42 | GEN 2:11 | ပထမမြစ်သည်ကားဖိရှုန်မြစ်ဖြစ်၍ ဟာဝိလပြည်ကိုပတ်၍စီးဆင်း၏။- |
125 | GEN 5:19 | နှစ်ရှစ်ရာဆက်၍အသက်ရှည်ရှည်နေရ၏။ သူ သည်သားသမီးများထပ်၍ရသေး၏။- |
9214 | 1KI 13:27 | ထိုနောက်သူသည်မိမိ၏သားတို့အား``ငါ၏မြည်း ကိုကုန်းနှီးတင်ကြလော့'' ဟုဆိုသည်အတိုင်း သူတို့သည်ကုန်းနှီးတင်၍ပေးကြ၏။- |
9675 | 2KI 5:24 | သူတို့သည်ဧလိရှဲနေထိုင်ရာတောင်ကုန်းသို့ရောက် သောအခါ ဂေဟာဇိသည်အိတ်နှစ်လုံးကိုယူ၍အိမ် ထဲသို့သယ်ဆောင်သွားလေသည်။ ထိုနောက်နေမန်၏ အစေခံများအားပြန်၍လွှတ်လိုက်၏။- |
9792 | 2KI 9:32 | ယေဟုသည်မော်၍ကြည့်ပြီးလျှင်``ငါ၏ဘက် သို့အဘယ်သူပါမည်နည်း'' ဟုမေး၏။ ထိုအခါ သူ့အားမိန်းမစိုးနှစ်ယောက်သုံးယောက်တို့သည် နန်းတော်ပြူတင်းမှငုံ့၍ကြည့်ကြ၏။- |
11992 | 2CH 35:21 | နေခေါက``အို ယုဒမင်း၊ ယခုကျွန်ုပ်တိုက်သည့် စစ်ပွဲသည်အဆွေတော်နှင့်မည်သို့မျှမသက် ဆိုင်။ ကျွန်ုပ်သည်အဆွေတော်အားတိုက်ခိုက်ရန် လာသည်မဟုတ်။ ကျွန်ုပ်၏ရန်သူများကိုတိုက် ခိုက်ရန်သာလာရောက်ခြင်းဖြစ်၏။ ဘုရားသခင်ကဆောလျင်စွာတိုက်ခိုက်ရန်ကျွန်ုပ် အားမိန့်တော်မူပါ၏။ ကျွန်ုပ်၏ဘက်၌ရှိ တော်မူသောဘုရားသခင်အားဆန့်ကျင် ဘက်မပြုပါနှင့်။ သို့မဟုတ်လျှင်ဘုရားသခင်သည်အဆွေတော်ကိုသုတ်သင် ဖျက်ဆီးတော်မူပါလိမ့်မည်'' ဟုယောရှိ ထံသို့စေတမန်လွှတ်၍မှာလိုက်၏။- |
18181 | ISA 24:16 | ငါတို့သည်သူတော်ကောင်းတရားကျင့်သူ ဣသရေလအမျိုးသားတို့အား ကမ္ဘာရပ်စွန်း ရပ်ဖျားများမှချီးကူးကြသည့်သီချင်း သံများကိုကြားရကြလိမ့်မည်။ သို့ရာတွင်ငါသည်မျှော်လင့်ရာမဲ့ဖြစ်လျက် လုံးပါးပါး၍နေပါသည်တကား။ သစ္စာမဲ့ သူတို့သည်ဆက်လက်၍သစ္စာဖောက်လျက် ဆိုးရွားသည်ထက်ဆိုးရွား၍လာကြ၏။- |
18964 | ISA 64:9 | ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့ များသည် သဲကန္တာရသဖွယ်ဖြစ်၍ ယေရု ရှလင်မြို့သည်လည်းပျက်စီးယိုယွင်း လျက် လူသူကင်းမဲ့ရာဖြစ်၍နေပါ၏။- |
21229 | EZK 28:3 | မိမိကိုယ်ကိုဒံယေလထက်ပင်ပညာရှိ သည်ဟူ၍ မိမိထံမှအဘယ်အရာမျှ လျှို့ဝှက်မထားနိုင်ဟူ၍ထင်မှတ်၏။- |
23559 | MAT 12:1 | ထိုနောက်များမကြာမီဥပုသ်နေ့၌သခင် ယေရှုသည် ဂျုံခင်းတို့ကိုဖြတ်၍ကြွတော်မူ၏။ တပည့်တော်တို့သည်ဆာလောင်မွတ်သိပ်သဖြင့် ဂျုံနှံများကိုဆွတ်ခူး၍စားကြ၏။- |
24367 | MRK 3:10 | ကိုယ်တော်သည်များစွာသောလူမမာတို့ကို ကျန်းမာစေတော်မူခဲ့သဖြင့် ရောဂါရှိသူ ဟူသမျှသည်ကိုယ်တော်ကိုတို့ထိခွင့်ရရန် အထံတော်သို့တိုးဝှေ့၍လာကြ၏။- |
25464 | LUK 10:32 | ထိုနည်းတူလေဝိအနွယ်ဝင်တစ်ယောက်သည်ထို နေရာသို့ရောက်လာ၏။ သူသည်လည်းလူနာကို လာကြည့်ပြီးလျှင်ရှောင်ကွင်း၍သွားလေ၏။- |
26037 | LUK 23:33 | ``ဦးခေါင်းခွံ'' ဟုနာမည်တွင်သောအရပ်သို့ရောက် သောအခါကိုယ်တော်နှင့်ရာဇဝတ်သင့်သူများ ကိုလက်ဝါးကပ်တိုင်မှာတင်၍သတ်ကြ၏။ ရာ ဇဝတ်သင့်သူတစ်ယောက်ကိုလက်ယာတော်ဘက် တွင်လည်းကောင်း၊ အခြားတစ်ယောက်ကိုလက်ဝဲ တော်ဘက်တွင်လည်းကောင်းထား၍သတ်ကြ၏။- |
26527 | JHN 9:18 | သို့ရာတွင်ယုဒအာဏာပိုင်တို့သည်ယခင်က ထိုသူမျက်မမြင်ဖြစ်ခဲ့သည်ကိုလည်းကောင်း၊ ယခုမျက်စိမြင်လာသည်ကိုလည်းကောင်း မယုံသဖြင့် သူ့မိဘတို့ကိုခေါ်၍မေးကြ၏။- |
26783 | JHN 15:15 | ယခုမှစ၍သင်တို့အားအစေခံဟူ၍ငါ မခေါ်။ အဘယ်ကြောင့်ဆိုသော်အစေခံသည် သခင်ပြုသည့်အမှုကိုမသိသောကြောင့် ဖြစ်၏။ ခမည်းတော်ထံမှငါကြားရသမျှ တို့ကိုသင်တို့အားငါပြောကြားပြီးဖြစ် သဖြင့် သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။- |
28567 | 1CO 7:12 | (သခင်ဘုရားပညတ်တော်မမူသော်လည်း) အခြားသူတို့အားငါပညတ်လိုသည်မှာ ယုံကြည်သူအမျိုးသားတစ်ယောက်သည် မယုံကြည်သူမယားရှိက ထိုအမျိုးသမီး ကဆက်လက်ပေါင်းသင်းနေလိုပါမူ သူ့အား မကွာမရှင်းရဟူ၍ပင်ဖြစ်၏။- |
30129 | HEB 6:18 | ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။- |