8 | GEN 1:8 | မိုဃ်း မျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင် ဟူသောအမည်ဖြင့် ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ ၍ ၊ ည ဦးနှင့် နံနက် သည် ဒုတိယ နေ့ ရက်ဖြစ် လေ၏။ |
39 | GEN 2:8 | ထာဝရ အရှင် ဘုရား သခင်သည်လည်း အရှေ့ မျက်နှာ၊ ဧဒင် အရပ်၌ ဥယျာဉ် ကို စိုက်ပျိုး ပြီးလျှင်၊ ဖန်ဆင်း တော်မူသောလူ ကို ထို ဥယျာဉ်၌ နေရာ ချတော်မူ၏။ |
41 | GEN 2:10 | ထို ဥယျာဉ်ကို စို စေလိုသော ငှာ မြစ် တမြစ်သည် ဧဒင် အရပ်ထဲက စီးထွက် သဖြင့် ၊ ဥယျာဉ် ပြင်မှာ လေးဖြာကွဲ ၍ မြစ်မ လေး သွယ်ဖြစ် လေ၏။ |
44 | GEN 2:13 | ဗဓေလသစ်စေး နှင့် ရှဟံ ကျောက် လည်းရှိ၏။ ဒုတိယ မြစ်ကား ဂိဟုန် အမည် ရှိ၏။ ထိုမြစ် သည် ကုရှ ပြည် နား တရှောက်လုံး ကို စီးသွားလေ၏။ |
45 | GEN 2:14 | တတိယ မြစ် ကား ဟိဒကေလ အမည် ရှိ၏။ ထို မြစ်သည် အာရှုရိ တိုင်း အရှေ့ သို့ စီးသွား လေ၏။ စတုတ္ထ မြစ် ကား ဥဖရတ် အမည်ရှိ၏။ |
46 | GEN 2:15 | ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကိုယူ ၍ ဧဒင် ဥယျာဉ် ကို ပြုစုစောင့်ရှောက် စေခြင်းငှါထား တော်မူ၏။ |
72 | GEN 3:16 | မိန်းမ ကို လည်း၊ သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။ |
79 | GEN 3:23 | လူ သည် မိမိထွက် သော မြေ ၌ လုပ် ရမည်အကြောင်း ၊ ထာဝရ အရှင်ဘုရား သခင်သည် ဧဒင် ဥယျာဉ် ထဲက လွှတ် လိုက်တော်မူ၏။ |
81 | GEN 4:1 | ထိုနောက်၊ လူ အာဒံသည် မယား ဧဝ နှင့်ဆက်ဆံ သဖြင့် ၊ ဧဝသည် ပဋိသန္ဓေ စွဲယူ၍ ၊ ကာဣန ကို ဘွားမြင် လျှင် ၊ ထာဝရ ဘုရား၏ လူ ကို ငါရ ပြီဟုဆို လေ၏။ |
95 | GEN 4:15 | ထာဝရဘုရား ကလည်း သို့ဖြစ်၍ ကာဣန ကို သတ် သောသူမည်သည်ကား၊ ခုနစ် ဆသောအပြစ် ဒဏ်ကိုခံ ရလိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊ ကာဣန ကိုတွေ့ သောသူ တစုံတယောက် မျှ မ သတ် စေခြင်းငှါ၊ ထာဝရဘုရား သည် သူ ၌ အမှတ် ပေး တော်မူ၏။ |
96 | GEN 4:16 | ကာဣန သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ၊ ဧဒင် ပြည် အရှေ့ ၊ နောဒ ပြည် တွင် နေ လေ၏။ |
98 | GEN 4:18 | ဧနောက် သားကား၊ ဣရဒ် ၊ ဣရဒ် သားကား၊ မဟုယေလ ၊ မဟုယေလ သားကား၊ မသုရှလ ၊ မသုရှလ သားကား၊ လာမက် တည်း။ |
99 | GEN 4:19 | လာမက် သည်၊ အာဒ နှင့် ဇိလ အမည် ရှိသောမိန်းမ နှစ် ယောက်နှင့် အိမ်ထောင် ဘက်ပြု၍၊ |
100 | GEN 4:20 | အာဒံ သည် သားယာဗလ ကိုဘွား မြင်လေ၏။ ထိုသားကား၊ တဲ ၌နေ သောသူ ၊ သိုး နွားစသည်တို့ကို မွေးသောသူတို့ ၏ အဘ ဆရာ ဖြစ် လေသတည်း။ |
103 | GEN 4:23 | လာမက် ကလည်း အာဒံ နှင့် ဇိလ ၊ ငါ ပြော သံကို မှတ် ကြလော့။ လာမက် မယား တို့၊ ငါ့ စကား ကို နားထောင် ကြလော့။ ငါ့ ကိုထိခိုက် သော လူ တယောက်တည်းဟူသော ၊ ငါ့ ကိုညှဉ်းဆဲ သောလူပျို တယောက်ကို ငါသတ် ခဲ့ပြီ။ |
105 | GEN 4:25 | အာဒံ သည်လည်း မိမိ မယား နှင့် တဖန် ဆက်ဆံ ပြန်လျှင်၊ မယားသည် သား ကို ဘွားမြင် ၍ ရှေသ ဟူသောအမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ ကာဣန သတ် သော အာဗေလ ကိုယ်စား တပါး သောအနွယ် ကို အကျွန်ုပ် အဘို့ ဘုရား သခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။ |
107 | GEN 5:1 | အာဒံ ၏သားစဉ်မြေးစက် စာရင်း ဟူမူကား၊ လူ ကို ဖန်ဆင်း တော်မူသောကာလ ၌ ၊ မိမိ ပုံသဏ္ဍာန် နှင့်အညီ၊ ဘုရား သခင်ဖန်ဆင်း တော်မူ၏။ |
108 | GEN 5:2 | လူယောက်ျား လူမိန်းမ ကို ဖန်ဆင်း ၍ ၊ ကောင်းကြီး ပေးတော်မူ၏။ ဖန်ဆင်း သောနေ့ ၌ လည်း သူ တို့ကို အာဒံ အမည် ဖြင့် မှည့် တော်မူ၏။ |
109 | GEN 5:3 | အာဒံ သည် အသက် တရာ့ သုံး ဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန် နှင့်အညီသဏ္ဍာန် တည်းသားကိုမြင် ရ၍ ရှေသ အမည် ဖြင့် မှည့် လေ၏။ |
110 | GEN 5:4 | ရှေသ ကို ဘွားမြင် သောနောက် အာဒံ သည် အနှစ် ရှစ် ရာ အသက်ရှင်၍၊ သား သမီး များကိုမြင် လေ၏။ |
111 | GEN 5:5 | အာဒံ သည် အသက် နှစ် ပေါင်း ကိုး ရာ သုံး ဆယ် စေ့သော် သေ လေ၏။ |
171 | GEN 7:11 | နောဧ အသက် ခြောက် ရာ စေ့သောနှစ် ၊ ဒုတိယ လ ၊ ဆယ် ခုနစ် ရက် နေ့တွင် ၊ ကြီးစွာ သော နက်နဲ ရာ ရေ ပေါက်ရေတွင်းတို့၏ အဆီး အတားရှိသမျှ ကို ပယ်ရှင်း၍၊ မိုဃ်း ကောင်းကင်ပြွန်ဝ များကို ဖွင့် သဖြင့်၊ |
189 | GEN 8:5 | ဒသမ လ တိုင်အောင် ရေ သည် အစဉ် မပြတ်ယုတ် လျော့၍ ၊ ထိုလဆန်း တရက် နေ့တွင် တောင် ထိပ် တို့သည် ပေါ် ကြ၏။ |
198 | GEN 8:14 | ဒုတိယ လ ၊ နှစ် ဆယ်ခုနစ် ရက် နေ့တွင် မြေကြီး သွေ့ ခြောက်လေ၏။ |
205 | GEN 8:21 | ထာဝရဘုရား သည်လည်း မွှေးကြိုင် သော အနံ့ ကို ခံယူ ၍ ၊ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီး ကို မ ကျိန်။ အကြောင်းမူကား ၊ လူ တို့သည် ငယ် သောအရွယ်မှစ၍ ၊ စိတ် နှလုံးအကြံအစည် ဆိုး ကြ၏။ ငါသည် ယခုတခါ ပြု ပြီးသကဲ့သို့ ၊ အသက် ရှင်သောအရာရှိသမျှ တို့ကို နောက် တဖန်ဒဏ် မ ခတ်။ |
237 | GEN 10:2 | ယာဖက် ၏သား ကား ဂေါမာ ၊ မာဂေါဂ ၊ မာဒဲ ၊ ယာဝန် ၊ တုဗလ ၊ မေရှက် ၊ ထိုက် တည်း။ |
239 | GEN 10:4 | ယာဝန် သား ကား၊ ဧလိရှာ ၊ တာရှု ၊ ကိတ္တိမ် ၊ ဒေါဒနိမ် တည်း။ |
242 | GEN 10:7 | ကုရှ သား ကား၊ သေဘ ၊ ဟာဝိလ ၊ သာဘတ ၊ ရာဂမ ၊ သတ္တေခါ တည်း။ ရာဂမ သား ကား၊ ရှေဘ ၊ ဒေဒန် တည်း။ |
243 | GEN 10:8 | ကုရှ သည် သား နိမ်ရောဒ ကိုလည်း ရသေး၏။ ထို သားသည် မြေကြီး ပေါ် မှာ အဦး စွမ်း နိုင်သောသူဖြစ် ၏။ |
244 | GEN 10:9 | ထာဝရဘုရား ရှေ့ မှာ အားကြီး သော မုဆိုး ဖြစ်၏။ ထိုကြောင့်စကားပုံ၌ကား၊ ဘုရား ရှေ့ နိမ်ရောဒ ၊ အား ကြီးမုဆိုး ၊ ပြု လုပ်သည်လိုဟု စပ် ဆိုသတည်း။ |
248 | GEN 10:13 | မိဇရိမ် သား ကား၊ လုဒိမ် လူ၊ အာနမိမ် လူ၊ လဟာဗိမ် လူ၊ နတ္တုဟိမ် လူ၊ |
250 | GEN 10:15 | ခါနာန် သား အကြီး ကား၊ ဇိဒုန်။ ထိုနောက် ဟေသ။ |
253 | GEN 10:18 | အာဝဒိ လူ၊ ဇေမရိ လူ၊ ဟာမသိ လူတည်း။ ထိုနောက် ခါနာန် အမျိုးသားအသီးသီး တို့သည် နှံ့ပြား ကြ လေ၏။ |
254 | GEN 10:19 | ခါနာန် အမျိုးသားနေရာ ပြည်နယ်သည် ဇိဒုန် မြို့မှ ဂေရာ မြို့၊ ဂါဇ မြို့တိုင်အောင် ၎င်း တဖန်သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့ ဇောဘိုင် မြို့ကိုလွန်၍ လာရှ မြို့ တိုင်အောင် ၎င်း ရှိ သတည်း။ |
257 | GEN 10:22 | ရှေမ သား ကား၊ ဧလံ ၊ အာရှရ ၊ အာဖါဇဒ် ၊ လုဒ ၊ အာရံ တည်း။ |
259 | GEN 10:24 | အာဖာဇဒ် သား ရှာလ ၊ ရှာလ သား ဟေဗာ တည်း။ |
261 | GEN 10:26 | ယုတ္တန် သား ကား၊ အာလမောဒဒ် ၊ ရှေလပ် ၊ ဟာဇာမာဝက် ၊ ယေရ၊ |
262 | GEN 10:27 | ဟဒေါရံ ၊ ဥဇလ ၊ ဒိကလ၊ |
277 | GEN 11:10 | ရှေမ ၏ သားစဉ်မြေးဆက်ဟူမူကား ၊ ရှေမ သည် အသက် တ ရာရှိ၍ ၊ ရေ လွှမ်းမိုးသောနောက် နှစ် နှစ်ကြာ သော်၊ သားအာဖာဇဒ် ကို မြင် လေ၏။ |
278 | GEN 11:11 | အာဖာဇဒ် ဘွားမြင် သောနောက် ၊ ရှေမ သည် အနှစ် ငါး ရာ အသက် ရှင်၍ သား သမီး များကို မြင် လေ၏။ |
279 | GEN 11:12 | အာဖာဇဒ် သည် အသက် သုံး ဆယ်ငါး နှစ်ရှိ သော်၊ သားရှာလ ကို မြင် လေ၏။ |
280 | GEN 11:13 | ရှာလ ဘွားမြင် သောနောက် ၊ အာဖာဇဒ် သည် အနှစ် လေး ရာ သုံး နှစ် အသက်ရှင် ၍ ၊ သား သမီး များကို မြင် လေ၏။ |
295 | GEN 11:28 | ခါရန် သည်လည်း လောတ ကိုမြင် လေ၏။ ခါရန် သည်၊ အဘ တေရ မ သေမှီ၊ မိမိ ဘွား ရာအရပ် ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့၌ သေ လေ၏။ |
298 | GEN 11:31 | တေရ သည်သား အာဗြံ ကို၎င်း ၊ ခါရန် ၏သား ဖြစ်သောမြေး လောတ ကို၎င်း ၊ သားအာဗြံ ၏မယား ဖြစ် သော မိမိ ချွေးမ စာရဲ ကို၎င်း ခေါ်၍၊ သူတို့သည် ခါနာန် ပြည် သို့ သွား ခြင်းငှါ ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ ထွက် သဖြင့်၊ ခါရန် မြို့သို့ ရောက် ၍ နေ ကြ၏။ |
316 | GEN 12:17 | ထာဝရဘုရား သည် အာဗြံ ၏ မယား စာရဲ အတွက် ကြောင့်၊ ဖါရော ဘုရင်မှစ၍ နန်းတော် သားတို့ကို ကြီး သော ဘေးဒဏ် ဖြင့် ဆုံးမ တော်မူ၏။ |
329 | GEN 13:10 | ထိုကာလအခါ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မ မူမှီ၊ ဇောရ မြို့သို့ သွား သောလမ်း၊ ယော်ဒန် မြစ် ပတ်ဝန်းကျင် အရပ်ရပ် ၌ ရေ များ၍ ထာဝရဘုရား ၏ ဥယျာဉ် တော်ကဲ့သို့ ၎င်း အဲဂုတ္တု ပြည် ကဲ့သို့ ၎င်း ဖြစ်သည်ကို၊ လောတ မြော် ကြည့် ၍ မြင် လျှင်၊ |
330 | GEN 13:11 | ယော်ဒန် ချိုင့် တရှောက်လုံး ကို ရွေးချယ် ၍ ၊ အရှေ့ သို့ ပြောင်း သွားသဖြင့် ၊ အချင်းချင်း တ ဦးနှင့် တဦးကွဲပြား ကြ၏။ |
331 | GEN 13:12 | အာဗြံ သည် ခါနာန် ပြည် ၌ နေ လေ၏။ လောတ မူကား ၊ မြစ် ပတ်ဝန်းကျင်မြို့ တို့တွင် နေ ၍ ၊ သောဒုံ မြို့ နား မှာ တဲ ကို ဆောက်လေ၏။ |
332 | GEN 13:13 | သောဒုံ မြို့သား တို့သည် ဆိုး သောသူ၊ ထာဝရဘုရား ရှေ့ ၌၊ အလွန် အပြစ် များသောသူဖြစ် ကြသတည်း။ |
338 | GEN 14:1 | ထို ရောအခါ၊ ရှိနာ မင်းကြီး အံရဖေလ ၊ ဧလာသာ မင်းကြီး အာရုတ် ၊ ဧလံ မင်းကြီး ခေဒေါရလောမာ ၊ ဂေါအိမ် မင်းကြီး တိဒလ တို့သည်၊ |
339 | GEN 14:2 | သောဒုံ မင်းကြီး ဗေရ ၊ ဂေါမောရ မင်းကြီး ဗိရရှ ၊ အာဓမာ မင်းကြီး ရှိနပ် ၊ ဇေဘိုင် မင်းကြီး ရှေမဘာ ၊ ဗေလာ မင်းကြီး တို့နှင့် စစ် တိုက် ကြ၏။ ဗေလပြည်ကား ၊ ဇောရ အမည်လည်းရှိသတည်း။ |
340 | GEN 14:3 | ထို ပြည်ရှိသမျှ တို့သည်၊ သောဒုံ အိုင် ဖြစ် သော စိဒ္ဒိမ် ချိုင့် တွင် နီးစပ် လျက်ရှိကြ၏။ |
341 | GEN 14:4 | တဆယ် နှစ် နှစ် ပတ်လုံးခေဒေါရလောမာ မင်းကြီးထံ ကျွန် ခံပြီးလျှင် ၊ တဆယ် သုံး နှစ် မြောက်သောအခါ ပုန်ကန် ကြ၏။ |
342 | GEN 14:5 | တဆယ် လေး နှစ် မြောက်လျှင် ၊ ခေဒေါရလောမာ မင်းသည်၊ မိမိ ဘက်ကနေသော မင်းကြီး တို့နှင့်တကွ လာ ၍ ၊ အာရှတရုတ်ကာနိမ် မြို့၌ ၊ ရေဖိမ် လူများကို၎င်း ၊ ဟာမ မြို့၌ ဇူဇိမ် လူများကို၎င်း ၊ ကိရယသိမ် ချိုင့်၌ ဧမိမ် လူများကို၎င်း၊ |
344 | GEN 14:7 | တဖန် ပြန် လာ၍ ၊ ကာဒေရှ ပြည်၊ အင်မိရှပတ် မြို့သို့ ရောက် ပြီးလျှင်၊ အာမလက် ပြည် ရှိသမျှ ကို၎င်း ၊ ဟာဇဇုန္တာမာ မြို့၌ နေ သောအာမောရိ လူများကို၎င်း လုပ်ကြံ ကြ၏။ |
345 | GEN 14:8 | ထိုအခါ သောဒုံ မင်းကြီး ၊ ဂေါမောရ မင်းကြီး ၊ အာဓမာ မင်းကြီး ၊ ဇေဘိုင် မင်းကြီး ၊ ဇောရ တည်း ဟူသော ဗေလာ မင်းကြီး တို့သည် ချီ ထွက်၍ စိဒ္ဒိမ် ချိုင့် ၌ စစ် ပြိုင် ကြ၏။ |
346 | GEN 14:9 | ထိုသို့ ဧလံ မင်းကြီး ခေဒေါရလောမာ ၊ ဂေါအိမ် မင်းကြီး တိဒလ ၊ ရှိနာ မင်းကြီး အံရဖေလ ၊ ဧလာသာ မင်းကြီး အာရုတ် တည်း ဟူသော၊ မင်းကြီး လေး ပါးနှင့်၊ မင်းကြီးငါး ပါးတို့သည် စစ်ပြိုင်ကြ၏။ |
347 | GEN 14:10 | စိဒ္ဒိမ် ချိုင့် ၌ ရေညှိ အကျိအချွဲနှင့် ပြည့်သော တွင်း များ ရှိ၏။ သောဒုံ မင်းကြီး ၊ ဂေါမောရ မင်းကြီးတို့သည် ပြေး ၍ ထို တွင်းများ၌ ကျ လေ၏။ ကြွင်း သောသူတို့သည် တောင် သို့ ပြေး ကြ၏။ |
348 | GEN 14:11 | အောင်သောမင်းတို့သည်၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့၌ ရှိသမျှ သော ဥစ္စာ နှင့် မြို့ရိက္ခါ ရှိသမျှ တို့ကို ယူ ၍ သွား ကြ၏။ |
349 | GEN 14:12 | သောဒုံ မြို့၌ နေ သောအာဗြံ အစ်ကို သား လောတ နှင့် သူ ၏ဥစ္စာ တို့ကိုလည်း သိမ်းယူ ၍ သွား ၏။ |
351 | GEN 14:14 | အာဗြံ သည် မိမိ အစ်ကို သားကို ဘမ်း သွား ကြောင်း ကိုကြား လျှင် ၊ မိမိ အိမ် ၌ ဘွား ၍ သွန်သင် သော လူသုံး ရာ တဆယ် ရှစ် ယောက်တို့ကို စီရင် ၍ ၊ ဒန် မြို့ တိုင်အောင် လိုက် လေ၏။ |
352 | GEN 14:15 | ညဉ့် အခါ၊ မိမိ လူ တို့ကိုခွဲ ၍ တိုက် စေသဖြင့် ၊ လုပ်ကြံ ပြီးလျှင် ၊ ဒမာသက် မြို့မြောက် ဘက် ဟောဘ မြို့ တိုင်အောင် လိုက် ပြန်လေ၏။ |
354 | GEN 14:17 | ခေဒေါရလောမာ နှင့် ၊ သူ့ဘက်ကနေသောမင်းကြီး တို့ကို လုပ်ကြံ ရာမှ အာဗြံပြန် လာသောအခါ ၊ သောဒုံ မင်းကြီး သည် ခရီးဦးကြို ပြုခြင်းငှါ ရှာဝေ ချိုင့် တည်းဟူသောမင်းကြီး ချိုင့် သို့ ထွက်သွား ၏။ |
355 | GEN 14:18 | အမြင့်ဆုံး သော ဘုရား သခင်၏ ယဇ် ပုရောဟိတ်ဖြစ်သော၊ ရှာလင် မင်းကြီး မေလခိဇေဒက် သည်လည်း ၊ မုန့် နှင့် စပျစ်ရည် ကို ဆောင် ခဲ့ပြီးလျှင်၊ |
358 | GEN 14:21 | သောဒုံ မင်းကြီး ကလည်း ၊ လူ တို့ကို ကျွန်ုပ် အား ပြန်ပေး ပါ၊ ဥစ္စာ တို့ကိုကား၊ ကိုယ်တိုင် ယူ ပါလော့ဟု အာဗြံ အား ပြော လိုလျှင်၊ |
361 | GEN 14:24 | ကောင်းကင် မြေကြီး ရှင်၊အမြင့်ဆုံး သောဘုရား သခင်ထာဝရဘုရား ရှေ့တော်၌၊ကျွန်ုပ် သည်လက် ကိုချီ ၍အဓိဌာန်ပြုပါပြီဟု၊သောဒုံ မင်းကြီး အား ပြောဆို လေ၏။ |
362 | GEN 15:1 | ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အာဗြံ သို့ ရောက် ၍၊ အချင်းအာဗြံ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင် ၏ အကွယ် အကာဖြစ်၏။ သင် ၏အကျိုး သည် အလွန် ကြီး လှ၏ဟု မိန့် တော်မူလျှင်၊ |
363 | GEN 15:2 | အာဗြံ က၊ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် သား မရှိဘဲ သွား ရပါ၏။ ဤဒမာသက် မြို့သား ဧလျာဇာ သည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ် ကျေးဇူးကို ပြု တော်မူပါမည်နည်းဟု လျှောက် ဆို၏။ |
368 | GEN 15:7 | တဖန် ၊ ငါ သည် ဤ ပြည် ကို သင်အမွေခံ စရာဘို့ ၊ သင် အား ပေး လို သောငှါ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ သင့် ကို ထုတ် ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူလျှင်၊ |
377 | GEN 15:16 | လူမျိုး လေး ဆက်လွန်သောအခါ ၊ သူတို့သည် ဤ ပြည်သို့ ပြန် လာကြလိမ့်မည်။ အာမောရိ အမျိုးသားတို့၏ ဒုစရိုက် အပြစ်သည် မ စုံလင် သေးဟု အာဗြံ အား မိန့် တော်မူ၏။ |
380 | GEN 15:19 | ကေနိ လူ၊ ကေနဇိ လူ၊ ကာဒမောနိ လူ၊ |
393 | GEN 16:11 | သင် သည် ကိုယ်ဝန် ဆောင်သည်ဖြစ်၍ ၊ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထို သားကို ဣရှမေလ အမည် ဖြင့် မှည့် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် သင် ၏ ဆင်းရဲ ဒုက္ခကို ကြား သိတော်မူပြီ။ |
396 | GEN 16:14 | ထို အကြောင်းကိုအစွဲပြု၍၊ ထို ရေတွင်းကို ဗေရလဟဲရော ဟု သမုတ် ကြ၏။ ကာဒေရှ မြို့နှင့် ဗေရက် မြို့၏စပ်ကြား မှာ ရှိသတည်း။ |
441 | GEN 18:16 | ထိုလူ တို့သည် ထို အရပ်က ထ ၍ သောဒုံ မြို့သို့ မျက်နှာ ပြုလျက် သွားကြ၏။ အာဗြဟံ သည်လည်း သူ တို့ ကို ပို့ ခြင်းငှါ လိုက် လေ၏။ |
445 | GEN 18:20 | တဖန် ထာဝရဘုရား က၊ သောဒုံ မြို့၊ ဂေါမောရ မြို့၌ ကြွေးကြော် သော အသံသည်ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊ |
447 | GEN 18:22 | ထိုသူတို့သည် ထို အရပ်မှ မျက်နှာလှည့် ၍ သောဒုံ မြို့သို့ သွား ကြ၏။ အာဗြံဟံ မူကား ၊ ထာဝရဘုရား ရှေ့တော်၌ ရပ် နေလျက်ရှိ သေး၏။ |
451 | GEN 18:26 | ထာဝရဘုရား ကလည်း ၊ သောဒုံ မြို့၌ ဖြောင့်မတ် သောသူငါး ဆယ်ကို ငါတွေ့ လျှင် ၊ သူ တို့အတွက် ထိုအရပ် လုံး ကို ငါနှမြော မည်ဟု မိန့် တော်မူ၏။ |
459 | GEN 19:1 | ကောင်းကင် တမန်နှစ် ပါးတို့သည် ညဦး အချိန်၌ သောဒုံ မြို့သို့ ရောက် လာ၏။ လောတ သည် မြို့ တံခါးဝ ၌ ထိုင် လျက် သူ တို့ကိုမြင် လျှင် ၊ ခရီးဦးကြိုပြု ခြင်းငှါ ထ ၍ မြေ ၌ ဦးညွှတ် ချလျက်၊ |
462 | GEN 19:4 | ထိုသူတို့သည် မ အိပ် မှီ သောဒုံ မြို့ သား ယောက်ျား အကြီးအငယ်၊ အရပ်ရပ်ကလာသော သူ အပေါင်း တို့သည် အိမ် ကို ဝိုင်း ၍၊ |
469 | GEN 19:11 | အိမ် တံခါး နားမှာ ရှိသောသူ အကြီး အငယ် တို့ကို မျက်စိ ကန်းစေခြင်းငှါ ဒဏ်ခတ် သဖြင့် သူတို့သည် တံခါး ကိုရှာ ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ၏။ |
482 | GEN 19:24 | ထိုအခါ ထာဝရဘုရား သည် ကောင်းကင် ထက် ၊ အထံတော်မှ သောဒုံ မြို့နှင့် ဂေါမောရ မြို့အပေါ် သို့ ကန့် နှင့် မီး မိုဃ်း ကို ရွာစေတော်မူ၏။ |
486 | GEN 19:28 | သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစသော ချိုင့် အရပ် တရှောက်လုံး ကို ကြည့်ရှု ၍ ၊ မီးဖို ၌ အခိုး ကဲ့သို့ ၊ တပြည် လုံးအခိုး တက် သည်ကို မြင် လေ၏။ |
497 | GEN 20:1 | တဖန် အာဗြဟံ သည် တောင် ပြည် သို့ ခရီးသွား သဖြင့် ၊ ကာဒေရှ မြို့နှင့် ရှုရ မြို့စပ်ကြား မှာနေ ၍ ၊ ဂေရာ မြို့ သို့ တည်းခို ၏။ |
565 | GEN 22:17 | ငါသည် သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင် ၏အမျိုးအနွှယ် ကိုလည်း ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ သဲ လုံးကဲ့သို့ ၎င်း၊ အစဉ်အမြဲပွား များစေမည်။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ မြို့တံခါး များကို အစိုး ရလိမ့်မည်။ |
570 | GEN 22:22 | ခေသက် ၊ ဟာဇော ၊ ပိလဒါရှ ၊ ယိဒလပ် ၊ ဗေသွေလ တည်းဟူသော၊ |
599 | GEN 24:7 | ငါ့ အဘ ၏အိမ် မှ ၎င်း၊ ငါ့ အမျိုးသား နေရာပြည် မှ ၎င်း ငါ့ ကိုခေါ် ၍၊ သင် ၏အမျိုးအနွယ် အား ဤ ပြည် ကို ငါပေး မည်ဟု၊ ငါ့ အား ဗျာဒိတ် တော်ပေး၍ ကျိန်ဆို တော်မူသော ကောင်းကင် ဘုံရှင် ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ ကောင်းကင်တမန် ကို သင့် ရှေ့ ၌ စေလွှတ် တော်မူသဖြင့် ၊ သင်သည်ထို ပြည်မှ ငါ့ သား ဘို့ မယား ကို ယူ ရလိမ့် မည်။ |
661 | GEN 25:2 | ထိုမိန်းမ သည် ဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဗက် ၊ ရှုအာ တို့ကို ဘွားမြင် လေ၏။ |