3 | GEN 1:3 | ဘုရားသခင်က``အလင်းရောင်ပေါ်စေ'' ဟု အမိန့်တော်ချမှတ်သောအခါ အလင်းရောင် ထွက်ပေါ်လာ၏။- |
15 | GEN 1:15 | ထိုအလင်းဗိမာန်တို့သည်မိုးကောင်းကင်မှာ အလင်းရောင်ထွန်းသဖြင့် မြေကြီးပေါ်တွင် အလင်းရစေ'' ဟုအမိန့်ပေးသည့်အတိုင်း ဖြစ်ပေါ်လာ၏။- |
29 | GEN 1:29 | ဘုရားသခင်ကလည်း``ကောက်ပဲသီးနှံအမျိုး မျိုး၊ သစ်သီးအမျိုးမျိုးတို့ကိုသင်တို့စားသုံး ရန်ငါပေး၏။- |
46 | GEN 2:15 | ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန်နှင့်စောင့် ရှောက်ထိန်းသိမ်းရန် လူကိုထိုဥယျာဉ်တွင်နေ စေတော်မူ၏။- |
79 | GEN 3:23 | ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှ ဖြစ်သောလူအားမြေကိုထွန်ယက်စိုက်ပျိုး စေတော်မူ၏။- |
139 | GEN 6:1 | ထိုအချိန်ကာလ၌ကမ္ဘာအရပ်ရပ်တွင် လူဦး ရေများပြားလာ၏။ လူတို့၌သမီးများဖွား မြင်လာကြ၏။- |
140 | GEN 6:2 | အထက်ဘုံသား အချို့တို့သည်လူသမီးများရုပ်အဆင်းလှ သည်ကိုမြင်၍ မိမိတို့နှစ်သက်ရာကိုရွေးယူ စုံဖက်ကြ၏။- |
159 | GEN 6:21 | သင်တို့နှင့်တိရစ္ဆာန်များအတွက်အစား အစာအမျိုးမျိုးကိုယူဆောင်လော့'' ဟု မိန့်တော်မူ၏။- |
164 | GEN 7:4 | ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။- |
241 | GEN 10:6 | ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။- |
303 | GEN 12:4 | အာဗြံသည်ထာဝရဘုရားမိန့်မှာသည့်အတိုင်း ခါရန်မြို့မှထွက်ခွာသောအခါ အသက်ခုနစ် ဆယ့်ငါးနှစ်ရှိ၏။ လောတသည်သူနှင့်အတူ လိုက်ပါခဲ့၏။- |
346 | GEN 14:9 | ဘုရင်လေးပါးဖြစ်ကြသောဧလံဘုရင်၊ ဂေါအိမ် ဘုရင်၊ ဗာဗုလုန်ဘုရင်၊ ဧလာသာဘုရင်တို့နှင့် စစ်တိုက်ကြ၏။- |
421 | GEN 17:23 | အာဗြဟံသည်ဘုရားသခင်၏အမိန့်ကို နာခံ၍ သူ၏သားဣရှမေလ၊ အိမ်၌ပေါက် ဖွားသောကျေးကျွန်နှင့်ငွေဝယ်ကျွန်များ အပါအဝင်အိမ်သားယောကျာ်းအပေါင်းတို့ အား ထိုနေ့ချင်း၌ပင်အရေဖျားလှီးမင်္ဂလာ ကိုပေးလေ၏။- |
465 | GEN 19:7 | အဆွေတို့၊ ဤကဲ့သို့ယုတ်မာသောအမှုကိုမပြုရန် တောင်းပန်ပါ၏။- |
490 | GEN 19:32 | သို့ဖြစ်သောကြောင့်ဖခင်ကိုစပျစ်ရည်တိုက်၍မူးယစ်စေပြီးလျှင် သူ၏အမျိုးဆက်မပြတ်စေရန်သူနှင့်အတူအိပ်ကြစို့'' ဟုဆိုလေ၏။- |
492 | GEN 19:34 | နောက်တစ်နေ့၌သမီးအကြီးကညီမအား``ယမန်နေ့ညကငါသည်ဖခင်နှင့်အိပ်ပြီးပြီ။ ယနေ့ညတွင်သူ့အားတစ်ဖန်မူးယစ်စေ၍ သင်ကလည်းငါကဲ့သို့သူနှင့်ဝင်၍အိပ်လော့။ သို့မှသာလျှင်ငါတို့တစ်ယောက်စီ၌ ဖခင်နှင့်သားသမီးမျိုးဆက်ရမည်'' ဟုဆိုလေ၏။- |
520 | GEN 21:6 | စာရာကလည်း``ဘုရားသခင်သည်ငါ့အားရယ် စေတော်မူပြီ။ ဤသတင်းကိုကြားရသောသူ တိုင်းငါနှင့်အတူရယ်လိမ့်မည်'' ဟုဆိုလေ၏။- |
532 | GEN 21:18 | ထလော့၊ သွား၍သူငယ်ကိုပိုက်ချီလော့။ ငါသည် သူ၏အဆက်အနွယ်ကိုလူမျိုးကြီးဖြစ်စေ မည်'' ဟုဆိုလေ၏။- |
536 | GEN 21:22 | ထိုအချိန်အခါအဘိမလက်သည်သူ၏စစ်ဗိုလ် ချုပ်ဖိကောလနှင့်အတူအာဗြဟံထံသို့သွား ၍``သင်ဆောင်ရွက်သမျှတို့၌ဘုရားသခင်ပါ ရှိတော်မူ၏။- |
540 | GEN 21:26 | ထိုအခါအဘိမလက်က``မည်သူဤသို့ ပြုလုပ်သည်ဟူ၍ငါမသိရ။ သင်ကငါ့ကို ယခင်ကမပြောသဖြင့် ဤကိစ္စအကြောင်း ကိုယခုမှငါသိရသည်'' ဟုဆိုလေ၏။- |
547 | GEN 21:33 | အာဗြဟံသည်ဗေရရှေဘအရပ်တွင်မန် ကျည်းတစ်ပင်ကိုစိုက်၍အစဉ်အမြဲတည် တော်မူသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားကိုတိုင်တည်၍ဝတ်ပြု ကိုးကွယ်လေ၏။- |
557 | GEN 22:9 | ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။- |
586 | GEN 23:14 | ထိုအခါဧဖရုန်က``အရှင်၊ ထိုမြေကွက်သည်ငွေသားလေးရာမျှသာတန်ဖိုးရှိ၏။ ထိုငွေမှာမပြောပလောက်ပါ။ ထိုမြေတွင်အရှင်၏မယားကိုသင်္ဂြိုဟ်ပါလော့'' ဟုဆိုလေ၏။- |
620 | GEN 24:28 | မိန်းမပျိုသည်လည်းသူ၏မိခင်နေအိမ်သို့ ပြေး၍ အကြောင်းအရာအကုန်အစင်ကို ပြောပြလေ၏။- |
643 | GEN 24:51 | သင့်ရှေ့တွင်ရေဗက္ကရှိပါ၏။ သူ့ကိုခေါ်ဆောင် သွားပါလော့။ ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူသည်အတိုင်းသူ့အားသင့်သခင် သား၏မယားအဖြစ်ခေါ်ဆောင်သွားပါ လော့'' ဟုဖြေကြ၏။- |
709 | GEN 26:16 | ထိုအခါအဘိမလက်ဘုရင်ကဣဇာက် အား``သင်သည်ငါတို့ထက်တန်ခိုးကြီးလာ ပြီဖြစ်၍ငါတို့ပြည်မှထွက်သွားလော့'' ဟု မိန့်တော်မူ၏။- |
741 | GEN 27:13 | ငါ့သား၊ သင်ခံရမည့်ကျိန်စာသင့်ခြင်းကို ငါခံရပါစေ။ ငါပြောသည့်အတိုင်းဆိတ် များကိုသာငါ့ထံသို့ယူခဲ့ပါ'' ဟုမိခင် ကဆိုလေ၏။- |
753 | GEN 27:25 | ထိုအခါဣဇာက်က``အမဲဟင်းကိုယူခဲ့ပါ။ ငါစားပြီးလျှင်သင့်အားကောင်းချီးပေးမည်'' ဟုဆိုလေ၏။ ယာကုပ်သည်ဖခင်ထံသို့ဟင်း ကိုယူခဲ့၏။ ဖခင်သောက်ရန်စပျစ်ရည်ကို လည်းယူခဲ့၏။- |
758 | GEN 27:30 | ဣဇာက်သည်ယာကုပ်အားကောင်းချီးပေးပြီး၍ ဖခင်ထံမှယာကုပ်ထွက်သွားသည့်ခဏအတွင်း သူ၏အစ်ကိုဧသောသည်အမဲလိုက်ရာမှ ပြန်ရောက်လာ၏။- |
811 | GEN 29:15 | လာဗန်ကယာကုပ်အား``သင်သည်ငါ၏ဆွေမျိုး ဖြစ်သောကြောင့် ငါ့အတွက်အခမဲ့လုပ်ကိုင်မ ပေးသင့်။ သင်လိုချင်သည့်အခကိုတောင်းလော့'' ဟုဆိုလေ၏။- |
834 | GEN 30:3 | ရာခေလက``ကျွန်မအတွက်ကလေးရစေရန် ကျွန်မ၏ကျွန်ဗိလဟာနှင့်အိပ်ပါလော့။ သူ့ အားဖြင့်ကလေးရလျှင်ကျွန်မသည်အမေ တစ်ယောက်ဖြစ်လာနိုင်ပါမည်'' ဟုဆိုလေ၏။- |
865 | GEN 30:34 | လာဗန်က``သဘောတူပါသည်။ သင်၏အကြံ ပေးချက်အတိုင်းလိုက်နာကြစို့'' ဟုပြောလေ၏။- |
866 | GEN 30:35 | ထိုနေ့၌ပင်လာဗန်သည်အပြောက်အကျား ဆိတ်ထီး၊ အကွက်အပြောက်သို့မဟုတ်အဖြူ ပြောက်ပါရှိသောဆိတ်မရှိသမျှတို့ကိုလည်း ကောင်း၊ သိုးအနက်အားလုံးတို့ကိုလည်းကောင်း ရွေးထုတ်ပြီးလျှင်မိမိ၏သားတို့လက်သို့ ပေးအပ်လေ၏။- |
897 | GEN 31:23 | ထိုအခါသူသည်မိမိ၏သားချင်းတို့ကို ခေါ်၍ ယာကုပ်နောက်သို့ခုနစ်ရက်ကြာမျှ လိုက်ခဲ့ရာဂိလဒ်တောင်ဒေသသို့အရောက် တွင်မီလေ၏။- |
982 | GEN 34:1 | တစ်နေ့သ၌ယာကုပ်နှင့်လေအာတို့၏သမီး ဒိနသည် ခါနာန်အမျိုးသမီးတို့ထံအလည် အပတ်သွား၏။- |
1025 | GEN 35:13 | ထို့နောက်ဘုရားသခင်သည်သူ့ထံမှကြွ သွားတော်မူ၏။- |
1026 | GEN 35:14 | ယာကုပ်သည်ဘုရားသခင်ကသူ့အားမိန့်ကြား တော်မူသောအရပ်တွင်မှတ်တိုင်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင်စပျစ်ရည်နှင့်ဆီလောင်းလျက် ဆက်ကပ်လေ၏။- |
1087 | GEN 37:3 | ယာကုပ်သည်အသက်အရွယ်ကြီးမှယောသပ် ကိုရခြင်းကြောင့်အခြားသားများထက်သူ့ အားပို၍ချစ်၏။ သူသည်ယောသပ်အတွက် ထူးခြားစွာတန်ဆာဆင်ထားသောဝတ်ရုံ ကိုချုပ်ပေး၏။- |
1089 | GEN 37:5 | တစ်ခါကယောသပ်သည် အိပ်မက်မြင်မက်သ ဖြင့်အစ်ကိုတို့အားထိုအိပ်မက်အကြောင်း ကိုပြောပြသောအခါ သူတို့သည်ပို၍ပင် ရွံမုန်းကြ၏။- |
1107 | GEN 37:23 | အစ်ကိုများထံသို့ယောသပ်ရောက်လာသော အခါ သူတို့ကသူ၏လက်ရှည်ဝတ်ရုံကို ချွတ်ပစ်ကြ၏။- |
1128 | GEN 38:8 | ထိုအခါယုဒသည်သားသြနန်အား``သင် သည်အစ်ကို၏ဇနီးအားမတ်တစ်ယောက် အနေဖြင့်တာဝန်ရှိသူဖြစ်သောကြောင့် သူ နှင့်အိမ်ထောင်ပြု၍အစ်ကိုအတွက်မျိုးဆက် ပွားစေလော့'' ဟုဆိုလေ၏။- |
1138 | GEN 38:18 | သူက``မည်သည့်အာမခံကိုပေးရမည်နည်း'' ဟု မေး၏။ မိန်းမက``သင်၏တံဆိပ်ပါသောစလွယ်ကြိုးနှင့် လက်စွဲတောင်ဝှေးတို့ကိုအာမခံအဖြစ်ပေးပါ'' ဟုတောင်းလေ၏။ သူသည်ထိုပစ္စည်းများကိုထို မိန်းမအားပေး၍အတူတူအိပ်သဖြင့်ပဋိ သန္ဓေစွဲလေ၏။- |
1159 | GEN 39:9 | ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။- |
1214 | GEN 41:18 | ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင် သည် မြစ်တွင်းမှတက်လာပြီးလျှင်မြက်စား လျက်နေကြ၏။- |
1233 | GEN 41:37 | ဖာရောဘုရင်နှင့်မှူးမတ်အပေါင်းတို့သည် ယောသပ်တင်ပြသောစီမံချက်ကိုနှစ်သက် လက်ခံကြ၏။- |
1251 | GEN 41:55 | အီဂျစ်ပြည်သားတို့သည်အစာခေါင်းပါး ခြင်းဒဏ်ကိုခံရကြသောအခါ ဖာရောဘုရင် အားရိက္ခာပေးရန်တောင်းဆိုကြ၏။ ထိုအခါ ဖာရောဘုရင်က``ယောသပ်ထံသို့သွားကြ။ သူပြောသည့်အတိုင်းပြုကြလော့''ဟုမိန့် တော်မူလေ၏။- |
1252 | GEN 41:56 | အစာခေါင်းပါးခြင်းကပ်သည်အီဂျစ်ပြည် အရပ်ရပ်သို့ဆိုက်ရောက်၍အလွန်ဆိုးရွား လာသဖြင့် ယောသပ်သည်စပါးကျီရှိသမျှ တို့ကိုဖွင့်၍အီဂျစ်ပြည်သားတို့အားစပါး ရောင်းချလေ၏။- |
1255 | GEN 42:2 | အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။- |
1275 | GEN 42:22 | ထိုအခါရုဗင်က``ငါသည်သင်တို့အားသူငယ် ကို ဘေးဒုက္ခမရောက်စေပါနှင့်ဟူ၍သတိပေး ခဲ့သော်လည်းသင်တို့သည်နားမထောင်ကြ။ ထို့ ကြောင့်ငါတို့သည်ယခုဝဋ်လည်နေရကြပြီ'' ဟုဆိုလေ၏။- |
1320 | GEN 43:29 | ယောသပ်သည်မိမိအမိ၏သားမိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ``ဤသူငယ်သည် သင်တို့၏ညီအငယ်ဆုံးဆိုသူဖြစ်ပါသ လော။ လူကလေးသင့်အားဘုရားကောင်းချီး ပေးပါစေသော'' ဟုဆိုလေ၏။- |
1339 | GEN 44:14 | ယုဒနှင့်ညီများတို့သည် ယောသပ်၏အိမ်သို့ ရောက်ရှိကြသောအခါ ယောသပ်သည်အိမ်၌ ရှိနေသေး၏။ သူတို့သည်ယောသပ်၏ရှေ့တွင် ပျပ်ဝပ်ကြ၏။- |
1425 | GEN 47:4 | ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး အလွန်ဆိုးရွားလျက်ရှိသဖြင့် သိုးနွားတို့ အတွက်စားကျက်မရှိပါ။ သို့ဖြစ်၍ကျွန်တော် မျိုးတို့သည်ဤပြည်တွင်နေထိုင်ရန်ရောက်လာ ကြပါသည်။ ကျွန်တော်မျိုးတို့အားဂေါရှင် အရပ်၌နေထိုင်ခွင့်ပေးတော်မူပါ'' ဟုလျှောက် ထားကြလေ၏။- |
1430 | GEN 47:9 | ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။- |
1437 | GEN 47:16 | ယောသပ်က``သင်တို့တွင်ငွေကုန်လျှင် သင်တို့ ၏သိုးနွားတိရစ္ဆာန်များကိုယူခဲ့ကြလော့။ တိရစ္ဆာန်များကိုစပါးနှင့်လဲလှယ်ပေးမည်'' ဟုဆိုလေ၏။- |
1446 | GEN 47:25 | ပြည်သားတို့က``ကိုယ်တော်သည်ကျွန်တော်တို့ ၏အသက်ကိုကယ်တော်မူပါပြီ။ ကျွန်တော် တို့သည်ကိုယ်တော်ထံမှမျက်နှာသာရပါ စေသော၊ သနားညှာတာတော်မူပါပြီ။ ကျွန် တော်တို့သည်ဘုရင်ထံ၌ကျွန်ခံပါမည်'' ဟုလျှောက်ကြ၏။- |
1454 | GEN 48:2 | ယာကုပ်သည်သားယောသပ်လာကြောင်းကို ကြားသိရလျှင် အားတက်လျက်အိပ်ရာပေါ် တွင်ထိုင်လေ၏။- |
1461 | GEN 48:9 | ယောသပ်က``ဘုရားသခင်ကအီဂျစ် ပြည်တွင် ကျွန်တော်အားပေးသနားတော် မူသောသားများဖြစ်ပါသည်'' ဟုဖြေ၏။ ထိုအခါယာကုပ်က``သူတို့အားငါ ကောင်းချီးပေးရန်ငါ့အနီးသို့ခေါ်ခဲ့ လော့'' ဟုဆိုလေ၏။- |
1515 | GEN 50:8 | ယောသပ်၏မိသားစု၊ သူ၏ညီအစ်ကိုများ နှင့်သူ၏ဆွေမျိုးသားချင်းအပေါင်းတို့သည် လည်း သူနှင့်အတူလိုက်ပါလာခဲ့ကြ၏။ သူ တို့၏ကလေးငယ်များ၊ သိုး၊ ဆိတ်နှင့်နွား အုပ်များသာလျှင်ဂေါရှင်အရပ်တွင်ကျန် ရစ်ခဲ့ကြ၏။- |
1551 | EXO 1:18 | ထို့ကြောင့်ဘုရင်သည်ဝမ်းဆွဲတို့အားဆင့်ခေါ်လျက်``သင်တို့သည်ငါ၏အမိန့်ကိုမနာခံဘဲ အဘယ်ကြောင့်ယောကျာ်းကလေးများကိုအသက်ချမ်းသာစေရသနည်း'' ဟုမေးလေ၏။- |
1576 | EXO 2:21 | မောရှေသည်ယေသရောနှင့်အတူနေထိုင်၍၊ ယေသရော၏သမီးဇိပေါရနှင့်အိမ်ထောင် ဘက်ပြုလေ၏။- |
1581 | EXO 3:1 | မောရှေသည်သူ၏ယောက္ခမ မိဒျန်ယဇ်ပုရော ဟိတ်ယေသရော၏သိုးဆိတ်များကိုထိန်း ကျောင်းလျက်ရှိစဉ်၊ တောကန္တာရကိုဖြတ်၍ သိုးဆိတ်များကိုမောင်းနှင်လာရာ၊ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ရောက် ရှိလာလေ၏။- |
1627 | EXO 4:25 | ထိုအခါသူ၏မယားဇိပေါရသည်ကျောက် စောင်းတစ်ခုကိုယူ၍ သား၏အရေဖျားကို ဖြတ်ပြီးလျှင်ထိုအရေဖျားဖြင့် မောရှေ၏ ခြေတို့ကိုတို့လေ၏။ ထိုနောက်အရေဖျား လှီးဖြတ်ခြင်းမင်္ဂလာကြောင့် ဇိပေါရက``သင် သည်ကျွန်မ၏တရားဝင်လင်ယောကျာ်းပင် ဖြစ်၏'' ဟုဆိုလေ၏။- |
1641 | EXO 5:8 | သို့ရာတွင်သူတို့ဖုတ်ရမည့်အုတ်အရေ အတွက်မှာ ယခင်ကထက်မနည်းစေရ။ မည် သည့်အကြောင်းကြောင့်မျှအရေအတွက် မလျော့စေရ။ သူတို့သည်ပျင်း၏။ ထို့ကြောင့် သူတို့က`ငါတို့၏ဘုရားအားယဇ်ပူဇော် ရန်သွားခွင့်ပေးပါ' ဟုတောင်းဆို၏။- |
1658 | EXO 6:2 | ဘုရားသခင်က မောရှေအား``ငါသည်ထာဝရ ဘုရားဖြစ်၏။- |
1679 | EXO 6:23 | အာရုန်သည်အမိနဒပ်၏သမီး၊ နာရှုန်၏ နှမဧလိရှဘနှင့်စုံဖက်၍ဧလိရှဘသည် သားနာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ ကိုဖွားမြင်၏။- |
1708 | EXO 7:22 | သို့ရာတွင်အီဂျစ်မှော်ဆရာတို့ကလည်း၊ မိမိတို့၏အတတ်ဖြင့်ရေကိုသွေးဖြစ်စေ ကြရာဘုရင်သည် ယခင်နည်းတူခေါင်းမာ မြဲခေါင်းမာလျက်နေ၏။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သူသည်မောရှေ နှင့်အာရုန်တို့၏စကားကိုနားမထောင် ဘဲနေလေ၏။- |
1725 | EXO 8:10 | အီဂျစ်ပြည်သားတို့သည်ဖားသေကောင်များ ကိုစုပုံထားကြရာတစ်ပြည်လုံးတွင်နံစော် လျက်ရှိလေ၏။- |
1770 | EXO 9:27 | ဘုရင်သည်မောရှေနှင့်အာရုန်တို့ကိုခေါ်ပြီး လျှင်``ဤတစ်ကြိမ်ငါပြစ်မှားမိပါပြီ။ ထာဝရ ဘုရားသည်မှန်ကန်၍ ငါနှင့်ငါ၏လူမျိုးတို့ သည်မှားပါ၏။- |
1795 | EXO 10:17 | ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။- |
1849 | EXO 12:32 | သင်တို့၏ သိုး၊ ဆိတ်၊ နွားတို့ကိုလည်းယူဆောင် သွားကြလော့။ ငါသည်ကောင်းချီးခံစားရစေ ရန်ဘုရားသခင်ထံဆုတောင်းပေးပါလော့'' ဟုဆိုလေ၏။- |
1895 | EXO 14:5 | အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသားတို့ ထွက်ပြေးကုန်ကြပြီဖြစ်ကြောင်းကြားသိရ သောအခါ သူနှင့်သူ၏မှူးမတ်တို့သည်စိတ် သဘောထားပြောင်းလဲ၍``ငါတို့သည်ငါတို့ ၏အစေခံကျွန်ဣသရေလအမျိုးသား တို့ကို လွတ်မြောက်ထွက်ပြေးသွားစေပါသည် တကား'' ဟုဆိုကြ၏။- |
1912 | EXO 14:22 | ထိုအခါဣသရေလအမျိုးသားတို့သည် ရေတံတိုင်းနှစ်ခုအကြားခြောက်သွေ့သော မြေပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်၍ သွားကြလေ၏။- |
1918 | EXO 14:28 | ရေသည်ပုံမှန်အတိုင်းပြန်စီးသဖြင့်ပင် လယ်ထဲသို့ဆင်းလိုက်လာကြသောရထား တပ်၊ မြင်းတပ်နှင့်အီဂျစ်ဘုရင်၏တပ်အား လုံးတို့သည်တစ်ယောက်မျှမကျန်ရေနစ်၍ သေကုန်ကြ၏။- |
1957 | EXO 16:9 | မောရှေကအာရုန်အား``ဣသရေလအမျိုး သားတို့ကို ထာဝရဘုရား၏ရှေ့တော်သို့ လာရောက်ကြရန်ဆင့်ဆိုလော့။ ကိုယ်တော် သည်သူတို့၏အပြစ်တင်ညည်းညူသံ ကိုကြားရပြီ'' ဟုဆိုလေ၏။- |
1958 | EXO 16:10 | အာရုန်သည်ဣသရေလအမျိုးသားအပေါင်း တို့အား မောရှေမှာကြားသည့်အတိုင်းဆင့်ဆို နေစဉ် သူတို့သည်တောကန္တာရဘက်သို့မျှော် ကြည့်လိုက်သောအခါ မိုးတိမ်၌ထာဝရ ဘုရား၏တောက်ပသောဘုန်းအသရေ တော်ရုတ်တရက်ပေါ်လာသည်ကိုဖူးမြင် ရကြလေ၏။- |
1966 | EXO 16:18 | သို့ရာတွင်တောင်းနှင့်ခြင်ကြည့်သောအခါ ပို ၍စုသိမ်းသူကများများမပို၊ လျော့၍စု သိမ်းသူလည်းများများမလျော့ဘဲရရှိ ကြ၏။ အသီးသီးမိမိလိုသမျှစုသိမ်း ရရှိလေ၏။- |
1967 | EXO 16:19 | မောရှေကသူတို့အား``မည်သူမျှနက်ဖြန် နေ့အတွက်ချန်မထားရ'' ဟုမှာကြား၏။- |
1980 | EXO 16:32 | မောရှေက``ထာဝရဘုရားသည်ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရာ၌ တောကန္တာရ တွင်ငါတို့အားကျွေးမွေးတော်မူသောမန္န မုန့်ကို ငါတို့၏နောင်လာနောက်သားများ တွေ့မြင်နိုင်စေရန် မန္နမုန့်အနည်းငယ်ကို သိမ်းဆည်းထားရမည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်မှာတော်မူသည်'' ဟုဆိုလေ၏။- |
1982 | EXO 16:34 | ထာဝရဘုရားကမောရှေကို မိန့်ကြားသည့် အတိုင်း အာရုန်သည်ထိုအိုးကိုသိမ်းဆည်း ထားရန်အတွက်ပဋိညာဉ်သေတ္တာရှေ့တွင် ချထားလေ၏။- |
1995 | EXO 17:11 | မောရှေသည်မိမိ၏လက်များကိုမြှောက်ထား သည့်အခါ ဣသရေလအမျိုးသားတို့ဘက် ကစစ်ရေးသာ၏။ သူ၏လက်များကိုချသည့် အခါအာမလက်အမျိုးသားတို့ဘက်က စစ်ရေးသာ၏။- |
2025 | EXO 18:25 | သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။- |
2034 | EXO 19:7 | သို့ဖြစ်၍မောရှေသည်တောင်ပေါ်ကဆင်းလာ ခဲ့ပြီးလျှင် ခေါင်းဆောင်များကိုဆင့်ခေါ်၍ ထာဝရဘုရားမိန့်မှာတော်မူသမျှကို ပြောကြားလေ၏။- |
2181 | EXO 24:3 | မောရှေသည်ဣသရေလအမျိုးသားတို့ထံသို့ ပြန်လာ၍၊ ထာဝရဘုရားပညတ်သမျှနှင့် စီရင်တော်မူချက်အလုံးစုံတို့ကိုပြောကြား လေ၏။ လူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာဆောင်ရွက်ပါမည်'' ဟုတညီတညွတ် တည်းဆိုကြ၏။- |
2182 | EXO 24:4 | မောရှေသည်ထာဝရဘုရားပညတ်သမျှတို့ ကိုရေးထားလေ၏။ နောက်တစ်နေ့နံနက်စောစော တွင်မောရှေသည်တောင်ခြေရင်း၌ယဇ်ပလ္လင်ကို လည်းကောင်း၊ ဣသရေလတစ်ဆယ့်နှစ်မျိုးအတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်ဆောက်လေ၏။- |
2378 | EXO 29:41 | ညနေတွင်ဒုတိယသိုးကိုပူဇော်လော့။ နံ နက်တွင်ပူဇော်သောမုန့်ညက်၊ သံလွင်ဆီ၊ စပျစ် ရည်အခြင်အတွယ်အတိုင်း၊ ညနေ၌လည်း ပူဇော်လော့။ ဤသည်ကားငါထာဝရဘုရား နှစ်သက်တော်မူသောမွှေးကြိုင်သည့်ပူဇော် သကာဖြစ်၏။- |
2444 | EXO 32:5 | ထိုနောက်အာရုန်သည်ရွှေနွားရုပ်ရှေ့မှာ ပလ္လင် ကိုတည်၍``နက်ဖြန်နေ့တွင်ထာဝရဘုရား အတွက်ပွဲခံရကြမည်'' ဟုကြေညာ၏။- |
2466 | EXO 32:27 | မောရှေကသူတို့အား``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ တစ်ယောက်စီဋ္ဌားကိုကိုင်စွဲ၍၊ စခန်းတစ်ဘက် မှတစ်ဘက်သို့နေရာအနှံ့အပြားသွားပြီး လျှင်၊ သင်တို့၏ညီအစ်ကို၊ အဆွေခင်ပွန်း၊ အိမ်နီး ချင်းတို့ကိုသတ်လော့' ဟုမိန့်တော်မူသည်'' ဟု ဆင့်ဆိုလေ၏။- |
2469 | EXO 32:30 | နောက်တစ်နေ့တွင်မောရှေက ဣသရေလ အမျိုးသားတို့အား``သင်တို့သည်ကြီးလေး သောပြစ်မှုကူးလွန်ခဲ့ကြပြီ။ ယခုငါသည် ထာဝရဘုရားရှိတော်မူရာတောင်ပေါ်သို့ တက်မည်။ သင်တို့၏အပြစ်ကိုလွှတ်ရန် ထာဝရ ဘုရားအားတောင်းပန်၍ရကောင်းရလိမ့်မည်'' ဟုဆိုလေ၏။- |
2560 | EXO 35:28 | မီးခွက်များ၊ ဘိသိက်ဆီ၊ မွှေးကြိုင်သောနံ့သာ ပေါင်းအတွက်အမွှေးအကြိုင်နှင့်ဆီတို့ကို လည်းကောင်း၊ ဆက်ကပ်ကြ၏။- |
2570 | EXO 36:3 | သူတို့သည်တဲတော်ကိုဆောက်လုပ်ရန်၊ ဣသ ရေလအမျိုးသားတို့ယူဆောင်ခဲ့သောလှူ ဖွယ်ပစ္စည်းရှိသမျှကို၊ မောရှေထံမှလက်ခံ ရရှိကြ၏။ နံနက်တိုင်းဣသရေလအမျိုး သားတို့သည်၊ မိမိတို့၏လှူဖွယ်ပစ္စည်းများ ကို၊ မောရှေထံသို့ဆက်လက်၍ယူဆောင် လာကြသေး၏။- |
2609 | EXO 37:4 | ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။- |
2620 | EXO 37:15 | ထမ်းပိုးများကိုအကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေချထား၏။- |
2656 | EXO 38:22 | ယုဒအနွယ်ဟုရ၏မိသားစုမှဥရိ၏သား ဗေဇလေလသည် ထာဝရဘုရားကမောရှေ အားမိန့်မှာတော်မူသမျှတို့ကိုတာဝန်ယူ ဆောင်ရွက်လေ၏။- |
2726 | EXO 40:18 | မောရှေသည်တဲတော်၏အောက်ခံခုံများကို နေရာချထား၏။ ထိုနောက်ဘောင်ခွေများကို ထောင်၍ ကန့်လန့်ကျင်များကိုလျှိုလျက်တိုင် များကိုထူ၏။- |
2737 | EXO 40:29 | ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝရှေ့တွင် မီးရှို့ရာယဇ်ပလ္လင်ကိုနေရာချထား ၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူသည်မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ် ပူဇော်သကာကိုလည်းကောင်းပလ္လင်ပေါ်တွင် ပူဇော်လေ၏။- |
2865 | LEV 6:8 | ဘောဇဉ်သကာအားလုံးကိုပူဇော်သည့် အထိမ်းအမှတ်အဖြစ် ယဇ်ပုရောဟိတ်သည် မုန့်ညက်လက်တစ်ဆုပ်၊ ဆီအနည်းငယ်နှင့် တကွအမွှေးအကြိုင်ကိုယူ၍ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ထိုဘောဇဉ် သကာ၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။- |
2926 | LEV 8:8 | ရင်ဖုံးကိုတပ်ဆင်ပေးပြီးလျှင်ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ် ကိုထည့်ထား၏။- |
2933 | LEV 8:15 | မောရှေသည်နွားကိုသတ်ပြီးလျှင်လက်ချောင်း ဖြင့်သွေးအနည်းငယ်ကိုယူ၍ ယဇ်ပလ္လင်ထောင့် များ၌ရှိသောအတက်များကိုသုတ်လိမ်း ခြင်း၊ ကျန်သောသွေးကိုယဇ်ပလ္လင်၏အောက် ခြေတွင်သွန်းလောင်းခြင်းဖြင့်ပလ္လင်ကိုဆက် ကပ်၍အပြစ်ဖြေရာယဇ်ပူဇော်နိုင်ရန် သန့်ရှင်းစေ၏။- |
3401 | LEV 22:31 | ထာဝရဘုရားက``ငါ၏ပညတ်များကို လိုက်နာကြလော့။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။- |
3569 | LEV 26:44 | သို့ရာတွင်ယင်းသို့ဖြစ်စေကာမူသူတို့သည် ရန်သူ၏ပြည်တွင်နေထိုင်ရစဉ် ငါသည်သူတို့ ကိုအပြီးအပိုင်စွန့်ပစ်မည်မဟုတ်။ ဖျက်ဆီး ပစ်မည်လည်းမဟုတ်။ အကယ်၍ငါသည်သင် တို့ကိုအပြီးအပိုင်စွန့်ပစ်ပါမူ ငါနှင့်သူတို့ ပြုသောပဋိညာဉ်သည်ပျက်ပြယ်လိမ့်မည်။ ငါ သည်သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။- |