Wildebeest analysis examples for:   mya-myajvb   ၊    February 11, 2023 at 19:12    Script wb_pprint_html.py   by Ulf Hermjakob

2  GEN 1:2  မြေကြီး သည်အဆင်း သဏ္ဍာန်မရှိ လွတ်လပ် လဟာဖြစ်၏။ နက်နဲ ရာအရပ် ကို မှောင်မိုက် ဖုံးလွှမ်း ၍ ဘုရားသခင် ၏ ဝိညာဉ် တော်သည် ရေ မျက်နှာပြင် ပေါ် မှာ လှုပ်ရှား တော်မူ၏။
4  GEN 1:4  ထို အလင်း ကောင်း သည်ကို ဘုရား သခင်မြင် ၍ အလင်း နှင့် မှောင်မိုက် ကိုပိုင်းခြား ခွဲထားတော်မူ၏။
5  GEN 1:5  အလင်း ကို နေ့ဟူသောအမည်ဖြင့်၎င်း မှောင်မိုက် ကို ညဉ့် ဟူသောအမည်ဖြင့်၎င်း ခေါ်ဝေါ် သမုတ် တော်မူ၍ ည ဦးနှင့် နံနက် သည် ပဌမ နေ့ရက် ဖြစ် လေ၏။
6  GEN 1:6  တဖန် ဘုရားသခင် က ရေ အလယ် ၌ မိုဃ်း မျက်နှာကြက်ဖြစ် စေ ရေ နှင့် ရေ ချင်း ခြားနား စေဟု အမိန့် တော်ရှိသဖြင့်
7  GEN 1:7  မိုဃ်း မျက်နှာကြက်ကို ဘုရား သခင်ဖန်ဆင်း တော်မူ၍ မိုဃ်း မျက်နှာကြက်အောက် ၌ ရှိသောရေ နှင့် မိုဃ်း မျက်နှာကြက်အပေါ် ၌ ရှိသောရေ ကို ပိုင်းခြား တော်မူသည်အတိုင်း ဖြစ် လေ၏။
8  GEN 1:8  မိုဃ်း မျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင် ဟူသောအမည်ဖြင့် ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ ၍ ည ဦးနှင့် နံနက် သည် ဒုတိယ နေ့ ရက်ဖြစ် လေ၏။
9  GEN 1:9  တဖန် ဘုရား သခင်က မိုဃ်း ကောင်းကင်အောက် ၌ ရှိသောရေ စုဝေး စေ ကုန်း ပေါ် စေဟု အမိန့် တော် ရှိသည်အတိုင်း ဖြစ် လေ၏။
10  GEN 1:10  ကုန်း ကိုမြေ ဟူသောအမည်ဖြင့်၎င်း ရေ စုဝေး ရာကို ပင်လယ် ဟူသောအမည် ဖြင့်၎င်း ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ၍ ထို အမှုအရာကောင်း သည်ကို ဘုရား သခင်မြင် တော်မူ၏။
11  GEN 1:11  တဖန် ဘုရား သခင်က မြေ သည် မြက် ပင်ကို၎င်း စပါး သီးကို ဖြစ်စေသော စပါး ပင် ကို၎င်း မြေ ပေါ် မှာ မျိုးစေ့ ပါလျက် သစ်သီး မျိုးကို ဖြစ် စေသော သစ်ပင်ကို၎င်း ပေါက် စေဟု အမိန့် တော်ရှိသည် အတိုင်း ဖြစ် လေ၏။
12  GEN 1:12  မြေ သည်မြက် ပင်ကို၎င်း စပါး သီးမျိုးကို ဖြစ်စေသော စပါး ပင်ကို၎င်း မိမိ ၌ မျိုးစေ့ ပါလျက် သစ်သီး မျိုး ကို ဖြစ်စေ သော သစ်ပင် ကို၎င်း ပေါက် စေ၏။
13  GEN 1:13  ထို အမှုအရာကောင်း သည်ကို ဘုရား သခင်မြင် တော်မူ၍ ည ဦးနှင့် နံနက် သည် တတိယ နေ့ရက် ဖြစ် လေ၏။
14  GEN 1:14  တဖန် ဘုရား သခင်က နေ့ နှင့် ညဉ့် ကို ပိုင်းခြား စေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ အလင်း အိမ် တည် စေ နိမိတ် လက္ခဏာ ချိန်းချက် သောအချိန် နေ့ ရက်အပိုင်းအခြား နှစ် အပိုင်းအခြားဘို့ ဖြစ် စေ။
16  GEN 1:16  ထိုသို့ ဘုရား သခင်သည် အလင်း အိမ်ကြီး နှစ် လုံးတည်းဟူသောနေ့ ကိုအုပ်စိုး ရသောအကြီး တလုံး ညဉ့် ကို အုပ်စိုး ရသောအငယ် တလုံးနှင့်တကွ ကြယ် များတို့ကို ဖန်ဆင်း တော်မူပြီးလျှင်
17  GEN 1:17  မြေကြီး ၌ လင်း စေခြင်းငှာ၎င်း နေ့ နှင့် ညဉ့် ကို အုပ်စိုး ၍ အလင်း နှင့် မှောင်မိုက် ကို ပိုင်းခြား စေခြင်းငှာ၎င်း မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရား သခင်ထား တော်မူ၏။
18  GEN 1:18  ထို အမှုအရာ ကောင်း သည်ကို ဘုရား သခင် မြင် တော်မူ၍
21  GEN 1:21  ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုး အလိုက် များပြား စွာ မွေးဘွား၍ ငါးကြီး အစ ရှိသော အသက်ရှင် ၍ လှုပ်ရှား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း ပျံ တတ်သော ငှက် မျိုးအပေါင်း တို့ကို၎င်း ဘုရား သခင်ဖန်ဆင်း ထို အမူအရာကောင်း သည်ကို မြင် တော်မူ၏။
22  GEN 1:22  ဘုရား သခင်ကလည်း များပြား စွာ မွေးဘွား ကြလော့။ ပင်လယ် ရေ များကို ပြည့် စေကြလော့။ ငှက် တို့ လည်း မြေ ပေါ်၌ များပြား စေသတည်းဟု ထို တိရစ္ဆာန်တို့ကို ကောင်းကြီး ပေးတော်မူ၍
24  GEN 1:24  တဖန် ဘုရား သခင်က မြေ သည် အသက်ရှင် သောသတ္တဝါ မျိုးတည်းဟူသောသားယဉ်တို့ကို၎င်း တွား တတ်သော တိရစ္ဆာန် တို့ကို၎င်း သားရဲ မျိုး တို့ကို၎င်း မွေးဘွား စေဟုအမိန့် တော်ရှိသည်အတိုင်း ဖြစ် လေ၏။
25  GEN 1:25  ထို သို့ ဘုရား သခင်သည် သားရဲ မျိုး သားယဉ်မျိုး မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန် မျိုး အပေါင်းတို့ကို ဖန်ဆင်း ၍ ထို အမှုအရာကောင်း သည်ကို မြင် တော်မူ၏။
26  GEN 1:26  တဖန် ဘုရား သခင်က ငါ တို့ပုံသဏ္ဍာန်နှင့်အညီတသဏ္ဍန်တည်း လူ ကို ဖန်ဆင်း ကြစို့။ သူသည် ပင်လယ် ငါး တို့ကို၎င်း မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း သား ယဉ်တို့ကို၎င်း မြေ တပြင်လုံး နှင့်တကွ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း အုပ်စိုး စေဟု အမိန့်တော်ရှိ၏။
27  GEN 1:27  ထိုသို့ ဘုရား သခင်သည် မိမိ ပုံသဏ္ဍန် နှင့်အညီ လူ ကိုဖန်ဆင်း တော်မူ၏။ ဘုရား သခင်၏ ပုံ သဏ္ဍာန် တော်နှင့်အညီ လူယောက်ျား လူမိန်းမ ကိုဖန်ဆင်း ပြီးလျှင်
28  GEN 1:28  အချင်းတို့ များပြား စွာမွေးဘွား ကြလော့။ မြေကြီး ကို ပြည့် စေ၍ နိုင် ကြလော့။ ပင်လယ် ငါး တို့ကို၎င်း မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း အသက် ရှင်၍ မြေ ပေါ် မှာ လှုပ်ရှား တတ်သော တိရစ္ဆာန်အပေါင်း တို့ကို၎င်းအုပ်စိုး ကြလော့ဟုမိန့် တော်မူ၍ သူ တို့ကိုကောင်းကြီး ပေးတော်မူ၏။
29  GEN 1:29  ဘုရား သခင်ကလည်း ကြည့်ရှု လော့။ မြေ တပြင်လုံး ၌ စပါး သီးကို ဖြစ်စေသော စပါး ပင် အမျိုးမျိုး တို့ကို၎င်း မျိုးစေ့ ကိုဖြစ်စေသော အသီး နှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုး တို့ကို၎င်း သင် တို့စားစရာ ဘို့ ငါပေး ၏။
30  GEN 1:30  မြေ သား မိုဃ်းကောင်းကင် ငှက် အသက် ရှင်၍ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်မျိုးအပေါင်း တို့ စားစရာ ဘို့ မြက် ပင် အမျိုးမျိုး တို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း ဖြစ် လေ၏။
31  GEN 1:31  ဘုရား သခင်သည် မိမိဖန်ဆင်း သမျှ သောအရာတို့ကို ကြည့်ရှု လျှင် အလွန် ကောင်း သည်ကို မြင် တော်မူ၍ ည ဦးနှင့် နံနက် သည် ဆဌမ နေ့ ရက်ဖြစ် လေ၏။
33  GEN 2:2  သတ္တမ နေ့ ရက်ရောက်လျှင် ဘုရား သခင်သည် ဖန်ဆင်း သောအမှု ကို လက်စသတ် တော်မူခဲ့ပြီးသည် ဖြစ်၍ ဖန်ဆင်း သမျှ သောအမူ အရာတို့သည် ပြီးစီးပြီးမှ ထို သတ္တမ နေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏။
34  GEN 2:3  ထို သတ္တမ နေ့ ကို ဘုရား သခင်သည် ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။ အကြောင်းမူကား ဖန်ဆင်း ပြုပြင်တော်မူသောထိုအမှု အရာအလုံးစုံ တို့သည် ပြီးစီးသောကြောင့်ထိုနေ့ရက်၌ ငြိမ်ဝပ် စွာနေ တော်မူ၏။
35  GEN 2:4  အကြောင်းအရာကား ထာဝရ အရှင်ဘုရား သခင်သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောနေ့ ဖန်ဆင်း ရာကာလ ၌ ကောင်းကင် နှင့် မြေကြီး ၏ မူလ အတ္ထုပတ္တိပေတည်း။
36  GEN 2:5  မြေ ၌ လယ် ယာပျိုး ပင်မ ပေါက်မှီ လယ် ယာ၌ စပါးပင်မ ကြီးပွားမှီ အပင် ရှိ သမျှတို့ကိုဖန်ဆင်း တော်မူ၏။ ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် မြေ ပေါ် ၌ မိုဃ်းကိုရွာ စေတော်မ မူသေး။ မြေ ၌လုပ် သော လူ လည်း မ ရှိသေးသည်ဖြစ်၍
38  GEN 2:7  ထိုနောက် ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။
39  GEN 2:8  ထာဝရ အရှင် ဘုရား သခင်သည်လည်း အရှေ့ မျက်နှာ ဧဒင် အရပ်၌ ဥယျာဉ် ကို စိုက်ပျိုး ပြီးလျှင် ဖန်ဆင်း တော်မူသောလူ ကို ထို ဥယျာဉ်၌ နေရာ ချတော်မူ၏။
40  GEN 2:9  ထို မြေ ထဲက အဆင်း လှ၍ စားဘွယ် ကောင်း သော အပင် အမျိုးမျိုး ကို ထာဝရ အရှင်ဘုရား သခင်ပေါက် စေတော်မူ၏။ ထိုဥယျာဉ် အလယ် ၌ အသက် ပင် လည်း ရှိ၏။ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင် လည်း ရှိ၏။
41  GEN 2:10  ထို ဥယျာဉ်ကို စို စေလိုသော ငှာ မြစ် တမြစ်သည် ဧဒင် အရပ်ထဲက စီးထွက် သဖြင့် ဥယျာဉ် ပြင်မှာ လေးဖြာကွဲ ၍ မြစ်မ လေး သွယ်ဖြစ် လေ၏။
47  GEN 2:16  ထာဝရ အရှင်ဘုရား သခင်ကလည်း ကောင်း မ ကောင်းကို သိကျွမ်း ရာအပင်မှတပါး ထိုဥယျာဉ် ၌ ရှိသမျှ သော အပင် တို့၏အသီးကို သင်သည် စား ရသောအခွင့်ရှိ၏။
49  GEN 2:18  ထာဝရ အရှင်ဘုရား သခင်ကလည်း ယောက်ျား သည် တ ယောက်တည်းမ နေ ကောင်း သူ နှင့်တော် သော အထောက် အမကို သူ ဘို့ ငါလုပ် ဦးမည်ဟု အကြံ ရှိတော်မူ၏။
50  GEN 2:19  ထာဝရ အရှင်ဘုရား သခင်သည် မြေ တိရစ္ဆာန် တို့နှင့် မိုဃ်းကောင်းကင် ငှက် အပေါင်း တို့ကို မြေ ဖြင့်ဖန်ဆင်း တော်မူပြီးလျှင် လူသည် အဘယ်သို့ ခေါ်ဝေါ် သမုတ်မည်ကို သိ ခြင်းငှာ လူ ရှိရာသို့ ဆောင် ခဲ့တော်မူ၏။ လူ သည် လည်း အသက်ရှင် သော သတ္တဝါ အပေါင်း တို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း နာမည် အသီးအသီးရှိကြ၏။
51  GEN 2:20  ထိုသို့ လူ သည် သားယဉ် အပေါင်း တို့ကို ၎င်း မိုဃ်းကောင်းကင် ငှက် အပေါင်းတို့ကို ၎င်း သားရဲ အပေါင်း တို့ကို ၎င်း အမည်ပေး ၍မှည့်လေ၏။ သို့သော်လည်း လူ နှင့် တော် သော အထောက် အမ မ ပေါ် မရှိသေး
52  GEN 2:21  ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကို ကြီး သောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍ လူ သည် အိပ်ပျော် စဉ် နံရိုး တ ချောင်းကို ဘုရားသခင်ထုတ် ပြီးလျှင် ထို အရိုးအစား အသား ကို စေ့စပ် စေတော်မူ၏။
54  GEN 2:23  လူ ကလည်း ယခု ဤ သူသည်ငါ့ အရိုး ထဲက အရိုး ငါ့ အသား ထဲက အသား ဖြစ်၏။ လူ ထဲက ထုတ် သောကြောင့် သူ့ ကိုလူမိန်းမ ဟု ခေါ်ဝေါ် အပ်သည်ဟု ဆိုလေ၏။
55  GEN 2:24  ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကို စွန့် ၍ ကိုယ့် ခင်ပွန်း ၌မှီဝဲ သဖြင့် ထိုသူတို့သည် တသား တကိုယ်တည်း ဖြစ် ရလိမ့်မည်။
56  GEN 2:25  ထို သူလင်မယား နှစ် ဦးတို့သည် အဝတ် မဝတ်ဘဲ နေ၍ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြ၏။
57  GEN 3:1  မြွေ သည် ထာဝရ အရှင်ဘုရား သခင် ဖန်ဆင်း တော်မူ သောမြေ တိရစ္ဆာန် တကာ တို့ထက် လိမ္မာ သည် ဖြစ် ၍ မိန်းမ အား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှ သောအပင် တို့၏ အသီးကိုမ စား ရဟု ဧကန် စင်စစ် ဘုရား သခင် မိန့် တော်မူသလောဟု မေး ၏။
58  GEN 3:2  မိန်းမ ကလည်း ငါတို့သည် ဥယျာဉ် ရှိ သောအပင် တို့၏ အသီး ကိုစား ရသောအခွင့်ရှိ၏။
59  GEN 3:3  ဥယျာဉ် အလယ် ၌ ရှိသောအပင် ၏အသီး ကိုကား သင်တို့သည် မ ကိုင် မ စား ပဲ နေကြလော့ သို့မဟုတ် သေ မည်ဟု ဘုရား သခင်အမိန့် တော်ရှိသည်ဟု မြွေ အား ဆို ၏။
60  GEN 3:4  မြွေ ကလည်း သင်တို့သည် ဧကန်အမှန်သေ ရမည်မ ဟုတ်
61  GEN 3:5  အကြောင်းမူကား ထို အသီးကိုစား သောနေ့ ၌ သင်တို့ သည် မျက်စိ ပွင့် လင်းလျက် ကောင်း မကောင်း ကို သိ ၍ ဘုရား သခင်ကဲ့သို့ ဖြစ် ကြ လတံ့သည်ကို ဘုရား သခင်သိ တော်မူသည်ဟု မိန်းမ အားဆို ၏။
62  GEN 3:6  ထို အပင် သည် စားဘွယ် ကောင်း ခြင်း အဆင်း လည်း လှခြင်း ပညာ တိုးပွားစေလိုသောငှါ နှစ်သက် ဖွယ်သော အပင် ဖြစ်ခြင်းကို မိန်းမ သည် မြင်လျှင် အသီး ကို ယူ ၍ စား ၏။ မိမိ ခင်ပွန်း အား လည်း ပေး ၍ သူ သည်လည်း စား ၏။
63  GEN 3:7  ထိုသူနှစ် ယောက်တို့သည် မျက်စိ ပွင့် လင်း၍ မိမိ တို့၌ အဝတ် အချည်းစည်းရှိသည်ကို သိ မြင်လျှင် မိမိ တို့ ဝတ် ရန်ဖို့ သင်္ဘော သဖန်းပင်အရွက် တို့ကို ချုပ် စပ်၍ ခါးစည်းကိုလုပ် ကြ၏။
64  GEN 3:8  နေဧသောအချိန် တွင် ထိုဥယျာဉ် ၌ ထာဝရ အရှင်ဘုရား သခင်ကြွ တော်မူသောအသံ ကို လုလင်မယားတို့သည် ကြား လျှင် အထံတော်မှ လွတ်ခြင်းငှါ ဥယျာဉ် အပင် တို့တွင် ပုန်း ကွယ်လျက် နေကြ၏။
65  GEN 3:9  ထာဝရ အရှင် ဘုရား သခင်ကလည်း သင် သည် အဘယ် မှာရှိသနည်းဟု လူ ကိုခေါ် တော်မူ၏။
66  GEN 3:10  လူကလည်း ဥယျာဉ် ၌ ကိုယ်တော် ၏ အသံ ကို ကျွန်တော်ကြား လျှင် အဝတ် အချည်းစည်းရှိသောကြောင့် ကြောက် ၍ ပုန်း လျက် နေပါသည်ဟု လျှောက် လေ၏။
67  GEN 3:11  ဘုရားသခင်ကလည်း သင် ၌ အဝတ် အချည်းစည်းရှိသည်ကို သင် အား အဘယ်သူ ပြော သနည်း။ မ စား ရဟု ငါပညတ် သော အပင် ၏အသီးကို စား ပြီလောဟု မေး တော်မူ၏။
69  GEN 3:13  ထာဝရ အရှင်ဘုရား သခင်ကလည်း သင်သည် အဘယ်သို့ ပြု ပြီးသနည်းဟု မိန်းမအားမေး တော်မူလျှင် မိန်းမ က မြွေ သည် ကျွန်တော်မ ကို လှည့်စား ၍ ကျွန်တော်မသည်စား မိပါပြီဟု လျှောက် လေ၏။
71  GEN 3:15  သင် နှင့် မိန်းမ ကို၎င်း သင် ၏အမျိုးအနွယ် နှင့် မိန်းမ ၏ အမျိုးအနွယ် ကို၎င်း ငါသည်ရန်ငြိုး ဖွဲ့ စေမည်။ သူသည် သင် ၏ခေါင်း ကို ကြိတ် လိမ့်မည် သင်သည် သူ ၏ဖနောင့် ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။
72  GEN 3:16  မိန်းမ ကို လည်း သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။
73  GEN 3:17  ယောက်ျား ကို လည်း ထို အပင်၏အသီးကို မ စား ရဟု ငါပညတ် သော်လည်း သင်သည်မယား ၏ စကား ကို နားထောင် ၍ စား မိသောကြောင့် မြေ သည် သင် ၏အတွက် ကျိန် ခြင်းကိုခံ လျက်ရှိ၏။ မြေ၏အသီးကို တသက် ပတ်လုံးပင်ပန်း စွာ စား ရမည်။
75  GEN 3:19  သင် ထွက် ရာမြေ သို့ မပြန် မှီတိုင်အောင် သင် ၏ မျက်နှာ မှချွေး ထွက်လျက် အစာ ကိုစား ရမည်။ အကြောင်းမူကား သင် သည် မြေမှုန့် ဖြစ်၍မြေမှုန့် သို့ ပြန် ရမည်ဟု မိန့် တော်မူ၏။
76  GEN 3:20  ထိုအခါ လူ သည် မိမိ မယား ကို ဧဝ အမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား သူ သည် အသက်ရှင် သော သူအပေါင်း တို့၏ အမိ ဖြစ် သတည်း။
78  GEN 3:22  ထာဝရ အရှင်ဘုရား သခင်ကလည်း လူ သည် ငါ တို့တွင် တပါးပါး ကဲ့သို့ ဖြစ် ကောင်း မကောင်း သိ တတ်၏။ ယခု မှာ သူသည် ထာဝရ အသက် ကို ရခြင်းငှါ လက် ကိုဆန့် လျက် အသက် ပင် ၏အသီးကို ယူ ၍ မ စား သင့်ဟု မိန့်တော်မူ၏။
79  GEN 3:23  လူ သည် မိမိထွက် သော မြေ ၌ လုပ် ရမည်အကြောင်း ထာဝရ အရှင်ဘုရား သခင်သည် ဧဒင် ဥယျာဉ် ထဲက လွှတ် လိုက်တော်မူ၏။
80  GEN 3:24  ထိုသို့ လူ ကို နှင်ထုတ် ပြီးလျှင် အသက် ပင် လမ်း ကို စောင့်ရှောက် စေခြင်းငှါ မီး စင်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကို ဥယျာဉ် အရှေ့ ဘက်၌ ထား တော်မူ၏။
81  GEN 4:1  ထိုနောက် လူ အာဒံသည် မယား ဧဝ နှင့်ဆက်ဆံ သဖြင့် ဧဝသည် ပဋိသန္ဓေ စွဲယူ၍ ကာဣန ကို ဘွားမြင် လျှင် ထာဝရ ဘုရား၏ လူ ကို ငါရ ပြီဟုဆို လေ၏။
83  GEN 4:3  အချိန် စေ့ သောအခါ ကာဣန သည် ထာဝရဘုရား ထံ ပူဇော်သက္ကာ ဘို့ မြေ အသီး ကို ဆောင် ခဲ့၏။
84  GEN 4:4  အာဗေလ သည်လည်း မိမိ သိုး စုတွင် အဦး ဘွားသော သားအချို့နှင့် သိုး ဆီ ဥကိုဆောင် ခဲ့၏။ ထာဝရဘုရား သည် အာဗေလ နှင့် သူ ၏ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မူ၏။
85  GEN 4:5  ကာဣန နှင့် သူ ၏ ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မ မူ ထိုကြောင့် ကာဣန သည် အလွန် စိတ်ဆိုး ၍ မျက်နှာ ပျက် လေ၏။
87  GEN 4:7  သင်သည် ကောင်းမွန် စွာ ပြုလုပ်အခွင့် မ ရလော။ ကောင်းမွန် စွာ မ ပြုလျှင် အပြစ် ဖြေသော ယဇ်ကောင် သည်တံခါး နား မှာ ဝပ် လျက်ရှိ၏။ သူ သည် သင် ၏ အလို သို့လိုက်၍ သင် သည် သူ့ ကို အုပ်စိုး ရ၏ဟု ကာဣန ကို မိန့် တော်မူ၏။
88  GEN 4:8  ကာဣန ကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီ အာဗေလ ကို ခေါ် ၍ လယ် သို့ ရောက်သောအခါ ညီ အာဗေလ ကိုရန် ဘက်ပြု၍ သတ် လေ၏။
90  GEN 4:10  ဘုရားသခင်ကလည်း သင်သည် အဘယ်သို့ ပြု ပြီးသနည်း။ သင် ညီ အသွေး ၏အသံ သည် မြေ ထဲက ငါ့ ကို အော်ဟစ် လျက်ရှိသည်တကား။
91  GEN 4:11  သို့ဖြစ်၍ သင့် ညီ ၏ အသွေး ကိုခံယူ ခြင်းငှါ မိမိ ပစပ် ကိုဖွင့် သော မြေကြီး ၏ ကျိန် ခြင်းကို သင် သည် ခံရသောကြောင့်
92  GEN 4:12  ယခုမှစ၍မြေ ၌လုပ် သောအခါ ပကတိ အတိုင်း အသီးအနှံ ကို မ ရရ။ မြေကြီး ပေါ် မှ ပြေးရသောသူ အရပ်ရပ်လည် ရသောသူဖြစ် ရလိမ့်မည်ဟု မိန့် တော်မူ၏။
94  GEN 4:14  အကျွန်ုပ် ကို မြေကြီး ပြင် မှယနေ့ နှင်ထုတ် တော်မူပြီ မျက်နှာ တော်ကိုလည်း မမြင် ရ။ မြေကြီး ပေါ် မှာ ပြေးရသောသူ အရပ်ရပ်လည်ရသောသူဖြစ် ပါရမည်။ တွေ့ သမျှ သောသူတို့ သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည် ဟု ထာဝရဘုရား ကို လျှောက် ဆို၏။
95  GEN 4:15  ထာဝရဘုရား ကလည်း သို့ဖြစ်၍ ကာဣန ကို သတ် သောသူမည်သည်ကား ခုနစ် ဆသောအပြစ် ဒဏ်ကိုခံ ရလိမ့်မည်ဟု မိန့် တော်မူပြီးလျှင် ကာဣန ကိုတွေ့ သောသူ တစုံတယောက် မျှ မ သတ် စေခြင်းငှါ ထာဝရဘုရား သည် သူ ၌ အမှတ် ပေး တော်မူ၏။
96  GEN 4:16  ကာဣန သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ဧဒင် ပြည် အရှေ့ နောဒ ပြည် တွင် နေ လေ၏။
97  GEN 4:17  ထိုအခါ ကာဣန သည် မိမိ မယား နှင့် ဆက်ဆံ သဖြင့် သူ သည် ပဋိသန္ဓေစွဲယူ၍ သားဧနောက် ကို ဘွားမြင် လေ၏။ ကာဣန သည်လည်း မြို့ ကိုတည် ၍ မိမိ သား ၏ အမည် အလိုက် ထိုမြို့ ကို ဧနောက် မြို့ဟု သမုတ် လေ၏။
98  GEN 4:18  ဧနောက် သားကား ဣရဒ် ဣရဒ် သားကား မဟုယေလ မဟုယေလ သားကား မသုရှလ မသုရှလ သားကား လာမက် တည်း။
99  GEN 4:19  လာမက် သည် အာဒ နှင့် ဇိလ အမည် ရှိသောမိန်းမ နှစ် ယောက်နှင့် အိမ်ထောင် ဘက်ပြု၍
100  GEN 4:20  အာဒံ သည် သားယာဗလ ကိုဘွား မြင်လေ၏။ ထိုသားကား တဲ ၌နေ သောသူ သိုး နွားစသည်တို့ကို မွေးသောသူတို့ ၏ အဘ ဆရာ ဖြစ် လေသတည်း။
101  GEN 4:21  ယုဗလ အမည် ရှိသောညီ မူကား စောင်း မျိုး နှဲခရာ မျိုးတို့ကို တီးမှုတ် တတ်သောသူ အပေါင်း တို့၏ အဘ ဆရာဖြစ် လေသတည်း။
102  GEN 4:22  ဇိလ သည်လည်း သားတုဗလကာဣန ကို ဘွားမြင် လေ၏။ သူသည် ပန်းတဉ်း သမား ပန်းပဲ သမား အပေါင်း တို့၏ဆရာ ဖြစ်လေ၏။ တုဗလကာဣန ၏နှမ ကား နေမ အမည်ရှိ၏။
103  GEN 4:23  လာမက် ကလည်း အာဒံ နှင့် ဇိလ ငါ ပြော သံကို မှတ် ကြလော့။ လာမက် မယား တို့ ငါ့ စကား ကို နားထောင် ကြလော့။ ငါ့ ကိုထိခိုက် သော လူ တယောက်တည်းဟူသော ငါ့ ကိုညှဉ်းဆဲ သောလူပျို တယောက်ကို ငါသတ် ခဲ့ပြီ။
104  GEN 4:24  ကာဣန သည် ခုနစ် ဆသောတရား ကိုရလျှင် အကယ်၍ လာမက် သည် အဆခုနှစ် ဆယ် ခုနစ် ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။
105  GEN 4:25  အာဒံ သည်လည်း မိမိ မယား နှင့် တဖန် ဆက်ဆံ ပြန်လျှင် မယားသည် သား ကို ဘွားမြင် ၍ ရှေသ ဟူသောအမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ကာဣန သတ် သော အာဗေလ ကိုယ်စား တပါး သောအနွယ် ကို အကျွန်ုပ် အဘို့ ဘုရား သခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။
106  GEN 4:26  ရှေသ သည်လည်း သား ကိုရ ၍ ဧနုတ် ဟူသောအမည် ဖြင့် မှည့် လေ၏။ ထိုကာလ၌ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏
107  GEN 5:1  အာဒံ ၏သားစဉ်မြေးစက် စာရင်း ဟူမူကား လူ ကို ဖန်ဆင်း တော်မူသောကာလ ၌ မိမိ ပုံသဏ္ဍာန် နှင့်အညီ ဘုရား သခင်ဖန်ဆင်း တော်မူ၏။
108  GEN 5:2  လူယောက်ျား လူမိန်းမ ကို ဖန်ဆင်း ၍ ကောင်းကြီး ပေးတော်မူ၏။ ဖန်ဆင်း သောနေ့ ၌ လည်း သူ တို့ကို အာဒံ အမည် ဖြင့် မှည့် တော်မူ၏။
109  GEN 5:3  အာဒံ သည် အသက် တရာ့ သုံး ဆယ်ရှိသော် မိမိ ပုံသဏ္ဍာန် နှင့်အညီသဏ္ဍာန် တည်းသားကိုမြင် ရ၍ ရှေသ အမည် ဖြင့် မှည့် လေ၏။
110  GEN 5:4  ရှေသ ကို ဘွားမြင် သောနောက် အာဒံ သည် အနှစ် ရှစ် ရာ အသက်ရှင်၍ သား သမီး များကိုမြင် လေ၏။
112  GEN 5:6  ရှေသ သည် အသက် တရာ ငါး နှစ် ရှိသော် သားဧနုတ် ကို မြင် လေ၏။
113  GEN 5:7  ဧနုတ် ဘွားမြင် သောနောက် ရှေသ သည် အနှစ် ရှစ် ရာ ခုနှစ် နှစ် အသက် ရှင်၍ သား သမီး များကို မြင် လေ ၏။
115  GEN 5:9  ဧနုတ် သည် အသက် ကိုး ဆယ်ရှိသော် သား ကာဣနန် ကို မြင် လေ၏။
116  GEN 5:10  ကာဣနန် ဘွားမြင် သောနောက် ဧနုတ် သည် အနှစ် ရှစ် ရာ တဆယ် ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။
118  GEN 5:12  ကာဣနန် သည် အသက် ခုနစ် ဆယ်ရှိသော် သားမဟာလေလ ကို မြင် လေ၏။
119  GEN 5:13  မဟာလေလ ဘွား မြင်သောနောက် ကာဣနန် သည် အနှစ် ရှစ် ရာ လေး ဆယ်အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
121  GEN 5:15  မဟာလေလ သည် အသက် ခြောက် ဆယ့်ငါး နှစ် ရှိသော် သားယာရက် ကို မြင် လေ၏။
123  GEN 5:17  မဟာလေလ သည် အသက် နှစ် ပေါင်းရှစ် ရာ ကိုး ဆယ့်ငါး နှစ် စေ့ သော် သေ လေ၏
125  GEN 5:19  ဧနောက် ဘွားမြင် သောနောက် ယာရက် သည် အနှစ် ရှစ် ရာ အသက် ရှင်၍ သား သမီး များကိုမြင် လေ၏။
129  GEN 5:23  ဧနောက် အသက် နှစ် ပေါင်းသုံး ရာ ခြောက် ဆယ်ငါး နှစ် တည်း
130  GEN 5:24  ဧနောက် သည် ဘုရား သခင်နှင့်အတူ သွား လာ၏။ နောက် တဖန် သူ သည်မ ရှိ အကြောင်းမူကား ဘုရား သခင် သိမ်းယူ တော်မူသောကြောင့် တည်း။
131  GEN 5:25  မသုရှလ သည် အသက် တရာ့ ရှစ် ဆယ်ခုနစ် နှစ် ရှိသော် သား လာမက် ကို မြင် လေ၏။
132  GEN 5:26  လာမက် ဘွားမြင် သောနောက် မသုရှလ သည် အနှစ် ခုနှစ် ရာ ရှစ် ဆယ်နှစ် နှစ် အသက် ရှင်၍ သား သမီး များကို မြင် လေ၏။