2 | GEN 1:2 | မြေကြီး သည်အဆင်း သဏ္ဍာန်မရှိ၊ လွတ်လပ် လဟာဖြစ်၏။ နက်နဲ ရာအရပ် ကို မှောင်မိုက် ဖုံးလွှမ်း ၍ ဘုရားသခင် ၏ ဝိညာဉ် တော်သည် ရေ မျက်နှာပြင် ပေါ် မှာ လှုပ်ရှား တော်မူ၏။ |
14 | GEN 1:14 | တဖန် ဘုရား သခင်က၊ နေ့ နှင့် ညဉ့် ကို ပိုင်းခြား စေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ အလင်း အိမ် တည် စေ၊ နိမိတ် လက္ခဏာ၊ ချိန်းချက် သောအချိန်၊ နေ့ ရက်အပိုင်းအခြား၊ နှစ် အပိုင်းအခြားဘို့ ဖြစ် စေ။ |
26 | GEN 1:26 | တဖန် ဘုရား သခင်က ငါ တို့ပုံသဏ္ဍာန်နှင့်အညီတသဏ္ဍန်တည်း လူ ကို ဖန်ဆင်း ကြစို့။ သူသည် ပင်လယ် ငါး တို့ကို၎င်း ၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း ၊ သား ယဉ်တို့ကို၎င်း ၊ မြေ တပြင်လုံး နှင့်တကွ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း ၊ အုပ်စိုး စေဟု အမိန့်တော်ရှိ၏။ |
27 | GEN 1:27 | ထိုသို့ ဘုရား သခင်သည် မိမိ ပုံသဏ္ဍန် နှင့်အညီ လူ ကိုဖန်ဆင်း တော်မူ၏။ ဘုရား သခင်၏ ပုံ သဏ္ဍာန် တော်နှင့်အညီ လူယောက်ျား ၊ လူမိန်းမ ကိုဖန်ဆင်း ပြီးလျှင်၊ |
84 | GEN 4:4 | အာဗေလ သည်လည်း မိမိ သိုး စုတွင် အဦး ဘွားသော သားအချို့နှင့်၊ သိုး ဆီ ဥကိုဆောင် ခဲ့၏။ ထာဝရဘုရား သည် အာဗေလ နှင့် သူ ၏ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မူ၏။ |
85 | GEN 4:5 | ကာဣန နှင့် သူ ၏ ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မ မူ၊ ထိုကြောင့် ကာဣန သည် အလွန် စိတ်ဆိုး ၍ မျက်နှာ ပျက် လေ၏။ |
95 | GEN 4:15 | ထာဝရဘုရား ကလည်း သို့ဖြစ်၍ ကာဣန ကို သတ် သောသူမည်သည်ကား၊ ခုနစ် ဆသောအပြစ် ဒဏ်ကိုခံ ရလိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊ ကာဣန ကိုတွေ့ သောသူ တစုံတယောက် မျှ မ သတ် စေခြင်းငှါ၊ ထာဝရဘုရား သည် သူ ၌ အမှတ် ပေး တော်မူ၏။ |
107 | GEN 5:1 | အာဒံ ၏သားစဉ်မြေးစက် စာရင်း ဟူမူကား၊ လူ ကို ဖန်ဆင်း တော်မူသောကာလ ၌ ၊ မိမိ ပုံသဏ္ဍာန် နှင့်အညီ၊ ဘုရား သခင်ဖန်ဆင်း တော်မူ၏။ |
109 | GEN 5:3 | အာဒံ သည် အသက် တရာ့ သုံး ဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန် နှင့်အညီသဏ္ဍာန် တည်းသားကိုမြင် ရ၍ ရှေသ အမည် ဖြင့် မှည့် လေ၏။ |
205 | GEN 8:21 | ထာဝရဘုရား သည်လည်း မွှေးကြိုင် သော အနံ့ ကို ခံယူ ၍ ၊ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီး ကို မ ကျိန်။ အကြောင်းမူကား ၊ လူ တို့သည် ငယ် သောအရွယ်မှစ၍ ၊ စိတ် နှလုံးအကြံအစည် ဆိုး ကြ၏။ ငါသည် ယခုတခါ ပြု ပြီးသကဲ့သို့ ၊ အသက် ရှင်သောအရာရှိသမျှ တို့ကို နောက် တဖန်ဒဏ် မ ခတ်။ |
212 | GEN 9:6 | အကြင်သူသည် လူ ၏အသွေး ကိုသွန်း ၏။ ထိုသူ ၏အသွေး ကို လူ လက်ဖြင့် သွန်း ရမည်။ အကြောင်းမူကား ဘုရား သခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူ ကို ဖန်ဆင်း တော်မူ၏။ |
218 | GEN 9:12 | ထိုမှတပါး ငါ တဘက်၊ သင် တို့နှင့် သင် တို့ထံမှာ အသက် ရှင်သမျှ သောတိရစ္ဆာန် တို့ တစ်ဖက်၌ သား မြေး အစဉ် အဆက်မပြတ်၊ ငါ ပြု သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဟူမူကား၊ |
223 | GEN 9:17 | ဤ သည်ကား ငါ နှင့် မြေကြီး ပေါ် မှာရှိသော သတ္တဝါ အပေါင်း တို့၏ စပ်ကြား မှာ၊ ငါအမြဲဖွဲ့ သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ်သတည်းဟု နောဧ ကို ဘုရား သခင်မိန့် တော်မူ၏။ |
316 | GEN 12:17 | ထာဝရဘုရား သည် အာဗြံ ၏ မယား စာရဲ အတွက် ကြောင့်၊ ဖါရော ဘုရင်မှစ၍ နန်းတော် သားတို့ကို ကြီး သော ဘေးဒဏ် ဖြင့် ဆုံးမ တော်မူ၏။ |
409 | GEN 17:11 | အရေဖျား လှီးမင်္ဂလာသည်၊ ငါ နှင့် သင် တို့ပြုသောပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ် ရလိမ့်မည်။ |
469 | GEN 19:11 | အိမ် တံခါး နားမှာ ရှိသောသူ အကြီး အငယ် တို့ကို မျက်စိ ကန်းစေခြင်းငှါ ဒဏ်ခတ် သဖြင့် သူတို့သည် တံခါး ကိုရှာ ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ၏။ |
477 | GEN 19:19 | ယခု မှာ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာ ရပါပြီ။ အကျွန်ုပ် အသက် ချမ်းသာစေ သဖြင့်၊ အကျွန်ုပ်၌ ပြု တော်မူသောကရုဏာ ကျေးဇူးများပြား လှပါ၏။ ဘေးလွတ်၍ တောင် ပေါ် သို့ မ ပြေး နိုင်ပါ။ ဘေး တစုံတခု တွေ့ ၍ သေ မည်ကို စိုးရိမ် ပါ၏။ |
594 | GEN 24:2 | အာဗြဟံ သည်၊ မိမိ အိမ်သား တို့တွင် အသက် ကြီး၍ ဘဏ္ဍာစိုး လုပ်သောသူကို ခေါ် လျက်၊ |
619 | GEN 24:27 | ကရုဏာ ၊ သစ္စာ တော်ကို အကျွန်ုပ် သခင် မှ ရုပ်သိမ်း တော်မ မူသော၊ အကျွန်ုပ် သခင် အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။ လမ်း မှာ သွားလျက်ရှိသောအကျွန်ုပ် ကို ထာဝရဘုရား သည် အကျွန်ုပ် သခင် ၏ညီအစ်ကို တို့အိမ် သို့ ပို့ဆောင် တော်မူပါသည်တကားဟု မြွက်ဆို ၏။ |
758 | GEN 27:30 | ယာကုပ် သည်၊ အဘ ဣဇာက် ပေးသော ကောင်းကြီး မင်္ဂလာကို ခံ၍၊ အဘထံ မှ ထွက်သွား သော ခဏခြင်း တွင်၊ အစ်ကို ဧသော သည် မုဆိုး ပြုရာမှ ရောက် လာ၏။ |
772 | GEN 27:44 | သင် ၏အစ်ကို စိတ် ပြေ သည်တိုင်အောင် ၊ သူ့ ထံမှာ ခဏရှောင်၍ နေ ပါလော့။ |
939 | GEN 32:11 | ကိုယ်တော် ကျွန် ၌ ပြ တော်မူသောကရုဏာ သစ္စာ တော်အငယ်ဆုံးကို မျှ အကျွန်ုပ်မ ခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤ ယော်ဒန် မြစ်ကို လက်စွဲတောင်ဝေး နှင့် သာ ကူး ပါ၏။ ယခု မူကား ၊ အပေါင်းအသင်း နှစ် စုဖြစ် ပါ၏။ |
993 | GEN 34:12 | ကန်တော့ ဥစ္စာဖြစ်စေ ၊ လက်ဆောင် ပဏ္ဏာဖြစ်စေ ၊ နည်းများမဆို၊ တောင်း သည့်အတိုင်း ပေး ပါမည်။ ဤမိန်းမ ကိုသာ ငါ့ အား ထိမ်းမြားပေးစား ကြပါဟု၊ မိန်းမ ၏အဘ နှင့် မောင် တို့အား ဆို လေ၏။ |
1119 | GEN 37:35 | သား သမီး အပေါင်း တို့သည်၊ အဘ ကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့် စေသော စကားကို နား မထောင်ဘဲ၊ ငါ့ သား ရှိ ရာ မရဏာ နိုင်ငံသို့ စိတ် မသာညည်းတွားလျက် ဆင်းသက် တော့မည်ဟု ဆို လေ၏။ ထိုသို့ယောသပ်အဘသည် သား ကြောင့် ငိုကြွေး မြည်တမ်းလျက် နေလေ၏။ |
1211 | GEN 41:15 | ဖါရော မင်းကလည်း ၊ ငါသည်အိပ်မက် ကို မြင် မက်ပြီ။ အနက်ကို အဘယ် သူမျှမဘတ် နိုင်။ သင် သည် အိပ်မက် ကို နားလည် သော ဉာဏ်နှင့် အနက် ဘတ်နိုင် သည်ကို ငါကြား ရပြီဟုဆို ၏။ |
1227 | GEN 41:31 | အစာခေါင်းပါး ခြင်းသည် အလွန် အားကြီး သောကြောင့် ၊ အရင် ဝပြောခြင်း၏ လက္ခဏာမ ထင် ရ။ |
1229 | GEN 41:33 | သို့ဖြစ်၍ ဖါရော ဘုရင်သည် ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ ကို ရွေးချယ် ၍ အဲဂုတ္တု ပြည် ကို အုပ်စိုး စေတော်မူပါ။ |
1235 | GEN 41:39 | ယောသပ် အား လည်း ၊ ဘုရားသခင် သည် ဤအမှု အလုံးစုံ တို့ကို သင့် အား ပြု တော်မူသည်ဖြစ်၍သင် ကဲ့သို့ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ မရှိ။ |
1241 | GEN 41:45 | ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏ တည်း ဟူသောဘွဲ့ နာမနှင့်ယောသပ် ကို ချီးမြှောက် ၍ ဩန မြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရ ၏သမီး အာသနတ် နှင့် စုံဘက် စေတော်မူ၏။ ထိုသို့ယောသပ် သည် အဲဂုတ္တု နိုင်ငံ အုပ်အရာနှင့် အထံ တော်ကထွက် လေ၏။ |
1277 | GEN 42:24 | ထိုအခါ ယောသပ်သည် သူ တို့ထံ မှခဏ ခွါ၍ ငို လေ၏။ တဖန် လာ ပြန်၍ နှုတ်ဆက် ပြီးလျှင် ၊ ရှိမောင် ကို သူ တို့အစုထဲ ကယူ ၍ သူ တို့ရှေ့ တွင် ချည်နှောင် လေ၏။ |
1291 | GEN 42:38 | အဘကလည်း၊ သင် တို့နှင့်အတူ ငါ့ သား မ သွား ရ။ သူ ၏အစ်ကို သေ ပြီ။ သူ သည် တယောက် တည်း ကျန်ရစ် ၏။ သင်တို့သွား ရာလမ်း ခရီးတွင် သူ ၌ ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ဆို လေ ၏။ |
1314 | GEN 43:23 | ဝန်စာရေးက၊ ချမ်းသာ ပါစေ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ဘုရားသခင် ၊ သင် တို့၏အဘ ဘုရားသခင် သည် သင် တို့အိတ် များ၌ ဘဏ္ဍာ ကိုသနား တော်မူပြီ။ သင် တို့ငွေ ကို ငါ ခံရ ပြီဟုဆို သဖြင့် ၊ ရှိမောင် ကိုထုတ် ၍ အပ်လိုက် လေ၏။ |
1330 | GEN 44:5 | ငါ့ သခင် သောက် သော ဖလား မ ဟုတ်လော။ ထူးဆန်းသော ဉာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ် လော။ သင်တို့ပြု သောဤအမှု သည် မ ကောင်းပါတကား ဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊ |
1340 | GEN 44:15 | ယောသပ် ကလည်း၊ သင်တို့သည် အဘယ်သို့ ပြု ပြီးသနည်း။ ငါ ကဲ့သို့ သောယောက်ျား သည် ထူးဆန်း သောဉာဏ်ရှိကြောင်း ကို သင်တို့မ သိ ကြသလောဟု ဆို ၏။ |
1354 | GEN 44:29 | ဤ သူကိုလည်း ငါ့ ထံ မှယူ သွား၍ သူ ၌ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်း နှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ကျွန်တော် တို့အား ဆို ပါ၏။ |
1356 | GEN 44:31 | သူငယ် မ ရှိသည်ကို မြင် သောအခါ အဘသေ ပါလိမ့်မည်။ ကိုယ်တော် ကျွန် တို့သည်၊ ကိုယ်တော် ကျွန် တည်းဟူသောကျွန်တော် တို့အဘ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြပါ လိမ့်မည်။ |
1441 | GEN 47:20 | ယောသပ် သည် အဲဂုတ္တု မြေ ရှိသမျှ ကို ဖါရော မင်းဘို့ ဝယ် လေ၏။ အစာခေါင်းပါး ၍ အဲဂုတ္တု လူတို့သည် မတတ်နိုင်သောကြောင့်၊ အသီးအသီး ပိုင်သော မြေ အကွက်တို့ကို ရောင်း ကြသဖြင့် မြေ သည် ဘဏ္ဍာ တော် ဖြစ် လေ၏။ |
1450 | GEN 47:29 | ဣသရေလ သည် သေ ရသောအချိန် နီး သော် ၊ သား ယောသပ် ကို ခေါ် ၍ ငါ့ကိုသနားလျှင် သင် ၏ လက် ကို ငါ့ ပေါင် အောက် ၌ ထားပါလော့။ ကရုဏာ သစ္စာ နှင့်အညီ ငါ ၌ ပြု ပါ။ အဲဂုတ္တု ပြည်၌ ငါ့ ကိုမ သင်္ဂြိုဟ် ပါနှင့်။ |
1468 | GEN 48:16 | ငါ့ ကိုခပ်သိမ်း သော ဘေးဒဏ် အထဲ က ကယ်နှုတ် တော်မူသောကောင်းကင် တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီး ပေးတော်မူပါစေသော။ သူ တို့ကို ငါ့ အမည် ဖြင့်၎င်း ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့် ပါစေသော။ သူတို့သည် မြေကြီး ပေါ် မှာ အလွန်တိုး ပွါးများပြား ပါစေသောဟု မြွက်ဆို၏။ |
1484 | GEN 49:10 | ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။ |
1544 | EXO 1:11 | ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။ |
1592 | EXO 3:12 | ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့် ဘက် ၌ရှိ လိမ့်မည်။ ငါ သည် သင့် ကိုစေလွှတ် ခြင်း လက္ခဏာ သက်သေဟူမူကား၊ သင် သည်ထို လူ တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်ပြီးလျှင်၊ ဤ တောင် ပေါ် မှာ ဘုရား သခင်အား ဝတ်ပြု ရကြလိမ့်မည်ဟု မိန့် တော်မူ၏။ |
1600 | EXO 3:20 | ငါ သည်လည်း လက် ကိုဆန့် ၍ ၊ အဲဂုတ္တု ပြည်ထဲ ၌ ငါပြု လတံ့သော ငါ ၏အံ့ဘွယ် သောအမှုရှိသမျှ တို့နှင့် ထို ပြည်ကို ဒဏ်ခတ် မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင် တို့ကို လွှတ် လိမ့်မည်။ |
1636 | EXO 5:3 | သူတို့ကလည်း၊ ဟေဗြဲ လူတို့၏ ဘုရား သခင်သည် ကျွန်တော် တို့နှင့် တွေ့ တော်မူပြီ။ တော သို့ သုံး ရက် ခရီး သွား ၍ ၊ ကျွန်တော် တို့ ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့်ကိုပေး တော်မူပါ။ သို့မဟုတ် ကာလနာ ဘေး၊ ထား ဘေးတစုံတခုဖြင့် ကျွန်တော် တို့ကို ဒဏ်ခတ် တော်မူလိမ့်မည်ဟု လျှောက် ဆို၏။ |
1662 | EXO 6:6 | ထိုကြောင့်ဣသရေလ အမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် ၍ ၊ သူ တို့၏ ညှဉ်းဆဲ ခြင်းထဲက နှုတ်ယူ မည်။ လက် ဆန့် ခြင်း၊ ကြီးစွာ သော ဒဏ်ခတ် ခြင်းအားဖြင့် သင် တို့ကို ငါရွေး မည်။ |
1689 | EXO 7:3 | ငါ သည်လည်း ဖါရော မင်း၏ နှလုံး ကို ခိုင်မာ စေ၍ ၊ အဲဂုတ္တု ပြည် ၌ ငါ ၏နိမိတ် လက္ခဏာ အံ့ဘွယ် သော အမှုတို့ကို များပြား စေမည်။ |
1690 | EXO 7:4 | သို့သော်လည်း ဖါရော မင်းသည် သင် တို့စကားကို နား မ ထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့ လက် ကို အဲဂုတ္တု ပြည်အပေါ် မှာတင် ၍ ကြီးစွာ သောဒဏ်ခတ် ခြင်းအားဖြင့် ငါ ၏ဗိုလ်ပါ များ၊ ငါ ၏လူ ဣသရလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် မည်။ |
1711 | EXO 7:25 | ထာဝရဘုရား သည်မြစ် ကိုဒဏ်ခတ် ၍ ခုနစ် ရက် ကိုလွန် စေတော်မူ၏။ |
1713 | EXO 7:27 | မလွှတ် ဘူးဟုငြင်း လျှင် ၊ သင် ၏ပြည် တရှောက်လုံး ကို ဘား တို့ဖြင့် ဒဏ်ခတ် ဦးမည်။ |
1757 | EXO 9:14 | သို့မဟုတ် ယခု ကာလ အခါ သင် ၏နှလုံး ၌ ၎င်း ၊ သင် ၏ကျွန် များ၊ လူ များ၌ ၎င်း ၊ ငါ ၏ဘေးဒဏ် အလုံးစုံ တို့ကို သင့် ရောက်စေမည်။ မြေကြီး တရှောက်လုံး ၌ ငါ ကဲ့သို့ သောသူ မရှိ ကြောင်းကို သင်သည် သိ ရလိမ့်မည်။ |
1758 | EXO 9:15 | ငါ့ လက် ကို ငါဆန့် ၍ သင် နှင့် သင် ၏လူ တို့ကို ကာလနာ ဖြင့် ဒဏ်ခတ် မည်။ သင့်ကိုလည်း မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းမည်။ |
1764 | EXO 9:21 | ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပမာဏ မ ပြုသောသူတို့သည်၊ မိမိ ကျွန် ၊ မိမိ တိရစ္ဆာန် တို့ကို လယ်ပြင် ၌ ထား ကြ၏။ |
1829 | EXO 12:12 | အကြောင်းမူကား၊ ယနေ့ညဉ့် တွင် အဲဂုတ္တု ပြည် ကို ငါသည် ထုတ်ချင်းခပ်သွား ၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသောလူ တို့၏ သားဦး များနှင့် တိရစ္ဆာန် တို့၏ သားဦးများအပေါင်း တို့ကို ဒဏ်ခတ် ၍ ၊ အဲဂုတ္တု ပြည်၏ ဘုရား တို့ကို တရားစီရင် မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။ |
1830 | EXO 12:13 | သိုးသငယ်၏ အသွေး သည် သင် တို့နေရာ အိမ် ၌ သင် တို့၏ လက္ခဏာ သက်သေဖြစ် ၍ ၊ ထို အသွေး ကို ငါမြင် သောအခါ ၊ သင် တို့ကို ငါလွန် သွားမည်။ ထိုသို့ အဲဂုတ္တု ပြည် ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဖျက်ဆီး ခြင်း ဘေးဥပဒ် သည် သင် တို့ကို မ သင့် မရောက်ရ။ |
1840 | EXO 12:23 | အကြောင်းမူကား၊ ထာဝရဘုရား သည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ် ခြင်းငှာ ထုတ်ချင်းခတ်သွား တော်မူမည်။ တံခါးထုပ် နှင့် တံခါးတိုင် နှစ် ဘက်၌ ရှိသောအသွေး ကို မြင် သောအခါ ၊ ထာဝရဘုရား သည် တံခါး ကို လွန် သွားတော်မူမည်။ ဖျက်ဆီး သောသူသည် သင်တို့ကို ဒဏ်ခတ် ခြင်းငှာ ၊ အိမ် ထဲ သို့ဝင် ရသောအခွင့် ကိုပေး တော်မ မူ။ |
1844 | EXO 12:27 | ထာဝရဘုရားသည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ် ၍ ၊ ငါ တို့အိမ် များကို ချမ်းသာ ပေးတော်မူသောအခါ ၊ အဲဂုတ္တု ပြည်၌ ဣသရေလ အမျိုးသား တို့၏အိမ် များကို လွန် သွားတော်မူသောထာဝရဘုရား ၏ ပသခါ ယဇ် ဖြစ်သတည်းဟု ပြန်ပြော ရကြမည်ဟု မောရှေဆို ပြီးလျှင် ၊ ထိုသူ တို့သည် ဦးညွတ်ချ ၍ ကိုးကွယ် ကြ၏။ |
1846 | EXO 12:29 | သန်းခေါင် အချိန်၌ ၊ ထာဝရဘုရား သည် နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ထောင် ထဲမှာ အချုပ် ခံရသောသူ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ သားဦး ရှိသမျှ ကို၎င်း ၊ တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ ကို ၎င်း ဒဏ်ခတ် တော်မူ၏။ |
1877 | EXO 13:9 | ထာဝရဘုရား ၏ တရား သည်၊ သင် ၏နှုတ် ၌ တည် မည်အကြောင်း ၊ ဤအရာသည် သင် ၏လက် ၌ လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ အောက်မေ့ ဘို့ရာဖြစ် ရမည်။ အားကြီး သောလက် တော်ဖြင့် ထာဝရဘုရား သည်၊ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီ။ |
1884 | EXO 13:16 | ဤအရာသည်လည်း၊ သင် ၏လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ သင်းကျပ် ဖြစ် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီဟု လူ များတို့အား ပြောဆို လေ၏။ |
1934 | EXO 15:13 | ရွေး တော်မူသော လူ မျိုးကို ကရုဏာ တော်အားဖြင့် ပို့ဆောင် တော်မူ၏။ သန့်ရှင်း သော နေ တော်မူရာသို့ တန်ခိုး တော်အားဖြင့် လမ်းပြ တော်မူ၏။ |
2032 | EXO 19:5 | ထိုကြောင့် ယခု တွင် သင်တို့သည် ငါ့ စကား ကို အမှန်နားထောင် ၍ ငါ့ ပဋိညာဉ် ကို စောင့်ရှောက် လျှင် အခြားသောလူမျိုး တကာ တို့ထက် သင်တို့သည် ငါ ပိုင်ထိုက်သော ဘဏ္ဍာ တော်ဖြစ် ရကြလိမ့်မည်။ မြေကြီး ရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ်၏။ |
2049 | EXO 19:22 | ထာဝရဘုရား ထံသို့ ချဉ်းကပ် သော ယဇ် ပုရောဟိတ်တို့သည်လည်း ၊ ကိုယ်ကိုကိုယ်သန့်ရှင်း စေရမည်။ သို့မဟုတ် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူမည်ဟု မောရှေ အား မိန့် တော်မူ၏။ |
2051 | EXO 19:24 | ထာဝရဘုရား ကလည်း ၊ ဆင်း သွားလော့။ သင် နှင့် အာရုန် သာလျှင် တက် ရမည်။ ယဇ် ပုရောဟိတ်များ၊ လူ များတို့သည် ထာဝရဘုရား ထံ သို့တက် ခြင်းငှာ မ ကျော် မဝင်စေနှင့်။ သို့မဟုတ်သူ တို့ကို ဒဏ်ခတ် တော်မူမည် ဟု မိန့် တော်မူ၏။ |
2056 | EXO 20:4 | အထက် မိုဃ်း ကောင်းကင်၌ ၎င်း ၊ အောက် အရပ် မြေကြီး ပေါ်၌ ၎င်း၊ မြေကြီးအောက် ရေ ထဲ ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဌာန် တူအောင်၊ ရုပ်တု ဆင်းတုကို ကိုယ် အဘို့ မ လုပ် နှင့်။ |
2058 | EXO 20:6 | ငါ့ ကို ချစ် ၍ ငါ့ ပညတ် တို့ကို ကျင့် သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ၊ ကရုဏာ ကို ပြ သော ဘုရားဖြစ်၏။ |
2098 | EXO 21:20 | သခင်သည် ကျွန် ယောက်ျားကျွန် မိန်းမကို ဒုတ် နှင့် ရိုက် ၍ ထိုကျွန်သေ လျှင် ၊ သခင်သည် လေးသော ဒဏ် ကိုခံ ရမည်။ |
2099 | EXO 21:21 | သို့ရာတွင် ကျွန်သည် တရက် နှစ်ရက် နာ၍ မသေဘဲနေ လျှင် ၊ သခင်သည် ထိုကျွန်ကို ပိုင် သောကြောင့် ဒဏ် နှင့် လွတ်ရမည်။ |
2100 | EXO 21:22 | လူ ချင်းခိုက်ရန် ပြုကြ၍ ၊ ကိုယ်ဝန် ဆောင်သော မိန်းမ ကို ထိခိုက် သဖြင့် ကိုယ်ဝန် ပျက်၍ အခြားသော အနာ မ ဖြစ် လျှင် ၊ မိန်းမ လင် စီရင် သည်အတိုင်း ဒဏ် ခံရမည်။ မင်း စီရင်သည်အတိုင်းလည်း ငွေကို လျော် ရမည်။ |
2103 | EXO 21:25 | မီး လောင်ခြင်းအတွက် မီး လောင်ခြင်းကို၎င်း၊ ရှန ခြင်းအတွက် ရှန ခြင်းကို၎င်း၊ ဒဏ်ချက် ရာအတွက် ဒဏ်ချက် ရာကို၎င်း ခံ ရမည်။ |
2166 | EXO 23:21 | ထိုတမန် ကို ရိုသေ စွာပြုလော့။ စကား တော်ကို နားထောင် လော့။ အာဏာတော်ကို မ ဆန် နှင့်။ သင် တို့ပြစ်မှားသောအပြစ် ကို သူသည် မ လွှတ်။ ငါ့ နာမ သည် သူ ၌ တည်ရှိ၏။ |
2198 | EXO 25:2 | ငါ့ အား လက်ဆောင် ပဏ္ဏာကိုဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့ အားလှူ သမျှ သော သူတို့၌ သင်သည် အလှူ ကိုခံရ မည်။ |
2296 | EXO 28:2 | အာရုန်သည် ငါ့ ရှေ့ မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရသောအခွင့်ရှိ၍၊ သူ့ ကို သန့်ရှင်း စေခြင်းငှါ ၊ ငါပေး သော ဉာဏ် ကိုရသော ပညာရှိ အပေါင်း တို့သည် ထိုအဝတ် ကို လုပ် ရမည် အကြောင်း မှာ ထားရမည်။ |
2424 | EXO 31:3 | သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့် အမျိုးမျိုး သောအလုပ် ကို ထူးဆန်းစွာလုပ် တတ်မည် အကြောင်း၊ ဉာဏ်ပညာ နှင့်တကွ သိပ္ပံအတတ် အမျိုးမျိုး တို့ကို ငါပေး၍ ဘုရားသခင် ၏ဝိညာဉ် တော်နှင့် ပြည့်စုံ စေ၏။ |
2427 | EXO 31:6 | သူနှင့်အတူ ဒန် အမျိုးသား အဟိသမက် ၏သား ၊ အဟောလျဘ ကိုလည်း ငါခန့် ထား၏။ ငါသည် သင့် အား မှာ ထားသမျှ တို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ် တတ်မည်အကြောင်း ၊ သူတို့နှလုံး ထဲသို့ ဉာဏ် ပညာကို ငါသွင်း ထားပြီ။ |
2434 | EXO 31:13 | ငါ သည် သင် တို့ကို သန့်ရှင်း စေသော ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှါ ၊ ငါနှင့်သင် တို့၏ သား စဉ်မြေးဆက် စပ်ကြား ၌ လက္ခဏာ သက်သေဖြစ်ဘို့ ရာ၊ ငါ့ ဥပုသ် နေ့ကို စင်စစ် စောင့် ရကြမည်။ |
2438 | EXO 31:17 | ထိုသို့ စောင့်လျှင်၊ ငါ နှင့် ဣသရေလ အမျိုးသား စပ်ကြား ၌ ထာဝရ လက္ခဏာ သက်သေဖြစ်လိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် နှင့် မြေကြီး ကို၊ ခြောက် ရက် တွင် ဖန်ဆင်း ၍ ၊ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။ |
2443 | EXO 32:4 | အာရုန်သည်လည်း လက်ခံ ၍ ၊ နွား သငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ် နှင့် ရေးသား ပြီးလျှင် သွန်း လေ၏။ လူများတို့ကလည်း အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့်ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောသင် ၏ ဘုရား ဖြစ်တော်မူသည်ဟု ဆို ကြ၏။ |
2474 | EXO 32:35 | အာရုန် နှင့် လူများ တို့သည် နွားသငယ် ကို လုပ် ကြသောကြောင့် သူ တို့ကို ဒဏ်ခတ်တော်မူ ၏။ |
2503 | EXO 34:6 | ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊ |
2558 | EXO 35:26 | မိမိ ဉာဏ် နှိုးဆော် သော မိန်းမ အပေါင်း တို့သည် ဆိတ် မွေးကို ရက် ကြ၏။ |
2563 | EXO 35:31 | သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့်အမျိုးမျိုး သောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာ နှင့်တကွသိပ္ပံ အတတ်အမျိုးမျိုး ကိုပေး၍၊ ဘုရားသခင် ၏ဝိညာဉ် တော်နှင့်ပြည့်စုံ စေတော်မူပြီ။ |
2566 | EXO 35:34 | သူ နှင့် ဒန် အမျိုးသား အဟိသမက် ၏သား အဟောလျဘ သည်၊ သူတပါးအား အတတ်သင် ပေးနိုင် မည်အကြောင်း ၊ ဉာဏ် ကိုပေး တော်မူပြီ။ |
2567 | EXO 35:35 | ထိုသူ တို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ ၏အလုပ်၊ ရက် တတ်သောသူ၏အလုပ်၊ အနည်းနည်းလုပ်တတ်သောသူ၏အလုပ် ၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှ တို့ကို လုပ် တတ်မည် အကြောင်း ၊ ဉာဏ် ပညာနှင့် ပြည့်စုံ တော်မူပြီ။ |
2568 | EXO 36:1 | ထိုသို့ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း ရာဌာန၌ အမှု တော်ဆောင် စရာဘို့ ၊ အမျိုးမျိုး သောအလုပ်ကို လုပ်တတ်သော ဉာဏ် ပညာကို ထာဝရဘုရား ပေး သွင်းတော်မူသောပညာရှိ အပေါင်း တို့နှင့်တကွ ၊ ဗေဇလေလ ၊ အဟောလျဘ တို့သည် အလုပ်လုပ် ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။ |
2569 | EXO 36:2 | တဖန် မောရှေ သည်၊ ဗေဇလေလ ၊ အဟောလျဘ ကို၎င်း ၊ ထာဝရဘုရား ပေး တော်မူသော ဉာဏ် သဘောကို ရ၍၊ အလုပ် လုပ် ချင်သော စေတနာစိတ် ရှိသော ပညာရှိ အပေါင်း တို့ကို ၎င်းခေါ် ပြီးလျှင်၊ |
3055 | LEV 13:2 | လူ သည် ကိုယ် အရေ ၌ အဖူး ဖြစ်စေ ၊ ယားနာ ဖြစ်စေ ၊ နူကွက် ဖြစ်စေ၊ နူ သောလက္ခဏာပေါ် လျှင် ၊ ထိုသူကို ယဇ်ပုရောဟိတ် အာရုန် ထံ သို့ဖြစ်စေ ၊ သူ ၏သား ယဇ်ပုရောဟိတ် တစုံ တယောက်ထံ သို့ဖြစ်စေခေါ် ခဲ့ရမည်။ |
3529 | LEV 26:4 | အချိန် တန်မှ ငါသည် သင် တို့အဘို့ မိုဃ်း ရွာစေ သဖြင့် ၊ မြေ သည် မိမိ ဘဏ္ဍာ ကိုပေး ၍ ၊ ဥယျာဉ် အပင် တို့သည် အသီး သီး ကြလိမ့်မည်။ |
3543 | LEV 26:18 | ထိုမျှလောက် ခံရသော်လည်း၊ ငါ့ စကားကို နား မ ထောင်ဘဲ နေသေးလျှင် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆသော ဒဏ် ကို ငါပေးဦးမည်။ |
3545 | LEV 26:20 | သင် တို့သည် အချည်းနှီး ကြိုးစား အားထုတ် ကြလိမ့်မည်။ သင် တို့မြေ သည် မိမိ ဘဏ္ဍာ ကို မ ပေး။ ဥယျာဉ် အပင် တို့သည် အသီး မ သီး ကြ။ |
3549 | LEV 26:24 | ငါ သည်လည်း သင် တို့ကို ဆန့်ကျင် ဘက်ပြု၍ ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆသော ဒဏ် ကိုပေး ဦးမည်။ |
3553 | LEV 26:28 | ငါသည်လည်း အမျက် ထွက်၍ သင် တို့ကို ဆန့်ကျင် ဘက်ပြုသဖြင့် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆ သော ဒဏ် ကိုပေး ဦးမည်။ |
3566 | LEV 26:41 | ငါ သည် သူ တို့ကို ဆန့်ကျင် ဘက်ပြု၍ ရန်သူ ပြည် သို့ ပို့ဆောင် သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ် ၊ ဘိုးဘ တို့ အပြစ် များကို ဘော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျား လှီးခြင်းကို မခံသော မိမိ တို့ နှလုံး ကို နှိမ့်ချ ၍ ၊ မိမိ တို့အပြစ် ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊ |
3568 | LEV 26:43 | ထိုပြည် သည် သူ တို့ လက်မှ လွတ် ၍၊ သူ တို့မရှိဘဲ လူဆိတ်ညံ လျက်နေစဉ် တွင် မိမိ ဥပုသ် နေ့တို့၌ မွေ့လျော် လိမ့်မည်။ သူတို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ ၍ မထီမဲ့မြင် ပြုသော အပြစ် ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။ |
3573 | LEV 27:2 | သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သစ္စာ ဂတိပြု ၍ ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင် အဘိုး ပြတ်သည်အတိုင်း ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်ရမည်။ |
3601 | LEV 27:30 | စပါး ဖြစ်စေ၊ သစ်သီး ဖြစ်စေ၊ မြေ ကဖြစ်သမျှ သောအသီးအနှံဆယ် စုတစုသည် ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။ |
3706 | NUM 3:13 | အကြောင်းမူကား ၊ အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဣသရေလ အမျိုးတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ငါ့ အဖို့ ငါသန့်ရှင်း စေသောကြောင့်၊ သားဦး အပေါင်း တို့ကို အထူးသဖြင့်ငါ ပိုင် ရ၏။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။ |
3849 | NUM 6:25 | ထာဝရဘုရား သည်သင် ၌ မျက်နှာ တော်အလင်း ကို လွှတ်၍ ကရုဏာ ကျေးဇူးပြုတော်မူပါစေသော၊ |