36 | GEN 2:5 | မြေပေါ်သို့မိုးကိုရွာစေတော်မမူသေးသ ဖြင့်အပင်မပေါက်၊ အညှောက်လည်းမထွက် သေး။ မြေကိုထွန်ယက်မည့်သူလည်းမရှိသေး။- |
151 | GEN 6:13 | ထိုအခါဘုရားသခင်သည်နောဧအား``ငါ သည်လူသတ္တဝါအားလုံးကိုသုတ်သင်ရန်ဆုံး ဖြတ်ပြီးပြီ။ ကမ္ဘာမြေကြီးသည်သူတို့၏ပြစ် မှုများဖြင့်ပြည့်နှက်လျက်ရှိသဖြင့် သူတို့ကို အကုန်အစင်သေကြေပျက်စီးစေမည်။- |
154 | GEN 6:16 | သင်္ဘောအပေါ်၌အမိုးတင်၍သင်္ဘောနံဘေး ပတ်လည်ကို အမိုးနှင့်တစ်ဆယ်ရှစ်လက်မကွာ စေရမည်။ အထပ်သုံးထပ်အဆင့်ဆင့်တည်၍ ဘေးဘက်တွင်တံခါးတစ်ပေါက်ဖောက်ရမည်။- |
157 | GEN 6:19 | အသက်ချမ်းသာရာရစေရန်တိရစ္ဆာန်နှင့်ငှက် အမျိုးမျိုးမှ အဖိုနှင့်အမတစ်စုံစီတို့ကို သင်နှင့်အတူသင်္ဘောထဲသို့ဝင်စေလော့။- |
166 | GEN 7:6 | ကမ္ဘာမြေကြီးပေါ်၌ရေလွှမ်းမိုးသောအခါ နောဧသည်အသက်ခြောက်ရာရှိသတည်း။- |
275 | GEN 11:8 | ထို့ကြောင့်ထာဝရဘုရားသည်သူတို့အား ကမ္ဘာ အရပ်ရပ်သို့ကွဲလွင့်စေသဖြင့် လူတို့သည်မြို့ တည်ခြင်းကိုရပ်ဆိုင်းထားရကြလေသည်။- |
309 | GEN 12:10 | ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်၍ အခြေအနေဆိုးရွားလာသ ဖြင့်အာဗြံသည် အီဂျစ်ပြည်၌ခေတ္တနေထိုင် ရန်တောင်ဘက်သို့ခရီးထွက်ခဲ့လေသည်။- |
311 | GEN 12:12 | အီဂျစ်ပြည်သားတို့မြင်လျှင်`သူသည်အာဗြံ ၏မယားဖြစ်၏' ဟုဆို၍ငါ့ကိုသတ်ပြီး နောက် သင့်ကိုအသက်ချမ်းသာပေးကြလိမ့်မည်။- |
441 | GEN 18:16 | ထိုသူတို့သည်ထွက်ခွာ၍ သောဒုံမြို့ကိုမြင်နိုင် သောနေရာသို့ရောက်ကြ၏။ အာဗြဟံသည် လည်း သူတို့အားပို့ရန်လိုက်ပါလာခဲ့သည်။- |
510 | GEN 20:14 | ထိုနောက်အဘိမလက်သည် စာရာကိုအာဗြဟံ ထံပြန်အပ်လေ၏။ အာဗြဟံအားသိုးနွားနှင့် ကျေးကျွန်များကိုလည်းပေးသနားလေသည်။- |
632 | GEN 24:40 | သခင်က`ငါအမြဲရိုသေနာခံသောထာဝရ ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင်နှင့် အတူစေလွှတ်၍သင့်အားအောင်မြင်မှုကိုပေး တော်မူမည်။ သင်သည်ငါ၏အမျိုးသားချင်း ဖြစ်သောငါ့အဖမိသားစုထဲမှ ငါ့သား အတွက်မယားကိုရှာယူခဲ့ရမည်။- |
671 | GEN 25:12 | အာဗြဟံနှင့်စာရာ၏ကျွန်မအီဂျစ်အမျိုး သမီးဟာဂရတို့ရသောသားဣရှမေလ၏ သားစဉ်မြေးဆက်တို့ကိုဖော်ပြပေအံ့။- |
721 | GEN 26:28 | သူတို့က``ထာဝရဘုရားသည်သင်နှင့်အတူ ရှိကြောင်း ယခုငါတို့သိရပြီဖြစ်၍ ငါတို့ အချင်းချင်းကတိသစ္စာထားကြပါစို့။- |
742 | GEN 27:14 | ယာကုပ်သည်သွား၍ဆိတ်များကိုမိခင်ထံသို့ ယူဆောင်ခဲ့သဖြင့် ရေဗက္ကသည်ဣဇာက်ကြိုက် နှစ်သက်သောအမဲဟင်းကိုချက်လေသည်။- |
756 | GEN 27:28 | ဘုရားသခင်သည်သင့်အားမိုးကောင်းကင်မှ နှင်းကိုပေးတော်မူ၍ သင်၏လယ်များကိုမြေ သြဇာထက်သန်တော်မူစေသတည်း။ ကိုယ်တော် သည်သင့်အားကောက်ပဲသီးနှံနှင့်စပျစ်ရည် များစွာပေးသနားတော်မူစေသတည်း။- |
869 | GEN 30:38 | သိုးဆိတ်များ၏ရေသောက်ခွက်များရှေ့တွင် ထိုသစ်ကိုင်းများကိုချထားလေသည်။ တိရစ္ဆာန် တို့သည်ရေသောက်လာသောအခါ မိတ်လိုက် တတ်သောကြောင့်ထိုသို့ချထားခြင်းဖြစ်သည်။- |
900 | GEN 31:26 | လာဗန်က``သင်သည်အဘယ်ကြောင့်ငါ့ကို လှည့်စား၍ ငါ၏သမီးများကိုစစ်သုံ့ပန်း များကဲ့သို့ခေါ်ဆောင်သွားရပါသနည်း။- |
905 | GEN 31:31 | ထိုအခါယာကုပ်က``သင်သည်သမီးများ တို့ကိုအနိုင်အထက်သိမ်းယူထားမည်ဟု စိုးရိမ်သောကြောင့်ထွက်ပြေးခဲ့ရပါသည်။- |
920 | GEN 31:46 | ထိုနောက်သူ၏သားချင်းတို့အားကျောက်တုံး များကိုထပ်ဆင့်၍ပုံစေ၏။ ထိုနောက်သူတို့ သည်ကျောက်ပုံနားတွင်စားသောက်ကြလေသည်။- |
933 | GEN 32:5 | ထိုစေတမန်တို့အား``ကိုယ်တော်၏အစေခံ ယာကုပ်က`ကျွန်ုပ်သည်လာဗန်နှင့်အတူနေ ထိုင်ပြီးယခုမှပြန်ခဲ့ရပါသည်။- |
992 | GEN 34:11 | ထိုနောက်ရှေခင်ကဒိန၏ဖခင်နှင့်အစ်ကို တို့အား``သင်တို့ထံမှမျက်နှာသာရမည်ဆို လျှင်သင်တို့တောင်းသမျှကိုပေးပါမည်။- |
1207 | GEN 41:11 | တစ်ည၌ကျွန်တော်မျိုးတို့တစ်ဦးစီနှင့်သက် ဆိုင်သောအိပ်မက်ကိုမြင်မက်ကြပါသည်။- |
1230 | GEN 41:34 | ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်တွင်ထွက်သမျှ သောကောက်ပဲသီးနှံထဲမှ ငါးပုံတစ်ပုံကို ကောက်ယူသိမ်းဆည်းရန် တစ်ပြည်လုံး၌ကြီး ကြပ်ရေးမှူးများကိုခန့်ထားတော်မူပါ။- |
1263 | GEN 42:10 | သူတို့က``မဟုတ်ပါအရှင်၊ ကိုယ်တော်၏ကျွန် တို့သည်ရိက္ခာဝယ်ယူရန်လာကြပါသည်။- |
1303 | GEN 43:12 | သင်တို့၏စပါးအိတ်ဝများ၌ထည့်ပေးလိုက် သောငွေကိုပြန်ပေးရမည်ဖြစ်၍ ငွေကိုနှစ်ဆ ယူသွားကြလော့။ ပြန်ထည့်ပေးလိုက်သောငွေ မှာမှားပြီးပြန်ထည့်ပေးလိုက်ဟန်တူသည်။- |
1322 | GEN 43:31 | ထိုနောက်သူသည်မျက်နှာသစ်ပြီးလျှင်အပြင် သို့ထွက်လာ၍ မိမိ၏စိတ်ကိုထိန်းလျက်စား သောက်ပွဲကိုပြင်ရန်အမိန့်ပေးလေသည်။- |
1329 | GEN 44:4 | သူတို့သည်မြို့နှင့်မလှမ်းမကမ်းသောအရပ် သို့ရောက်ကြသောအခါယောသပ်က သူ၏အိမ် တော်ဝန်အား``ထိုသူတို့နောက်သို့အမြန်လိုက်လော့။ သူတို့ကိုမီသောအခါ`သင်တို့သည်အဘယ် ကြောင့်ကျေးဇူးရှင်ကိုကျေးစွပ်ရသနည်း။- |
1397 | GEN 46:10 | ရှိမောင်နှင့်သူ၏သားများဖြစ်ကြသောယေ မွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန် အမျိုးသမီးနှင့်ရသောသားရှောလ။- |
1423 | GEN 47:2 | ထိုနောက်သူသည်အစ်ကိုငါးယောက်ကိုရွေး ယူ၍ ဘုရင်ထံသို့ဝင်ရောက်ခစားစေသည်။- |
1424 | GEN 47:3 | ဖာရောဘုရင်ကယောသပ်၏အစ်ကိုတို့ အား``သင်တို့မည်သည့်အလုပ်ကိုလုပ်ကိုင် ကြသနည်း'' ဟုမေးလေ၏။ သူတို့က``ကျွန်တော်မျိုးတို့သည်ဘိုးဘေး များကဲ့သို့သိုးထိန်းများဖြစ်ကြပါသည်။- |
1443 | GEN 47:22 | ယဇ်ပုရောဟိတ်တို့သည်ဘုရင်ထံမှရိက္ခာ အထောက်အပံ့ရသူများဖြစ်သောကြောင့် မိမိ တို့လယ်မြေများကိုရောင်းချရန်မလို။ ထို့ ကြောင့်ယောသပ်သည်သူတို့၏လယ်မြေများ ကိုမဝယ်ယူဘဲချန်လှပ်ထားလေသည်။- |
1527 | GEN 50:20 | အစ်ကိုတို့သည်ကျွန်ုပ်အားမကောင်းကြံခဲ့ ကြပါသော်လည်းဘုရားသခင်က ကျွန်ုပ် တို့ယနေ့တွေ့မြင်ရသည့်အတိုင်းလူများ အသက်ချမ်းသာစေရန်ထိုမကောင်းမှုမှ အကျိုးတရားကိုဖော်ခဲ့တော်မူပြီ။- |
1595 | EXO 3:15 | တစ်ဖန်ထာဝရဘုရားကမောရှေအား``သင် တို့ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားသည် သင်တို့ ထံသို့ငါ့အားစေလွှတ်တော်မူသည်ဟု ဣသရေလအမျိုးသားတို့အားပြောရ မည်။ ဤနာမသည်ထာဝစဉ်ငါ၏နာမ ဖြစ်၏။ နောင်လူမျိုးအဆက်ဆက်တို့သည် ထိုနာမဖြင့်ငါ့အားသိကြလိမ့်မည်။- |
1643 | EXO 5:10 | အုပ်ချုပ်သူတို့နှင့်ဣသရေလအလုပ်ကြပ် တို့က ဣသရေလအမျိုးသားတို့ထံသို့ သွားရောက်၍``ဖာရောဘုရင်က`ငါသည်သင် တို့အားကောက်ရိုးကိုပေးတော့မည်မဟုတ်။- |
1655 | EXO 5:22 | ထိုနောက်မောရှေသည်ထာဝရဘုရားထံတော် သို့``အို အရှင်ဘုရား၊ အဘယ်ကြောင့်ဤသူတို့ ကိုဒုက္ခရောက်စေပါသနည်း။ အကျွန်ုပ်အား အဘယ်ကြောင့်စေလွှတ်တော်မူပါသနည်း။- |
1688 | EXO 7:2 | ငါသည်သင့်အားမိန့်ကြားသမျှကိုအာရုန် အားပြောရမည်။ ဣသရေလအမျိုးသား တို့ကိုအီဂျစ်ပြည်မှထွက်ခွင့်ပြုစေရန် သူ သည်ဖာရောဘုရင်အားလျှောက်ထားရမည်။- |
1754 | EXO 9:11 | အခြားသောအီဂျစ်အမျိုးသားတို့ကဲ့သို့ မှော်ဆရာတို့ကိုယ်ပေါ်တွင်လည်းအနာဆိုး များပေါက်လျက်ရှိသဖြင့် သူတို့သည် မောရှေရှေ့သို့မလာနိုင်ကြတော့ချေ။- |
1803 | EXO 10:25 | မောရှေက``ကျွန်ုပ်တို့၏ထာဝရဘုရားအား ပူဇော်ရန်ယဇ်ကောင်များရှိရပါမည်။- |
1808 | EXO 11:1 | ထာဝရဘုရားက မောရှေအား``ငါသည်အီဂျစ် ဘုရင်နှင့်အီဂျစ်ပြည်သားတို့အားနောက်ဆုံး ဒဏ်ခတ်မည်။ ထိုနောက်သူသည်သင်တို့အား သွားခွင့်ပြုလိမ့်မည်။ စင်စစ်အားဖြင့်သင်တို့ အားလုံးကိုဤပြည်မှနှင်ထုတ်လိမ့်မည်။- |
1821 | EXO 12:4 | အကယ်၍မိမိ၏မိသားစုသည်သိုးကလေး တစ်ကောင် သို့မဟုတ်ဆိတ်ကလေးတစ်ကောင် လုံးကိုစား၍မကုန်နိုင်လျှင် အိမ်နီးချင်း မိသားစုနှင့်ပေါင်းစပ်၍လူတစ်ယောက်စား နိုင်သမျှ စားမည့်သူဦးရေကိုတွက်ချက် ကာတိရစ္ဆာန်တစ်ကောင်ကိုစားသုံးရမည်။- |
1822 | EXO 12:5 | သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။- |
1825 | EXO 12:8 | ထိုညတွင်အသားကိုမီးကင်၍တဆေးမဲ့ မုန့်၊ ခါးသောအရွက်တို့နှင့်စားရကြမည်။- |
1835 | EXO 12:18 | သင်တို့သည်ပထမလတစ်ဆယ့်လေးရက် နေ့ညနေမှ နှစ်ဆယ့်တစ်ရက်နေ့ညနေ တိုင်အောင်တဆေးမဲ့မုန့်ကိုစားရမည်။- |
1943 | EXO 15:22 | ထိုနောက်မောရှေသည်ဣသရေလအမျိုးသား တို့ကို ပင်လယ်နီမှရှုရဟုခေါ်သောတော ကန္တာရသို့ခေါ်ဆောင်သွားလေ၏။ သူတို့သည် တောကန္တာရထဲတွင်သုံးရက်ခရီးသွားခဲ့ ရသော်လည်းလမ်းတွင်ရေကိုမတွေ့ရ။- |
1976 | EXO 16:28 | ထိုအခါထာဝရဘုရားကမောရှေအား``သင် တို့သည် ငါ၏ပညတ်များကိုမည်မျှလောက် ကြာအောင်မလိုက်နာဘဲနေကြမည်နည်း။- |
2017 | EXO 18:17 | ထိုအခါယေသရောကမောရှေအား``သင် ပြုလုပ်နေပုံမှာမတော်မသင့်ပါ။- |
2029 | EXO 19:2 | သူတို့သည်ရေဒိမ်အရပ်မှထွက်ခွာလာပြီး နောက် သိနာတောကန္တာရသို့ဝင်ရောက်ကြ ပြီးတောင်ခြေရင်းတွင်စခန်းချကြသည်။- |
2085 | EXO 21:7 | ``တစ်စုံတစ်ယောက်သောသူသည်သမီးကိုကျွန် အဖြစ်ရောင်းလျှင်၊ ထိုကျွန်မိန်းမသည်ကျွန် ယောကျာ်းတို့ကဲ့သို့လွတ်မြောက်ခွင့်မရနိုင်။- |
2106 | EXO 21:28 | ``နွားတစ်ကောင်သည်လူတစ်ယောက်ကိုဦးချိုဖြင့် ဝှေ့သတ်လျှင် ထိုနွားကိုကျောက်ခဲနှင့်ပစ်သတ်ရ မည်။ ထိုနွား၏အသားကိုမစားရ။ သို့ရာတွင် နွားပိုင်ရှင်ကိုအပြစ်ဒဏ်မပေးရ။- |
2140 | EXO 22:25 | သင်သည်တစ်စုံတစ်ယောက်ထံမှခြုံထည် ကိုအပေါင်ပစ္စည်းအဖြစ်လက်ခံထားလျှင်၊ နေမဝင်မီသူ့အားပြန်ပေးရမည်။- |
2225 | EXO 25:29 | စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရားနှင့်စပျစ် ရည်ဖလားများကိုရွှေဖြင့်ပြုလုပ်ရမည်။- |
2257 | EXO 26:21 | ဘောင်ခွေတစ်ခုစီအောက်တွင်ငွေဖိနပ်နှစ်ခု ကျဖြင့် ငွေဖိနပ်လေးဆယ်ကိုပြုလုပ်ရမည်။- |
2268 | EXO 26:32 | ကန့်လန့်ကာကိုရွှေချိတ်များတပ်ထားသော အကာရှသစ်သားတိုင်လေးတိုင်အပေါ်တွင် ချိတ်ဆွဲထားရမည်။ တိုင်များကိုရွှေချ၍ ငွေဖိနပ်လေးခုတွင်စွပ်ထားရမည်။- |
2283 | EXO 27:10 | ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။- |
2285 | EXO 27:12 | တဲတော်ဝင်းအနောက်ဘက်တွင်နှစ်ဆယ့်ငါးကိုက် ရှည်သောကန့်လန့်ကာကိုချိတ်ဆွဲရန်၊ တိုင်ဆယ် တိုင်နှင့်ဖိနပ်ဆယ်ခုရှိစေရမည်။- |
2302 | EXO 28:8 | ရင်စည်းကိုလည်းအလားတူပစ္စည်းတို့ဖြင့်ချုပ် လုပ်၍ သင်တိုင်းနှင့်တစ်ဆက်တည်းဖြစ်စေရမည်။- |
2306 | EXO 28:12 | ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။- |
2310 | EXO 28:16 | ရင်ဖုံးသည်နှစ်ထပ်ခေါက်လျက်အလျားအနံ ကိုးလက်မစီစတုရန်းဖြစ်ရမည်။- |
2327 | EXO 28:33 | ဝတ်ရုံအောက်နားပတ်လည်တစ်လျှောက်တွင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး သလဲသီးလုံးများနှင့်ရွှေဆည်းလည်းများ ကိုတစ်လုံးကျော်စီတပ်ဆင်ထားရမည်။- |
2379 | EXO 29:42 | ငါစံရာတဲတော်တံခါးဝ၌ဤမီးရှို့ရာ ယဇ်ကို၊ ငါ၏ရှေ့တော်တွင်သားစဉ်မြေးဆက် ပူဇော်ရမည်။ ထိုနေရာတွင်ငါသည်ငါ၏ လူမျိုးတော်နှင့်တွေ့ဆုံစကားပြောမည်။- |
2381 | EXO 29:44 | ငါသည်ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်တို့ကို သန့်ရှင်းစေ၍၊ ယဇ်ပုရောဟိတ်များအဖြစ် ငါ ၏အမှုတော်ကိုဆောင်ရန်အာရုန်နှင့်သူ၏ သားတို့ကိုသီးသန့်ရွေးချယ်ခန့်ထားမည်။- |
2396 | EXO 30:13 | သန်းခေါင်စာရင်းဝင်သူတိုင်းသည်လိုအပ်သော အသက်ဖိုးငွေကို သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်၍ပေးရမည်။ လူတိုင်းထို အခွန်ငွေကိုငါ့အားဆက်ကပ်ရမည်။- |
2511 | EXO 34:14 | ``ငါထာဝရဘုရားသည်ပြိုင်ဖက်ကိုလက် မခံသောဘုရားဖြစ်သောကြောင့် သင်တို့သည် အခြားသောဘုရားကိုမကိုးကွယ်ရ။- |
2512 | EXO 34:15 | သင်တို့သည်ထိုပြည်သားတို့နှင့်မဟာမိတ် မဖွဲ့ရ။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် သူတို့၏ဘုရားများအားရှိခိုးပူဇော်သော အခါ သင်တို့ဖိတ်ခေါ်သဖြင့်၊ သူတို့၏ဘုရား များအားပူဇော်သည့်အစားအစာကိုသင် တို့စားမိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။- |
2624 | EXO 37:19 | အကိုင်းခြောက်လက်မှတစ်လက်စီတွင်ပွင့် ဖူး၊ ပွင့်ချပ်များပါရှိသောဗာဒံပွင့်နှင့်တူ သည့်အလှပန်းပွင့်သုံးပွင့်ရှိလေသည်။- |
2749 | LEV 1:3 | နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။- |
2793 | LEV 3:14 | ထို့နောက်ဝမ်းတွင်းသားများမှရှိသမျှ အဆီ၊ ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်းဆုံးအပိုင်းတို့ကို ထာဝရဘုရားအားဆက်ကပ်ရမည်။- |
2805 | LEV 4:9 | ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်း မှအကောင်းဆုံးအပိုင်းကိုယူရမည်။- |
2814 | LEV 4:18 | တဲတော်အတွင်းရှိနံ့သာပေါင်းမီးရှို့ရာ ပလ္လင်၏ထောင့်များရှိအတက်တို့တွင် နွားသွေး အနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွား သွေးကိုတဲတော်တံခါးဝ၌ရှိသောမီးရှို့ ပူဇော်ရာပလ္လင်ခြေရင်းတွင်လောင်းရမည်။- |
2848 | LEV 5:17 | တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏ ပညတ်တော်တစ်ပါးပါးကိုအမှတ်မထင် ချိုးဖောက်မိလျှင် သူသည်အပြစ်ကူးလွန် သဖြင့်အပြစ်ဒဏ်ကိုပေးဆောင်ရမည်။- |
2861 | LEV 6:4 | ထိုနောက်သူသည်အဝတ်လဲ၍ စခန်းအပြင် ရှိဘာသာရေးထုံးနည်းအရ သန့်စင်ရာ အရပ်သို့ပြာကိုယူဆောင်သွားရမည်။- |
2894 | LEV 7:14 | မုန့်တစ်မျိုးစီမှတစ်ခုကျကို ထာဝရဘုရား အားအထူးလှူဖွယ်အဖြစ်ဆက်ကပ်ရမည်။ ထိုဆက်ကပ်သောမုန့်များသည်ယဇ်ကောင်၏ သွေးကို ယဇ်ပလ္လင်ဘေးသို့ပက်ဖျန်းသောယဇ် ပုရောဟိတ်စားသုံးရန်အတွက်ဖြစ်သည်။- |
2915 | LEV 7:35 | ဤဝေစုသည်အာရုန်နှင့်သူ၏သားတို့ယဇ် ပုရောဟိတ်များအဖြစ် သိက္ခာခံယူသည့်နေ့ ၌ထာဝရဘုရားအားပူဇော်သောယဇ် ကောင်မှရရှိခဲ့သောဝေစုဖြစ်သည်။- |
2920 | LEV 8:2 | ``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။- |
3002 | LEV 11:4 | သို့ရာတွင်ကုလားအုတ်၊ ခွေးတူဝက်တူနှင့် ယုန်တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန် တို့သည်စားမြုံ့ပြန်တတ်သော်လည်းခွာမကွဲ သဖြင့် စားရန်မသန့်ရှင်းဟုမှတ်ယူရမည်။- |
3029 | LEV 11:31 | ထိုသတ္တဝါတို့ကိုဖြစ်စေ၊ ၎င်းတို့၏အသေ ကောင်များကိုဖြစ်စေကိုင်တွယ်မိသူသည် ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။- |
3039 | LEV 11:41 | မြေကြီးပေါ်တွင်တွားသွားတတ်သော သို့ မဟုတ်ခြေလေးချောင်းရှိသော သို့မဟုတ် ခြေလေးချောင်းထက်များသောခြေရှိသော သတ္တဝါငယ်များကိုသင်တို့မစားရ။- |
3095 | LEV 13:42 | သို့ရာတွင်ဆံပင်ပြောင်သောနေရာ၌နီ ဖျော့ဖျော့အနာပေါက်လျှင် ထိုအနာသည် ဆိုးရွားသောအရေပြားရောဂါဖြစ်သည်။- |
3122 | LEV 14:10 | အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။- |
3157 | LEV 14:45 | ထိုအခါအိမ်ကိုဖြိုချ၍ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကိုမြို့ပြင်ရှိအညစ်အကြေး စွန့်ရာအရပ်သို့ယူဆောင်သွားရမည်။- |
3164 | LEV 14:52 | ဤနည်းအားဖြင့်သူသည်ငှက်၏သွေး၊ စမ်း ရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ခက် နှင့်ကြိုးနီစသည်တို့ကိုအသုံးပြု၍အိမ် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။- |
3188 | LEV 15:19 | အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်လျှင် သူသည်ခုနစ်ရက်မသန့်စင်ဘဲရှိ လိမ့်မည်။ သူ့ကိုထိကိုင်မိသောသူသည် ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။- |
3207 | LEV 16:5 | ဣသရေလအမျိုးသားတို့သည် အပြစ် ဖြေရာယဇ်အတွက်ဆိတ်ထီးနှစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုးထီးတစ်ကောင် ကိုအာရုန်ထံသို့ယူဆောင်ခဲ့ရမည်။- |
3351 | LEV 21:5 | ယဇ်ပုရောဟိတ်သည်သေဆုံးသူအတွက် ဝမ်း နည်းသည့်အနေဖြင့်ဆံပင်ကိုကွက်ကျား မရိတ်ရ။ မုတ်ဆိတ်မွေးကိုလည်းမညှပ်ရ။ မိမိကိုယ်ကိုလည်းမလှီးမရှရ။- |
3367 | LEV 21:21 | အာရုန်၏အဆက်အနွယ်ထဲမှကိုယ်အင်္ဂါ တစ်စုံတစ်ခုချွတ်ယွင်းနေသောယဇ်ပုရော ဟိတ်သည် ငါ့အားပူဇော်သကာမဆက်သရ။- |
3391 | LEV 22:21 | တစ်စုံတစ်ယောက်သည်ငါ့အားမိတ်သဟာယ ယဇ်ပူဇော်သည့်အခါ ကတိသစ္စာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ စေတနာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ ငါလက်ခံနိုင်ရန် ယဇ်ကောင်တွင်အနာအဆာကင်းရမည်။- |
3429 | LEV 23:26 | နှစ်စဉ်သတ္တမလ၊ ဆယ်ရက်နေ့၌လူအပေါင်း တို့သည် အပြစ်ပြေရာဝတ်ကိုပြုရမည်။ ထို နေ့၌မည်သည့်အစားအစာကိုမျှမစားရ။ ဝတ်ပြုကိုးကွယ်ရန်စုဝေး၍ ထာဝရဘုရား အားပူဇော်သကာကိုဆက်သရမည်။- |
3433 | LEV 23:30 | ထိုနေ့၌အလုပ်လုပ်သောသူအား ထာဝရ ဘုရားကိုယ်တော်တိုင်သေဒဏ်စီရင်မည်။- |
3513 | LEV 25:43 | သူတို့အပေါ်ညှာတာထောက်ထားသော သဘောထားရှိရမည်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေရမည်။- |
3515 | LEV 25:45 | သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား တို့၏သားသမီးများကိုလည်းဝယ်ယူနိုင် သည်။ သင်တို့၏ပြည်တွင်မွေးဖွားသောယင်း ကလေးများကိုသင်တို့ဝယ်ယူနိုင်သည်။- |
3535 | LEV 26:10 | သင်တို့၏သီးနှံအထွက်တိုးသဖြင့် တစ်နှစ် စာအတွက်ဖူလုံရုံမျှမကသင်တို့သည် စပါးသစ်ကိုသိုလှောင်နိုင်ရန်လက်ကျန် စပါးဟောင်းကိုပင်စွန့်ပစ်ရလိမ့်မည်။- |
3583 | LEV 27:12 | ယဇ်ပုရောဟိတ်သည်တိရစ္ဆာန်ကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ်ရမည်။ ထိုသို့သတ်မှတ် သောတန်ဖိုးသည်အတည်ဖြစ်စေရမည်။- |
3587 | LEV 27:16 | တစ်စုံတစ်ယောက်သောသူသည် မိမိ၏မြေယာ တစ်စိတ်တစ်ဒေသကို ထာဝရဘုရားအားပူ ဇော်ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ထိုမြေ ကွက်တွင်စိုက်ပျိုးနိုင်သော မျိုးစေ့အနည်းအများ အလိုက်တန်ဖိုးကိုဖြတ်ရမည်။ မုယောစပါး မျိုးစေ့တစ်တင်းစိုက်ရသောမြေကွက်ကို ငွေ သားတစ်ဆယ်နှုန်းဖြင့်တန်ဖိုးဖြတ်ရမည်။- |
3594 | LEV 27:23 | ယဇ်ပုရောဟိတ်သည် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်အထိ ကျန်ရှိနေသေး သောနှစ်များကိုရေတွက်၍ လယ်မြေ၏တန်ဖိုး ကိုသတ်မှတ်ရမည်။ ထိုသူသည်လယ်မြေ၏ တန်ဖိုးကို ထိုနေ့၌ပင်ပေးဆောင်ရမည်။ ထို ငွေသည်ထာဝရဘုရားနှင့်ဆိုင်သည်။- |
3597 | LEV 27:26 | နွားဦးပေါက်ဖြစ်စေ၊ သိုးဦးပေါက်ဖြစ်စေ၊ ဆိတ်ဦးပေါက်ဖြစ်စေ၊ ထာဝရဘုရားနှင့် သာဆိုင်သောကြောင့် မည်သူမျှယင်းတို့ကို စေတနာအလျောက်ပူဇော်သကာအဖြစ် ထာဝရဘုရားအားမဆက်သရ။- |
3833 | NUM 6:9 | နာဇရိဂိုဏ်းဝင်တစ်ယောက်၏အနီးတွင် တစ် စုံတစ်ယောက်ရုတ်တရက်သေဆုံးခဲ့သည်ရှိ သော် သူ၏ဆက်ကပ်ထားသောဆံပင်သည် ညစ် ညမ်းသွားလိမ့်မည်။ ယင်းသို့ဖြစ်လျှင်သူသည် ခုနစ်ရက်စောင့်ဆိုင်း၍ ဆံပင်နှင့်မုတ်ဆိတ်မွေး ကိုရိတ်ရမည်။ ထိုအခါသူသည် ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။- |
3947 | NUM 8:7 | သန့်စင်ရေးဆိုင်ရာရေကိုသူတို့၏ကိုယ်ပေါ် တွင်ဖျန်း၍ တစ်ကိုယ်လုံးရှိအမွေးများကို ရိတ်စေပြီးလျှင်အဝတ်များကိုလျှော်ဖွပ် စေရမည်။ ထိုအခါသူတို့သည်ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။- |
3994 | NUM 10:5 | တံပိုးခရာမှအသံပြတ်တောင်းမှုတ်လျှင် အရှေ့ဘက်တွင်စခန်းချသောဣသရေလ အနွယ်တို့ခရီးစထွက်ရကြမည်။- |
3997 | NUM 10:8 | ယဇ်ပုရောဟိတ်များဖြစ်ကြသောအာရုန် ၏သားများက တံပိုးခရာကိုမှုတ်ရမည်။ ``အောက်ပါပညတ်ကိုသင်တို့အမျိုး အစဉ်အဆက်လိုက်နာစောင့်ထိန်းရမည်။- |
4051 | NUM 11:26 | ခေါင်းဆောင်ခုနစ်ဆယ်ထဲမှဧလဒဒ်နှင့်မေဒဒ် ဆိုသူနှစ်ဦးသည် တဲတော်သို့မသွားဘဲစခန်း ထဲတွင်ကျန်ရစ်ခဲ့ကြ၏။ သူတို့အပေါ်သို့ဝိညာဉ် တော်သက်ဆင်းလာသောအခါ သူတို့သည်လည်း ပရောဖက်များကဲ့သို့ကြွေးကြော်ကြသည်။- |