168 | GEN 7:8 | ဘုရားသခင်မိန့်မှာသည့်အတိုင်းသန့်စင်သော တိရစ္ဆာန်နှင့်ငှက်၊ မသန့်စင်သောတိရစ္ဆာန်နှင့်ငှက်မှ တစ်မျိုးလျှင် အဖိုနှင့်အမအစုံတို့သည် နောဧနှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။- |
197 | GEN 8:13 | နောဧအသက်ခြောက်ရာတစ်နှစ်ရှိသောအခါ ပထမလတစ်ရက်နေ့တွင်မြေပြင်ပေါ်၌ရေ ခန်းလေ၏။ နောဧသည်သင်္ဘောအမိုးကိုဖွင့်၍ အပြင်ဘက်သို့မျှော်ကြည့်သည့်အခါမြေ ပြင်မှာခြောက်သွေ့စရှိကြောင်းတွေ့မြင်ရ၏။- |
270 | GEN 11:3 | ထိုအခါသူတို့က``လာကြ၊ ခိုင်မာသောအုတ် များကိုဖုတ်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ဖြစ် ၍သူတို့သည် ဆောက်လုပ်ရန်အုတ်နှင့်အုတ်များ ကိုထိန်းထားရန်ကတ္တရာကိုရရှိကြ၏။- |
314 | GEN 12:15 | နန်းတော်မှမှူးမတ်အချို့တို့ကလည်းစာရဲ ၏ရုပ်ရည်အလှကိုမြင်ရ၍ ဖာရောဘုရင် ထံသို့သံတော်ဦးတင်ကြသဖြင့် သူမသည် နန်းတော်သို့ခေါ်ဆောင်ခြင်းကိုခံရလေ၏။- |
316 | GEN 12:17 | သို့သော်လည်းဘုရင်က စာရဲကိုသိမ်းပိုက် မိခြင်းကြောင့်ထာဝရဘုရားသည်ဘုရင်နှင့် တကွ နန်းတွင်းသားတို့အားကြောက်မက်ဖွယ် သောရောဂါဆိုးဒဏ်ကိုခံစေတော်မူ၏။- |
340 | GEN 14:3 | ဤဘုရင်ငါးပါးတို့သည်မဟာမိတ်ဖွဲ့၍ ယခုအခါပင်လယ်သေဟုခေါ်သော စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စစ်စခန်းချလျက်ရှိကြ၏။- |
383 | GEN 16:1 | အာဗြံ၏မယားစာရဲတွင်သားတစ်ယောက်မျှ မထွန်းကားချေ။ စာရဲ၌ဟာဂရအမည်ရှိ သောအီဂျစ်ပြည်သူကျွန်မတစ်ယောက်ရှိ၏။- |
546 | GEN 21:32 | ဗေရရှေဘအရပ်တွင်သူတို့ကတိသစ္စာ ဆိုပြီးသည့်နောက် အဘိမလက်နှင့်ဖိကော လတို့သည်ဖိလိတ္တိပြည်သို့ပြန်ကြလေ၏။- |
558 | GEN 22:10 | ထိုနောက်သားကိုသတ်ရန်ဋ္ဌားကိုယူလိုက်၏။- |
658 | GEN 24:66 | အစေခံကလည်းမိမိဆောင်ရွက်ခဲ့သမျှကို ဣဇာက်အားအကုန်အစင်ပြောပြလေ၏။- |
725 | GEN 26:32 | ဣဇာက်၏အစေခံတို့ကသူတို့တူးသောရေ တွင်းရေထွက်ကြောင်းဣဇက်အားပြောပြကြ၏။- |
884 | GEN 31:10 | ``တိရစ္ဆာန်များမိတ်လိုက်ချိန်၌ငါသည်အိပ်မက် မြင်မက်ရာအိပ်မက်ထဲတွင်မိတ်လိုက်နေသော တိရစ္ဆာန်အထီးတို့သည် အကွက်၊ အပြောက်၊ အကျားများပါရှိသည်ကိုငါမြင်ရ၏။- |
903 | GEN 31:29 | ငါသည်သင့်အားဘေးဒုက္ခရောက်စေနိုင်၏။ သို့ရာတွင်ယမန်နေ့ည၌ သင့်အဖ၏ဘုရား ကသင့်အားမည်သို့မျှမခြိမ်းခြောက်ရဟု ငါ့ကိုသတိပေးမိန့်မှာတော်မူခဲ့၏။- |
940 | GEN 32:12 | အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။- |
986 | GEN 34:5 | ယာကုပ်သည်သူ၏သမီးဒိနမတရားပြု ကျင့်ခံရကြောင်းကိုကြားသိရသော်လည်း သူ ၏သားတို့သည်တိရစ္ဆာန်များကိုစားကျက်၌ ထိန်းကျောင်းရာမှပြန်မရောက်ကြသေးသဖြင့် မည်သို့မျှမပြောဘဲဆိတ်ဆိတ်နေလေ၏။- |
1123 | GEN 38:3 | သူ့မယားသည်သားတစ်ယောက်ကိုဖွားလျှင် ထိုသားကိုဧရဟုနာမည်မှည့်လေ၏။- |
1380 | GEN 45:21 | ယာကုပ်၏သားတို့သည်ဖာရောဘုရင်မိန့်သမျှ အတိုင်းဆောင်ရွက်ကြ၏။ ယောသပ်သည်ဖာရော ဘုရင်အမိန့်အရသူတို့အားလှည်းများနှင့် လမ်းခရီးတွင်စားသုံးရန်ရိက္ခာကိုပေးလေ၏။- |
1514 | GEN 50:7 | သို့ဖြစ်၍ယောသပ်သည် သူ၏အဖကိုသင်္ဂြိုဟ် ခြင်းငှာသွားလေ၏။ ဖာရောဘုရင်၏အရာ ရှိများ၊ နန်းတော်မှအကြီးအကဲများနှင့် အီဂျစ်ပြည်မှအရာရှိအပေါင်းတို့သည် ယောသပ်နှင့်အတူလိုက်ပါပို့ဆောင်ကြ၏။- |
1588 | EXO 3:8 | အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။- |
1626 | EXO 4:24 | လမ်းခရီးတို့တွင်စခန်းချရာတစ်နေရာ၌ ထာဝရဘုရားသည်မောရှေနှင့်တွေ့ဆုံ၍ သူ့အားအဆုံးစီရင်ရန်ပြုတော်မူ၏။- |
1717 | EXO 8:2 | ထို့ကြောင့်အာရုန်သည်ရေပြင်ရှိသမျှပေါ် သို့သူ၏လက်ကိုဆန့်သဖြင့် ဖားများအလွန် မြောက်မြားစွာတက်လာ၍အီဂျစ်တစ်ပြည် လုံးတွင်ဖားတို့ဖြင့်ပြည့်နှက်လျက်ရှိလေ၏။- |
1897 | EXO 14:7 | သူသည်တပ်မှူးများဦးစီးသောလက်ရွေး စင်စစ်ရထားခြောက်ရာအပါအဝင် စစ် ရထားအားလုံးကိုစုရုံးချီတက်စေ၏။- |
1900 | EXO 14:10 | အီဂျစ်ဘုရင်၏စစ်တပ်ချီတက်လာသည်ကို ဣသရေလအမျိုးသားတို့မြင်ရသောအခါ အလွန်ကြောက်ရွံ့၍ထာဝရဘုရားအား ကယ်မတော်မူရန်အော်ဟစ်တောင်းပန်ကြ၏။- |
2459 | EXO 32:20 | သူသည်သူတို့လုပ်သောနွားရုပ်ကိုအရည် ကျို၍၊ အမှုန့်ထောင်းပြီးလျှင်၊ အမှုန့်ကိုရေ ပေါ်၌ဖြူးလေ၏။ ထိုနောက်ဣသရေလ အမျိုးသားတို့အားထိုရေကိုသောက်စေ၏။- |
2530 | EXO 34:33 | သူသည်ဣသရေလအမျိုးသားတို့အား စကားပြောဆိုပြီးသောအခါ၊ သူ၏ မျက်နှာကိုပဝါဖြင့်ဖုံးအုပ်ထားလေ၏။- |
2553 | EXO 35:21 | ထာဝရဘုရားအားလှူဖွယ်ဝတ္ထုဆက်ကပ် ရန် စိတ်စေတနာရှိသူအပေါင်းတို့သည်၊ ထာ ဝရဘုရားစံတော်မူရာတဲတော်အတွက်၊ လှူ ဖွယ်ဝတ္ထုများကိုယူဆောင်လာကြ၏။ သူတို့ သည်ဘုရားဝတ်ပြုရာ၌လိုအပ်သောပစ္စည်း၊ ယဇ်ပုရောဟိတ်တို့၏အဝတ်အထည်များ ပြုလုပ်ရန်ပစ္စည်းများကိုယူဆောင်ခဲ့ကြ၏။- |
2556 | EXO 35:24 | ငွေသို့မဟုတ်ကြေးဝါလှူနိုင်သူတို့ကထာဝရ ဘုရားအားထိုပစ္စည်းများကိုဆက်ကပ်ကြ၏။ အကာရှသစ်ရှိသူတို့က၊ ဆောက်လုပ်ရာ၌ အသုံးပြုရန်ထိုပစ္စည်းကိုဆက်ကပ်ကြ၏။- |
2638 | EXO 38:4 | ကြေးဝါဆန်ခါကို၊ ပလ္လင်အနားအောက် အမြင့်ထက်ဝက်နေရာတွင်တပ်ဆင်ထား၏။- |
2668 | EXO 39:3 | အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့တွင်အပြားခတ်ထားသောရွှေ မှလှီးသောရွှေကြိုးများဖြင့်ရက်လုပ်ထား၏။- |
2695 | EXO 39:30 | သူတို့သည် ``ထာဝရဘုရားအားဆက်ကပ် ထားသည်'' ဟူသောကမ္ပည်းစာတမ်းထွင်း ထားသည်ရွှေနဖူးစည်းကိုပြုလုပ်ကြ၏။- |
2735 | EXO 40:27 | ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပလ္လင်ပေါ်တွင်နံ့သာပေါင်းကိုမီးရှို့လေ၏။- |
2845 | LEV 5:14 | ထာဝရဘုရားသည်မောရှေအား အောက်ပါ ပြဋ္ဌာန်းချက်များကိုချမှတ်ပေးတော်မူ၏။- |
2959 | LEV 9:5 | ထို့ကြောင့်သူတို့သည်မောရှေမှာကြားသော အရာရှိသမျှကို တဲတော်အရှေ့သို့ယူ ဆောင်ခဲ့ကြ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ထာဝရဘုရား အားဝတ်ပြုရန်စုဝေးရောက်ရှိလာကြ၏။- |
3660 | NUM 2:1 | ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား အောက်ပါညွှန်ကြားချက်များကိုပေးတော်မူ၏။- |
4108 | NUM 13:32 | သို့ဖြစ်၍သူတို့သည်မိမိတို့စုံစမ်းထောက် လှမ်းခဲ့သောပြည်အကြောင်း မဟုတ်မမှန် သတင်းကိုဣသရေလအမျိုးသားတို့ တွင်ဖြန့်ကြသည်။ သူတို့က``ထိုပြည်၌ထို ပြည်သားတို့အတွက်ပင်လျှင်သီးနှံလောက် အောင်မထွက်ပါ။ ငါတို့တွေ့မြင်ခဲ့သောသူ အပေါင်းတို့သည်အလွန်အရပ်မြင့်ကြ၏။- |
4765 | NUM 33:3 | ဣသရေလအမျိုးသားတို့သည် ပထမဦး ဆုံးကျင်းပသောပသခါပွဲတော်လွန်ပြီး နောက်တစ်နေ့ဖြစ်သောပထမလတစ်ဆယ် ငါးရက်နေ့၌ အီဂျစ်ပြည်မှထွက်ခွာလာခဲ့ ကြ၏။ သူတို့သည်ထာဝရဘုရား၏အကာ အကွယ်ဖြင့် အီဂျစ်အမျိုးသားတို့ရှေ့မှောက် တွင်ရာမသက်မြို့မှထွက်ခွာလာကြ၏။- |
5025 | DEU 4:19 | မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။- |
5160 | DEU 9:1 | ``ဣသရေလအမျိုးသားတို့နားထောင်ကြ လော့။ သင်တို့သည်ယနေ့ယော်ဒန်မြစ်တစ်ဘက် သို့ကူးပြီးလျှင် သင်တို့ထက်များပြား၍အင် အားကြီးသောလူမျိုးများ၏ပြည်ကိုသိမ်း ယူရတော့မည်။ သူတို့၏မြို့တို့သည်ကြီး၍ မိုးထိမြင့်သောမြို့ရိုးဖြင့်ကာကွယ်ထား၏။- |
5577 | DEU 26:9 | ကိုယ်တော်သည်အစာရေစာပေါကြွယ်ဝသော ဤပြည်သို့ပို့ဆောင်နေထိုင်စေတော်မူ၏။- |
6031 | JOS 8:27 | ယောရှုအားထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း ဣသရေလအမျိုးသားတို့ သည်သိုးနွားတိရစ္ဆာန်များနှင့်ဥစ္စာပစ္စည်း များကိုမိမိတို့အတွက်သိမ်းယူကြ၏။- |
6202 | JOS 14:13 | ထိုအခါယောရှုသည်ယေဖုန္နာ၏သား ကာလက်အား ကောင်းချီးပေး၍ဟေဗြုန် မြို့ကိုဝေစုအဖြစ်ခွဲဝေပေးလေ၏။- |
6355 | JOS 19:32 | ဆဋ္ဌမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါနဿလိအနွယ် မိသားစုတို့နယ်မြေကိုရရှိကြ၏။- |
6554 | JDG 2:7 | ယောရှုအသက်ရှင်လျက်ရှိနေသမျှကာလ ပတ်လုံးဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားကိုးကွယ်ကြ၏။ ယောရှု ကွယ်လွန်ပြီးသည့်နောက်၌ပင်လျှင်ဣသရေလ အမျိုးသားတို့အတွက်ထာဝရဘုရားပြု တော်မူသောကြီးမြတ်သည့်အမှုတော်တို့ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရသူခေါင်း ဆောင်များအသက်ရှင်လျက်ရှိနေသမျှ ကာလပတ်လုံး လူတို့သည်ဆက်လက်၍ ထာဝရဘုရားအားကိုးကွယ်ကြသေး၏။- |
6689 | JDG 6:33 | ထိုအခါမိဒျန်အမျိုးသားများ၊ အာမလက် အမျိုးသားများ၊ သဲကန္တာရနေလူမျိုးအပေါင်း တို့သည်စုဝေး၍ယော်ဒန်မြစ်ကိုဖြတ်ပြီးလျှင် ယေဇရေလချိုင့်တွင်စခန်းချကြ၏။- |
6690 | JDG 6:34 | ထာဝရဘုရား၏ဝိညာဉ်တော်သည်ဂိဒေါင် အပေါ်၌သက်ရောက်သဖြင့် သူသည်အဗျေဇာ သားချင်းစုအပေါင်းတို့အား မိမိနောက်သို့ လိုက်ကြရန်တံပိုးခရာကိုမှုတ်လေ၏။- |
6777 | JDG 9:21 | ထိုနောက်ယောသံသည်မိမိအစ်ကိုအဘိ မလက်ကိုကြောက်သဖြင့် ထွက်ပြေးပြီး လျှင်ဗေရမြို့သို့သွားရောက်နေထိုင်လေ၏။- |
7075 | JDG 20:19 | သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် နောက်တစ်နေ့နံနက်၌ထွက်ခွာပြီးလျှင် ဂိဗာမြို့အနီးတွင်တပ်စခန်းကြ၏။- |
7088 | JDG 20:32 | ဗင်္ယာမိန်အမျိုးသားတို့က``ငါတို့သည်ရှေး နည်းတူပင်သူတို့အားနှိမ်နင်းလိုက်လေပြီ'' ဟုဆိုကြ၏။ သို့သော်ဣသရေလအမျိုးသားတို့သည် မိမိတို့တပ်ကိုဆုတ်ခွာ၍ မြို့နှင့်ဝေးရာ လမ်းများပေါ်သို့ရောက်အောင်ရန်သူ့အား သွေးဆောင်ခေါ်ယူသွားရန်စီစဉ်ထားကြ၏။- |
7350 | 1SA 6:17 | ဖိလိတ္တိအမျိုးသားတို့သည်ရွှေအနာစိမ်း ရုပ်ငါးခုကိုမြို့တစ်မြို့လျှင် တစ်ခုနှုန်းဖြင့် အာဇုတ်မြို့၊ ဂါဇမြို့၊ အာရှကေလုန်မြို့၊ ဂါသ မြို့နှင့်ဧကြုန်မြို့တို့ကိုရည်စူး၍မိမိတို့ အတွက် အပြစ်ဖြေရာပူဇော်သကာအဖြစ် ဖြင့်ထာဝရဘုရားထံပေးပို့ကြ၏။- |
7415 | 1SA 9:22 | ထိုနောက်ရှမွေလသည် ရှောလုနှင့်သူ၏ အစေခံကိုဧည့်ခန်းသို့ခေါ်သွားပြီးလျှင် ဧည့်သည်စုစုပေါင်းသုံးဆယ်ထိုင်လျက်နေ သောစားပွဲထိပ်တွင်နေရာချထားပေး၏။- |
7527 | 1SA 14:17 | ထို့အခါရှောလုကမိမိ၏လူတို့အား``တပ် တွင်းမှပျောက်နေသူကိုသိရှိနိုင်ရန်စစ် သည်တို့ကိုစစ်ဆေးကြည့်လော့'' ဟုအမိန့် ပေးသည်အတိုင်းစစ်ဆေးကြည့်ကြရာ ယောနသန်နှင့်သူ၏လက်နက်သယ်ဆောင် သူလူငယ်တို့မရှိကြောင်းတွေ့ရကြ၏။- |
7541 | 1SA 14:31 | ထိုနေ့၌ဣသရေလအမျိုးသားများသည် ဖိလိတ္တိအမျိုးသားတို့အား မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင်လိုက်လံတိုက်ခိုက် နှိမ်နင်းခဲ့ကြပြီးသည်နောက် အစာမစား ရသဖြင့်ပင်ပန်းနွမ်းနယ်လျက်ရှိကြ၏။- |
7579 | 1SA 15:17 | ရှမွေလက``သင်သည်မိမိကိုယ်ကိုသေး နုတ်သူဟုယူဆသော်လည်း သင်သည်ဣသ ရေလအနွယ်တို့၏ခေါင်းဆောင်ဖြစ်ချေသည်။ ထာဝရဘုရားသည်သင့်အားဣသရေလ ဘုရင်အဖြစ်ဘိသိက်ပေးတော်မူခဲ့၏။- |
7679 | 1SA 18:1 | ရှောလုနှင့်ဒါဝိဒ်တို့စကားပြောပြီးသည့် နောက်ရှောလု၏သားယောနသန်သည် ဒါဝိဒ် အပေါ်တွင်လွန်စွာချစ်ခင်စွဲလန်းလျက် သူ့အားမိမိကိုယ်နှင့်အမျှချစ်လာ၏။- |
7862 | 1SA 24:21 | သင်သည်ဣသရေလဘုရင်ဖြစ်လာမည်ကို လည်းကောင်း၊ ဣသရေလပြည်သည်သင်၏ လက်ဝယ်ဆက်လက်တည်မြဲနေမည်ကိုလည်း ကောင်းယခုငါအသေအချာသိပါ၏။- |
7900 | 1SA 25:36 | အဘိဂဲလသည်လည်းနာဗလထံသို့ပြန် လေ၏။ နာဗလကားမိမိ၏အိမ်တွင် ဘုရင့် ပွဲတော်တမျှခမ်းနားသည့်စားပွဲကြီးကို ကျင်းပလျက်နေ၏။ သူသည်သေရည်ယစ်မူး ကာပျော်ရွှင်လျက်ရှိသဖြင့် အဘိဂဲလ သည်သူ့အားနောက်တစ်နေ့နံနက်တိုင်အောင် အဘယ်အရာကိုမျှမပြောဘဲနေ၏။- |
8099 | 2SA 3:15 | သို့ဖြစ်၍ဣရှဗောရှက်သည်မိခါလကိုလဲရှ ၏သား၊ ခင်ပွန်းဖာလတိထံမှပြန်သိမ်းစေ၏။- |
8104 | 2SA 3:20 | အာဗနာသည်လူနှစ်ကျိပ်နှင့်ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ရောက်ရှိလာသောအခါ ဒါဝိဒ် သည်သူတို့အားစားပွဲတည်ခင်းကျွေးမွေး၏။- |
8111 | 2SA 3:27 | ဟေဗြုန်မြို့သို့အာဗနာရောက်ရှိလာသော အခါ ယွာဘသည်မြို့တံခါးနံဘေးသို့ခေါ် ယူကာတီးတိုးပြောဆိုဆွေးနွေးဟန်ပြု၍ ဝမ်းကိုဋ္ဌားနှင့်ထိုးလိုက်၏။ ဤသို့လျှင်အာဗနာ သည်ယွာဘ၏ညီအာသဟေလကိုသတ်ခဲ့ သည့်အတွက်လုပ်ကြံခြင်းကိုခံရလေ၏။- |
8176 | 2SA 6:16 | သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာသော အခါရှောလု၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်ရာထာဝရဘုရား ၏ရှေ့တော်၌ ဒါဝိဒ်မင်းကခုန်လျက်နေသည် ကိုမြင်လေသော်မင်းကြီးအားရွံရှာမိ၏။- |
8264 | 2SA 11:2 | တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။- |
8332 | 2SA 13:12 | တာမာက``ဤယုတ်မာမှုကိုမပြုပါနှင့်။ ဤ အမှုသည်ရွံရှာစက်ဆုတ်ဖွယ်ကောင်းပါ၏။- |
8338 | 2SA 13:18 | အစေခံသည်လည်းတာမာကိုအပြင်သို့ ထုတ်၍တံခါးကျင်ကိုထိုးလိုက်၏။ တာမာသည်ထိုခေတ်အခါကအိမ်ထောင်မပြု ရသေးသည့် မင်းသမီးများဝတ်ဆင်တတ်သည့် လက်ရှည်ဝတ်လုံအင်္ကျီကိုဝတ်ဆင်ထား၏။- |
8341 | 2SA 13:21 | ထိုသို့ဖြစ်ပျက်သည်ကိုကြားသိသော အခါဒါဝိဒ်သည်လွန်စွာအမျက်ထွက်၏။- |
8350 | 2SA 13:30 | သူတို့သည်အိမ်အပြန်လမ်း၌ရှိနေသေး စဉ်``အဗရှလုံသည်အရှင်၏သားတော် အပေါင်းတို့ကိုသတ်လေပြီ။ တစ်ဦးတစ် ယောက်မျှမကျန်မရှိတော့ပါ'' ဟူသော သတင်းသည်ဒါဝိဒ်ထံသို့ရောက်ရှိလာ၏။- |
8374 | 2SA 14:15 | အရှင်မင်းကြီး၊ အရှင့်ထံသို့ကျွန်တော် မလာရောက်လျှောက်ထားရသည့်အကြောင်း မှာ လူတို့သည်ကျွန်တော်မအားခြိမ်းခြောက် ကြသောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန် တော်မ၏ပြန်ကြားချက်အတိုင်းပြုတော် မူလိမ့်မည်ဟုမျှော်လင့်လျက်ကျွန်တော်မ သည်အရှင့်အားလျှောက်ထားရသော်ကောင်း အံ့ဟုတစ်ကိုယ်တည်းပြောဆိုနေမိပါ၏။- |
9002 | 1KI 8:14 | လူအပေါင်းတို့သည် ထိုနေရာတွင်ရပ်လျက်နေကြ စဉ် ရှောလမုန်မင်းသည်သူတို့ဘက်သို့မျက်နှာမူ ပြီးလျှင်သူတို့အားကောင်းချီးပေးတော်မူ၏။- |
9011 | 1KI 8:23 | ``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ မိုးကောင်းကင်၌သော်လည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်၌သော်လည်းကောင်းကိုယ်တော် နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည် ကိုယ်တော့်စကားတော်ကိုစိတ်နှလုံး အကြွင်းမဲ့လိုက်နာကျင့်သုံးကြသောအခါ ကိုယ်တော်သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ် တော်ကိုစောင့်ထိန်းတော်မူလျက် သူတို့အား မေတ္တာကရုဏာတော်ကိုပြတော်မူပါ၏။- |
9225 | 1KI 14:4 | သို့ဖြစ်၍မိဖုရားသည် ရှိလောမြို့ရှိအဟိယ ၏အိမ်သို့သွားလေသည်။ အဟိယသည် အသက်ကြီးသဖြင့်မျက်စိကွယ်လျက်နေ၏။- |
9248 | 1KI 14:27 | ရောဗောင်သည်ထိုဒိုင်းလွှားများကိုအစားထိုး ရန် ကြေးဝါဒိုင်းလွှားများပြုလုပ်၍နန်းတော် တံခါးစောင့်မှူးတို့အားပေးအပ်တော်မူ၏။- |
9412 | 1KI 20:1 | ရှုရိဘုရင်ဗင်္ဟာဒဒ်သည် မိမိ၏စစ်သည်တော် အပေါင်းကိုစုရုံးစေပြီးလျှင် အခြားမင်း သုံးကျိပ်နှစ်ပါးခြံရံလျက်သူတို့၏မြင်း တပ်၊ ရထားတပ်များနှင့်အတူချီတက်၍ ရှမာရိမြို့ကိုဝိုင်းရံထားတော်မူ၏။- |
9444 | 1KI 20:33 | ဗင်္ဟာဒဒ်၏အမှုထမ်းတို့သည် အရိပ်အခြည် ကိုစောင့်၍ကြည့်နေရကြရာ၊ အာဟပ်က``နောင် တော်'' ဟုဆိုလိုက်သောအခါချက်ချင်းပင် ဆက်၍``အရှင်မိန့်တော်မူသည့်အတိုင်းဗင်္ဟာ ဒဒ်သည်အရှင်၏နောင်တော်ပါ'' ဟုလျှောက် ကြ၏။ ထိုအခါအာဟပ်က``သူအားငါ့ထံသို့ခေါ် ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။ ဗင်္ဟာဒဒ်ရောက်ရှိ လာသောအခါ အာဟပ်သည်သူ့အားမိမိ၏ ရထားပေါ်သို့တက်ရန်ဖိတ်ခေါ်တော်မူ၏။- |
9449 | 1KI 20:38 | ပရောဖက်သည်မိမိ၏မျက်နှာကိုအဝတ် ဖြင့်စည်းပြီးလျှင် ရုပ်ဖျက်လျက်လမ်းနံဘေးတွင် အာဟပ်မင်းအလာကိုစောင့်ဆိုင်းလျက်နေ၏။- |
9662 | 2KI 5:11 | သို့ရာတွင်နေမန်သည်ပြင်းစွာအမျက်ထွက် လျက်``သူသည်ယုတ်စွအဆုံးငါ့ထံသို့ထွက်လာ ပြီးလျှင် မိမိ၏ဘုရားသခင်ထာဝရဘုရား ထံသို့ဆုတောင်းကာ ရောဂါရှိသည့်နေရာတွင် တောင်ဝှေးကိုဝှေ့ရမ်းခြင်းအားဖြင့် ငါ၏ရောဂါ ကိုပျောက်ကင်းစေလိမ့်မည်ဟုငါထင်မှတ်၏။- |
9686 | 2KI 6:8 | ရှုရိဘုရင်သည်ဣသရေလပြည်နှင့်စစ်ဖြစ် နေချိန်၌ မိမိ၏တပ်မှူးများနှင့်တိုင်ပင်၍ တပ်စခန်းချရန်နေရာကိုရွေးချယ်၏။- |
9850 | 2KI 11:17 | ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ထာဝရဘုရား၏လူမျိုး တော်ဖြစ်ကြစေရန်ကိုယ်တော်နှင့်ပဋိညာဉ် ဖွဲ့စေလေသည်။ မင်းကြီးနှင့်ပြည်သူတို့ကို လည်းအပြန်အလှန်ပဋိညာဉ်ဖွဲ့စေ၏။- |
10019 | 2KI 17:32 | ထိုသူတို့သည်ထာဝရဘုရားကိုလည်းဝတ်ပြု ကိုးကွယ်ကြပြီးလျှင် ရုပ်တုများကိုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ယဇ်ပုရောဟိတ်ပြု လုပ်ရန်နှင့်ယဇ်ပူဇော်ရန်အတွက် မိမိတို့အ ထဲမှလူတို့ကိုရွေးချယ်ခန့်ထားကြ၏။- |
10068 | 2KI 19:3 | မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ဖြစ် ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကိုခံရ၍ အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည် သားဖွားချိန်စေ့သော်လည်း သားဖွားနိုင်ရန် အားမရှိသည့်အမျိုးသမီးနှင့်တူပါ၏။- |
10074 | 2KI 19:9 | ထိုအခါအာရှုရိအမျိုးသားတို့သည် မိမိ တို့အားတိုက်ခိုက်ရန်ဆူဒန်ဘုရင်တိရက္ကဦး စီးခေါင်းဆောင်သည့် အီဂျစ်တပ်မတော်ချီ တက်လာနေကြောင်းကိုသတင်းရရှိကြ၏။- |
10667 | 1CH 10:4 | သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။- |
11353 | 2CH 8:2 | သူသည်မိမိအားဟိရံမင်းပြန်၍ပေးအပ် သည့်မြို့များကိုလည်းပြန်လည်တည်ထောင် ကာ ထိုမြို့တို့တွင်အခြေစိုက်နေထိုင်ရန် ဣသရေလအမျိုးသားတို့ကိုပို့တော်မူ၏။- |
11364 | 2CH 8:13 | သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။- |
11457 | 2CH 12:15 | ရောဗောင်ဆောင်ရွက်ခဲ့သည့်အမှုအရာများ အကြောင်းအစမှအဆုံးနှင့်သူ၏အိမ်ထောင် စုမှတ်တမ်းများကိုပရောဖက်ရှေမာယ၏ အတ္ထုပ္ပတ္တိနှင့်ပရောဖက်ဣဒေါ၏အတ္ထုပ္ပတ္တိ တွင်တွေ့ရှိရလေသည်။ ရောဗောင်နှင့်ယေရော ဗောင်တို့သည်အစဉ်မပြတ်စစ်ဖြစ်ကြ၏။- |
11468 | 2CH 13:10 | ``ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကိုမစွန့်ဘဲဆက်လက်ကိုးကွယ်လျက် ရှိကြသည်။ အာရုန်မှဆင်းသက်လာသောယဇ်ပု ရောဟိတ်များသည်မိမိတို့တာဝန်ဝတ္တရားများ ကိုထမ်းဆောင်လျက်ရှိကြ၏။ သူတို့အားလေဝိ အနွယ်ဝင်များကကူညီလျက်ရှိကြ၏။- |
11492 | 2CH 14:11 | အာသနှင့်ယုဒတပ်မတော်သည်ဆူဒန် အမျိုးသားတို့အားတိုက်ခိုက်ကြသော အခါ ထာဝရဘုရားသည်ဆူဒန်အမျိုး သားတို့ကိုအရေးရှုံးနိမ့်စေတော်မူ၏။- |
11548 | 2CH 18:1 | ယောရှဖတ်မင်းသည်ချမ်းသာကြွယ်ဝ၍ဂုဏ် သတင်းကျော်စောလာသောအခါ ဣသရေလ ဘုရင်အာဟပ်မင်းနှင့်အမျိုးဆက်တော်မူ၏။- |
11595 | 2CH 20:3 | ယောရှဖတ်သည်ကြောက်လန့်သဖြင့်လမ်း ပြတော်မူရန် ထာဝရဘုရားထံပတ္ထနာပြု တော်မူ၏။ ယုဒပြည်တစ်လျှောက်လုံး၌ အစာရှောင်ရန်နေ့ကိုသတ်မှတ်တော်မူ၏။- |
11614 | 2CH 20:22 | သူတို့စ၍သီချင်းဆိုကြသောအခါ ထာဝရ ဘုရားသည်ချင်းနင်းဝင်ရောက်လာသောတပ် တို့ကိုကစဥ့်ကလျားဖြစ်စေတော်မူ၏။- |
11632 | 2CH 21:3 | ခမည်းတော်သည်သူတို့အား ရွှေ၊ ငွေ၊ အမြောက် အများနှင့်အခြားအဖိုးတန်ပစ္စည်းဥစ္စာများ ကိုပေး၍ ယုဒပြည်ခံတပ်မြို့တစ်မြို့စီကို အုပ်ချုပ်ရန်တာဝန်ပေးတော်မူ၏။ သို့သော် ယဟောရံသည်အကြီးဆုံးသားတော် ဖြစ်သဖြင့် သူ့အားယောရှဖတ်ကမိမိ၏ အရိုက်အရာကိုဆက်ခံစေတော်မူ၏။- |
11671 | 2CH 23:10 | သူသည်မင်းလောင်းအားစောင့်ရှောက်ကြည့်ရှုရန် ဋ္ဌားလွတ်ကိုင်တပ်သားများကိုဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်နေရာယူစေ၏။- |
11723 | 2CH 25:14 | အာမဇိသည်ဧဒုံအမျိုးသားတို့ကိုနှိမ် နင်းရာမှပြန်လာသောအခါ ထိုသူတို့ ကိုးကွယ်သည့်ရုပ်တုများကိုမိမိနှင့် အတူယူဆောင်လာလေသည်။ မင်းကြီး သည်ယင်းတို့ကိုတည်ထားကိုးကွယ်ကာ နံ့သာပေါင်းကိုမီးရှို့ပူဇော်တော်မူ၏။- |
11750 | 2CH 26:13 | သူတို့၏လက်အောက်တွင်မင်းကြီး၏ရန်သူ များကို ရဲစွမ်းသတ္တိနှင့်တိုက်ခိုက်နိုင်သော တပ်သားသုံးသိန်းခုနစ်ထောင့်ငါးရာရှိ၏။- |
11751 | 2CH 26:14 | သြဇိသည်တပ်မတော်အား ဒိုင်းလွှား၊ လှံ၊ သံ ခမောက်၊ သံချပ်အင်္ကျီ၊ လေး၊ မြားနှင့်လောက်လွှဲ ပစ်ရန်ကျောက်ခဲများကိုပေးအပ်တော်မူ၏။- |
11802 | 2CH 29:6 | ငါတို့ဘိုးဘေးများသည်ငါတို့ဘုရားသခင်ထာဝရဘုရားကိုသစ္စာဖောက်၍ ကိုယ်တော်မနှစ်သက်သည့်အမှုတို့ကိုပြု ကြ၏။ သူတို့သည်ကိုယ်တော်ကိုစွန့်၍ စံတော်မူရာဌာနကိုကျောခိုင်းကြ၏။- |
11819 | 2CH 29:23 | နောက်ဆုံး၌သူတို့သည်ဆိတ်များကိုမင်းကြီး နှင့်လူပရိသတ်တို့ထံသို့ယူဆောင်ကာ ဆိတ် တို့အပေါ်သို့လက်များကိုတင်စေကြ၏။- |
11896 | 2CH 32:16 | အာရှုရိတပ်မှူးသည်လည်းထာဝရအရှင် ဘုရားသခင်အားလည်းကောင်း၊ ထာဝရဘုရား ၏အစေခံဟေဇကိအားလည်းကောင်းထို ထက်ပင်ပိုမိုရှုတ်ချပြောဆိုကြသေး၏။- |
11935 | 2CH 33:22 | သူသည်မိမိ၏ခမည်းတော်မနာရှေကဲ့သို့ပင် ထာဝရဘုရားအားပြစ်မှား၍ခမည်းတော်ကိုး ကွယ်ခဲ့သည့်ရုပ်တုများကိုပင်ကိုးကွယ်၏။- |
11987 | 2CH 35:16 | ထို့ကြောင့်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်မှု၊ ပသခါပွဲတော်ကျင်းပမှုနှင့်ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ရာပူဇော်သကာများ ကိုဆက်ကပ်မှုတို့အတွက် ယောရှိမင်း၏ အမိန့်တော်အတိုင်းနေ့ချင်းပြင်ဆင်ကြ၏။- |
12154 | EZR 5:15 | ကုရုမင်းသည်ယုဒဘုရင်ခံအဖြစ် မိမိခန့်ထားသည့်ရှေရှဗာဇာအမည်ရှိသူ၏လက်သို့ ထိုအသုံးအဆောင်တော်များကိုအပ်နှံတော်မူ၍ ယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ယူဆောင်သွားစေပြီးလျှင် ထိုဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ရန်မိန့်မှာတော်မူပါ၏။- |
12185 | EZR 7:7 | ဧဇရသည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည် များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့် အလုပ်သမားများပါဝင်သည့်ဣသရေလ အမျိုးသားများနှင့်အတူ အာတဇေရဇ် မင်းနန်းစံခုနစ်နှစ်မြောက်၌ ဗာဗုလုန်မြို့ မှယေရုရှလင်မြို့သို့လိုက်လာခဲ့၏။- |