ​သည်၊ သင်​တိုင်း​၏​ပ​ခုံး​သိုင်း ကြိုး​များ​အ​ရှေ့​ပိုင်း​တွင်​တပ်​ထား​လျက် ရှိ​လေ​၏။-
2687  EXO 39:22  သူ​တို့​သည်​သင်​တိုင်း​အ​ပေါ်​တွင်​ဝတ်​ရ​သော ဝတ်​ရုံ​တစ်​ခု​လုံး​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ရက် လုပ်​ကြ​၏။-
2851  LEV 5:20  တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး တော်​မူ​၏။-
2866  LEV 6:9  ကျန်​သော​မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​စား သုံး​ရန်​အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​မုန့်​ညက်​ကို​တ​ဆေး​မဲ့​မုန့်​ဖုတ်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ဝင်း​အ​တွင်း တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​စား​သုံး​ရ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​မုန့်​ညက်​ကို​ဘော​ဇဉ်​သ​ကာ​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​တော်​မူ​သော​ဝေ​စု ဖြစ်​သ​တည်း။ ထို​ဘော​ဇဉ်​သ​ကာ​သည်​အ​ပြစ် ဖြေ​ရာ၊ အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​ကဲ့​သို့​အ​လွန် သန့်​ရှင်း​၏။-
2874  LEV 6:17  ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​နှင့်​ဆိုင်​သော အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို​မော​ရှေ​မှ​တစ်​ဆင့်၊ အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား​ချ​မှတ်​ပေး​တော်​မူ​၏။ ယဇ်​ပလ္လင် ၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​နေ​ရာ​တွင် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကို​သတ်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​သည်​အ​လွန် သန့်​ရှင်း​၏။-
2881  LEV 7:1  အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​မှာ အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ ဤ​ပူ​ဇော်​သ​ကာ​သည်​အ​လွန် သန့်​ရှင်း​၏။-
2946  LEV 8:28  ထို့​နောက်​မော​ရှေ​သည်​ထို​ပူ​ဇော်​သ​ကာ​များ ကို​သူ​တို့​ထံ​မှ​ပြန်​ယူ​သ​ဖြင့် သူ​သည် သိက္ခာ တင်​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ယဇ်​ပလ္လင်​ပေါ် ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​အ​ပေါ်​သို့​တင်​လျက် မီး​ရှို့​လေ​သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ၎င်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။-
2990  LEV 10:12  မော​ရှေ​သည်​အာ​ရုန်​နှင့်​အ​သက်​ရှင်​လျက် ကျန်​သော​သား​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မှ ကြွင်း​ကျန်​သော မုန့်​ညက်​ဖြင့်​တ​ဆေး​မဲ့​မုန့်​ပြု​လုပ်​၍ ယဇ် ပလ္လင်​နား​တွင်​စား​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဤ​ပူ​ဇော်​သ​ကာ​သည်​အ​လွန် သန့်​ရှင်း​၏။-
3247  LEV 17:11  သတ္တ​ဝါ​တိုင်း​၏​အသက်​သည်​သွေး​၌​တည်​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​အ​ပြစ် ပြေ​စေ​ရန်​အ​တွက် သွေး​ဟူ​သ​မျှ​ကို​ယဇ်​ပလ္လင် ပေါ်​သို့​သွန်း​လောင်း​ရ​မည်​ဟု​ပ​ညတ်​တော် မူ​၏။ သွေး​သည်​အ​သက်​ဖြစ်​၍ အ​ပြစ်​ကို ပြေ​စေ​၏။-
3581  LEV 27:10  က​တိ​သစ္စာ​ပြု​သူ​သည် အ​ခြား​တိ​ရစ္ဆာန်​ကို အ​စား​ထိုး​၍​မ​ဆက်​သ​ရ။ သူ​သည်​အ​ခြား တိ​ရစ္ဆာန်​ကို​အ​စား​ထိုး​ဆက်​သ​လျှင် ယဇ် ကောင်​နှစ်​ကောင်​စ​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-
3601  LEV 27:30  မြေ​ယာ​မှ​ထွက်​သော​အ​သီး​အ​နှံ သို့​မ​ဟုတ် သစ်​သီး​ဆယ်​ပုံ​တစ်​ပုံ​သည် ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-
3956  NUM 8:16  ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ပေါင်း​တို့​ကိုယ်​စား သူ​တို့​ကို​ငါ့​အ​တွက် ငါ​ရွေး​ကောက်​ခဲ့​သ​ဖြင့်​သူ​တို့​သည်​ငါ​နှင့် သာ​ဆိုင်​၏။-
4002  NUM 10:13  သူ​တို့​သည်​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း​ခ​ရီး ထွက်​ကြ​၏။-
4199  NUM 16:4  မော​ရှေ​သည်​သူ​တို့​ပြော​ဆို​သော​စ​ကား ကို​ကြား​လျှင် မြေ​ပေါ်​တွင်​ပျပ်​ဝပ်​၍​ဆု တောင်း​လေ​၏။-
4212  NUM 16:17  သင်​တို့​အ​သီး​သီး​သည်​ယဇ်​ပလ္လင်​၌​ဆက် သ​ရန် မိ​မိ​၏​မီး​ကျီး​ခံ​အိုး​တွင်​နံ့​သာ ပေါင်း​ထည့်​၍​ယူ​ခဲ့​ရ​မည်'' ဟု​ဆို​၏။-
4251  NUM 17:21  သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​သ​ဖြင့် အ​နွယ်​ဦး​စီး ခေါင်း​ဆောင်​တစ်​ဦး​စီ​က​တောင်​ဝှေး​တစ် ချောင်း​ကျ တောင်​ဝှေး​တစ်​ဆယ့်​နှစ်​ချောင်း​ကို သူ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​သည်။ အာ​ရုန်​၏ တောင်​ဝှေး​သည်​တစ်​ဆယ့်​နှစ်​ချောင်း​တွင် ပါ​ဝင်​၏။-
4267  NUM 18:9  မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။-
4320  NUM 20:8  ``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရှိ​သော​တောင်​ဝှေး ကို​ယူ​လော့။ ထို​နောက်​သင်​နှင့်​အာ​ရုန်​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​စု​ဝေး​စေ​ရန် ဆင့်​ဆို​လော့။ သူ​တို့​ရှေ့​တွင်​ထို​အ​ရပ်​၌​ရှိ​သော ကျောက်​ဆောင်​ကို ရေ​ထွက်​စေ​ရန်​အ​မိန့်​ပေး​လော့။ သူ​တို့​နှင့်​သူ​တို့​၏​တိ​ရစ္ဆာန်​များ​သောက်​ရန် ကျောက်​တုံး​မှ​ရေ​ပန်း​ထွက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-
4327  NUM 20:15  အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​၍ နှစ်​ပေါင်း​များ​စွာ​နေ ထိုင်​ခဲ့​ရာ​အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဘိုး ဘေး​များ​နှင့်​အ​ကျွန်ုပ်​တို့​ကို​ညှင်း​ဆဲ​နှိပ်​စက် ခဲ့​ပါ​၏။-
4338  NUM 20:26  အာ​ရုန်​၏​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချွတ်​၍ ဧ​လာ​ဇာ​အား​ဝတ်​ဆင်​ပေး​လော့။ အာ​ရုန်​သည် ထို​အ​ရပ်​တွင်​အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-
4363  NUM 21:22  ``အ​ကျွန်ုပ်​တို့​အား​မင်း​ကြီး​၏​ပြည်​ကို​ဖြတ် သွား​ခွင့်​ပြု​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​သည် လမ်း​မ​ကြီး​အ​တိုင်း သွား​ပါ​မည်။ မင်း​ကြီး​၏​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​ကျော်​သွား​မည် မ​ဟုတ်​ပါ။ မင်း​ကြီး​၏​ရေ​တွင်း​များ​မှ​ရေ​ကို လည်း​မ​သောက်​ပါ။ အ​ကျွန်ုပ်​တို့​သည်​မင်း​ကြီး ၏​နယ်​မြေ​မှ​ထွက်​သည်​အ​ထိ လမ်း​မ​ကြီး အ​တိုင်း​ဖြတ်​သွား​ပါ​မည်'' ဟူ​၍​အ​ခွင့် တောင်း​စေ​၏။-
4402  NUM 22:26  တစ်​ဖန်​ကောင်း​ကင်​တမန်​သည်​ရှေ့​မှ​ဆီး​ကြို​၍ ဝဲ​ယာ​သို့​မြည်း​မ​လှည့်​သာ​သော​နေ​ရာ​တွင် ရပ်​နေ​၏။-
4412  NUM 22:36  ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​လာ​နေ​ကြောင်း ကို​ကြား​သိ​ရ​သော​အ​ခါ မော​ဘ​ပြည်​နယ်​စပ် အာ​နုန်​မြစ်​ကမ်း​ပေါ်​ရှိ​အာ​ရ​မြို့​သို့​သွား​၍ ကြို​ဆို​၏။-
4444  NUM 23:27  တစ်​ဖန်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``အ​ခြား တစ်​နေ​ရာ​သို့​လိုက်​ခဲ့​ပါ​လော့။ ကိုယ်​တော်​အား ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို​ကျိန်​ဆဲ​စေ​ရန် ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​ကောင်း​ရှိ​မည်'' ဟု​ဆို​၏။-
4461  NUM 24:14  ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``ယ​ခု​ငါ​သည် ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန်​မည်။ သို့​ရာ​တွင် ငါ​ပြန်​၍​မ​သွား​မီ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​နောင်​အ​ခါ သင်​၏​အ​မျိုး​သား​တို့​အား မည်​ကဲ့​သို့​ပြု​လုပ်​မည့်​အ​ကြောင်း​ကို ငါ​သ​တိ ပေး​ခဲ့​မည်'' ဟု​ဆို​၏။-
4500  NUM 26:9  သူ​၏​သား​များ​ဖြစ်​သော​နေ​မွေ​လ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​ဖြစ်​ကြ​သည်။ (ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​က​ခေါင်း​ဆောင်​အ​ဖြစ်​ရွေး​ချယ်​ခြင်း​ခံ​ရ​၍ မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​အာ​ဏာ​ကို​ဖီ​ဆန် လျက် ကော​ရ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခဲ့​သူ​များ ဖြစ်​ကြ​၏။-
4719  NUM 31:53  ရိုး​ရိုး​တပ်​သား​တို့​သည်​မိ​မိ​တို့​ရ​ရှိ​သော ပစ္စည်း​များ​ကို ကိုယ်​ပိုင်​အ​တွက်​သိမ်း​ဆည်း ထား​ကြ​၏။-
4930  DEU 1:36  ယေ​ဖုန္နာ​၏​သား​ကာ​လက်​တစ်​ဦး​တည်း​သာ​ထို ပြည်​သို့​ဝင်​ရ​မည်။ သူ​သည်​ငါ့​အား​သစ္စာ​ရှိ​သူ ဖြစ်​၍​သူ​ထောက်​လှမ်း​ခဲ့​သော​ပြည်​ကို​သူ​နှင့်​သူ ၏​အ​ဆက်​အ​နွယ်​တို့​အား​ငါ​ပေး​မည်' ဟု​မိန့် တော်​မူ​၏။-
4985  DEU 3:8  ``သို့​ဖြစ်​၍​ထို​အ​ချိန်​တွင်​ငါ​တို့​သည် အာ​နုန် မြစ်​မှ​ဟေ​ရ​မုန်​တောင်​အ​ထိ​ကျယ်​ပြန့်​သော ယော​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို ထို အာ​မော​ရိ​ဘု​ရင်​နှစ်​ပါး​တို့​ထံ​မှ​သိမ်း ယူ​ကြ​၏။-
5112  DEU 6:24  ထို​နောက်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ပ​ညတ်​အ​လုံး​စုံ​တို့​ကို​လိုက် နာ​ကျင့်​သုံး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ရန်​လည်း​ကောင်း​ပြ​ဋ္ဌာန်း တော်​မူ​၏။-
5154  DEU 8:15  ကိုယ်​တော်​သည်​သင်​တို့​အား​မြွေ​ဆိုး​နှင့်​ကင်း​မီး ကောက်​ပေါ​၍ ကျယ်​ဝန်း​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​ပို့​ဆောင်​တော် မူ​ခဲ့​၏။ ခြောက်​သွေ့​၍​ရေ​မ​ရှိ​သော​အ​ရပ်​တွင် ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ​ရေ​ကို​ထွက်​စေ တော်​မူ​၏။-
5174  DEU 9:15  ``သို့​ဖြစ်​၍​ငါ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား နှစ်​ပြား​ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့ သည်။ တောင်​မှ​မီး​တောက်​မီး​လျှံ​များ​ထွက် လျက်​ရှိ​၏။-