Wildebeest analysis examples for:   mya-mya   Word​Word​Word​Word​Word​Word​Word​Word​Word​Word​Word​Word။-    February 11, 2023 at 19:12    Script wb_pprint_html.py   by Ulf Hermjakob

269  GEN 11:2  သူ​တို့​သည်​အ​ရှေ့​မျက်​နှာ​သို့​ခ​ရီး​ပြု​ကြ​ရာ ဗာ​ဗု​လုန်​ပြည်​ရှိ​မြေ​ပြန့်​တစ်​နေ​ရာ​သို့​ရောက် ၍ ထို​နေ​ရာ​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ​လေ​သည်။-
442  GEN 18:17  ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပြု​မည့်​ကိစ္စ​ကို အာ​ဗြ​ဟံ​အား​အ​သိ​မ​ပေး​ဘဲ​မ​ဖြစ်​နိုင်။-
476  GEN 19:18  လော​တ​က``ကိုယ်​တော်၊ အ​ကျွန်ုပ်​တို့​တောင်​ပေါ်​သို့​မ​ပြေး​ပါ​ရ​စေ​နှင့်။-
493  GEN 19:35  ထို​ည​၌​လည်း​သူ​တို့​သည်​ဖ​ခင်​ကို​စ​ပျစ်​ရည်​တိုက်​၍​မူး​ယစ်​စေ​ပြီး​လျှင် သ​မီး​အ​ငယ်​သည်​သူ​နှင့်​အိပ်​လေ​၏။ ဖ​ခင်​လည်း​မူး​ယစ်​နေ​သ​ဖြင့် မိ​မိ​ပြု​သည့်​အ​မှု​ကို​မိ​မိ​မ​သိ​ချေ။-
502  GEN 20:6  အိပ်​မက်​ထဲ​၌​ပင်​ဘု​ရား​သ​ခင်​က``သင်​သည် စိတ်​သ​ဘော​ရိုး​သား​စွာ​ဖြင့် ဤ​အ​မှု​ကို​ကြံ စည်​မိ​ခြင်း​ဖြစ်​ကြောင်း​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် သည်​ငါ့​ကို​မ​ပြစ်​မှား​မိ​စေ​ခြင်း​ငှာ ထို​မိန်း​မ ကို​လက်​ရောက်​မ​ကူး​လွန်​ရန်​ငါ​တား​ဆီး​ခဲ့​ပြီ။-
602  GEN 24:10  အာ​ဗြ​ဟံ​၏​ပစ္စည်း​ဥစ္စာ​ကို​အုပ်​ထိန်း​ရ​သော ထို​အ​စေ​ခံ​သည် မိ​မိ​သ​ခင်​၏​ကု​လား​အုတ် များ​ထဲ​မှ​ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​ရှိ နာ​ခေါ်​နေ​ထိုင်​ရာ​မြို့​သို့​ခရီး​ထွက်​ခဲ့​လေ​သည်။-
854  GEN 30:23  သူ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ်​ယောက်​ကို​ဖွား မြင်​လေ​၏။ ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည် ငါ့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ခြင်း​ဖြင့် ငါ​ကဲ့​ရဲ့​ခံ​ရ​ခြင်း​ကို​ဖယ်​ရှား​တော်​မူ​ပြီ။-
911  GEN 31:37  ယ​ခု​သင်​သည်​ကျွန်ုပ်​၏​ပစ္စည်း​ရှိ​သ​မျှ​ကို​ရှာ ဖွေ​ပြီး​ပြီ​ဖြစ်​ရာ​သင်​ပိုင်​သော​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရှာ​တွေ့​ပါ​သ​လော။ သင်​ပိုင်​သော​ပစ္စည်း​ကို ရှာ​တွေ့​လျှင်​သင်​၏​သား​ချင်း​နှင့်​ကျွန်ုပ်​၏​သား ချင်း​တို့​ရှေ့​မှောက်​တွင်​ထား​ပါ။ မည်​သူ့​ပစ္စည်း​ဖြစ် သည်​ကို​သူ​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ပါ​စေ။-
1225  GEN 41:29  အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​တွင်​အ​စား​အ​စာ ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​ရှိ​ပါ​လိမ့်​မည်။-
2087  EXO 21:9  တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မိ​မိ​ဝယ်​သော ကျွန်​မ​ကို​သူ​၏​သား​နှင့်​စုံ​ဖက်​ပေး​လျှင်၊ ထို မိန်း​မ​ကို​သ​မီး​ကဲ့​သို့​ပြု​စု​ထား​ရ​မည်။-
2135  EXO 22:20  ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နေ​ထိုင်​ခဲ့​ဖူး​ကြောင်း သ​တိ​ရ​လျက်​အ​ခြား အ​မျိုး​သား​များ​ကို​မ​နှိပ်​စက်​မ​ညှင်း​ဆဲ​ရ။-
2152  EXO 23:7  လူ​တစ်​ဦး​အား​မ​ဟုတ်​မ​မှန်​မ​စွပ်​စွဲ​ရ။ အ​ပြစ် ကင်း​မဲ့​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။ ထို​သို့​မ တ​ရား​မှု​ပြု​သူ​အား​ငါ​အ​ပြစ်​ဒဏ်​ပေး​မည်။-
2230  EXO 25:34  ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ သော​ဗာ​ဒံ​ပွင့်​ပုံ​ပန်း​လေး​ပွင့်​ရှိ​စေ​ရ​မည်။-
2316  EXO 28:22  ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ်​များ​ကို​ပြု​လုပ်​လော့။-
2489  EXO 33:15  မော​ရှေ​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ ကြွ​သွား​တော်​မ​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​အား ဤ​အ​ရပ်​မှ​မ​ထွက်​ခွာ​စေ​တော်​မူ​ပါ​နှင့်။-
2710  EXO 40:2  ``ပ​ထ​မ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​စိုက်​ထူ​လော့။-
2750  LEV 1:4  သူ​သည်​နွား​၏​ဦး​ခေါင်း​ပေါ်​တွင် မိ​မိ​လက်​ကို တင်​သ​ဖြင့် နွား​ကို​သူ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ​တော်​မူ​မည်။-
2810  LEV 4:14  ပြစ်​မှား​ကြောင်း​သိ​လျှင်​သိ​ချင်း​နွား​ထီး​ငယ် ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​ရ မည်။ သူ​တို့​သည်​ထို​နွား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
3058  LEV 13:5  သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား ထပ်​မံ​စစ်​ဆေး​ပြီး​အ​နာ​သည် ပ​က​တိ​အ​တိုင်း ပြန့်​ပွား​မှု​မ​ရှိ​ဟု​ထင်​မြင်​လျှင် ထို​သူ​အား ခု​နစ်​ရက်​ထပ်​မံ​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
3064  LEV 13:11  ထို​အ​နာ​သည်​ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့် ရှင်း​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။ ထို​သူ​၌ ရော​ဂါ​ဆိုး​စွဲ​လျက်​ရှိ​ကြောင်း သိ​သာ​ထင်​ရှား သ​ဖြင့်​သူ့​အား​သီး​ခြား​နေ​ထိုင်​စေ​ရန်​မ​လို။-
3134  LEV 14:22  အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ် အ​တွက်​တစ်​ကောင်​စီ​ပူ​ဇော်​ရန် ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။-
3136  LEV 14:24  ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​နှင့်​သံ​လွင်​ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-
3359  LEV 21:13  သူ​သည်​အ​ပျို​စင်​နှင့်​ထိမ်း​မြား​စုံ​ဖက်​ရ​မည်။-
3412  LEV 23:9  သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​သို့​ရောက်​ရှိ​၍ စ​ပါး​ရိတ် သော​အ​ခါ​အ​ဦး​ရိတ်​သော​ကောက်​လှိုင်း​စည်း ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
3462  LEV 24:15  တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​လျှင်​ထို​သူ​သည်​အ​ပြစ်​ကို​ခံ​ရ​မည်။-
3771  NUM 4:27  ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​သည်​အာ​ရုန်​နှင့် သူ ၏​သား​များ​သတ်​မှတ်​ပေး​သော​ဝတ္တ​ရား​များ နှင့်​သယ်​ဆောင်​မှု​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ရန် မော​ရှေ​နှင့်​အာ​ရုန်​တို့​က​ကြပ်​မတ်​ပေး​ရ​မည်။-
3987  NUM 9:21  တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​ည​နေ​ခင်း​မှ​နံ​နက်​အ​ထိ​သာ​တည်​ရှိ​၏။ သူ​တို့​သည်​မိုး​တိမ်​တက်​လျှင်​ခ​ရီး​ဆက်​ကြ​သည်။-
4583  NUM 28:4  သိုး​က​လေး​တစ်​ကောင်​ကို​နံ​နက်​တွင်​ပူ​ဇော်​၍ အ​ခြား​တစ်​ကောင်​ကို​ည​နေ​တွင်​ပူ​ဇော်​ရ​မည်။-
4611  NUM 29:1  သင်​တို့​သည်​သတ္တ​မ​လ၊ ပ​ထ​မ​နေ့​တွင် စု​ဝေး ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။ ထို​နေ့​တွင်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ရ​မည်။-
5040  DEU 4:34  သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​မှ​သင်​တို့​ကို ကယ်​တင်​၍ မိ​မိ​၏​လူ​မျိုး​တော်​အ​ဖြစ်​ထုတ် ဆောင်​ခဲ့​သည်။ အ​ခြား​သော​ဘု​ရား​သည် လူ​တစ်​မျိုး​အ​တွက် ထို​ကဲ့​သို့​ပြု​ခဲ့​ဖူး​ပါ သ​လော။ ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ကို​ပြ​တော်​မူ​ခြင်း၊ ဘေး​ဒဏ်​နှင့်​စစ် ဘေး​သင့်​စေ​ခြင်း၊ နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ ကြောက် မက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ခြင်း စ​သည်​တို့​ကို​သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ပြီ။-
5081  DEU 5:26  အ​သက်​ရှင်​တော်​မူ​သော​ဘုရား​၏​အ​သံ​တော် ကို​မီး​ထဲ​မှ အ​ကျွန်ုပ်​တို့​ကဲ့​သို့​ကြား​ရ​ပြီး​မှ အ​သက်​ရှင်​သော​လူ​သတ္တ​ဝါ​ရှိ​ဖူး​ပါ​သ​လော။-
5140  DEU 8:1  ``သင်​တို့​သည်​အ​သက်​ရှင်​၍​တိုး​ပွား​များ​ပြား လျက် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သော​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​နိုင်​ခြင်း​အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ် ရှိ​သ​မျှ​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။-
5186  DEU 9:27  ကိုယ်​တော်​၏​အ​စေ​ခံ​များ​ဖြစ်​သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော် မူ​၍ ဤ​လူ​မျိုး​တော်​၏​ခေါင်း​မာ​မှု၊ မိုက်​မဲ​မှု၊ အ​ပြစ်​ကူး​လွန်​မှု​တို့​ကို​သည်း​ခံ​တော်​မူ​ပါ။-
5390  DEU 18:4  စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​နှင့်​သိုး​မွေး​တို့ မှ​အ​ဦး​အ​ဖျား​ဝေ​စု​ကို​လည်း​ပေး​ရ​မည်။-
5427  DEU 19:19  အ​စွပ်​စွဲ​ခံ​ရ​သူ​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​ကို​သူ့ အား​ခံ​စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ထို​သို့​သော​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။-
5465  DEU 21:16  ထို​သူ​သည်​မိ​မိ​၏​သား​တို့​အား​အ​မွေ​ခွဲ​ဝေ ပေး​သော​အ​ခါ သူ​ပို​၍​ချစ်​သော​မယား​၏​သား အား​သား​ဦး​ရ​ထိုက်​သော​ဝေ​စု​ကို​မ​ပေး​ရ။-
5468  DEU 21:19  မိ​ဘ​တို့​သည်​ထို​သား​ကို​မြို့​၏​အ​ကြီး အ​ကဲ​တို့​ထံ​တွင်​အ​စစ်​ဆေး​ခံ​စေ​ရ​မည်။-
5511  DEU 23:10  ``သင်​တို့​သည်​ရန်​သူ​ကို​စစ်​ချီ​တိုက်​ခိုက်​နေ စဉ် တပ်​စ​ခန်း​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ မ​သန့်​ရှင်း​မှု​ဟူ​သ​မျှ​ကို​ရှောင်​ကြဉ်​ရ​မည်။-
5728  DEU 30:18  သင်​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​မည်​ဟု ငါ ယ​ခု​ပင်​သင်​တို့​အား​သ​တိ​ပေး​၏။ သင်​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ သိမ်း​ယူ​မည့် ပြည်​တွင်​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​မည်​မ​ဟုတ်။-
5847  DEU 34:6  ထာ​ဝ​ရ​ဘု​ရား​သည်​မော​ဘ​ပြည်၊ ဗက်​ပေ ဂု​ရ​မြို့​တစ်​ဘက်​ရှိ​ချိုင့်​ဝှမ်း​၌ မော​ရှေ​၏ အ​လောင်း​ကို​သင်္ဂြိုဟ်​တော်​မူ​၏။ သို့​ရာ​တွင် ယ​နေ့​တိုင်​အောင်​မော​ရှေ​၏​သင်္ချိုင်း​နေ​ရာ အ​တိ​အ​ကျ​ကို​မည်​သူ​မျှ​မ​သိ​ရ​ချေ။-
5940  JOS 5:4  အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​ယောကျာ်း​အား လုံး​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ပြီး​ဖြစ်​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် နှစ်​ပေါင်း​လေး​ဆယ်​ကြာ သော​တော​ကန္တာ​ရ​ခ​ရီး​တွင်​မည်​သည့်​ယောကျာ်း က​လေး​မျှ​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို မ​ခံ​ခဲ့​ရ​ချေ။ ထို​အ​နှစ်​လေး​ဆယ်​ကာ​လ ကုန်​ဆုံး​သော​အ​ခါ​၌​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​စစ်​မှု​ထမ်း​အ​ရွယ်​ရောက်​သူ​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​မ​လိုက်​နာ​သ​ဖြင့်​သေ​ဆုံး​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘိုး​ဘေး​တို့​အား​ပေး မည်​ဟု​က​တိ​ထား​တော်​မူ​သော​မြေ​သြ​ဇာ ထက်​သန်​၍ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့် ပြည်​ကို ထို​သူ​တို့​မ​မြင်​ရ​ဟု​ကျိန်​ဆို​တော် မူ​သည်​နှင့်​အ​ညီ​မြင်​ခွင့်​ကို​မ​ရ​ကြ​ချေ။-
6028  JOS 8:24  ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ကွင်း​ပြင်​ဒေ​သ ၌ ရန်​သူ​များ​ကို​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​နောက် အာ​ဣ​မြို့​ထဲ​သို့​ပြန်​ဝင်​လာ​၍​ကျန် ရှိ​သူ​ရှိ​သ​မျှ​ကို​သုတ်​သင်​လိုက်​ကြ​လေ​သည်။-
6279  JOS 17:2  ယော်​ဒန်​မြစ်​အ​နောက်​ဘက်​နယ်​မြေ​ကို​မ​နာ ရှေ​မှ​ဆင်း​သက်​သော​ကျန်​မိ​သား​စု​များ​ရ ရှိ​ကြ​သည်။ ယင်း​မိ​သား​စု​တို့​မှာ​အ​ဗျေ​ဇာ မိ​သား​စု၊ ဟေ​လက်​မိ​သား​စု၊ အ​သ​ရေ​လ မိ​သား​စု၊ ရှေ​ခင်​မိ​သား​စု၊ ဟေ​ဖာ​မိ​သား စု​နှင့်​ရှ​မိ​ဒ​မိ​သား​စု​တို့​ဖြစ်​ကြ​သည်။-
6819  JDG 10:6  ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗာ​လ ဘု​ရား၊ မော​ဘ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ အမ္မုန်​ဘု​ရား၊ ဖိ​လိတ္တိ ဘုရား​တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပစ်​ပယ်​၍ ကိုယ်​တော်​ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​တော့​ချေ။-
7053  JDG 19:27  ထို​နေ့​နံ​နက်​၌​သူ​၏​ခင်​ပွန်း​သည်​ခ​ရီး​ပြု​ရန် ထ​၍​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ မိ​မိ​၏ မ​ယား​ငယ်​သည်​တံ​ခါး​ခုံ​ကို​လက်​တင်​၍​အိမ် ရှေ့​တွင်​လဲ​လျက်​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ​သည်။-
7987  1SA 30:6  ဒါ​ဝိဒ်​၏​လူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ ဆုံး​ရှုံး​ရ​ကြ​သည့်​အ​တွက် စိတ်​ညှိုး​ငယ်​လျက် ဒါ​ဝိဒ်​အား​ခဲ​နှင့်​ပေါက်​ရန်​ခြိမ်း​ခြောက်​နေ​သ​ဖြင့် ဒါ​ဝိဒ်​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သို့​ရာ တွင်​သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ခွန်​အား​ကို​ရ​ရှိ​ပေ​သည်။-
8361  2SA 14:2  ထို့​ကြောင့်​သူ​သည်​တေ​ကော​မြို့​နေ​အ​သိ အ​လိမ္မာ​ရှိ​သူ​အ​မျိုး​သ​မီး​တစ်​ယောက်​ကို အ​ခေါ်​ခိုင်း​ပြီး​လျှင် ထို​အ​မျိုး​သ​မီး​အား``သင် သည်​ငို​ကြွေး​မြည်​တမ်း​ဟန်​ပြု​လော့။ ဝမ်း​နည်း ပူ​ဆွေး​သည့်​အ​နေ​ဖြင့်​ဝတ်​စား​၍​ခေါင်း​မ​ဖီး ဘဲ ကာ​လ​ကြာ​မြင့်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ သူ​အ​မျိုး​သ​မီး​တစ်​ဦး​ကဲ့​သို့​ပြု​မူ​လော့။-
9195  1KI 13:8  ပ​ရော​ဖက်​က​လည်း``ဘု​ရင်​မင်း​၏​စည်း​စိမ်​ဥစ္စာ တစ်​ဝက်​ကို​ပင်​ပေး​သော်​လည်း​ငါ​မ​လိုက်​လို​ပါ။ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​မ​စား​လို​ပါ။-
9240  1KI 14:19  ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
9255  1KI 15:3  အ​ဘိ​ယ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကူး​ခဲ့​သည့် အ​ပြစ်​များ​ကို​ဆက်​လက်​၍​ကူး​လွန်​၏။ သူ​သည် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့​အ​ကြွင်း​မဲ့​သစ္စာ​မ​စောင့်။-
9291  1KI 16:5  ဗာ​ရှာ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ များ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
9434  1KI 20:23  ဗင်္ဟာ​ဒဒ်​မင်း​၏​မှူး​မတ်​များ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​သည် တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​များ​ဖြစ်​သ​ဖြင့် အ​ကျွန်ုပ် တို့​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​နိုင်​ရ ကြ​ခြင်း​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​သူ​တို့ နှင့်​လွင်​ပြင်​တွင်​တိုက်​ခိုက်​ရ​ကြ​ပါ​မူ​သူ​တို့ အား​ဧ​ကန်​မု​ချ​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်။-
9532  1KI 22:49  ယော​ရှ​ဖတ်​မင်း​သည်​သြ​ဖိ​ရ​ပြည်​မှ​ရွှေ​ကို​ယူ ဆောင်​ရန် ပင်​လယ်​ကူး​သင်္ဘော​များ​ကို​တည်​ဆောက် စေ​သော်​လည်း ထို​သင်္ဘော​တို့​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ မြို့​တွင်​ပျက်​သွား​သ​ဖြင့်​သင်္ဘော​မ​လွှင့်​ရ​ကြ​ချေ။-
9677  2KI 5:26  သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``သင်​နှင့်​တွေ့​ဆုံ​ရန်​ထို​သူ ရ​ထား​ပေါ်​မှ​ဆင်း​ရာ​အ​ရပ်​သို့ ငါ​၏​စိတ်​ဝိ​ညာဉ် သည်​ရောက်​ရှိ​ခဲ့​သည်​မ​ဟုတ်​လော။ ဤ​အ​ချိန်​သည် ငွေ၊ အ​ထည်၊ သံ​လွင်​ဥ​ယျာဉ်၊ စ​ပျစ်​ဥ​ယျာဉ်၊ သိုး၊ နွား၊ အ​စေ​ခံ​များ​ကို​ခံ​ယူ​ရန်​အ​ချိန်​မ​ဟုတ်။-
9915  2KI 14:15  ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင်​သူ​လုပ် ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
11291  2CH 6:4  ထို​နောက်​မင်း​ကြီး​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော် ဒါ​ဝိဒ်​အား​ငါ​သည် ငါ​၏​လူ​မျိုး​တော်​အား​ပေး အပ်​ခဲ့​သည့်​က​တိ​တော်​ကို​တည်​မြဲ​စေ​လေ​ပြီ။-
11465  2CH 13:7  ယုတ်​မာ​သူ​လူ​တစ်​စု​ကို​စု​ရုံး​လေ​သည်။ သူ​တို့ သည်​ရှော​လ​မုန်​၏​သား​တော်​ရော​ဗောင်​အား မိ​မိ တို့​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လုပ်​စေ​ကြ​၏။ ရော ဗောင်​သည်​နု​နယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သူ​ဖြစ် သ​ဖြင့်​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပေ။-
11515  2CH 16:1  ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ခြောက် နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး​လျှင် ယု​ဒ​ပြည်​သို့​ဝင်​ထွက်​သွား​လာ​မှု​မ​ပြု နိုင်​စေ​ရန်​ရာ​မ​မြို့​ကို​တံ​တိုင်း​ကာ​လေ​သည်။-
12205  EZR 7:27  ဧ​ဇ​ရ​က``ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​သည်​မင်း​ကြီး​အား ယေ​ရု ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ဗိ​မာန်​တော်​ကို ဤ​သို့​ဂုဏ်​ပြု​စိတ်​ကို​ပေး​တော်​မူ​ပါ​တ​ကား။-
17806  ISA 4:3  ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ ရ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သက်​ရှင်​ကျန်​ရှိ​နေ သူ​မှန်​သ​မျှ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
18195  ISA 25:7  ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​အုံ့​မှိုင်း​လျက်​ရှိ နေ​သည့်​ဝမ်း​နည်း​ဖွယ်​မိုး​တိမ်​လွှာ​ကို လူ​မျိုး တ​ကာ​တို့​အ​ပေါ်​မှ​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-
19463  JER 18:10  ထို​လူ​မျိုး​သည်​ငါ​၏​ရှေ့​တွင်​ဒု​စ​ရိုက်​များ ကို​ပြု​ကျင့်​လျက် ငါ​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​ငါ​၏​စိတ်​ကို​ပြောင်း​လဲ​လျက် ယ​ခင်​ငါ မြွက်​ဆို​သည့်​ကောင်း​မှု​များ​ကို​မ​ပြု​ဘဲ​နေ​မည်။-
19709  JER 29:5  `သင်​တို့​အိမ်​ရာ​ဆောက်​လုပ်​၍​အ​တည်​တ​ကျ နေ​ထိုင်​ကြ​လော့။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​၍ ရ​ရှိ​သည့်​အ​သီး​အ​နှံ​များ​ကို​စား​ကြ​လော့။-
20595  EZK 3:24  သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ငါ​၏​အ​တွင်း​သို့​ဝင်​၍​ငါ့​အား​မတ်​တပ်​ရပ် စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘုရား​က``သင်​သည် မိ​မိ​အိမ်​သို့​ပြန်​ပြီး​လျှင်​အိမ်​တွင်​ပိတ်​နေ​လော့။-
20761  EZK 12:12  သူ​တို့​အား​အုပ်​စိုး​လျက်​ရှိ​သော​မင်း​သည်​မိ​မိ အ​ထုပ်​ကို​ထမ်း​၍​အုတ်​တံ​တိုင်း​တွင်​သူ​တို့​တူး ဖောက်​ပေး​သည့်​အ​ပေါက်​မှ​ထွက်​ပြေး​ရ​လိမ့်​မည်။ သူ​၏​မျက်​စိ​များ​ကို​ဖုံး​၍​ထား​သ​ဖြင့်​သူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-
20771  EZK 12:22  ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အ​ဘယ်​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်`အ​ချိန်​သာ ကုန်​လွန်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကား​အ ကောင်​အ​ထည်​မ​ပေါ်​လာ' ဟူ​သော​စ​ကား​ပုံ ကို​အ​ဖန်​တ​လဲ​လဲ​သုံး​စွဲ​နေ​ကြ​သ​နည်း။-
20891  EZK 16:60  သို့​ရာ​တွင်​သင်​ငယ်​စဉ်​အ​ခါ​က​ငါ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ပြန်​လည်​သ​တိ​ရ​၍ သင်​နှင့်​ထာ​ဝ စဉ်​တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ကို​ငါ​ဖွဲ့​ဦး​မည်။-
21124  EZK 23:48  ထို​သူ​နှစ်​ယောက်​တို့​ကဲ့​သို့​မျောက်​မ မ​ထား​ကြ စေ​ရန် အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ငါ​သည်​တစ်​ပြည်​လုံး​၌ အ​ကျင့်​ပျက်​မှု​မှန်​သ​မျှ​ကို​ရပ်​စဲ​စေ​မည်။-
22108  DAN 11:3  ``ထို​အ​ခါ​သူ​ရဲ​ကောင်း​အာ​ဇာ​နည်​မင်း တစ်​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ သူ​သည် အင်​ပါ​ယာ​နိုင်​ငံ​ကြီး​ကို​အုပ်​စိုး​လျက် မိ​မိ​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လိမ့်​မည်။-
22185  HOS 2:13  သူ​၏​နှစ်​စဉ်​ပွဲ​တော်​နှင့်​လ​စဉ်​ပွဲတော်​များ၊ ဥ​ပုသ် နေ့​ပွဲ​တော်​များ​စ​သော​ဘာ​သာ​ရေး​အ​စည်း အ​ဝေး​ရှိ​သ​မျှ​တို့​ကို​ငါ​ရပ်​စဲ​စေ​မည်။-
22203  HOS 4:1  ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့။ ဤ တိုင်း​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​စွပ်​စွဲ​တော်​မူ​ချက်​ရှိ​ပေ​၏။ ကိုယ်​တော် က``ဤ​တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​မေတ္တာ တ​ရား​ဟူ​၍​မ​ရှိ။ ငါ​သည်​ဘု​ရား​ဖြစ်​သည် ဟု​ပြည်​သူ​တို့​က​အ​သိ​အ​မှတ်​မ​ပြု​ကြ။-
22206  HOS 4:4  ထာ​ဝ​ရ​ဘု​ရား​က``မည်​သူ​မျှ​ပြည်​သား တို့​အား​မ​စွပ်​စွဲ​မ​ဆုံး​မ​စေ​နှင့်၊ ငါ​၌​ယဇ် ပု​ရော​ဟိတ်​တို့​အား​စွပ်​စွဲ​ရန်​အ​ချက်​ရှိ​သည်။-
22506  AMO 5:14  သင်​တို့​သည်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ရန် အ​တွက် အ​ဆိုး​ကို​ရှောင်​၍​အ​ကောင်း​ကို သာ​ရှာ​ဖွေ​ဆောင်​ရွက်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ဆို​သည့်​အ​တိုင်း​ကောင်း​ကင်​ဗိုလ် ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ​အ​မှန်​ပင်​ရှိ​တော်​မူ​မည်။-
23187  MAL 2:15  ဘု​ရား​သ​ခင်​သည်​သင်​တို့​နှစ်​ဦး​အား​တစ် ကိုယ်​တည်း​တစ်​စိတ်​တည်း​ဖြစ်​စေ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။ ယင်း​သို့​ဖြစ်​စေ​တော်​မူ​ရာ ၌​အ​ဘယ်​ရည်​ရွယ်​ချက်​ဖြစ်​ပါ​သ​နည်း။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​အ​စစ်​အ​မှန် များ​ကို​မွေး​ထုတ်​ပေး​ရန်​ဖြစ်​ပေ​သည်။ သို့​ဖြစ် ၍​သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​၏​ဇ​နီး နှင့်​ပြု​ထား​သည့် က​တိ​သစ္စာ​ကို​မ​ချိုး​မ ဖောက်​မိ​စေ​ရန်​အ​ထူး​သ​တိ​ပြု​ရ​ပေ​မည်။-
23527  MAT 10:41  ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဖြစ်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​စေ​တ​မန်​အား​လက်​ခံ​သူ​သည် ထို​စေ​တ​မန်​ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ လိမ့်​မည်။ သူ​တော်​ကောင်း​ဖြစ်​ခြင်း​ကို​ထောက်​၍ သူ​တော်​ကောင်း​ကို​လက်​ခံ​သူ​သည် သူ​တော်​ကောင်း ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ​လိမ့်​မည်။-
23583  MAT 12:25  ထို​သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``နိုင်​ငံ​တစ်​ခု​တွင်​လူ​တို့​သည် စိတ်​ဝမ်း​ကွဲ​ပြား​လျက် အချင်း​ချင်း​တိုက်​ခိုက်​နေ​လျှင် ထို​နိုင်​ငံ​သည်​မ​ကြာ​မီ​ပျက်​စီး​လိမ့်​မည်။ ထို​နည်း တူ​လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​မြို့ သို့​မ​ဟုတ်​အိမ်​ထောင်​သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-
23705  MAT 15:3  ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​ပစ်​ပယ်​၍ မိ​မိ​တို့​၏ ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ကြ​ပါ​သ​နည်း။-
23718  MAT 15:16  ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင်​ယ​ခု​တိုင်​အောင် အ​သိ​ဉာဏ်​ကင်း​မဲ့​လျက်​ရှိ​နေ​ကြ​သေး​သ​လော။-
24022  MAT 23:35  ထို့​ကြောင့်​အ​ပြစ်​ကင်း​သူ​အာ​ဗေ​လ​မှ​စ​၍ သန့် ရှင်း​ရာ​ဌာ​န​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် အ​သတ်​ခံ​ရ​သည့်​ဗာ​ရ​ခိ​၏​သား၊ ဇာ​ခ​ရိ​တိုင် အောင်​အ​ပြစ်​ကင်း​သူ​များ​ကို​သတ်​ဖြတ်​ခဲ့​သည့် အ​တွက်​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ပေ​အံ့။-
24092  MAT 25:15  တစ်​ယောက်​ကို​ရွှေ​ငါး​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို နှစ်​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို​ရွှေ​တစ်​ပိ​ဿာ​စ​သည် ဖြင့်​ထို​သူ​တို့​၏​အ​ရည်​အ​ချင်း​အ​လိုက်​ပေး​အပ်​၏။ ထို​နောက်​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​လေ​သည်။-
24106  MAT 25:29  ကြွယ်​ဝ​ချမ်း​သာ​သော​သူ​သည်​ထပ်​၍​ရ​ရှိ​သ​ဖြင့် သူ​၌​ပို​လျှံ​၍​နေ​လိမ့်​မည်။ သို့​ရာ​တွင်​ဆင်း​ရဲ သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။-
24282  MAT 28:18  သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။-
24403  MRK 4:11  ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော ခက်​ခဲ​နက်​နဲ​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သိ​နိုင်​ခွင့်​ရ​ရှိ​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခွင့်​မ​ရ​သော​သူ​တို့​ကား ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​သာ​ကြား​သိ​ရ​ပေ​သည်။-
24637  MRK 9:30  ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ထို​အ​ရပ်​မှ ထွက်​ခွာ​ကြ​ပြီး​လျှင် ဂါ​လိ​လဲ​ပြည်​ကို​ဖြတ် သွား​ကြ​၏။ ယင်း​သို့​ဖြတ်​သွား​ကြောင်း​ကို​ကိုယ် တော်​သည်​မည်​သူ့​အား​မျှ​သိ​စေ​တော်​မ​မူ​လို။-
24656  MRK 9:49  ``ယဇ်​ကောင်​ကို​ဆား​ခပ်​၍​သန့်​စင်​စေ​သ​ကဲ့​သို့ မီး​သည်​လူ​ခပ်​သိမ်း​တို့​ကို​သန့်​စင်​စေ​လိမ့်​မည်။-
24964  LUK 1:2  ထို​အ​ကြောင်း​အ​ရာ​များ​ကို​မျက်​မြင်​သက်​သေ များ​ဖြစ်​၍ သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​သူ​တို့​၏​ပြော​ကြား​ချက်​အ​ရ​ကျမ်း ပြု​ပ္ဂိုလ်​တို့​က​ရေး​သား​ပြု​စု​ခဲ့​ကြ​ပါ​သည်။-
24992  LUK 1:30  ကောင်း​ကင်​တ​မန်​က ``မာ​ရိ၊ မ​ကြောက်​နှင့်၊ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​မှာ​မျက်​နှာ​ပွင့်​လန်း​ပြီ။-
25258  LUK 6:43  ``အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​ကို​မ​သီး​နိုင်။ ညံ့​သော​အ​ပင်​သည်​အ​သီး​ကောင်း​ကို​မ​သီး​နိုင်။-
25503  LUK 11:29  လူ​ပ​ရိ​သတ်​တို့​သည်​စု​ရုံး​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က ``ယ​ခု​ခေတ်​လူ​တို့​သည်​အ​လွန် ဆိုး​ညစ်​လှ​ပါ​သည်​တ​ကား။ သူ​တို့​သည်​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န ၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ် လက္ခ​ဏာ​ကို​မျှ​သူ​တို့​အား​ပြ​လိမ့်​မည်​မ​ဟုတ်။-
25536  LUK 12:8  ``သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့​တ​ပည့်​အ​ဖြစ် လူ​တို့​ရှေ့​တွင်​ဝန်​ခံ​သော​သူ​ကို လူ​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​တို့​၏​ရှေ့ တွင် မိ​မိ​တ​ပည့်​အ​ဖြစ်​ဝန်​ခံ​တော်​မူ​လိမ့်​မည်။-
25593  LUK 13:6  ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``လူ​တစ်​ယောက်​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ တွင် စိုက်​ပျိုး​ထား​သော​သင်္ဘော​သ​ဖန်း​ပင်​တစ် ပင်​ရှိ​၏။ ဥ​ယျာဉ်​ရှင်​သည်​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သော်​လည်း​တစ်​လုံး​မျှ​မ​တွေ့​ရ။-
25607  LUK 13:20  တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​အ​ဘယ်​အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။-
25736  LUK 17:16  ထို​နောက်​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​လျက် ကိုယ်​တော် ၏​ကျေး​ဇူး​တော်​ကြီး​လှ​ကြောင်း​ကို​လျှောက်​ထား​၏။ ထို​သူ​ကား​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ်​သ​တည်း။-
25742  LUK 17:22  ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​တွေ့ မြင်​လို​သော​လူ​သား​၏​နေ့​တစ်​ရက်​ရောက်​ပေ​အံ့။ သို့​ရာ​တွင်​သင်​တို့​တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-
25809  LUK 19:9  သ​ခင်​ယေ​ရှု​က ``ဤ​သူ​သည်​လည်း​အာ​ဗြ​ဟံ ၏​သား​မြေး​ဖြစ်​သ​ဖြင့်​ကယ်​တင်​ခြင်း​ကျေး​ဇူး သည်​ယ​နေ့​ပင်​ဤ​အိမ်​ပေါ်​သို့​သက်​ရောက်​လေ​ပြီ။-
26523  JHN 9:14  သ​ခင်​ယေ​ရှု​ရွှံ့​ဖြင့်​ပြု​လုပ်​၍​ထို​သူ​ကို​မျက်​စိ မြင်​စေ​တော်​မူ​သော​နေ့​ကား​ဥပုသ်​နေ့​ဖြစ်​သ​တည်း။-
26784  JHN 15:16  သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။-
26918  JHN 19:24  စစ်​သား​များ​က ``ဤ​အင်္ကျီ​ကို​မ​ဆုတ်​ကြ နှင့်။ မဲ​ချ​၍​ယူ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း အ​ချင်း​ပြော​ဆို​ကြ​၏။ ဤ​စစ်​သား​များ ပြု​မူ​ကြ​ခြင်း​မှာ​ကျမ်း​စာ​တော်​တွင် ``ထို​သူ​တို့​သည်​ငါ​၏​အ​ဝတ်​များ​ကို​ခွဲ​ဝေ ယူ​ကြ​၏။ ငါ​၏​အင်္ကျီ​ကို​မဲ​ချ​ယူ​ကြ​၏'' ဟု​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပင်​တည်း။-
28037  ROM 2:7  အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။-
28452  1CO 1:21  လူ​သည်​မိ​မိ​ကိုယ်​ပိုင်​ဉာဏ်​ဖြင့်​ဘု​ရား​သ​ခင် အား​မ​သိ​နိုင်​စေ​ရန် ကိုယ်​တော်​သည်​ရွှေ​ဉာဏ် တော်​ဖြင့်​စီ​မံ​ထား​တော်​မူ​၏။ အ​ချည်း​နှီး​သော တ​ရား​ဖြစ်​သည်​ဟု​လူ​တို့​ထင်​မှတ်​သော​ငါ တို့​ကြေ​ညာ​သည့်​သ​တင်း​ကောင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​ယုံ​ကြည်​သူ​တို့ အား​ကယ်​တင်​တော်​မူ​ရန်​စီ​မံ​တော်​မူ​ပေ​သည်။-