6 | GEN 1:6 | ထိုနောက်ဘုရားသခင်က ``ရေရေချင်းနှစ်ပိုင်း ခွဲခြားတည်ရှိစေရန် မိုးမျက်နှာကြက်ဖြစ်ပေါ် စေ'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ်ပေါ်လာ၏။ ဘုရားသခင်သည်ထိုသို့မိုးမျက်နှာကြက် ကိုဖြစ်ပေါ်စေ၍ မိုးမျက်နှာကြက်ရှိရေနှင့် အောက်ရှိရေကိုပိုင်းခြားတော်မူ၏။- |
24 | GEN 1:24 | တစ်ဖန်ဘုရားသခင်က``ကမ္ဘာမြေကြီးပေါ် တွင် တိရစ္ဆာန်အယဉ်နှင့်တိရစ္ဆာန်အရိုင်းအကြီး အငယ်အမျိုးမျိုးဖြစ်ပွားကြစေ'' ဟုအမိန့် ပေးသည့်အတိုင်းဖြစ်ပွားလာကြ၏။- |
127 | GEN 5:21 | ဧနောက်သည်အသက်ခြောက်ဆယ့်ငါးနှစ်ရှိ သောအခါ သားမသုရှလကိုရလေ၏။- |
172 | GEN 7:12 | ကမ္ဘာမြေကြီးတွင်အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးရွာသွန်းလေ၏။- |
174 | GEN 7:14 | တိရစ္ဆာန်အယဉ်အရိုင်း၊ အကြီးအငယ်အမျိုး မျိုးနှင့် ငှက်အမျိုးမျိုးတို့သည်လည်း သူတို့ နှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။- |
180 | GEN 7:20 | ထိုနောက်တောင်ထိပ်များအထက်သို့နှစ်ဆယ့် ငါးပေအထိရေတက်လာလေ၏။- |
194 | GEN 8:10 | ခုနစ်ရက်စောင့်ဆိုင်းနေပြီးလျှင်ထိုချိုးငှက် ကိုအပြင်သို့တစ်ဖန်လွှတ်လိုက်၏။- |
277 | GEN 11:10 | ရှေမ၏သားစဉ်မြေးဆက်များတို့ကိုဖော်ပြ ပေအံ့။ ရေလွှမ်းမိုးပြီးနောက်နှစ်နှစ်ကြာ၍ရှေမ သည် အသက်တစ်ရာပြည့်သောအခါအာဖာဇဒ် အမည်ရှိသားကိုရရှိလေ၏။- |
279 | GEN 11:12 | အာဖာဇဒ်သည်အသက်သုံးဆယ့်ငါးနှစ်ရှိသော အခါ ရှာလအမည်ရှိသားကိုရ၏။- |
281 | GEN 11:14 | ရှာလသည်အသက်သုံးဆယ်ရှိသောအခါ ဟေဗာအမည်ရှိသားကိုရ၏။- |
285 | GEN 11:18 | ဖာလက်သည်အသက်သုံးဆယ်ရှိသောအခါ ရာဂေါအမည်ရှိသားကိုရ၏။- |
287 | GEN 11:20 | ရာဂေါသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ စေရောက်အမည်ရှိသားကိုရ၏။- |
289 | GEN 11:22 | စေရောက်သည်အသက်သုံးဆယ်ရှိသောအခါ နာခေါ်အမည်ရှိသားကိုရ၏။- |
298 | GEN 11:31 | တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။- |
351 | GEN 14:14 | သူ၏တူဖမ်းဆီးခြင်းခံရကြောင်းကိုကြား သိရသောအခါ အာဗြံသည်သူ၏စခန်းမှ တိုက်ရည်ခိုက်ရည်ရှိသူသုံးရာတစ်ဆယ့်ရှစ် ယောက်တို့ကိုစုရုံးပြီးလျှင် ဘုရင်လေးပါး နောက်သို့ဒန်မြို့တိုင်အောင်လိုက်လေ၏။- |
395 | GEN 16:13 | ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။- |
504 | GEN 20:8 | နောက်တစ်နေ့နံနက်စောစော၌အဘိမလက် သည် သူ၏အရာရှိအပေါင်းတို့ကိုဆင့်ခေါ်၍ အဖြစ်အပျက်အလုံးစုံကိုပြောပြသည့် အခါ သူတို့သည်အလွန်ကြောက်ရွံ့ကြ၏။- |
561 | GEN 22:13 | ထိုနောက်အာဗြဟံသည်မော်၍ကြည့်လိုက်သော အခါ ချုံထဲတွင်ဦးချိုငြိနေသောသိုးထီးတစ် ကောင်ကိုမြင်ရလေသည်။ သူသည်သွား၍ထိုသိုး ကိုယူဆောင်ခဲ့ပြီးလျှင် သား၏ကိုယ်စားမီးရှို့ ရာယဇ်ကောင်အဖြစ်ပူဇော်လေ၏။- |
660 | GEN 25:1 | အာဗြဟံသည်ကေတုရနာမည်ရှိသော မိန်းမနှင့်နောက်ထပ်အိမ်ထောင်ပြု၏။- |
692 | GEN 25:33 | ယာကုပ်က``သင်၏သားဦးအရာကိုပေးမည် ဟုဦးစွာကတိသစ္စာဆိုပါ'' ဟုပြောသည်။ ဧသောသည်ကတိသစ္စာဆို၍သားဦး အရာကိုယာကုပ်အားပေးလိုက်၏။- |
711 | GEN 26:18 | အာဗြဟံလက်ထက်ကတူးဖော်ခဲ့၍အာဗြဟံ ကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့မြေဖို့ ခဲ့ကြသောရေတွင်းများကို သူသည်တစ်ဖန်တူး ဖော်၍ထိုရေတွင်းများကိုသူ၏ဖခင်မှည့်ခေါ် သောနာမည်များဖြင့်မှည့်ခေါ်လေ၏။- |
786 | GEN 28:12 | ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။- |
952 | GEN 32:24 | သားမယားတို့နှင့်အတူပိုင်သမျှဥစ္စာပစ္စည်း တို့ကိုတစ်ဖက်ကမ်းသို့ပို့လေ၏။- |
959 | GEN 32:31 | ယာကုပ်က``ငါသည်ဘုရားသခင်ကိုမျက်နှာ ချင်းဆိုင်ဖူးတွေ့ရသော်လည်း အသက်ချမ်း သာရလျက်ရှိသေး၏'' ဟုဆို၍ထိုအရပ် ကိုပေနွေလဟုသမုတ်လေ၏။- |
1031 | GEN 35:19 | ရာခေလကွယ်လွန်သော်ဗက်လင်မြို့ဟုခေါ် တွင်သော ဧဖရတ်မြို့သို့သွားရာလမ်းအနီး တွင်သူ့အလောင်းကိုသင်္ဂြိုဟ်ကြလေ၏။- |
1149 | GEN 38:29 | သို့ရာတွင်ကလေးသည်လက်ကိုပြန်ရုပ်ရာအခြား အမြွှာသားကဦးစွာဖွားမြင်လာလေသည်။ ထို အခါဝမ်းဆွဲက``သင်သည်နိုင်လိုမင်းထက်ပြု၍ ထွက်လာသည်'' ဟုဆို၏။ ထိုကြောင့်ထိုကလေး အားဖာရက်ဟုနာမည်မှည့်ကြ၏။- |
1249 | GEN 41:53 | အီဂျစ်ပြည်တွင်ရိက္ခာပေါကြွယ်ဝသော ခုနစ်နှစ်ကာလကုန်ဆုံးလေ၏။- |
1309 | GEN 43:18 | ညီအစ်ကိုတို့သည်ယောသပ်အိမ်သို့လိုက်ပါ လာကြစဉ်``ပထမအခေါက်တွင်ငါတို့၏ စပါးအိတ်များ၌ငွေများပြန်ထည့်ပေးလိုက် သည့်ကိစ္စကိုအကြောင်းပြုပြီးလျှင် သူတို့ သည်ငါတို့အားဖမ်းဆီးလျက်မြည်းများကို သိမ်းယူ၍သူ့ထံ၌ကျွန်ခံစေလိမ့်မည်'' ဟု တွေးတောကာစိုးရိမ်ကြောက်ရွံ့ကြ၏။- |
1328 | GEN 44:3 | နံနက်မိုးလင်းသောအခါသူတို့သည်မြည်း များနှင့်တကွထွက်သွားကြလေ၏။- |
1337 | GEN 44:12 | အိမ်တော်ဝန်သည်ညီအစ်ကိုတို့တွင်အသက် အကြီးဆုံးမှအငယ်ဆုံးအထိ အစဉ်လိုက် တစ်ဦးစီ၏အိတ်ကိုရှာဖွေရာဗင်္ယာမိန် အိတ်တွင်ဖလားကိုတွေ့ရလေ၏။- |
1365 | GEN 45:6 | တိုင်းပြည်တွင်အစာခေါင်းပါးခြင်းကပ်ဆိုက် သည်မှာ ယခုနှစ်နှစ်မျှသာရှိသေးသည်။ ထွန် ယက်စိုက်ပျိုးခြင်းနှင့်စပါးရိတ်သိမ်းခြင်းမပြု လုပ်နိုင်သောနှစ်ငါးနှစ်ကျန်သေး၏။- |
1381 | GEN 45:22 | သူသည်ညီအစ်ကိုတစ်ယောက်စီတစ်ယောက် စီတို့အားအဝတ်အထည်တစ်စုံကျပေး၏။ ဗင်္ယာမိန်အတွက်မူကားငွေသားသုံးရာနှင့် အဝတ်အထည်ငါးစုံပေးလေ၏။- |
1777 | EXO 9:34 | ထိုသို့မိုးမရွာ၊ မိုးကြိုးသံနှင့်မိုးသီးများ ရပ်စဲသည်ကိုဘုရင်မြင်သောအခါ သူနှင့် တကွသူ၏မှူးမတ်တို့သည်ကတိမတည် ဘဲ ခေါင်းမာမြဲခေါင်းမာလျက်ရှိကြ၏။- |
1829 | EXO 12:12 | ``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။- |
1861 | EXO 12:44 | သို့သော်အရေဖျားလှီးခြင်းမင်္ဂလာကို ခံ ပြီးသောငွေဝယ်ကျွန်သည်စားနိုင်၏။- |
1911 | EXO 14:21 | မောရှေသည်ပင်လယ်ပေါ်သို့လက်ကိုဆန့် လိုက်ရာ ထာဝရဘုရားသည်အရှေ့ဘက် မှလေပြင်းကိုတစ်ညလုံးတိုက်ခတ်စေ သဖြင့် ပင်လယ်ရေကွဲ၍အောက်ခြေ၌ ခြောက်သွေ့သောမြေပေါ်စေတော်မူ၏။- |
1994 | EXO 17:10 | ယောရှုသည်မောရှေမှာကြားသည့်အတိုင်း အာမလက်အမျိုးသားတို့ကိုတိုက်ခိုက်ရန် စစ်ချီသွားနေစဉ်မောရှေ၊ အာရုန်နှင့်ဟုရ တို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏။- |
2001 | EXO 18:1 | မိဒျန်ပြည်မှယဇ်ပုရောဟိတ်ဖြစ်သူမောရှေ ၏ယောက္ခမယေသရောသည် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်တော်မူ ခဲ့စဉ်က မောရှေနှင့်ဣသရေလအမျိုးသား တို့အားထာဝရဘုရားမည်ကဲ့သို့ကျေးဇူး ပြုတော်မူကြောင်းကိုကြားသိရ၏။- |
2008 | EXO 18:8 | မောရှေကထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုကယ်တင်ရန်အလို့ငှါ အီဂျစ်ဘုရင်နှင့်အီဂျစ်အမျိုးသားတို့ အပေါ်ပြုတော်မူပုံအကြောင်းအရာအားလုံး ကို ယေသရောအားပြောပြ၏။ ထို့အပြင် ဣသရေလအမျိုးသားတို့ရင်ဆိုင်ခဲ့ရ သောအခက်အခဲများနှင့်တကွ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ကိုကယ်တင်ခဲ့ကြောင်းကိုပြောပြ၏။- |
2193 | EXO 24:15 | မောရှေသည်တောင်ပေါ်သို့တက်သွားသောအခါ မိုးတိမ်သည်တောင်ကိုဖုံးလွှမ်းလေ၏။- |
2562 | EXO 35:30 | မောရှေက ဣသရေလအမျိုးသားတို့ အား``ထာဝရဘုရားသည်ယုဒအနွယ် ဟုရ၏မိသားစုမှ ဥရိ၏သားဗေဇ လေလကိုရွေးချယ်ထားတော်မူ၏။- |
2582 | EXO 36:15 | တစ်ဆယ့်တစ်ထည်စလုံးအလျားအနံတူ ဖြစ်၍၊ တစ်ထည်စီသည်အလျားတစ်ဆယ့် ငါးကိုက်နှင့်အနံနှစ်ကိုက်ရှိ၏။- |
2612 | EXO 37:7 | သေတ္တာအဖုံးအစွန်းတစ်ဘက်စီပေါ်တွင်၊ ရွှေ စင်ဖြင့်ခေရုဗိမ်ရုပ်နှစ်ရုပ်ကိုထုလုပ်၏။ ခေ ရုဗိမ်ရုပ်များကိုလည်းသေတ္တာတော်အဖုံး နှင့်တစ်သားတည်းရှိအောင်ပြုလုပ်၏။- |
2637 | EXO 38:3 | ပလ္လင်နှင့်ဆိုင်သည့်ပစ္စည်းများဖြစ်သောပြာနှင့် အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီးကျီးခံ အိုးတို့ကိုကြေးဝါဖြင့်ပြုလုပ်၏။- |
2645 | EXO 38:11 | မြောက်ဘက်ကန့်လန့်ကာသည်လည်း၊ တောင် ဘက်ကန့်လန့်ကာအတိုင်းပင်ဖြစ်၏။- |
2663 | EXO 38:29 | လူတို့လှူဒါန်းသောကြေးဝါချိန်စုစုပေါင်း မှာ ငါးထောင်သုံးရာ့တစ်ဆယ်ပေါင်ဖြစ်၏။- |
2685 | EXO 39:20 | သူတို့သည်ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြု လုပ်၍၊ လှပစွာရက်ထားသောရင်စည်း အထက်၊ သင်တိုင်း၏ပခုံးကြိုးနှစ်ခုအရှေ့ အနားပတ်အနီးတွင်တပ်ထား၏။- |
2697 | EXO 39:32 | နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။- |
2739 | EXO 40:31 | ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းမောရှေ၊ အာရုန်နှင့်သူ၏သားများသည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်သောအခါ၌ လည်းကောင်း၊ ယဇ်ပလ္လင်ရှိရာသို့ချဉ်းကပ်သော အခါ၌လည်းကောင်း သူတို့၏ခြေလက်များ ကိုထိုနေရာတွင်ဆေးကြောကြ၏။- |
2888 | LEV 7:8 | မီးရှို့ရာယဇ်ကောင်၏သားရေသည် ယဇ်ပူဇော် သောယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။- |
2925 | LEV 8:7 | အာရုန်အားအင်္ကျီ၊ ဝတ်ရုံနှင့်ခါးပန်းကို ခါးတွင်ဝတ်ဆင်ပေး၏။ ထိုနောက်သင်တိုင်း ကိုဝတ်ပေး၍လှပစွာရက်ထားသောခါး စည်းဖြင့်သင်တိုင်းကိုချည်နှောင်ပေး၏။- |
3825 | NUM 6:1 | ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား အောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။- |
4030 | NUM 11:5 | ငါတို့သည်အီဂျစ်ပြည်တွင် ငါးကိုအဖိုး အခမပေးရဘဲလိုသလောက်စားရ၏။ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်းစားရ၏။- |
4039 | NUM 11:14 | ဤသူအပေါင်းတို့အတွက်အကျွန်ုပ်တစ်ဦး တည်းကတာဝန်မယူနိုင်ပါ။ ထိုတာဝန် သည်အကျွန်ုပ်အတွက်ကြီးလွန်းပါ၏။- |
4058 | NUM 11:33 | ငုံးငှက်သားပေါများလျက်ရှိသေးချိန်တွင် ထာဝရဘုရားသည်အမျက်ထွက်၍သူ တို့တွင်ကပ်ရောဂါကျရောက်စေ၏။- |
4145 | NUM 14:36 | ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းရန်မောရှေ စေလွှတ်သောသူတို့သည် မမှန်သတင်းကိုယူ ဆောင်ခဲ့ကြသဖြင့် ကြားရသောသူတို့သည် ထာဝရဘုရားအားအပြစ်တင်ညည်းတွား ကြ၏။ ထို့ကြောင့်ထာဝရဘုရားသည်မမှန် သတင်းယူဆောင်လာခဲ့သူတို့အား ကပ် ရောဂါဖြင့်သေဆုံးစေတော်မူ၏။- |
4227 | NUM 16:32 | သူတို့နှင့်တကွသူတို့၏သားမယားများ၊ ကောရ၏နောက်လိုက်များနှင့်သူတို့ပိုင်ဆိုင် သမျှပစ္စည်းများကိုမြေမျိုလေ၏။- |
4349 | NUM 21:8 | ထိုအခါထာဝရဘုရားကမောရှေအား သတ္တု မြွေရုပ်ကိုပြုလုပ်၍တိုင်ထိပ်တွင်တင်ထားရန် ခိုင်းစေတော်မူ၏။ မြွေကိုက်ခံရသောသူသည် မြွေရုပ်ကိုကြည့်လျှင် အသက်ချမ်းသာရာရ မည်ဖြစ်ကြောင်းဆင့်ဆိုစေတော်မူ၏။- |
4928 | DEU 1:34 | ``ထာဝရဘုရားသည်သင်တို့၏ညည်းညူ သံကိုကြားရသောအခါအမျက်ထွက်လျက် အလေးအနက်ကြေညာတော်မူ၏။- |
4992 | DEU 3:15 | ``မနာရှေအနွယ်ဝင်မာခိရအမျိုးသား တို့အား ဂိလဒ်မြို့ကိုငါခွဲဝေပေး၏။- |
5111 | DEU 6:23 | ငါတို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း ငါတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှလွတ်မြောက်စေပြီးလျှင် ဤပြည် တွင်နေထိုင်ရန်ပို့ဆောင်တော်မူ၏။- |
5507 | DEU 23:6 | သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ကိုချစ်သောကြောင့်ဗာ လမ်၏ကျိန်ဆဲခြင်းကိုလက်ခံတော်မမူ။ သူသည်သင်တို့အားကျိန်ဆဲစေမည့် အစားကောင်းချီးပေးစေတော်မူ၏။- |
5846 | DEU 34:5 | သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ကိုယ်တော်၏အစေခံမောရှေသည် မောဘပြည်တွင်အနိစ္စရောက်လေ၏။- |
5927 | JOS 4:15 | ထိုနောက်ထာဝရဘုရားသည်ပဋိညာဉ် သေတ္တာတော်ကို ပင့်ဆောင်သောယဇ်ပုရော ဟိတ်များယော်ဒန်မြစ်ထဲမှတက်လာရန် ယောရှုအားဆင့်ဆိုစေတော်မူ၏။- |
5958 | JOS 6:7 | ရှေ့ဆုံးမှတပ်သားများ၊ ထိုနောက်ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်၊ နောက်ဆုံး တွင်လူတို့လိုက်ပါလျက် မြို့ကိုပတ်၍ချီ တက်ရန်ယောရှုအမိန့်ပေးလေ၏။- |
6015 | JOS 8:11 | သူနှင့်အတူလိုက်ပါလာသောစစ်သူရဲတို့ သည် မြို့တံခါးမဘက်သို့ချီတက်၍မြောက် ဘက်တွင်စခန်းချကြသည်။ သူတို့၏စခန်း နှင့်မြို့အကြားတွင်ချိုင့်ဝှမ်းရှိ၏။- |
6164 | JOS 13:8 | ရုဗင်၊ ဂဒ်နှင့်အခြားမနာရှေအနွယ်ဝင် တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုထာဝရဘုရား၏အစေခံ မောရှေသတ်မှတ်ခွဲဝေပေးသည့်အတိုင်း ရရှိကြပြီးဖြစ်သည်။ ထိုဒေသသည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းဖြစ်၏။- |
6480 | JOS 24:2 | ထိုအခါယောရှုသည်လူအပေါင်းတို့အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကဤသို့မိန့်တော်မူသည်။ `ရှေးအခါက သင်တို့၏ဘိုးဘေးများဖြစ်ကြသောတေရ၊ သူ၏သားအာဗြဟံနှင့်နာခေါ်တို့သည် ဥဖရတ်မြစ်တစ်ဘက်တွင်နေထိုင်၍အခြား သောဘုရားများကိုကိုးကွယ်ကြ၏။- |
6522 | JDG 1:11 | ထိုမှတစ်ဖန်ယုဒအနွယ်ဝင်တို့သည်ထိုစဉ် အခါကကိရယဿေဖာဟုနာမည်တွင်သည့် ဒေဗိရမြို့သို့ချီတက်ကြ၏။- |
6553 | JDG 2:6 | ယောရှုသည်ဣသရေလအမျိုးသားတို့ အား လူတိုင်းပင်မိမိတို့ဝေစုကျရာမြေ ယာကိုသိမ်းယူရန်ထွက်သွားစေ၏။- |
6585 | JDG 3:15 | ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။- |
6603 | JDG 4:2 | သို့ဖြစ်၍ထာဝရဘုရားသည်ဟာဇာမြို့ ၌မင်းပြုသူခါနာန်ဘုရင်ရာဘိန်အား သူတို့ ကိုတိုက်ခိုက်အောင်မြင်စေတော်မူ၏။ ထိုမင်း ၏စစ်သူကြီးမှာလူမျိုးခြားတို့နေရာ၊ ဟာ ရောရှက်မြို့သားသိသရဖြစ်၏။- |
6715 | JDG 7:19 | ဂိဒေါင်နှင့်သူ၏တပ်သားတစ်ရာတို့သည် ရန်သူ့တပ်စခန်းအစွန်သို့ သန်းခေါင်အချိန် မတိုင်မီအစောင့်ကင်းလဲပြီးစအခါ၌ ရောက်ရှိလာကြ၏။ ထိုအခါသူတို့သည် တံပိုးခရာမှုတ်၍ မိမိတို့ကိုင်ဆောင်ထား သောအိုးတို့ကိုခွဲပစ်လိုက်ကြ၏။- |
6761 | JDG 9:5 | သြဖရမြို့ရှိဖခင်၏အိမ်သို့သွား၍ဂိဒေါင် ၏သားများဖြစ်ကြသော မိမိ၏ညီအစ်ကို ခုနစ်ဆယ်တို့ကိုကျောက်တုံးတစ်ခုတည်း ပေါ်၌သတ်လေသည်။ သို့ရာတွင်ဂိဒေါင်၏ သားထွေးယောသံသည် ပုန်းရှောင်နေသော ကြောင့်အသက်ဘေးမှလွတ်မြောက်သွား၏။- |
6774 | JDG 9:18 | သို့ရာတွင်သင်တို့သည်ယနေ့ပင်လျှင်သူ၏ အိမ်ထောင်စုအား ဆန့်ကျင်ဘက်ပြုခဲ့ကြ လေပြီ။ သူ၏သားခုနစ်ဆယ်ကိုကျောက်တုံး တစ်ခုတည်းအပေါ်၌သတ်ပစ်ခဲ့ကြလေ ပြီ။ ကျွန်မိန်းမနှင့်ရသောသားအဘိမလက် သည်သင်တို့၏ဆွေမျိုးသားချင်းဖြစ်ကာ မျှဖြင့် သူ့အားသင်တို့မင်းမြှောက်ခဲ့ကြ၏။- |
6848 | JDG 11:17 | ထိုအခါသူတို့သည်ဧဒုံဘုရင်ထံသို့စေ တမန်များကိုလွှတ်၍ ဧဒုံပြည်ကိုဖြတ်သွား ခွင့်ပြုရန်လျှောက်ထားကြ၏။ သို့ရာတွင်ဧဒုံ ဘုရင်ကခွင့်ပြုတော်မမူ။ သူတို့သည်မောဘ ဘုရင်အားလည်းထိုနည်းတူလျှောက်ထားကြ ပြန်၏။ ထိုဘုရင်ကလည်းခွင့်မပြုချေ။ သို့ ဖြစ်၍ဣသရေလအမျိုးသားတို့သည်ကာ ဒေရှမြို့တွင်နေထိုင်ရကြ၏။- |
6876 | JDG 12:5 | ဧဖရိမ်ပြည်သားတို့မလွတ်မြောက်နိုင်စေ ရန်ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ် တစ်ဘက်ကမ်းသို့ကူးဖြတ်နိုင်သည့်နေ ရာရှိသမျှကိုသိမ်းထားကြ၏။- |
7016 | JDG 18:21 | သူတို့သည်ပြန်လှည့်ပြီးလျှင်ထွက်ခွာ သွားကြ၏။ မိမိတို့၏သားသမီးများ၊ တိရစ္ဆာန်များနှင့်ဝန်စည်စလယ်များကို ရှေ့မှအလျင်သွားနှင့်စေကြ၏။- |
7025 | JDG 18:30 | ဒန်အမျိုးသားတို့သည်မိက္ခာပြုလုပ်သည့်ရုပ် တုကိုတည်ထားပြီးလျှင် ဝတ်ပြုကိုးကွယ် ကြလေသည်။ မောရှေ၏မြေး၊ ဂေရရှုံ၏ သားယောနသန်က သူတို့၏ယဇ်ပုရော ဟိတ်အဖြစ်ဖြင့်ဆောင်ရွက်လေသည်။ သူ၏ သားစဉ်မြေးဆက်တို့သည်လည်း ဣသရေလ အမျိုးသားတို့ဖမ်းဆီးသိမ်းသွားခြင်း ခံရချိန်တိုင်အောင် သူတို့၏ယဇ်ပုရော ဟိတ်များအဖြစ်ဖြင့်ဆောင်ရွက်ကြ၏။- |
7105 | JDG 21:1 | မိဇပါမြို့၌စုရုံးစဉ်အခါကဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား``ဗင်္ယာ မိန်အမျိုးသားတစ်စုံတစ်ယောက်ကိုမျှအကျွန်ုပ် တို့၏သမီးနှင့်လက်ထပ်ထိမ်းမြားခွင့်ပြုမည် မဟုတ်ပါ'' ဟုကျိန်ဆိုကတိပြုခဲ့ကြ၏။- |
7143 | RUT 1:14 | သူတို့သည်လည်းတစ်ဖန်ငိုကြွေးကြ၏။ ထို နောက်သြရပသည် မိမိ၏ယောက္ခမအား နမ်းရှုတ်နှုတ်ဆက်ပြီးလျှင်အိမ်သို့ပြန်လေ၏။ ရုသမူကားမပြန်ဘဲနေ၏။- |
7298 | 1SA 3:20 | သို့ဖြစ်၍ရှမွေလသည်ထာဝရဘုရား၏ ပရောဖက်အမှန်ပင်ဖြစ်ကြောင်းကို တိုင်းပြည် တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသရေလ အမျိုးသားအပေါင်းတို့သိကြ၏။- |
7344 | 1SA 6:11 | ပဋိညာဉ်သေတ္တာတော်ကိုရွှေကြွက်ရုပ်နှင့် ရွှေအနာစိမ်းရုပ်တုပုံများ ပါရှိသည့်သေတ္တာ နှင့်အတူလှည်းပေါ်သို့တင်ကြ၏။- |
7418 | 1SA 9:25 | သူတို့သည်ဝတ်ပြုကိုးကွယ်ရာဌာနမှမြို့ သို့ပြန်၍ဆင်းသွားကြသောအခါ ရှောလု အတွက်အိမ်ခေါင်မိုးပေါ်တွင် အိပ်ရာတစ်ခုကိုခင်းပေးကြ၏။- |
7431 | 1SA 10:11 | သူ့အားယခင်ကသိရှိခဲ့ကြသောလူ တို့သည် ရှောလုဤသို့ကခုန်ဟစ်အော်နေ သည်ကိုမြင်လျှင်``ကိရှ၏သားကားအဘယ် သို့ဖြစ်လေပြီနည်း။ ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟု အချင်းချင်းပြောဆိုမေးမြန်းကြ၏။- |
7494 | 1SA 13:7 | အချို့တို့ကမူယော်ဒန်မြစ်ကိုဖြတ်ကူး ကာဂဒ်နှင့်ဂိလဒ်နယ်များသို့ထွက်ပြေး ကြ၏။ ရှောလုသည်ဂိလဂါလမြို့တွင်ပင်ရှိနေ သေး၏။ သူနှင့်အတူရှိသည့်တပ်သားတို့ သည်ကြောက်လန့်တုန်လှုပ်လျက်နေကြ၏။- |
7498 | 1SA 13:11 | ရှမွေလက``သင်သည်အဘယ်သို့ပြုသနည်း'' ဟုမေး၏။ ရှောလုက``လူတို့သည်အကျွန်ုပ်ထံမှစွန့်ခွာ ထွက်ပြေးလျက်နေကြပါ၏။ အရှင်သည်ချိန်း သောအချိန်၌မပေါ်လာပါ။ ထို့အပြင် ဖိလိတ္တိအမျိုးသားတို့သည်မိတ်မတ်မြို့ တွင်စုရုံးလျက်ရှိနေကြပါ၏။- |
7508 | 1SA 13:21 | ပုဆိန်သွေးခနှင့်လှံတံတပ်ခမှာငွေ သုံးပဲသားဖြစ်၍ ထွန်သွားနှင့်ပေါက်တူး သွေးခမှာငွေသုံးမူးသားဖြစ်၏။- |
7580 | 1SA 15:18 | ယုတ်မာသောထိုအာမလက်အမျိုးသားတို့ အား သုတ်သင်ပစ်ရန်အမိန့်ပေး၍သင့်ကိုစေ လွှတ်ခဲ့၏။ ကိုယ်တော်သည်သူတို့အားတစ် ယောက်မကျန်သတ်ဖြတ်ပြီးသည်တိုင်အောင် စစ်တိုက်ရန်မှာကြားတော်မူခဲ့၏။- |
7633 | 1SA 17:13 | သူ၏သားကြီးသုံးယောက်သည်ရှောလုနှင့်အတူ တိုက်ပွဲဝင်ရန်လိုက်သွားကြ၏။ အကြီးဆုံး သည်ဧလျာဘ၊ ဒုတိယသားမှာအဘိနဒပ်၊ တတိယသားကားရှိမာဖြစ်၏။- |
7642 | 1SA 17:22 | ဒါဝိဒ်သည်မိမိယူဆောင်လာသည့်အစားအစာ များကို ရိက္ခာတာဝန်ခံထံတွင်အပ်ထား၍စစ် မြေပြင်သို့ပြေးသွား၏။ ထိုနောက်မိမိ၏ အစ်ကိုများထံသွားရောက်နှုတ်ဆက်၏။- |
7643 | 1SA 17:23 | ယင်းသို့သူတို့နှင့်စကားပြောနေချိန်၌ ဂေါလျတ်သည် ရှေ့သို့ထွက်လာပြီးလျှင်ဣသ ရေလအမျိုးသားတို့အား မိမိနှင့်တစ်ဦး ချင်းစစ်ထိုးရန်ယခင်ကနည်းတူစိန်ခေါ် လေသည်။ ထိုစိန်ခေါ်သံကိုဒါဝိဒ်ကြား၏။- |
7758 | 1SA 20:26 | သို့သော်ထိုနေ့၌မင်းကြီးသည်အဘယ်သို့ မျှမိန့်မြွက်တော်မမူ။ အကြောင်းတစ်ခုခု ကြောင့်ဒါဝိဒ်သည်ဘာသာရေးကျင့်ဝတ်အရ သန့်စင်မှုမရှိသဖြင့် မလာမရောက်ခြင်း သာဖြစ်မည်ဟုမှတ်ယူတော်မူ၏။- |
7878 | 1SA 25:14 | နာဗလ၏အစေခံတစ်ဦးက နာဗလ၏ ဇနီးအဘိဂဲလအား``ဤအကြောင်းကို သခင်မကြားပြီးပါပြီလော။ ဒါဝိဒ်သည် တောကန္တာရမှနေ၍ ကျွန်တော်တို့၏သခင် ထံသို့စေတမန်တို့ကိုလွှတ်ကာနှုတ်ဆက် ပါ၏။ သို့ရာတွင်သခင်ကထိုသူတို့အား စော်ကားမော်ကားပြောဆိုလိုက်ပါ၏။- |
7882 | 1SA 25:18 | အဘိဂဲလသည်မုန့်အလုံးနှစ်ရာ၊ စပျစ်ရည် အပြည့်ရှိသောသားရေဘူးနှစ်ဘူး၊ သိုးကင် ငါးကောင်၊ ပေါက်ပေါက်နှစ်တင်း၊ စပျစ်သီးခြောက် အပြွတ်တစ်ရာနှင့်သင်္ဘောသဖန်းသီးပျဉ် အပြားနှစ်ရာကို အလျင်အမြန်စုဆောင်း ပြီးလျှင်မြည်းများအပေါ်သို့တင်၏။- |
7907 | 1SA 25:43 | ဒါဝိဒ်သည်ယေဇရေလမြို့သူ အဟိနောင် နှင့်ထိမ်းမြားမင်္ဂလာပြုထားပြီးဖြစ်သော် လည်း ယခုအဘိဂဲလအားလည်းမိမိ၏ ဇနီးအဖြစ်ဖြင့်သိမ်းပိုက်လိုက်၏။- |
7923 | 1SA 26:15 | ဒါဝိဒ်က``အို အာဗနာ၊ သင်သည်ဣသရေလ ပြည်တွင်ခွန်အားအကြီးဆုံးသောသူမဟုတ် ပါလော။ သို့ဖြစ်၍သင်၏အရှင်သခင်ဘုရင် မင်းမြတ်အား အဘယ်ကြောင့်မကာကွယ်မစောင့် ရှောက်ဘဲနေပါသနည်း။ ခုတင်ကပင်လျှင်လူ တစ်ယောက်သည်သင်၏အရှင်သခင်ကိုသတ် ရန်တပ်စခန်းထဲသို့ဝင်ခဲ့၏။- |
7941 | 1SA 27:8 | ထိုကာလအတောအတွင်း၌ဒါဝိဒ်တို့လူစု သည်ဂေရှုရိအမျိုးသား၊ ဂေရဇိအမျိုးသား နှင့်အာမလက်အမျိုးသားတို့၏နယ်မြေများ ကို အီဂျစ်ပြည်အနီးရှုရမြို့တိုင်အောင်သွား ရောက်တိုက်ခိုက်လေ့ရှိ၏။ ထိုအမျိုးသားတို့ သည်ယင်း၏နယ်မြေများတွင်နှစ်ပေါင်းများ စွာနေထိုင်ခဲ့ကြသူများဖြစ်၏။- |
7949 | 1SA 28:4 | ဖိလိတ္တိအမျိုးသားစစ်သည်များသည်ရှုနင် မြို့အနီးတွင်စုရုံး၍တပ်စခန်းချလျက်နေ ကြ၏။ ရှောလုမူကားဣသရေလအမျိုး သားတို့ကိုစုရုံးပြီးလျှင် ဂိလဗောတောင် ထိပ်တွင်တပ်စခန်းချလျက်နေ၏။- |
8031 | 2SA 1:6 | ထိုသူငယ်က``ကျွန်တော်သည်ဂိလဗောတောင် ပေါ်တွင်ရှိနေခိုက်နှင့်ကြုံသဖြင့် ရှောလုမင်း သည်မိမိ၏လှံကိုမှီလျက်နေသည်ကိုလည်း ကောင်း၊ ရန်သူ၏စစ်ရထားများနှင့်မြင်းစီး သူရဲတို့သည်သူ၏အနီးသို့ချဉ်းကပ် လာကြသည်ကိုလည်းကောင်းမြင်ပါ၏။- |