3505 | LEV 25:35 | သင်၏အိမ်နီးချင်းအမျိုးသားချင်းတစ်ဦး သည် ဆင်းရဲနွမ်းပါး၍အားကိုးရာမဲ့ဖြစ် နေလျှင် သင့်အိမ်နီးချင်းအဖြစ်ဆက်လက်၍ အသက်ရှင်နေထိုင်နိုင်စေရန် သူ့အားမိမိ ၏သူရင်းငှားကဲ့သို့ထောက်ပံ့ရမည်။- |
5320 | DEU 14:28 | သုံးနှစ်လျှင်တစ်ကြိမ်သင်တို့သည် ထွက်သမျှ အသီးအနှံထဲမှဆယ်ဖို့တစ်ဖို့ကို သင်တို့ ၏မြို့ရွာများတွင်စုဆောင်းထားရမည်။- |
5441 | DEU 20:12 | သို့ရာတွင်ထိုမြို့သားတို့သည်လက်နက် မချဘဲခုခံတိုက်ခိုက်မည်ဆိုလျှင် သင်တို့ ၏စစ်တပ်သည်မြို့ကိုဝိုင်းထားရမည်။- |
10061 | 2KI 18:33 | အခြားလူမျိုးတို့၏ဘုရားများသည်ထိုသူ တို့၏ပြည်များကို အာရှုရိဧကရာဇ်ဘုရင် ၏လက်မှကယ်ဆယ်ခဲ့ကြပါသလော။- |
17941 | ISA 10:21 | ဣသရေလပြည်သူအချို့တို့သည်လည်း မိမိတို့၏တန်ခိုးတော်ရှင်ဘုရားသခင် ၏အထံတော်သို့ပြန်လာကြလိမ့်မည်။- |
19452 | JER 17:26 | လူတို့သည်ယုဒမြို့များနှင့်ယေရုရှလင် မြို့ပတ်ဝန်းကျင်ကျေးရွာများမှလာရောက် ကြလိမ့်မည်။ သူတို့သည်ဗင်္ယာမိန်နယ်မြေ၊ တောင်ခြေဒေသများ၊ တောင်တန်းဒေသများ နှင့်ယုဒပြည်တောင်ပိုင်းနယ်မြေမှလာရောက် ကြလိမ့်မည်။ သူတို့သည်မီးရှို့ရာပူဇော်သကာ နှင့်ယဇ်များကိုလည်းကောင်း၊ ဂျုံစပါးပူဇော် သကာများ၊ နံ့သာပေါင်းနှင့်ကျေးဇူးတော်ချီး မွမ်းရာယဇ်တို့ကိုလည်းကောင်း ထာဝရဘုရား ၏အိမ်တော်သို့ယူဆောင်လာကြလိမ့်မည်။- |
21049 | EZK 22:4 | သင်သည်ထိုလူသတ်မှုများအတွက်အပြစ် ရှိသည့်ပြင် မိမိပြုလုပ်သည့်ရုပ်တုများအား ဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေသည်ဖြစ်၍သင် ၏နေ့ရက်ကာလသည်ကျရောက်လာလေပြီ။ သင်၏နှစ်များကုန်ဆုံးချိန်စေ့ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားလူမျိုးတကာတို့ပြက် ရယ်ပြုစရာ၊ အတိုင်းတိုင်းအပြည်ပြည် ၏ပြောင်လှောင်စရာဖြစ်စေတော်မူပြီ။- |
25616 | LUK 13:29 | လူတို့သည်အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာမှလာကြပြီးလျှင် ဘုရားသခင် ၏နိုင်ငံတော်ပွဲတွင်ဝင်ကြလိမ့်မည်။- |
28503 | 1CO 4:2 | ယင်းသို့တာဝန်ယူဆောင်ရွက်ရသူတွင်ရှိရ မည့်အရည်အချင်းတစ်ခုကား မိမိသခင် ၏ပေါ်တွင်သစ္စာစောင့်ရန်ပင်ဖြစ်ပေသည်။- |
28664 | 1CO 10:29 | သြတ္တပ္ပစိတ်ဆိုရာ၌သင်တို့၏သြတ္တပ္ပစိတ်ကို မဆိုလို။ လာပြောသူ၏သြတ္တပ္ပစိတ်ကိုဆို လို၏။ သင်တို့တွင်လူတစ်စုံတစ်ယောက်က``ငါ၏ လွတ်လပ်မှုကိုအဘယ်ကြောင့်သူတစ်ပါး ၏သြတ္တပ္ပစိတ်ကချုပ်ချယ်ရပါသနည်း။- |
28727 | 1CO 12:25 | သို့ဖြစ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းအချင်း ချင်းစိတ်ဝမ်းကွဲပြားမှုမရှိဘဲ အချင်းချင်း ၏အကျိုးကိုပြုစုလျက်ရှိပေသည်။- |
28810 | 1CO 15:24 | ထိုနောက်ကပ်ကမ္ဘာကုန်ဆုံးချိန်ရောက်လိမ့်မည်။ ထိုအခါခရစ်တော်သည်ရှိရှိသမျှသော ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များ၊ အာဏာ ပိုင်များနှင့်စိုးမိုးအုပ်ချုပ်သူများကိုနှိမ်နင်း ၍နိုင်ငံတော်ကိုခမည်းတော်ဘုရားသခင် ၏လက်တော်သို့ပေးအပ်တော်မူလိမ့်မည်။- |