52 | GEN 2:21 | ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုနှစ်ခြိုက်စွာအိပ်မောကျစေတော်မူ၏။ အိပ်နေစဉ်နံရိုးတစ်ချောင်းကိုထုတ်ယူပြီး လျှင် အသားကိုပြန်၍ပိတ်တော်မူ၏။- |
4238 | NUM 17:8 | ထိုအခါမောရှေနှင့်အာရုန်တို့သည်တဲတော် ရှေ့သို့ချဉ်းကပ်၍ရပ်နေကြ၏။- |
7644 | 1SA 17:24 | ဣသရေလအမျိုးသားတို့သည်ဂေါလျတ် ကိုမြင်လျှင်ကြောက်၍ထွက်ပြေးကြ၏။- |
7702 | 1SA 18:24 | အရာရှိတို့သည်လည်းဒါဝိဒ်၏စကားကို ရှောလုအားပြန်၍လျှောက်ထားကြ၏။- |
9108 | 1KI 10:26 | ရှောလမုန်သည်စစ်ရထားတစ်ထောင့်လေးရာနှင့် မြင်းကောင်ရေတစ်သောင်းနှစ်ထောင်ရှိသောတပ်ကို ဖွဲ့စည်းပြီးနောက် အချို့ကိုယေရုရှလင်မြို့တွင် လည်းကောင်း၊ အချို့ကိုအခြားမြို့တို့တွင်လည်း ကောင်းစခန်းချ၍ထားတော်မူ၏။- |
9783 | 2KI 9:23 | ယောရံက``အို အာခဇိ၊ တော်လှန်ပုန်ကန်မှု ပါတကား'' ဟုအော်ဟစ်ကာမိမိ၏စစ် ရထားကိုလှည့်၍ထွက်ပြေးလေ၏။- |
10231 | 2KI 25:5 | သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့သည် ဇေဒကိမင်းကိုလိုက်၍ဖမ်းကြရာ ယေရိခေါ မြို့အနီးရှိလွင်ပြင်တွင်မိလေသည်။ ဇေဒကိ ၏စစ်သူရဲအပေါင်းတို့သည်ကားမိမိတို့ အရှင်ကိုစွန့်၍ထွက်ပြေးကြ၏။- |
18288 | ISA 30:1 | ထာဝရဘုရားက``ယုဒပြည်ကိုအစိုးရ သူတို့သည်အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ငါ့ကိုမုန်းသောကြောင့် ဖြစ်၏။ သူတို့သည်ငါ၏အလိုတော်နှင့်ဆန့် ကျင်သည့်အကြံအစည်များကိုပြု၍ ငါ၏ ခွင့်ပြုချက်မရဘဲမဟာမိတ်စာချုပ်များ ကိုချုပ်ဆိုကာ၊ အပြစ်တစ်ခုအပေါ်တွင် တစ်ခုထပ်ဆင့်၍ကူးလွန်ကြ၏။- |
23241 | MAT 2:3 | ထိုအကြောင်းကိုကြားလျှင်ဟေရုဒ်မင်းနှင့်တကွ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့သည် တုန်လှုပ်ချောက်ချား၍သွားကြကုန်၏။- |
24310 | MRK 1:26 | ညစ်ညမ်းသောနတ်သည်လူကိုပြင်းစွာတုန်တက် စေပြီးလျှင် ကျယ်စွာဟစ်အော်၍ထွက်ခွာသွား၏။- |
27392 | ACT 11:16 | ထိုအခါ `ယောဟန်သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သို့ရာတွင်သင်တို့သည်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ဗတ္တိဇံမင်္ဂလာခံရကြလိမ့် မည်' ဟူသောသခင်ဘုရား၏စကားတော် ကိုငါသည်ပြန်၍သတိရ၏။- |
30509 | 1PE 3:18 | အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။- |
30584 | 2PE 2:17 | ထိုသူတို့သည်ရေခန်းခြောက်သွားသည့်စမ်း ချောင်းများကဲ့သို့လည်းကောင်း လေမုန်တိုင်း တွင်လွင့်ပါသွားသည့်မိုးတိမ်ကဲ့သို့လည်း ကောင်းဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့ အတွက်အလွန့်အလွန်မှောင်မိုက်သောနေ ရာကိုသီးသန့်၍ထားတော်မူ၏။- |